အင်ဒိုနီးရှားမှာ ပထမဆုံး ကျောက်မီးသွေးစက်ရုံပိတ်သိမ်းရေး သဘောတူညီချက် ချုပ်ဆို

 493

ရောင်နီ(NP News) - မတ် ၂၄

လေထုညစ်ညမ်းစေသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို စောစီးစွာ ပိတ်သိမ်းစေဖို့အတွက် အင်ဒိုနီးရှားအစိုးရနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းလုပ်ဆောင်နေကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) က တနင်္လာနေ့မှာ ပြောကြားပါတယ်။

ဒါဟာ အာဆီယံနိုင်ငံများမှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာ လျှော့ချနိုင်မယ့် သဘောတူညီချက် များစွာထဲမှ ပထမဆုံးဖြစ်လာလိမ့်မယ်လို့ ADB က မျှော်လင့်ထားပါတယ်။ အဆိုပြုထားတဲ့ သဘောတူညီချက်ဟာ ဒေသတွင်းရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ စောစောအနားယူရန်၊ အစိမ်းရောင်စွမ်းအင်သို့ အရှိန်မြှင့်ဖို့နဲ့ ရာသီဥတု ရည်မှန်းချက်များ ပြည့်မီစေရန် ရည်ရွယ်တဲ့ ADB စွမ်းအင်ကူးပြောင်းမှု ယန္တရား (ETM) အောက် အင်ဒိုနီးရှားမှာ ပထမဆုံး အဆိုပြုထားတဲ့ သဘောတူညီချက်ဖြစ်ပါတယ်။

နောက်ဆုံးရ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ သို့ပေမယ့်လည်း G-20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပြင်ပ၊ ဘာလီမှာ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MOU) အရ အနောက် ဂျာဗားရှိ 660 MW Cirebon 1 ဓာတ်အားပေးစက်ရုံကို - စက်ရုံများ အသုံးဝင်မှု သက်တမ်းမကုန်ဆုံးမီ ၁ဝ နှစ်မှ ၁၅ နှစ်အထိအတွင်း အငြိမ်းစားယူခြင်းအတွက် ပေးဆောင်မယ့် US$ 300 သန်းသဘောတူညီချက် တစ်စိတ်တစ်ပိုင်း အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅ဝ (စင်ကာပူဒေါ်လာ ၃၄၃ သန်း) ပြန်လည်ထောက်ပံ့မည်ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မီးသွေးစက်ရုံများဟာ ပုံမှန်အားဖြင့် အနှစ် ၄ဝ မှ ၅ဝ ပတ်လည် သက်တမ်းရှိပါတယ်။ Cirebon Electric Power မှ ပိုင်ဆိုင်သည့် Cirebon စက်ရုံဟာ ၂ဝ၄၂ ခုနှစ်အထိ လျှပ်စစ်ဓာတ်အား ပေးဆောင်ဖို့ စာချုပ်ချုပ် ဆိုထားပြီး ယင်းအချိန်ထိ စက်ရုံသက်တမ်းမှာ အနှစ် ၃ဝ ရှိမှာဖြစ်ပါတယ်။ အစောပိုင်း ၁၅ နှစ်အတွင်း အနားယူ လိုက်ခြင်းက ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန် သန်း ၃ဝ အထိ ဖြတ်တောက်နိုင်ပြီး ယင်းပမာဏဟာ ကားအစီးရေ ၈ဝဝဝဝဝ ကို လမ်းမပေါ် ထွက်စေခြင်းနဲ့ ညီမျှတယ်လို့ ADB က ခန့်မှန်းပါတယ်။

အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ ADB၊ Cirebon Electric Power၊ Indonesian State Power Utility PLN နဲ့ Indonesian Investment Authority တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

