အီရတ်အပေါ်ကျူးကျော်ဖို့အတွက် အမေရိကန်နဲ့ အပေါင်းအပါတို့ရဲ့ မုသားအကြောင်းပြချက်များ (ဘာသာပြန်ဆောင်းပါး)

 1252

Htay Oung (NP News) - မတ် ၂၁

မတ်လ ၂ဝ ရက်မှာ ကျရောက်တဲ့ အီရတ်စစ်ပွဲ အကြိမ် ၂ဝ မြောက် နှစ်ပတ်လည်နေ့မှာ အမေရိကန်သမိုင်း တစ်လျှောက် အဆိုးရွားဆုံး နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တမင်လိမ်ညာဆုံးဖြတ်ခဲ့တဲ့အမှားတို့ကို ပြန်လည်သုံးသပ် ရန် အရေးကြီးပါတယ်။ ယနေ့တိုင်အောင် အကြောင်းအကျိူးဆက်နွယ်နေဆဲဖြစ်တဲ့ "အီရတ်စစ်ပွဲလိမ်ညာမှု ၂ဝ" စာရင်းကို ၂ဝ၁၃ ခုနှစ်မှာ အမေရိကန် ရှေ့နေ-စာရေး ဆရာ-ဂျာနယ်လစ် #ဂယ်လန်_ဂရင်းဝေါ့က မှတ်တမ်း တင်ခဲ့ပြီး ဖင်လန်နိုင်ငံ အင်္ဂလိပ်ဘာသာသတင်းစာ Helsinki Times က ယမန်နေ့ ပြန်လည်ဖော်ပြလိုက်ပါတယ်။

(၁) ပထမဆုံးလိမ်လည်မှုမှာ ဆဒမ်ဟူစိန်ဟာ 9/11 တိုက်ခိုက်မှုများအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခြင်း ဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံအတွင်း (အကြမ်းဖက်)တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အီရတ်နှင့် အယ်လ်ကိုင်ဒါတို့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိကြောင်းကို ယနေ့အချိန်မှာ အများအသိ အထင်အရှားဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန် ကွန်ဂရက် လွှတ်တော်ရဲ့ပါတီနှစ်ခုမှ အမတ် ၅ ဦးစီး ပါဝင်ပြီး သမ္မတ ဂျော့ဒဗလျူဘွှတ်ရှ်ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့တဲ့ 9/11 ကော်မရှင်အစီရင်ခံစာမှာလည်း အက်ဒမ်ဟူစိန်နဲ့ အယ်လ်ကိုင်ဒါတို့အကြား ပူးပေါင်းဆောင်ရွက်တယ်လို့ အထောက်အထားမရှိကြောင်း အတည်ပြုထားပါတယ်။

(၂) အီရတ်ဟာ အမေရိကန် (အမျိုးသားလုံခြုံရေး) အတွက် ခြိမ်းခြောက်မှုဖြစ်နေပြီဖြစ်ပြီး အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေပိုင်ဆိုင်ထားကြောင်း စွပ်စွဲချက်ဟာ လိမ်ညာမှုသာဖြစ်ပါတယ်။ အီရတ်မှာ WMDs လက်နက်ပစ္စည်းများပိုင်ဆိုင်ခြင်း မရှိကြောင်း သက်သေအထောက်အထားတွေ တစ်ပုံကြီးရှိနေပေမယ့် အမေရိကန် အစိုးရကတော့ ကျူးကျော်မှုကို အကြောင်းပြဖို့အတွက် အဲ့ဒီဇာတ်လမ်းကိုပဲ ထပ်ချည်းတလဲလဲ ပြောဆိုခဲ့ပါတယ် အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့စစ်ပွဲမတိုင်မီ အကဲဖြတ်မှုများမှာလည်း ချို့ယွင်းချက်များ ရှိနေပြီး စာရွက်စာတမ်းအတုများ အပါအဝင် ယုံကြည်စိတ်ချစရာမရှိတဲ့ သတင်းရင်းမြစ်များအပေါ် ကိုးကားထားပါတယ်။

(၃) တတိယအလိမ်အညာကတော့ အီရတ်မှာ WMDs တွေရှိတယ်ဆိုတဲ့ အထောက်အထားတွေ အမေရိကန် လက်ထဲမှာ ရှိနေတယ်၊ အဲဒါကြောင့် ကျူးကျော်ရတယ်လို့ အကြောင်းပြခဲ့ပေမယ့် စစ်ပွဲအပြီး အီရတ်မှာ WMDs မရှိ ကြောင်း (ခပ်တည်တည်နဲ့ မျက်နှာပြောင်တိုက်) သတင်းထုတ်ပြန်ခြင်းဖြစ်ပါတယ်။

