မလေးရှားနိုင်ငံမှာ ခရီးသွား ဗင်ကားလေးစီးဆင့်တိုက်မှုကြောင့် စင်ကာပူနိုင်ငံသား(၁၂)ဦးဒဏ်ရာရ

 285

ရောင်နီ (NP News) - မတ် ၂၁

မလေးရှားနိုင်ငံ တောင်-မြောက် အမြန်လမ်းမှာ တနင်္ဂနွေနေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်းက ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ စင်ကာပူနိုင်ငံသား (၁၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရပါတယ်။

မတော်တဆမှုဟာ တာင်ဘက်ပိုင်း အမြန်လမ်းရှိ ဂျိုဟာပြည်နယ်၊ မူအာခရိုင်၊ ပါဂို့မြို့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ မူအာခရိုင်ရဲချုပ် ရဲမှူးရိုက်ဇ်မူခက်လ်အက်မန်အက်ဇက်က ခရီးသည် (၂၈)ဦးပါ ဘတ်စ် ကားတစ်စီး၊ Mazda CX-30 တစ်စီး ၊ Honda CX-30 တစ်စီး နဲ့ HR-V တစ်စီးတို့ (၄)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ခဲ့သူတွေမှာ စင်ကာပူနိုင်ငံသားများ ပါဝင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဘတ်စ်ကားစီး ခရီးသည် (၂၈) ဦးကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ တနင်္လာနေ့က ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာ ဂျိုဟိုပြည်နယ် မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ဗင်ကားအတွင်း ပိတ်မိနေသူလေးဦးကို ကယ် တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

"ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ဘယ်ဘက်လမ်းကြားမှာရှိတဲ့ မလကာကနေ ဂျိုဟာဘာရုကို သွားတဲ့ ဘတ်စ်ကားက Mazda ကားရဲ့ နောက်ကျောကို ဝင်တိုက်မိခဲ့တယ်လို့ ယုံကြည်ရပါတယ်၊ Mazda ကလည်း သူ့ရှေ့က ဟွန်ဒါကားကို ဝင်တိုက်ခဲ့တယ် "လို့ ACP Raiz က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒဏ်ရာရသူအားလုံးကို မူအာရှိ Sultanah Fatimah အထူးကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ မလေးရှားအာဏာပိုင်များက အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီးဌာန (MFA) က ထိခိုက်ခဲ့ရသော စင်ကာပူနိုင်ငံသားများရဲ့ မိသားစုများနဲ့ ဆက်သွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

zawgyi version
မေလးရွားႏိုင္ငံမွာ ခရီးသြား ဗင္ကားေလးစီးဆင့္တိုက္မႈေၾကာင့္ စင္ကာပူႏိုင္ငံသား(၁၂)ဦးဒဏ္ရာရ
ေရာင္နီ (NP News) - မတ္ ၂၁

မေလးရွားႏိုင္ငံ ေတာင္-ေျမာက္ အျမန္လမ္းမွာ တနဂၤေႏြေန႔ (မတ္လ ၁၉ ရက္) မြန္းလြဲပိုင္းက ယာဥ္ေလးစီး ဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ စင္ကာပူႏိုင္ငံသား (၁၂)ဦး ဒဏ္ရာျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရပါတယ္။

မေတာ္တဆမႈဟာ တာင္ဘက္ပိုင္း အျမန္လမ္းရွိ ဂ်ိဳဟာျပည္နယ္၊ မူအာခ႐ိုင္၊ ပါဂို႔ၿမိဳ႕မွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ မူအာခ႐ိုင္ရဲခ်ဳပ္ ရဲမႉး႐ိုက္ဇ္မူခက္လ္အက္မန္အက္ဇက္က ခရီးသည္ (၂၈)ဦးပါ ဘတ္စ္ ကားတစ္စီး၊ Mazda CX-30 တစ္စီး ၊ Honda CX-30 တစ္စီး နဲ႔ HR-V တစ္စီးတို႔ (၄)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း၊ ထိခိုက္ခဲ့သူေတြမွာ စင္ကာပူႏိုင္ငံသားမ်ား ပါဝင္ခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ဘတ္စ္ကားစီး ခရီးသည္ (၂၈) ဦးကေတာ့ ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ဘူးလို႔ သိရပါတယ္။ တနလၤာေန႔က ေဖ့စ္ဘုတ္ပို႔စ္တစ္ခုမွာ ဂ်ိဳဟိုျပည္နယ္ မီးသတ္နဲ႔ကယ္ဆယ္ေရးဌာနက ဗင္ကားအတြင္း ပိတ္မိေနသူေလးဦးကို ကယ္ တင္ႏိုင္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

"ကနဦး စုံစမ္းစစ္ေဆးမႈေတြအရ ဘယ္ဘက္လမ္းၾကားမွာရွိတဲ့ မလကာကေန ဂ်ိဳဟာဘာ႐ုကို သြားတဲ့ ဘတ္စ္ကားက Mazda ကားရဲ႕ ေနာက္ေက်ာကို ဝင္တိုက္မိခဲ့တယ္လို႔ ယုံၾကည္ရပါတယ္၊ Mazda ကလည္း သူ႔ေရွ႕က ဟြန္ဒါကားကို ဝင္တိုက္ခဲ့တယ္ "လို႔ ACP Raiz က တနလၤာေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ဒဏ္ရာရသူအားလုံးကို မူအာရွိ Sultanah Fatimah အထူးကုေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ၎က ေျပာၾကားခဲ့ပါတယ္။ မေလးရွားအာဏာပိုင္မ်ားက အဆိုပါျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနၿပီး စင္ကာပူႏိုင္ငံ ျခားေရးဝန္ႀကီးဌာန (MFA) က ထိခိုက္ခဲ့ရေသာ စင္ကာပူႏိုင္ငံသားမ်ားရဲ႕ မိသားစုမ်ားနဲ႔ ဆက္သြယ္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.