အစိုးရလျှပ်စစ်ဓာတ်အားကို အစားထိုးအသုံးပြုနိုင်မည့် စွမ်းအင်သိုလှောင်ကန်များအား တရုတ်နိုင်ငံမှ လာရောက်မိတ်ဆက်

 1695

ခေတ် (NP News) – မတ် ၂၂

ပိရှန်းဒေသဆိုင်ရာလုပ်ငန်းကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် EPC လျှပ်စစ်အား အစားထိုး အသုံးပြုနိုင်မည့် လျှပ်စစ်သိုလှောင်ကန်များ အသုံးပြုနိုင်ရန် လာရောက်မိတ်ဆက်ခဲ့သည်။

ယနေ့ (မတ်လ ၂၂ ရက်) တွင် ရန်ကုန်မြို့၊ Lotte Hotel ၌ ကျင်းပခဲ့သည့် တရုတ်(ချုံချင့်ပိရှန်း)- မြန် မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်း မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားလှယ်များအဖြစ် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း တာဝန်ရှိသူ ဦးစိန်ဝင်းအောင်၊ UMFCCI မှ ဥက္ကဋ္ဌ ဦးအေးဝင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် လုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံ ချုံချင်း၊ ပိရှန်းဒေသမှ ပိရှန်းဒေသ ဒုတိယမှူး ကျန်းချွမ်း အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များတတ်ရောက်ခဲ့ကြသည်။

ချုံချင့်၊ ပိရှန်းဒေသ Semi-Conductor သုတေသနကောလိပ်၊ ကုမ္ပဏီလီမီတက် စျေးကွက်ဌာန ဌာနမှူးမစ္စတာဝမ်းကျွင့်ရှင်က မြန်မာနိုင်ငံတွင် လျှပ်စစ်လုံလောက်မှုရှိစေရေးနှင့် လျှပ်စစ်အဖိုးအခသက်သာ ချောင်ချိစေရန်အပြင် မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ အသုံးပြုလာမည့် EV charger များအတွက် လိုအပ်သော စွမ်းအင်သိုလှောင်ကန်များနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ သိုလှောင်ကန်များသည် လျှပ်စစ်ဆိုလာပြားများမှ နေရောင်ခြည်လျှပ်စစ်ကို သိုလှောင်ခြင်းဖြစ်ပြီး အဘက်ဘက်တွင် အသုံးပြုနိုင်သော အရည်သွေးမြင့် သို့လှောင်ကန်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ အသုံးပြုလာနိုင်သည့် EV လျှပ်စစ်ကားများအတွက်လည်း စွမ်းအားဖြည့်နိုင်ရန် နေအိမ်သုံးစွမ်းအင်သိုလှောင်ကန်မှအစ မြို့၊ ရွာ၊ လမ်းမများအပြင် စီးပွားရေး Charger Station များအထိ သုံးပြုနိုင်သော သိုလှောင်ကန် အမျိုးအစားအလိုက် ရွေးချယ်၍ တပ်ဆင်နိုင်မည်ဖြစ်ကြောင်း မစ္စတာဝမ်းကျွင့်ရှင်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံအနှံ့အပြား၌ ပေါက်ကွဲမှုများကြောင့် သော်လည်း ကောင်း၊ တာဝါတိုင်များ ဖောက်ခွဲခံရမှုများကြောင့်သော်လည်းကောင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံရှိဒေသ အတော်များများတွင် လျှပ်စစ်မီးဖြန့်ဝေပေးမှု လုံလောက်မှုများ မရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် လူမှုဘဝမြင့်မားရေးအတွက် လျှပ်စစ်လုံလောက်မှုရှိစေရန် တရုတ်လုပ်ငန်းရှင်များက မျှော်လင့်နေကြောင်းလည်း ၎င်းကထည့်သွင်းပြောဆိုသွားခဲ့သည်။

zawgyi version
အစိုးရလွ်ပ္စစ္ဓာတ္အားကို အစားထိုးအသုံးျပဳႏိုင္မည့္ စြမ္းအင္သိုေလွာင္ကန္မ်ားအား တ႐ုတ္ႏိုင္ငံမွ လာေရာက္မိတ္ဆက္
ေခတ္ (NP News) – မတ္ ၂၂

ပိရွန္းေဒသဆိုင္ရာလုပ္ငန္းကိုယ္စားလွယ္မ်ားက ျမန္မာႏိုင္ငံတြင္ EPC လွ်ပ္စစ္အား အစားထိုး အသုံးျပဳႏိုင္မည့္ လွ်ပ္စစ္သိုေလွာင္ကန္မ်ား အသုံးျပဳႏိုင္ရန္ လာေရာက္မိတ္ဆက္ခဲ့သည္။