(၄) အမေရိကန်ပြည်ထောင်စုကို ကာကွယ်ဖို့အတွက် အီရတ်အပေါ် စစ်တိုက်ကျူးကျော်ရန် လိုအပ်တယ်လို့ ပြောဆိုခြင်းဟာ အလိမ်ဇယားသာဖြစ်ပါတယ်။ စစ်ပွဲအတွက် လူထုထောက်ခံမှုရရှိဖို့ အသုံးချခဲ့ပေမယ့် ဘာအထောက်အထားမရှိခြင်းကြောင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။

(၅) အီရတ်ကိုကျူးကျော်တဲ့ အမေရိကန်ဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ပံ့ပိုးကူညီမှုကို (လိမ်ညာ) ရယူခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ထောက်ခံမှုလည်း မရှိခဲ့ဘဲ နိုင်ငံအတော်များများက ကျူးကျော်မှုကို ဆန့်ကျင်ခဲ့ကြပါတယ်။

(၆) အမေရိကန်တွေကို လွတ်မြောက်စေသူများအဖြစ် အီရတ်တို့က (ဝမ်းပန်းတသာ) ကြိုဆိုလက်ခံကြဖို့ အသင့်ရှိ နေကြောင်း လိမ်ညာခြင်းဖြစ်ပါတယ်။ အမှန်တရားနဲ့ တစ်ခြားစီဖြစ်ကြောင်း လက်တွေ့ဖြစ်ရပ်များက သက်သေပြ ခဲ့ပြီး စစ်ပွဲဟာ အီရတ်နိုင်ငံအတွင်း ရှည်လျားတဲ့ အကြမ်းဖက်မှုနှင့် သောင်းကျန်းမှုများကိုသာ ဖန်တီးပေးခဲ့ပါတယ်။

(၇) စစ်ပြီးသွားရင် အီရတ်ကို ပြန်လည်ထူထောင်ပေးဖို့အစီအစဉ်ရှိကြောင်း အမေရိကန်ရဲ့အဆိုဟာ မုသား သက်သက်ဖြစ်ပါတယ်။ သင့်လျော်တဲ့အစီအစဉ်နဲ့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ကျူးကျော်ဝင်ရောက်လာပြီးနောက် အီရတ်တစ်နိုင်ငံလုံး ပရမ်းပတာနဲ့ အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။

(၈) အီရတ်မှာ အစိုးရအပြောင်းအလဲဖြစ်ဖို့အတွက် အမေရိကန်က အင်အားသုံးဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။ တကယ်တော့ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချဖို့အတွက် အမေရိကန်က အင်အားသုံးကြောင်း ထင်ရှားပါတယ်။

(၉) အီရတ်စစ်ပွဲဟာ အလွယ်တကူနဲ့ အမြန်ပြီးဆုံးသွားပါလိမ့်မယ်လို့ ဗြောင်လိမ်ပါတယ်။ စစ်ပွဲဟာ ရှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

(၁ဝ) အမေရိကန်အနေနဲ့ အီရတ်ကို တပ်ဖွဲ့ဝင်အမြောက်အများ စေလွှတ်ဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။ လက်တွေ့ မှာတော့ ရာချီတဲ့ တပ်ဖွဲ့ဝင်တွေကို အကြိမ်ကြိမ် စေလွှတ်ရခြင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။
(၁၁) အီရတ်စစ်ပွဲအတွက် အမေရိကန်တပ်မတော်ကြီးတစ်ခုလုံး အသင့်ပြင်ထားပြီးဖြစ်ကြောင်း မုသားဆိုခဲ့ပါ တယ်။ အီရတ်နိုင်ငံအတွင်း ပရမ်းပတာနဲ့ အကြမ်းဖက်မှုများဖြစ်လာရခြင်းဟာ ကြိုတင်ပြင်ဆင်မှုမရှိခဲ့လို့သာ ဖြစ်ပါ တယ်။

(၁၂) အီရတ်စစ်ပွဲအတွက် ငွေကြေးအမြောက်အများ သုံးစွဲဖို့ မလိုအပ်ပါဘူးလို့ ဆိုပါတယ်။ (အိုဘားမားလက်ထက်) စစ်ပွဲပြီးဆုံးကြောင်း ကြေညာတဲ့အချိန်မှာ အမေရိကန်အခွန်ထမ်းပြည်သူများ ပေးလိုက်ရတဲ့ ပြည်သူ့ဘဏ္ဍာဟာ ဒေါ်လာ ၂ ထရီလီယံကျော် ရှိပါတယ်။

