နေပြည်တော်၌ အသက် (၆ဝ)ကျော်အရွယ် အဘိုးအိုတစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွား

 684

စော (NP News) - မတ် ၂၇

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အသက် (၆ဝ)ကျော်အ ရွယ် အဘိုးအိုတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၇ ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် သားဖွားမီးယပ်ကုတင် (၃ဝဝ)ဆေးရုံကြားတွင် ဘတ်ဖိုးဖြင့် မြေတူးထားသော ရေအိုင်အတွင်း နွားများကို ရေချိုးပေးနေစဉ် ဖြစ်ပွားခဲ့ကြောင်း ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ သိရသည်။

“အခင်းဖြစ်နေတဲ့အချိန်မှာပဲဆယ်ရတာပါ။ ရေထဲမှာပဲနစ်နေတာပါ။ သူက ပြည်စံအောင်ရပ်ကွက်၊(၄)လမ်းမှာနေထိုင်တာပါ။ အိမ်မှာတော့နွားကျောင်းတာပဲလုပ်ကိုင်တာပါ။ အခြားအလုပ်ကတော့ဇောက်ချပြီးလုပ်ကိုင်တာမရှိဘူး”ဟု ဂရုဏာရှင် လူမှုကူညီရေးအ သင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါအမျိုးသားသည် ဦးသံချောင်းဖြစ်ပြီး အသက် (၆၅)နှစ်အ ရွယ်ဖြစ်ကြောင်းသိရသည်။ ၎င်းသည် ပြည်စံအောင်ရပ်ကွက်တွင်နေထိုင်ကာ နွားကျောင်းသည့် အလုပ်ကိုသာ လုပ်ကိုင်သူဖြစ် ကြောင်း ဂရုဏာရှင် လူမှုကူညီရေးအသင်းမှ ဆိုသည်။

၎င်း၏ ရုပ်အလောင်းအား ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ ပြည်သူ့ဆေးရုံကြီးကုတင်(၁ဝဝဝ)သို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္၌ အသက္ (၆ဝ)ေက်ာ္အ႐ြယ္ အဘိုးအိုတစ္ဦးေရနစ္ေသဆုံးမႈျဖစ္ပြား

ေစာ (NP News) - မတ္ ၂၇

ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ အသက္ (၆ဝ)ေက်ာ္အ ႐ြယ္ အဘိုးအိုတစ္ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၇ ရက္)၊ နံနက္ (၉)နာရီဝန္းက်င္အခ်ိန္တြင္ ရန္ကုန္-မႏၲေလးလမ္းေဟာင္းႏွင့္ သားဖြားမီးယပ္ကုတင္ (၃ဝဝ)ေဆး႐ုံၾကားတြင္ ဘတ္ဖိုးျဖင့္ ေျမတူးထားေသာ ေရအိုင္အတြင္း ႏြားမ်ားကို ေရခ်ိဳးေပးေနစဥ္ ျဖစ္ပြားခဲ့ေၾကာင္း ဂ႐ုဏာရွင္လူမႈကူညီေရးအသင္းမွ သိရသည္။

“အခင္းျဖစ္ေနတဲ့အခ်ိန္မွာပဲဆယ္ရတာပါ။ ေရထဲမွာပဲနစ္ေနတာပါ။ သူက ျပည္စံေအာင္ရပ္ကြက္၊(၄)လမ္းမွာေနထိုင္တာပါ။ အိမ္မွာေတာ့ႏြားေက်ာင္းတာပဲလုပ္ကိုင္တာပါ။ အျခားအလုပ္ကေတာ့ေဇာက္ခ်ၿပီးလုပ္ကိုင္တာမရွိဘူး”ဟု ဂ႐ုဏာရွင္ လူမႈကူညီေရးအ သင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါအမ်ိဳးသားသည္ ဦးသံေခ်ာင္းျဖစ္ၿပီး အသက္ (၆၅)ႏွစ္အ ႐ြယ္ျဖစ္ေၾကာင္းသိရသည္။ ၎သည္ ျပည္စံေအာင္ရပ္ကြက္တြင္ေနထိုင္ကာ ႏြားေက်ာင္းသည့္ အလုပ္ကိုသာ လုပ္ကိုင္သူျဖစ္ ေၾကာင္း ဂ႐ုဏာရွင္ လူမႈကူညီေရးအသင္းမွ ဆိုသည္။

၎၏ ႐ုပ္အေလာင္းအား ဂ႐ုဏာရွင္လူမႈကူညီေရးအသင္းမွ ျပည္သူ႔ေဆး႐ုံႀကီးကုတင္(၁ဝဝဝ)သို႔ ပိုေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.