အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 601

Pearl (NP News) - မတ် ၂၂

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၂ ရက်) ၊ နံနက် (၄)နာရီ၊ (၄၅)မိနစ် အချိန်ခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁/၂ နှင့် ၁/၃ ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်တိုင်အနီးတွင် Express ယာဉ် နှင့် Light Truck တို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦးညပ်နေခြင်းကြောင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့ကို အမြန်လမ်းရဲတပ်ဖွဲ့က အကြောင်းကြားလို့ သွားတာပါ၊ Express ကို Light Truck က ဝင်တိုက်တာ၊ ကျွန်တော်တို့‌ရောက်တာ့ Light Truck ကားနဲ့ ဒဏ်ရာရတဲ့သူနဲ့ပဲ ရှိတော့တယ်၊ Light Truck ကားပေါ်တော့ (၂)ယောက်ပါတယ်ပြောတယ်၊ ယာဉ်မောင်းက ညပ်နေပြီး ညာဘက်ပေါင်နဲ့လက်မောင်းကျိုးတယ်၊ ဘယ်ဘက် ခြေသလုံးကျိုးသွားတယ်၊ ယာဉ်မောင်းက လူလတ်ပိုင်းပါ" ဟု လှည်းကူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြောသည်။

ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူသည် ယာဘက် လက်မောင်း၊ ပေါင်နှင့် ဘယ်ဘက် ခြေသလုံးကျိုး ပဲ့ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား လှည်းကူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူ အမျိုးသားသည် စိုးရိမ်ဖွယ်ရာ အခြေအ နေမဟုတ်ကြောင်း သိရသည်။

zawgyi version
အျမန္လမ္းတြင္ ယာဥ္တိုက္မႈျဖစ္ပြားၿပီး အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - မတ္ ၂၂

ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းမႀကီး၌ ယာဥ္တိုက္မႈျဖစ္ပြားၿပီး အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၂ ရက္) ၊ နံနက္ (၄)နာရီ၊ (၄၅)မိနစ္ အခ်ိန္ခန႔္တြင္ ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၁/၂ ႏွင့္ ၁/၃ ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါမိုင္တိုင္အနီးတြင္ Express ယာဥ္ ႏွင့္ Light Truck တို႔ ယာဥ္တိုက္မႈျဖစ္ပြားၿပီး လူတစ္ဦးညပ္ေနျခင္းေၾကာင့္ လွည္းကူးၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးယာဥ္(၁)စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။

"ကြၽန္ေတာ္တို႔ကို အျမန္လမ္းရဲတပ္ဖြဲ႕က အေၾကာင္းၾကားလို႔ သြားတာပါ၊ Express ကို Light Truck က ဝင္တိုက္တာ၊ ကြၽန္ေတာ္တို႔‌ေရာက္တာ့ Light Truck ကားနဲ႔ ဒဏ္ရာရတဲ့သူနဲ႔ပဲ ရွိေတာ့တယ္၊ Light Truck ကားေပၚေတာ့ (၂)ေယာက္ပါတယ္ေျပာတယ္၊ ယာဥ္ေမာင္းက ညပ္ေနၿပီး ညာဘက္ေပါင္နဲ႔လက္ေမာင္းက်ိဳးတယ္၊ ဘယ္ဘက္ ေျခသလုံးက်ိဳးသြားတယ္၊ ယာဥ္ေမာင္းက လူလတ္ပိုင္းပါ" ဟု လွည္းကူးၿမိဳ႕နယ္ ၾကက္ေျခနီတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP Newsကို ေျပာသည္။

ထိုျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းျဖစ္သူသည္ ယာဘက္ လက္ေမာင္း၊ ေပါင္ႏွင့္ ဘယ္ဘက္ ေျခသလုံးက်ိဳး ပဲ့ဒဏ္ရာရရွိခဲ့ၿပီး ၎အား လွည္းကူးၿမိဳ႕နယ္ ၾကက္ေျခနီတပ္ဖြဲ႕ပိုင္ လူနာတင္ယာဥ္ျဖင့္ လွည္းကူးေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ဒဏ္ရာရရွိသူ အမ်ိဳးသားသည္ စိုးရိမ္ဖြယ္ရာ အေျခအ ေနမဟုတ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.