(၁၃) စစ်ပွဲအတွက် အီရတ်ရေနံငွေများမှတစ်ဆင့် သူ့ဘာသာ ကာမိသွားလိမ့်မယ်လို့ ဆိုခြင်းဟာ ဆင်ခြင်တရားမဲ့ (အရူးစကား) သာ ဖြစ်ပါတယ်။

(၁၄) အမေရိကန်စစ်တပ်ကြီးဟာ အီရတ်နယ်နိမိတ်ကို လုံခြုံအောင် ဆောင်ရွက်ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ တကယ်တော့ စစ်သွေးကြွနဲ့ လက်နက်တွေ ဒလဟော စီးဝင်နေတဲ့ အီရတ်နယ်စပ်ကို အမေရိကန်စစ်တပ်က လုံခြုံအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ (လှုပ်လိုက်တိုင်း ကွဲချည့်နေလို့ ခပ်လျိုလျို နေခဲ့ရပါတယ်။)

(၁၅) အီရတ်မှာ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်လာခဲ့ရင် အမေရိကန်စစ်တပ်က တားဆီးနိုင်တယ်ဆိုပေမဲ့ မတည် ငြိမ်မှုများကို ပိုဆိုးရွားလာစေတဲ့ အီရတ်လူမျိုးနွယ်အချင်းချင်း အကြမ်းဖက်မှုများကို ဟန့်တားနိုင်ခြင်း မရှိခဲ့ပါဘူး

(၁၆) အမေရိကန်စစ်တပ်ဟာ အီရတ်မှာ ပြည်တွင်းစစ်မဖြစ်ရအောင် တားဆီးနိုင်တယ်လို့ ပရမ်းပတာပြောခဲ့ပါ တယ်၊ အီရတ်ပြည်တွင်းစစ်ဟာ တိုင်းပြည်မတည်မငြိမ်ဖြစ်ရအောင် ကျုးကျော်စစ်ခင်းခံရခြင်းရဲ့အဓိက အကျိုးဆက်များအနက် တစ်ခုသာဖြစ်ပါတယ်။

(၁၇) အီရတ်မှာ တည်ငြိမ်ပြီး ဒီမိုကရေစီ အစိုးရတစ်ရပ်ကို ထူထောင်နိုင်မယ်လို့ အမေရိကန်က ဆိုခဲ့ပါတယ်။ အီရတ်မှာ မတည်မငြိမ်ဖြစ်မှုနဲ့ နောက်ဆက်တွဲ အုပ်စု-ဂိုဏ်းဂဏအစွဲ ပြင်းထန်မှုများဖြစ်ပေါ်လာပြီး တည်ငြိမ်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ထူထောင်ရေးမှာ စိန်ခေါ်လာခဲ့ပါတယ်။

(၁၈) အီရတ်စစ်ပွဲဟာ အမေရိကန်တို့ရဲ့ လူနေမှုဘဝကို ပိုမိုလုံခြုံစေမယ်ဆိုခြင်းဟာ တစ်လွဲအမြင်သာဖြစ်ပါတယ်။ အဲ့ဒီအစား အမေရိကန်ဆန့်ကျင်ရေး စိတ်ဓာတ်ကို လှုံ့ဆော်ပေးရာ ရောက်ရှိသွားပြီး ပြည်သူတို့အပေါ် အကြမ်းဖက် ဝါဒရဲ့ခြိမ်းခြောက်မှုသာ တိုးပွားလာခဲ့ပါတယ်။

(၁၉) ခုမြောက် လိမ်ညာမှုကတော့ အီရတ်စစ်ပွဲဟာ အရှေ့အလယ်ပိုင်းရဲ့တည်ငြိမ်မှုကို တိုးမြင့်လာစေမယ်လို့ ကတိပြုခြင်းဖြစ်ပါတယ်။ အမေရိကန်ကျူးကျော်စစ်ဟာ ဒေသအတွင်း မတည်မငြိမ်နဲ့ အကြမ်းဖက်မှုများ တိုးမြင့် လာကြောင်း လက်တွေ့မြင်နေရပါတယ်။