ကျောက်မီးသွေးကို အသုံးပြုခြင်းဟာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ လေထုညစ်ညမ်းမှုရဲ့ အဓိက ရင်းမြစ်ဖြစ် ပေမယ့် ကမ္ဘာတစ်ဝန်း အထူးသဖြင့် အရှေ့တောင်အာရှဟာ ကျောက်မီးသွေးဟာ စွမ်းအင်ရဲ့ အဓိကအရင်းအမြစ် ဖြစ်နေပါတယ်။ ကမ္ဘာ့ထိပ်တန်း အပူပေးကျောက်မီးသွေးတင်ပို့တဲ့ အင်ဒိုနီးရှားဟာ ဓာတ်အားပေး ထုတ်လုပ်ဖို့ အတွက် ကျောက်မီးသွေးကို မှီခိုနေရပြီး မကြာသေးမီနှစ်များအတွင်း ၎င်းရဲ့ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများကို သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များဖြင့် သိသိသာသာ အစားထိုးလာခဲ့ပါ တယ်။

သို့ပေမယ့် နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ၆ဝ ရာခိုင်နှုန်းခန့်ဟာ ကျောက်မီးသွေးမှ ထုတ်လုပ်ခြင်းဖြစ်တာကြောင့် ကျောက်မီးသွေးအသုံးပြုမှုကို ဖြတ်တောက်ဖို့နဲ့ အစိမ်းရောင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ဖို့အတွက် ပြင်ပ ဘဏ္ဍာငွေများ လိုအပ်နေကြောင်း အစိုးရက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားမွာ ပထမဆုံး ေက်ာက္မီးေသြးစက္႐ုံပိတ္သိမ္းေရး သေဘာတူညီခ်က္ ခ်ဳပ္ဆို
ေရာင္နီ(NP News) - မတ္ ၂၄

ေလထုညစ္ညမ္းေစေသာ ေက်ာက္မီးေသြးသုံး ဓာတ္အားေပးစက္႐ုံကို ေစာစီးစြာ ပိတ္သိမ္းေစဖို႔အတြက္ အင္ဒိုနီးရွားအစိုးရနဲ႔ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ကုမၸဏီတစ္ခုတို႔ ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္း အာရွဖြံ႕ၿဖိဳးေရး ဘဏ္ (ADB) က တနလၤာေန႔မွာ ေျပာၾကားပါတယ္။

ဒါဟာ အာဆီယံႏိုင္ငံမ်ားမွာ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈ သိသိသာသာ ေလွ်ာ့ခ်ႏိုင္မယ့္ သေဘာတူညီခ်က္ မ်ားစြာထဲမွ ပထမဆုံးျဖစ္လာလိမ့္မယ္လို႔ ADB က ေမွ်ာ္လင့္ထားပါတယ္။ အဆိုျပဳထားတဲ့ သေဘာတူညီခ်က္ဟာ ေဒသတြင္းရွိ ေက်ာက္မီးေသြးသုံး ဓာတ္အားေပးစက္႐ုံမ်ား ေစာေစာအနားယူရန္၊ အစိမ္းေရာင္စြမ္းအင္သို႔ အရွိန္ျမႇင့္ဖို႔နဲ႔ ရာသီဥတု ရည္မွန္းခ်က္မ်ား ျပည့္မီေစရန္ ရည္႐ြယ္တဲ့ ADB စြမ္းအင္ကူးေျပာင္းမႈ ယႏၲရား (ETM) ေအာက္ အင္ဒိုနီးရွားမွာ ပထမဆုံး အဆိုျပဳထားတဲ့ သေဘာတူညီခ်က္ျဖစ္ပါတယ္။

ေနာက္ဆုံးရ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ သို႔ေပမယ့္လည္း G-20 ေခါင္းေဆာင္မ်ား ထိပ္သီးအစည္းအေဝး ျပင္ပ၊ ဘာလီမွာ လက္မွတ္ေရးထိုးခဲ့တဲ့ နားလည္မႈစာခြၽန္လႊာ (MOU) အရ အေနာက္ ဂ်ာဗားရွိ 660 MW Cirebon 1 ဓာတ္အားေပးစက္႐ုံကို - စက္႐ုံမ်ား အသုံးဝင္မႈ သက္တမ္းမကုန္ဆုံးမီ ၁ဝ ႏွစ္မွ ၁၅ ႏွစ္အထိအတြင္း အၿငိမ္းစားယူျခင္းအတြက္ ေပးေဆာင္မယ့္ US$ 300 သန္းသေဘာတူညီခ်က္ တစ္စိတ္တစ္ပိုင္း အေနနဲ႔ အေမရိကန္ေဒၚလာ သန္း ၂၅ဝ (စင္ကာပူေဒၚလာ ၃၄၃ သန္း) ျပန္လည္ေထာက္ပံ့မည္ျဖစ္တယ္လို႔ သိရပါတယ္။