ယေန႔ (မတ္လ ၂၂ ရက္) တြင္ ရန္ကုန္ၿမိဳ႕၊ Lotte Hotel ၌ က်င္းပခဲ့သည့္ တ႐ုတ္(ခ်ဳံခ်င့္ပိရွန္း)- ျမန္ မာစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဆက္ပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္း မိတ္ဆက္ခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံကိုယ္စားလွယ္မ်ားအျဖစ္ ျမန္မာ-တ႐ုတ္ ခ်စ္ၾကည္ေရးအသင္း တာဝန္ရွိသူ ဦးစိန္ဝင္းေအာင္၊ UMFCCI မွ ဥကၠ႒ ဦးေအးဝင္း ႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား ႏွင့္ လုပ္ငန္းရွင္မ်ား၊ တ႐ုတ္ႏိုင္ငံ ခ်ဳံခ်င္း၊ ပိရွန္းေဒသမွ ပိရွန္းေဒသ ဒုတိယမႉး က်န္းခြၽမ္း အပါအဝင္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ လုပ္ငန္းရွင္မ်ားတတ္ေရာက္ခဲ့ၾကသည္။

ခ်ဳံခ်င့္၊ ပိရွန္းေဒသ Semi-Conductor သုေတသနေကာလိပ္၊ ကုမၸဏီလီမီတက္ ေစ်းကြက္ဌာန ဌာနမႉးမစၥတာဝမ္းကြၽင့္ရွင္က ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္လုံေလာက္မႈရွိေစေရးႏွင့္ လွ်ပ္စစ္အဖိုးအခသက္သာ ေခ်ာင္ခ်ိေစရန္အျပင္ ျမန္မာႏိုင္ငံတြင္ က်ယ္ျပန႔္စြာ အသုံးျပဳလာမည့္ EV charger မ်ားအတြက္ လိုအပ္ေသာ စြမ္းအင္သိုေလွာင္ကန္မ်ားႏွင့္ပတ္သက္ၿပီး ရွင္းလင္းတင္ျပခဲ့သည္။

အဆိုပါ သိုေလွာင္ကန္မ်ားသည္ လွ်ပ္စစ္ဆိုလာျပားမ်ားမွ ေနေရာင္ျခည္လွ်ပ္စစ္ကို သိုေလွာင္ျခင္းျဖစ္ၿပီး အဘက္ဘက္တြင္ အသုံးျပဳႏိုင္ေသာ အရည္ေသြးျမင့္ သို႔ေလွာင္ကန္မ်ားျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ က်ယ္ျပန႔္စြာ အသုံးျပဳလာႏိုင္သည့္ EV လွ်ပ္စစ္ကားမ်ားအတြက္လည္း စြမ္းအားျဖည့္ႏိုင္ရန္ ေနအိမ္သုံးစြမ္းအင္သိုေလွာင္ကန္မွအစ ၿမိဳ႕၊ ႐ြာ၊ လမ္းမမ်ားအျပင္ စီးပြားေရး Charger Station မ်ားအထိ သုံးျပဳႏိုင္ေသာ သိုေလွာင္ကန္ အမ်ိဳးအစားအလိုက္ ေ႐ြးခ်ယ္၍ တပ္ဆင္ႏိုင္မည္ျဖစ္ေၾကာင္း မစၥတာဝမ္းကြၽင့္ရွင္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံအႏွံ႔အျပား၌ ေပါက္ကြဲမႈမ်ားေၾကာင့္ ေသာ္လည္း ေကာင္း၊ တာဝါတိုင္မ်ား ေဖာက္ခြဲခံရမႈမ်ားေၾကာင့္ေသာ္လည္းေကာင္း ရန္ကုန္၊ မႏၲေလး အပါအဝင္ ျမန္မာႏိုင္ငံရွိေဒသ အေတာ္မ်ားမ်ားတြင္ လွ်ပ္စစ္မီးျဖန႔္ေဝေပးမႈ လုံေလာက္မႈမ်ား မရွိသည္ကို ေတြ႕ရသည္။

ျမန္မာႏိုင္ငံတြင္ လူမႈဘဝျမင့္မားေရးအတြက္ လွ်ပ္စစ္လုံေလာက္မႈရွိေစရန္ တ႐ုတ္လုပ္ငန္းရွင္မ်ားက ေမွ်ာ္လင့္ေနေၾကာင္းလည္း ၎ကထည့္သြင္းေျပာဆိုသြားခဲ့သည္။

Picture

san yuko

22/03/2023 15:39

Good

Related news

© 2021. All rights reserved.