(၂ဝ) နောက်ဆုံး နှစ်ဆယ်ခုမြောက် လိမ်ညာမှုက အီရတ်ကို ကျူးကျော်ရန် အမေရိကန်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝတ္တရားကြောင့်ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ စစ်ခင်းနိုင်ဖို့အကြောင်းပြရာမှာ အသုံးပြုချခဲ့တဲ့အဆိုသာဖြစ်ပြီး ကျူးကျော်မှုဆိုတာ ကြီးလေးသောအမှားသာဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့်၊ အီရတ်စစ်ပွဲဟာ လိမ်ညာမှုများနဲ့ သတင်းအတုများကို အခြေခံပြီး ကုန်ကျစရိတ် တနင့်တပိုးနဲ့ ကြေကွဲဖွယ် အမှားတစ်ခုဖြစ်ပါတယ်။ လိမ်ညာမှုများကို ဖော်ထုတ်ခဲ့ပြီး ဆင်ခြင်သုံးသပ်ခြင်းဖြင့် သင်ခန်းစာယူရန် အရေးကြီးပါတယ်။ အီရတ်စစ်ပွဲ နှစ် ၂ဝ ပြည့်အထိမ်းအမှတ်အဖြစ် ကျွန်ုပ်တို့နဲ့ ကျွန်ုပ်တို့ခေါင်းဆောင်များရဲ့ တာဝန်ယူမှု၊ တာ၀န်ခံမှုကို ဆက်လက်ထိန်းသိမ်းရပါလိမ့်မယ်။ နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ဟာ ပွင့်လင်းမြင်သာမှုနဲ့ ရိုးသားမှုရှိကြဖို့ တောင်းဆိုကြရပါမယ်။ ပဋိပက္ခများကို စစ်ပွဲနဲ့အဖြေထုတ်ဖို့ ရှု့မြင်ကြ မယ့်အစား သံတမန်ရေးရာနဲ့ ငြိမ်းချမ်းသောဖြေရှင်းနည်းများကို ဦးစားပေးတဲ့ ကမ္ဘာကြီးဖြစ်လာအောင် အားထုတ် ကြရပါမယ်။

လက်ရှိချိန်အထိတော့ ကျွမ်းကျင်သူများနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းများက အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တို့ အပေါ် စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲယုံသာ တတ်နိုင်ပါတယ်။ လုပ်ရပ်များကို စုံစမ်းစစ်ဆေးဖို့ ICC ထံ တောင်းဆိုတာတော့ရှိပါတယ်။ ဒါပေမဲ့ ICC အနေနဲ့ သူ့နိုင်ငံသားများအပေါ် တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ကုလလုံခြုံရေးကောင်စီမှာ အမေရိကန်က တားဆီးနေပါတယ်။

#အီရတ်စစ်ပွဲ_နှစ်-၂ဝပြည့် #အမေရိကန်နှင့်၄င်း၏မဟာမိတ်များအီရတ်ကျူးကျော်စဉ်စစ်ရာဇတ်မှု #ICC

(Helsinki Times., 20 March 2023,” 20 Lies about the Iraq War: Reflections on the 20th anniversary” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အီရတ္အေပၚက်ဴးေက်ာ္ဖို႔အတြက္ အေမရိကန္နဲ႔ အေပါင္းအပါတို႔ရဲ႕ မုသားအေၾကာင္းျပခ်က္မ်ား (ဘာသာျပန္ေဆာင္းပါး)

Htay Oung (NP News) - မတ္ ၂၁

မတ္လ ၂ဝ ရက္မွာ က်ေရာက္တဲ့ အီရတ္စစ္ပြဲ အႀကိမ္ ၂ဝ ေျမာက္ ႏွစ္ပတ္လည္ေန႔မွာ အေမရိကန္သမိုင္း တစ္ေလွ်ာက္ အဆိုး႐ြားဆုံး ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ တမင္လိမ္ညာဆုံးျဖတ္ခဲ့တဲ့အမွားတို႔ကို ျပန္လည္သုံးသပ္ ရန္ အေရးႀကီးပါတယ္။ ယေန႔တိုင္ေအာင္ အေၾကာင္းအက်ိဴးဆက္ႏြယ္ေနဆဲျဖစ္တဲ့ "အီရတ္စစ္ပြဲလိမ္ညာမႈ ၂ဝ" စာရင္းကို ၂ဝ၁၃ ခုႏွစ္မွာ အေမရိကန္ ေရွ႕ေန-စာေရး ဆရာ-ဂ်ာနယ္လစ္ #ဂယ္လန္_ဂရင္းေဝါ့က မွတ္တမ္း တင္ခဲ့ၿပီး ဖင္လန္ႏိုင္ငံ အဂၤလိပ္ဘာသာသတင္းစာ Helsinki Times က ယမန္ေန႔ ျပန္လည္ေဖာ္ျပလိုက္ပါတယ္။