ေက်ာက္မီးေသြးစက္႐ုံမ်ားဟာ ပုံမွန္အားျဖင့္ အႏွစ္ ၄ဝ မွ ၅ဝ ပတ္လည္ သက္တမ္းရွိပါတယ္။ Cirebon Electric Power မွ ပိုင္ဆိုင္သည့္ Cirebon စက္႐ုံဟာ ၂ဝ၄၂ ခုႏွစ္အထိ လွ်ပ္စစ္ဓာတ္အား ေပးေဆာင္ဖို႔ စာခ်ဳပ္ခ်ဳပ္ ဆိုထားၿပီး ယင္းအခ်ိန္ထိ စက္႐ုံသက္တမ္းမွာ အႏွစ္ ၃ဝ ရွိမွာျဖစ္ပါတယ္။ အေစာပိုင္း ၁၅ ႏွစ္အတြင္း အနားယူ လိုက္ျခင္းက ဖန္လုံအိမ္ဓာတ္ေငြ႕ တန္ခ်ိန္ သန္း ၃ဝ အထိ ျဖတ္ေတာက္ႏိုင္ၿပီး ယင္းပမာဏဟာ ကားအစီးေရ ၈ဝဝဝဝဝ ကို လမ္းမေပၚ ထြက္ေစျခင္းနဲ႔ ညီမွ်တယ္လို႔ ADB က ခန႔္မွန္းပါတယ္။

အဆိုပါနားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးပြဲသို႔ ADB၊ Cirebon Electric Power၊ Indonesian State Power Utility PLN နဲ႔ Indonesian Investment Authority တို႔မွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

ေက်ာက္မီးေသြးကို အသုံးျပဳျခင္းဟာ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈနဲ႔ ေလထုညစ္ညမ္းမႈရဲ႕ အဓိက ရင္းျမစ္ျဖစ္ ေပမယ့္ ကမာၻတစ္ဝန္း အထူးသျဖင့္ အေရွ႕ေတာင္အာရွဟာ ေက်ာက္မီးေသြးဟာ စြမ္းအင္ရဲ႕ အဓိကအရင္းအျမစ္ ျဖစ္ေနပါတယ္။ ကမာၻ႔ထိပ္တန္း အပူေပးေက်ာက္မီးေသြးတင္ပို႔တဲ့ အင္ဒိုနီးရွားဟာ ဓာတ္အားေပး ထုတ္လုပ္ဖို႔ အတြက္ ေက်ာက္မီးေသြးကို မွီခိုေနရၿပီး မၾကာေသးမီႏွစ္မ်ားအတြင္း ၎ရဲ႕ေက်ာက္မီးေသြးသုံး ဓာတ္အားေပး စက္႐ုံမ်ားကို သဘာဝပတ္ဝန္းက်င္နဲ႔ က်န္းမာေရးဆိုင္ရာ ကုန္က်စရိတ္မ်ားျဖင့္ သိသိသာသာ အစားထိုးလာခဲ့ပါ တယ္။

သို႔ေပမယ့္ ႏိုင္ငံရဲ႕ လွ်ပ္စစ္ဓာတ္အား ၆ဝ ရာခိုင္ႏႈန္းခန႔္ဟာ ေက်ာက္မီးေသြးမွ ထုတ္လုပ္ျခင္းျဖစ္တာေၾကာင့္ ေက်ာက္မီးေသြးအသုံးျပဳမႈကို ျဖတ္ေတာက္ဖို႔နဲ႔ အစိမ္းေရာင္ စြမ္းအင္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျမႇင့္တင္ဖို႔အတြက္ ျပင္ပ ဘ႑ာေငြမ်ား လိုအပ္ေနေၾကာင္း အစိုးရက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.