ကွမ်းလုံ သံလွင်မြစ်ကူးတံတား တည်ဆောက်မှု ဇွန်လတွင် အပြီးသတ်နိုင်ဖွယ်ရှိနေ

 693

ဂျန်ဇက် (NP News) - မတ် ၂၁

တရုတ်နိုင်ငံ အကူအညီဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံ သံလွင်မြစ်ကူးတံတား စီမံကိန်းသည် လက်ရှိအချိန်တွင် ၈၇ ရာခိုင်နှုန်း ပြီးစီးနေပြီး လာမည့်ဇွန်လတွင် အလုံးစုံပြီးစီးရန် မျှော်လင့်ထားကြောင်း သိရသည်။

အဆိုပါ မြစ်ကူးတံတားသည် သံလွင်မြစ် အားကျော်ဖြတ်နေကာ တရုတ်-မြန်မာကုန်သွယ်ရေး ပင်မလမ်းကြောင်း ဖြစ်သည့် သန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းမကြီးပေါ်ရှိ ပထဝီတည်နေရာအချက်အချာကျသော မြစ်ကူးတံတားကြီး ဖြစ်ကြောင်းသိရသည်။ တရုတ်အစိုးရတာဝန်ရှိသူများသည် ပြီးခဲ့သောရက်ပိုင်းတွင် ကွမ်းလုံမြစ်ကူးတံတား တည်ဆောက်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရက ၁၉၆ဝ ခုနှစ်ပိုင်းတွင် ကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားအဟောင်း သည် ဖွံ့ဖြိုး တိုးတက်မှုလိုအပ်ချက် နှင့် မကိုက်ညီသဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရက ၂ဝ၁၈ ခုနှစ်တွင် ကွမ်းလုံတံတား အသစ်အား တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ တံတားသစ်ကို တံတားအဟောင်းနား ကပ်လျက် တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး တံတားအရှည်က၂၈၆ မီတာရှည်ပြီး တံတားအကျယ်က ၁၂ မီတာရှိကာ၊ အဆိုပါစီမံကိန်းကို ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ကာ လက်ရှိတွင် တံတားကြီးနှစ်ဖက်အား ချိတ်ဆက်သည့် အရေးပါအပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွမ်းလုံမြစ်ကူးတံတားတည်ဆောက်မှု ကြာချိန်သည် ၃၆ လကျော်ကြာမြင့်ခဲ့ပြီး တရုတ်နိုင်ငံ က ယွမ် သန်းပေါင်း ၁၃၇ သန်း ရင်းနှီးမြှုပ်နှံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမြစ်ကူးတံတား တည်ဆောက် ပြီးစီးပါက တရုတ်နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုပမာဏ တိုးမြင့်လာဖွယ်ရှိနေကြောင်း သိရသည်။

တံတားအပြီးသတ်တည်ဆောက်ပြီးစီးပါက တံတားပေါ်တွင် တန်ချိန် ၇၅ တန်ရှိ ကုန်ကားများ ဖြတ်သန်း မောင်းနှင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ကြမ္းလုံ သံလြင္ျမစ္ကူးတံတား တည္ေဆာက္မႈ ဇြန္လတြင္ အၿပီးသတ္ႏိုင္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၂၁

တ႐ုတ္ႏိုင္ငံ အကူအညီျဖင့္ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြမ္းလုံ သံလြင္ျမစ္ကူးတံတား စီမံကိန္းသည္ လက္ရွိအခ်ိန္တြင္ ၈၇ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီး လာမည့္ဇြန္လတြင္ အလုံးစုံၿပီးစီးရန္ ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။

အဆိုပါ ျမစ္ကူးတံတားသည္ သံလြင္ျမစ္ အားေက်ာ္ျဖတ္ေနကာ တ႐ုတ္-ျမန္မာကုန္သြယ္ေရး ပင္မလမ္းေၾကာင္း ျဖစ္သည့္ သႏၷီ-ကြမ္းလုံ-ခ်င္းေ႐ႊေဟာ္လမ္းမႀကီးေပၚရွိ ပထဝီတည္ေနရာအခ်က္အခ်ာက်ေသာ ျမစ္ကူးတံတားႀကီး ျဖစ္ေၾကာင္းသိရသည္။ တ႐ုတ္အစိုးရတာဝန္ရွိသူမ်ားသည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ကြမ္းလုံျမစ္ကူးတံတား တည္ေဆာက္မႈကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံအစိုးရက ၁၉၆ဝ ခုႏွစ္ပိုင္းတြင္ ကူညီတည္ေဆာက္ေပးသည့္ ကြမ္းလုံတံတားအေဟာင္း သည္ ဖြံ႕ၿဖိဳး တိုးတက္မႈလိုအပ္ခ်က္ ႏွင့္ မကိုက္ညီသျဖင့္ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံအစိုးရက ၂ဝ၁၈ ခုႏွစ္တြင္ ကြမ္းလုံတံတား အသစ္အား တည္ေဆာက္ရန္ ဆုံးျဖတ္ခဲ့သည္။ တံတားသစ္ကို တံတားအေဟာင္းနား ကပ္လ်က္ တည္ေဆာက္ခဲ့ ျခင္းျဖစ္ၿပီး တံတားအရွည္က၂၈၆ မီတာရွည္ၿပီး တံတားအက်ယ္က ၁၂ မီတာရွိကာ၊ အဆိုပါစီမံကိန္းကို ၂ဝ၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလတြင္ စတင္တည္ေဆာက္ခဲ့ၿပီး ယခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးမည္ျဖစ္ကာ လက္ရွိတြင္ တံတားႀကီးႏွစ္ဖက္အား ခ်ိတ္ဆက္သည့္ အေရးပါအပိုင္းသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကြမ္းလုံျမစ္ကူးတံတားတည္ေဆာက္မႈ ၾကာခ်ိန္သည္ ၃၆ လေက်ာ္ၾကာျမင့္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံ က ယြမ္ သန္းေပါင္း ၁၃၇ သန္း ရင္းႏွီးျမႇဳပ္ႏွံကာ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ အဆိုပါျမစ္ကူးတံတား တည္ေဆာက္ ၿပီးစီးပါက တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံၾကား အျပန္အလွန္ကုန္သြယ္မႈပမာဏ တိုးျမင့္လာဖြယ္ရွိေနေၾကာင္း သိရသည္။

တံတားအၿပီးသတ္တည္ေဆာက္ၿပီးစီးပါက တံတားေပၚတြင္ တန္ခ်ိန္ ၇၅ တန္ရွိ ကုန္ကားမ်ား ျဖတ္သန္း ေမာင္းႏွင္ ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.