(၁) ပထမဆုံးလိမ္လည္မႈမွာ ဆဒမ္ဟူစိန္ဟာ 9/11 တိုက္ခိုက္မႈမ်ားအတြက္ တာဝန္ရွိတယ္လို႔ စြပ္စြဲျခင္း ျဖစ္ပါ တယ္။ အေမရိကန္ႏိုင္ငံအတြင္း (အၾကမ္းဖက္)တိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး အီရတ္ႏွင့္ အယ္လ္ကိုင္ဒါတို႔ ပူးေပါင္း ေဆာင္႐ြက္ျခင္း မရွိေၾကာင္းကို ယေန႔အခ်ိန္မွာ အမ်ားအသိ အထင္အရွားျဖစ္ေနခဲ့ပါၿပီ။ အဲဒီအခ်ိန္ ကြန္ဂရက္ လႊတ္ေတာ္ရဲ႕ပါတီႏွစ္ခုမွ အမတ္ ၅ ဦးစီး ပါဝင္ၿပီး သမၼတ ေဂ်ာ့ဒဗလ်ဴဘႊတ္ရွ္ကိုယ္တိုင္ ဖြဲ႕စည္းေပးခဲ့တဲ့ 9/11 ေကာ္မရွင္အစီရင္ခံစာမွာလည္း အက္ဒမ္ဟူစိန္နဲ႔ အယ္လ္ကိုင္ဒါတို႔အၾကား ပူးေပါင္းေဆာင္႐ြက္တယ္လို႔ အေထာက္အထားမရွိေၾကာင္း အတည္ျပဳထားပါတယ္။

(၂) အီရတ္ဟာ အေမရိကန္ (အမ်ိဳးသားလုံၿခဳံေရး) အတြက္ ၿခိမ္းေျခာက္မႈျဖစ္ေနၿပီျဖစ္ၿပီး အစုလိုက္အၿပဳံလိုက္ ဖ်က္ဆီးႏိုင္တဲ့ လက္နက္ေတြပိုင္ဆိုင္ထားေၾကာင္း စြပ္စြဲခ်က္ဟာ လိမ္ညာမႈသာျဖစ္ပါတယ္။ အီရတ္မွာ WMDs လက္နက္ပစၥည္းမ်ားပိုင္ဆိုင္ျခင္း မရွိေၾကာင္း သက္ေသအေထာက္အထားေတြ တစ္ပုံႀကီးရွိေနေပမယ့္ အေမရိကန္ အစိုးရကေတာ့ က်ဴးေက်ာ္မႈကို အေၾကာင္းျပဖို႔အတြက္ အဲ့ဒီဇာတ္လမ္းကိုပဲ ထပ္ခ်ည္းတလဲလဲ ေျပာဆိုခဲ့ပါတယ္ အေမရိကန္ေထာက္လွမ္းေရးအသိုင္းအဝိုင္းရဲ႕စစ္ပြဲမတိုင္မီ အကဲျဖတ္မႈမ်ားမွာလည္း ခ်ိဳ႕ယြင္းခ်က္မ်ား ရွိေနၿပီး စာ႐ြက္စာတမ္းအတုမ်ား အပါအဝင္ ယုံၾကည္စိတ္ခ်စရာမရွိတဲ့ သတင္းရင္းျမစ္မ်ားအေပၚ ကိုးကားထားပါတယ္။

(၃) တတိယအလိမ္အညာကေတာ့ အီရတ္မွာ WMDs ေတြရွိတယ္ဆိုတဲ့ အေထာက္အထားေတြ အေမရိကန္ လက္ထဲမွာ ရွိေနတယ္၊ အဲဒါေၾကာင့္ က်ဴးေက်ာ္ရတယ္လို႔ အေၾကာင္းျပခဲ့ေပမယ့္ စစ္ပြဲအၿပီး အီရတ္မွာ WMDs မရွိ ေၾကာင္း (ခပ္တည္တည္နဲ႔ မ်က္ႏွာေျပာင္တိုက္) သတင္းထုတ္ျပန္ျခင္းျဖစ္ပါတယ္။

(၄) အေမရိကန္ျပည္ေထာင္စုကို ကာကြယ္ဖို႔အတြက္ အီရတ္အေပၚ စစ္တိုက္က်ဴးေက်ာ္ရန္ လိုအပ္တယ္လို႔ ေျပာဆိုျခင္းဟာ အလိမ္ဇယားသာျဖစ္ပါတယ္။ စစ္ပြဲအတြက္ လူထုေထာက္ခံမႈရရွိဖို႔ အသုံးခ်ခဲ့ေပမယ့္ ဘာအေထာက္အထားမရွိျခင္းေၾကာင့္ အႀကီးအက်ယ္ ေဝဖန္ခံခဲ့ရပါတယ္။

