ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂)ဦးသေဆုံး

820

စော(NP News) - မတ် ၂၃
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့(မတ်လ ၂၃ ရက်) ၊ နံနက်(၆)နာရီဝန်းကျင်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၄/၁)နှင့် (၂၈၄/၂)ကြားတွင် ဖြစ်ပွားခဲ့ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဥ်သည် ခရီးသည်(၁၉)ဦးထက်မနည်း လိုက်ပါလာသည့် Light Truck ကားမှ ရပ်ထားသည့် ကုန်တင်ကားကို အနောက်မှ ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကုန်တင်ကားကရပ်ထားတာ Light Truck ကားကနောက်ကနေဝင်တိုက်တာ။ ထိခိုက်ဒဏ်ရာရတာက အမျိုးသား (၄)ယောက်နဲ့အမျိုးသမီး (၁၂)ယောက်ပါ။ သေဆုံးတာကတော့ အမျိုးသား(၂)ယောက်ပါ။ အခြေအနေကတော့အကုန်လုံးကောင်းပါတယ်”ဟု ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် Light Truck ကားပေါ်မှ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁၂)ဦး စုစု ပေါင်း(၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အမျိုးသား(၂)ဦးသည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ မိတ္ထီလာပြည်သူဆေးရုံကြီးသို့ပိုဆောင်ပေးခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေတွင် မရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ (၁၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး (၂)ဦးေသဆုံး
ေစာ(NP News) - မတ္ ၂၃
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၃ ရက္) ၊ နံနက္(၆)နာရီဝန္းက်င္ခန႔္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ (၂၈၄/၁)ႏွင့္ (၂၈၄/၂)ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျပည္သာယာလူငယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါျဖစ္စဥ္သည္ ခရီးသည္(၁၉)ဦးထက္မနည္း လိုက္ပါလာသည့္ Light Truck ကားမွ ရပ္ထားသည့္ ကုန္တင္ကားကို အေနာက္မွ ဝင္တိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ကုန္တင္ကားကရပ္ထားတာ Light Truck ကားကေနာက္ကေနဝင္တိုက္တာ။ ထိခိုက္ဒဏ္ရာရတာက အမ်ိဳးသား (၄)ေယာက္နဲ႔အမ်ိဳးသမီး (၁၂)ေယာက္ပါ။ ေသဆုံးတာကေတာ့ အမ်ိဳးသား(၂)ေယာက္ပါ။ အေျခအေနကေတာ့အကုန္လုံးေကာင္းပါတယ္”ဟု ျပည္သာယာလူငယ္လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ Light Truck ကားေပၚမွ အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၁၂)ဦး စုစု ေပါင္း(၁၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည့္အျပင္ အမ်ိဳးသား(၂)ဦးသည္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါထိခိုက္ဒဏ္ရာရရွိသူမ်ားကို ျပည္သာယာလူငယ္လူမႈကူညီေရးအသင္းမွ မိတၳီလာျပည္သူေဆး႐ုံႀကီးသို႔ပိုေဆာင္ေပးခဲ့ၿပီး စိုးရိမ္ရသည့္အေျခအေနတြင္ မရွိေၾကာင္း သိရသည္။