(၅) အီရတ္ကိုက်ဴးေက်ာ္တဲ့ အေမရိကန္ဟာ ႏိုင္ငံတကာအသိုက္အဝန္းရဲ႕ပံ့ပိုးကူညီမႈကို (လိမ္ညာ) ရယူခဲ့ပါတယ္။ ဒါေပမဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ေထာက္ခံမႈလည္း မရွိခဲ့ဘဲ ႏိုင္ငံအေတာ္မ်ားမ်ားက က်ဴးေက်ာ္မႈကို ဆန႔္က်င္ခဲ့ၾကပါတယ္။

(၆) အေမရိကန္ေတြကို လြတ္ေျမာက္ေစသူမ်ားအျဖစ္ အီရတ္တို႔က (ဝမ္းပန္းတသာ) ႀကိဳဆိုလက္ခံၾကဖို႔ အသင့္ရွိ ေနေၾကာင္း လိမ္ညာျခင္းျဖစ္ပါတယ္။ အမွန္တရားနဲ႔ တစ္ျခားစီျဖစ္ေၾကာင္း လက္ေတြ႕ျဖစ္ရပ္မ်ားက သက္ေသျပ ခဲ့ၿပီး စစ္ပြဲဟာ အီရတ္ႏိုင္ငံအတြင္း ရွည္လ်ားတဲ့ အၾကမ္းဖက္မႈႏွင့္ ေသာင္းက်န္းမႈမ်ားကိုသာ ဖန္တီးေပးခဲ့ပါတယ္။

(၇) စစ္ၿပီးသြားရင္ အီရတ္ကို ျပန္လည္ထူေထာင္ေပးဖို႔အစီအစဥ္ရွိေၾကာင္း အေမရိကန္ရဲ႕အဆိုဟာ မုသား သက္သက္ျဖစ္ပါတယ္။ သင့္ေလ်ာ္တဲ့အစီအစဥ္နဲ႔ ႀကိဳတင္ျပင္ဆင္မႈမရွိဘဲ က်ဴးေက်ာ္ဝင္ေရာက္လာၿပီးေနာက္ အီရတ္တစ္ႏိုင္ငံလုံး ပရမ္းပတာနဲ႔ အၾကမ္းဖက္မႈမ်ားကို ျဖစ္ေပၚေစခဲ့ပါတယ္။

(၈) အီရတ္မွာ အစိုးရအေျပာင္းအလဲျဖစ္ဖို႔အတြက္ အေမရိကန္က အင္အားသုံးဖို႔ မလိုအပ္ဘူးလို႔ ဆိုပါတယ္။ တကယ္ေတာ့ ဆက္ဒမ္ဟူစိန္ကို ျဖဳတ္ခ်ဖို႔အတြက္ အေမရိကန္က အင္အားသုံးေၾကာင္း ထင္ရွားပါတယ္။

(၉) အီရတ္စစ္ပြဲဟာ အလြယ္တကူနဲ႔ အျမန္ၿပီးဆုံးသြားပါလိမ့္မယ္လို႔ ေျဗာင္လိမ္ပါတယ္။ စစ္ပြဲဟာ ရွစ္ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီး လူေပါင္းမ်ားစြာ အသက္ဆုံးရႈံးခဲ့ရပါတယ္။

(၁ဝ) အေမရိကန္အေနနဲ႔ အီရတ္ကို တပ္ဖြဲ႕ဝင္အေျမာက္အမ်ား ေစလႊတ္ဖို႔ မလိုအပ္ဘူးလို႔ ဆိုပါတယ္။ လက္ေတြ႕ မွာေတာ့ ရာခ်ီတဲ့ တပ္ဖြဲ႕ဝင္ေတြကို အႀကိမ္ႀကိမ္ ေစလႊတ္ရျခင္းနဲ႔ အဆုံးသတ္ခဲ့ပါတယ္။
(၁၁) အီရတ္စစ္ပြဲအတြက္ အေမရိကန္တပ္မေတာ္ႀကီးတစ္ခုလုံး အသင့္ျပင္ထားၿပီးျဖစ္ေၾကာင္း မုသားဆိုခဲ့ပါ တယ္။ အီရတ္ႏိုင္ငံအတြင္း ပရမ္းပတာနဲ႔ အၾကမ္းဖက္မႈမ်ားျဖစ္လာရျခင္းဟာ ႀကိဳတင္ျပင္ဆင္မႈမရွိခဲ့လို႔သာ ျဖစ္ပါ တယ္။

(၁၂) အီရတ္စစ္ပြဲအတြက္ ေငြေၾကးအေျမာက္အမ်ား သုံးစြဲဖို႔ မလိုအပ္ပါဘူးလို႔ ဆိုပါတယ္။ (အိုဘားမားလက္ထက္) စစ္ပြဲၿပီးဆုံးေၾကာင္း ေၾကညာတဲ့အခ်ိန္မွာ အေမရိကန္အခြန္ထမ္းျပည္သူမ်ား ေပးလိုက္ရတဲ့ ျပည္သူ႔ဘ႑ာဟာ ေဒၚလာ ၂ ထရီလီယံေက်ာ္ ရွိပါတယ္။

(၁၃) စစ္ပြဲအတြက္ အီရတ္ေရနံေငြမ်ားမွတစ္ဆင့္ သူ႔ဘာသာ ကာမိသြားလိမ့္မယ္လို႔ ဆိုျခင္းဟာ ဆင္ျခင္တရားမဲ့ (အ႐ူးစကား) သာ ျဖစ္ပါတယ္။

(၁၄) အေမရိကန္စစ္တပ္ႀကီးဟာ အီရတ္နယ္နိမိတ္ကို လုံၿခဳံေအာင္ ေဆာင္႐ြက္ေပးႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ တကယ္ေတာ့ စစ္ေသြးႂကြနဲ႔ လက္နက္ေတြ ဒလေဟာ စီးဝင္ေနတဲ့ အီရတ္နယ္စပ္ကို အေမရိကန္စစ္တပ္က လုံၿခဳံေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ (လႈပ္လိုက္တိုင္း ကြဲခ်ည့္ေနလို႔ ခပ္လ်ိဳလ်ိဳ ေနခဲ့ရပါတယ္။)

(၁၅) အီရတ္မွာ လူမ်ိဳးေရးအၾကမ္းဖက္မႈေတြျဖစ္လာခဲ့ရင္ အေမရိကန္စစ္တပ္က တားဆီးႏိုင္တယ္ဆိုေပမဲ့ မတည္ ၿငိမ္မႈမ်ားကို ပိုဆိုး႐ြားလာေစတဲ့ အီရတ္လူမ်ိဳးႏြယ္အခ်င္းခ်င္း အၾကမ္းဖက္မႈမ်ားကို ဟန္႔တားႏိုင္ျခင္း မရွိခဲ့ပါဘူး

(၁၆) အေမရိကန္စစ္တပ္ဟာ အီရတ္မွာ ျပည္တြင္းစစ္မျဖစ္ရေအာင္ တားဆီးႏိုင္တယ္လို႔ ပရမ္းပတာေျပာခဲ့ပါ တယ္၊ အီရတ္ျပည္တြင္းစစ္ဟာ တိုင္းျပည္မတည္မၿငိမ္ျဖစ္ရေအာင္ က်ဳးေက်ာ္စစ္ခင္းခံရျခင္းရဲ႕အဓိက အက်ိဳးဆက္မ်ားအနက္ တစ္ခုသာျဖစ္ပါတယ္။

(၁၇) အီရတ္မွာ တည္ၿငိမ္ၿပီး ဒီမိုကေရစီ အစိုးရတစ္ရပ္ကို ထူေထာင္ႏိုင္မယ္လို႔ အေမရိကန္က ဆိုခဲ့ပါတယ္။ အီရတ္မွာ မတည္မၿငိမ္ျဖစ္မႈနဲ႔ ေနာက္ဆက္တြဲ အုပ္စု-ဂိုဏ္းဂဏအစြဲ ျပင္းထန္မႈမ်ားျဖစ္ေပၚလာၿပီး တည္ၿငိမ္တဲ့ ဒီမိုကေရစီအစိုးရတစ္ရပ္ထူေထာင္ေရးမွာ စိန္ေခၚလာခဲ့ပါတယ္။

(၁၈) အီရတ္စစ္ပြဲဟာ အေမရိကန္တို႔ရဲ႕ လူေနမႈဘဝကို ပိုမိုလုံၿခဳံေစမယ္ဆိုျခင္းဟာ တစ္လြဲအျမင္သာျဖစ္ပါတယ္။ အဲ့ဒီအစား အေမရိကန္ဆန႔္က်င္ေရး စိတ္ဓာတ္ကို လႈံ႕ေဆာ္ေပးရာ ေရာက္ရွိသြားၿပီး ျပည္သူတို႔အေပၚ အၾကမ္းဖက္ ဝါဒရဲ႕ၿခိမ္းေျခာက္မႈသာ တိုးပြားလာခဲ့ပါတယ္။

(၁၉) ခုေျမာက္ လိမ္ညာမႈကေတာ့ အီရတ္စစ္ပြဲဟာ အေရွ႕အလယ္ပိုင္းရဲ႕တည္ၿငိမ္မႈကို တိုးျမင့္လာေစမယ္လို႔ ကတိျပဳျခင္းျဖစ္ပါတယ္။ အေမရိကန္က်ဴးေက်ာ္စစ္ဟာ ေဒသအတြင္း မတည္မၿငိမ္နဲ႔ အၾကမ္းဖက္မႈမ်ား တိုးျမင့္ လာေၾကာင္း လက္ေတြ႕ျမင္ေနရပါတယ္။

(၂ဝ) ေနာက္ဆုံး ႏွစ္ဆယ္ခုေျမာက္ လိမ္ညာမႈက အီရတ္ကို က်ဴးေက်ာ္ရန္ အေမရိကန္မွာ က်င့္ဝတ္ပိုင္းဆိုင္ရာ ဝတၱရားေၾကာင့္ျဖစ္တယ္လို႔ ဆိုျခင္းျဖစ္ပါတယ္။ စစ္ခင္းႏိုင္ဖို႔အေၾကာင္းျပရာမွာ အသုံးျပဳခ်ခဲ့တဲ့အဆိုသာျဖစ္ၿပီး က်ဴးေက်ာ္မႈဆိုတာ ႀကီးေလးေသာအမွားသာျဖစ္ပါတယ္။

နိဂုံးခ်ဳပ္အားျဖင့္၊ အီရတ္စစ္ပြဲဟာ လိမ္ညာမႈမ်ားနဲ႔ သတင္းအတုမ်ားကို အေျခခံၿပီး ကုန္က်စရိတ္ တနင့္တပိုးနဲ႔ ေၾကကြဲဖြယ္ အမွားတစ္ခုျဖစ္ပါတယ္။ လိမ္ညာမႈမ်ားကို ေဖာ္ထုတ္ခဲ့ၿပီး ဆင္ျခင္သုံးသပ္ျခင္းျဖင့္ သင္ခန္းစာယူရန္ အေရးႀကီးပါတယ္။ အီရတ္စစ္ပြဲ ႏွစ္ ၂ဝ ျပည့္အထိမ္းအမွတ္အျဖစ္ ကြၽႏ္ုပ္တို႔နဲ႔ ကြၽႏ္ုပ္တို႔ေခါင္းေဆာင္မ်ားရဲ႕ တာဝန္ယူမႈ၊ တာ၀န္ခံမႈကို ဆက္လက္ထိန္းသိမ္းရပါလိမ့္မယ္။ ႏိုင္ငံျခားေရးမူဝါဒနဲ႔ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္ေတြ ဟာ ပြင့္လင္းျမင္သာမႈနဲ႔ ႐ိုးသားမႈရွိၾကဖို႔ ေတာင္းဆိုၾကရပါမယ္။ ပဋိပကၡမ်ားကို စစ္ပြဲနဲ႔အေျဖထုတ္ဖို႔ ရႈ႕ျမင္ၾက မယ့္အစား သံတမန္ေရးရာနဲ႔ ၿငိမ္းခ်မ္းေသာေျဖရွင္းနည္းမ်ားကို ဦးစားေပးတဲ့ ကမာၻႀကီးျဖစ္လာေအာင္ အားထုတ္ ၾကရပါမယ္။

လက္ရွိခ်ိန္အထိေတာ့ ကြၽမ္းက်င္သူမ်ားနဲ႔ လူ႔အခြင့္အေရးအဖြဲ႕အစည္းမ်ားက အေမရိကန္နဲ႔ သူ႔ရဲ႕မဟာမိတ္တို႔ အေပၚ စစ္ရာဇဝတ္မႈက်ဴးလြန္ေၾကာင္း စြပ္စြဲယုံသာ တတ္ႏိုင္ပါတယ္။ လုပ္ရပ္မ်ားကို စုံစမ္းစစ္ေဆးဖို႔ ICC ထံ ေတာင္းဆိုတာေတာ့ရွိပါတယ္။ ဒါေပမဲ့ ICC အေနနဲ႔ သူ႔ႏိုင္ငံသားမ်ားအေပၚ တရားစီရင္ပိုင္ခြင့္ မရွိဘူးလို႔ ကုလလုံၿခဳံေရးေကာင္စီမွာ အေမရိကန္က တားဆီးေနပါတယ္။

#အီရတ္စစ္ပြဲ_ႏွစ္-၂ဝျပည့္ #အေမရိကန္ႏွင့္၄င္း၏မဟာမိတ္မ်ားအီရတ္က်ဴးေက်ာ္စဥ္စစ္ရာဇတ္မႈ #ICC

(Helsinki Times., 20 March 2023,” 20 Lies about the Iraq War: Reflections on the 20th anniversary” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.