အမေရိကန်နိုင်ငံရေးသမားတွေဟာ ကိုယ်ပိုင်ဝါဒဖြန့်ချိရေးလုပ်ငန်းတွေထဲ ပိတ်မိချုပ်နှောင်ခံထားရကြောင်း ရုရှားအစိုးရ ဝေဖန်

 426

ဂျန်ဇက် (NP News) - မတ် ၂၈

အမေရိကန်နိုင်ငံရေးသမားတွေဟာ ၎င်းတို့ရဲ့ကိုယ်ပိုင် ဝါဒဖြန့်ချိရေးလုပ်ငန်းများကြားထဲ ပိတ်မိချုပ်နှောင်ခံထားရ ဆဲဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Nikolay Patrushev က ပြောပါတယ်။

၎င်းက "အမေရိကန်နိုင်ငံရေးသမားတွေဟာ ၎င်းတို့ရဲ့ကိုယ်ပိုင်ဝါဒဖြန့်ချိရေးလုပ်ငန်းတွေ နဲ့ပြန်လည်ချုပ်နှောင်ခံ နေရတယ်။ အချို့ကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရေးသမားတွေဟာ ရုရှားနဲ့ အမေရိကန်ကြား တိုက်ရိုက် ပဋိပက္ခဖြစ်လာမယ်လို့ တွေးထင်နေတယ်။ အမေရိကန်က ရုရှားကို ဒုံးကျည်တွေနဲ့ အဆက်မပြတ် တိုက်ခိုက်ပြီး၊ ရုရှားဘက်က တုံ့ပြန်နိုင်မှာမဟုတ်ဘူးလို့ ထင်နေတဲ့နိုင်ငံရေးသမားတွေလည်း ရှိနေတယ်။ အလွန်အန္တရာယ်ရှိတဲ့ အတွေးခေါ်မျိုးတွေ ဖြစ်တယ်" လို့ပြောပါတယ်။

ရုရှားရဲ့လက်ရှိအခြေအနေတွေဟာ စစ်အေးခေတ်တိုက်ပွဲကာလအစောပိုင်း အချိန်တုန်းကနဲ့မတူညီတော့ကြောင်း၊ လက်ရှိအချိန်မှာ ဘယ်နိုင်ငံကိုမဆို အနိုင်ရယူနိုင်စွမ်းရှိနေကြောင်း၊ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး က ပြောပါတယ်။

၎င်းက "အနောက်အုပ်စုနိုင်ငံအချို့ဟာ သမိုင်းရဲ့သင်ခန်းစာကို မေ့ပျောက်ပစ်ပြီး ရုရှားကို စစ်ရေးအနိုင်ရယူနိုင် မယ့်ပုံစံမျိုးနဲ့ လက်စားချေဖို့ တွေးနေတယ်" လို့ ပြောပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေထဲ ပါဝင်ပြီး စစ်လက်နက်ပစ္စည်းနဲ့ပတ်သက်လို့ ပြိုင်ဘက် နိုင်ငံများဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများနဲ့ ဆက်ဆံရေး ပိုမိုထိခိုက်လာစေခဲ့ကြောင်း သိရပါတယ်။

ရုရှားဟာ အမေရိကန် နဲ့ နျူကလီးယားလက်နက်များ လျော့ချရေး သဘာတူညီစာချုပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် မကြာသေးမီက စာချုပ်ကို ဆိုင်းငံ့ခဲ့ကြောင်း သိရပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ဟာ စစ်အေးခေတ်ကာမှာ စစ်လက်နက်များယှဉ်ပြိုင်ခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှာကို စိုးရိမ်မှုများမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး က "ရုရှားဟာ အမေရိကန်ကို နှစ်ကြိမ်တိုင် ကယ်တင်ခဲ့ဖူးတယ်။ အမေရိကန်တော်လှန်ရေးစစ်ပွဲကာလ နဲ့ ပြည်တွင်းစစ်ကာလမှာ နှစ်ကြိမ် ကယ်တင်ခဲ့တာဖြစ်တယ်။ အဲဒီအချိန် တုန်းက ရုရှားအစိုးရဟာ အမေရိကန်ကို နိုင်ငံပိုင်နက်နယ်မြေတွေကို ထိန်းသိမ်းနိုင်အောင်ကူညီပေးဖို့ သင့်တော် တယ်လို့ ထင်မြင်ခဲ့တယ်" လို့ ပြောပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံေရးသမားေတြဟာ ကိုယ္ပိုင္ဝါဒျဖန႔္ခ်ိေရးလုပ္ငန္းေတြထဲ ပိတ္မိခ်ဳပ္ေႏွာင္ခံထားရေၾကာင္း ႐ုရွားအစိုးရ ေဝဖန္
ဂ်န္ဇက္ (NP News) - မတ္ ၂၈

အေမရိကန္ႏိုင္ငံေရးသမားေတြဟာ ၎တို႔ရဲ႕ကိုယ္ပိုင္ ဝါဒျဖန႔္ခ်ိေရးလုပ္ငန္းမ်ားၾကားထဲ ပိတ္မိခ်ဳပ္ေႏွာင္ခံထားရ ဆဲျဖစ္ေၾကာင္း ႐ုရွားလုံၿခဳံေရးေကာင္စီအတြင္းေရးမႉး Nikolay Patrushev က ေျပာပါတယ္။

၎က "အေမရိကန္ႏိုင္ငံေရးသမားေတြဟာ ၎တို႔ရဲ႕ကိုယ္ပိုင္ဝါဒျဖန႔္ခ်ိေရးလုပ္ငန္းေတြ နဲ႔ျပန္လည္ခ်ဳပ္ေႏွာင္ခံ ေနရတယ္။ အခ်ိဳ႕ကိစၥေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံေရးသမားေတြဟာ ႐ုရွားနဲ႔ အေမရိကန္ၾကား တိုက္႐ိုက္ ပဋိပကၡျဖစ္လာမယ္လို႔ ေတြးထင္ေနတယ္။ အေမရိကန္က ႐ုရွားကို ဒုံးက်ည္ေတြနဲ႔ အဆက္မျပတ္ တိုက္ခိုက္ၿပီး၊ ႐ုရွားဘက္က တုံ႔ျပန္ႏိုင္မွာမဟုတ္ဘူးလို႔ ထင္ေနတဲ့ႏိုင္ငံေရးသမားေတြလည္း ရွိေနတယ္။ အလြန္အႏၲရာယ္ရွိတဲ့ အေတြးေခၚမ်ိဳးေတြ ျဖစ္တယ္" လို႔ေျပာပါတယ္။

႐ုရွားရဲ႕လက္ရွိအေျခအေနေတြဟာ စစ္ေအးေခတ္တိုက္ပြဲကာလအေစာပိုင္း အခ်ိန္တုန္းကနဲ႔မတူညီေတာ့ေၾကာင္း၊ လက္ရွိအခ်ိန္မွာ ဘယ္ႏိုင္ငံကိုမဆို အႏိုင္ရယူႏိုင္စြမ္းရွိေနေၾကာင္း၊ ႐ုရွားလုံၿခဳံေရးေကာင္စီအတြင္းေရးမႉး က ေျပာပါတယ္။

၎က "အေနာက္အုပ္စုႏိုင္ငံအခ်ိဳ႕ဟာ သမိုင္းရဲ႕သင္ခန္းစာကို ေမ့ေပ်ာက္ပစ္ၿပီး ႐ုရွားကို စစ္ေရးအႏိုင္ရယူႏိုင္ မယ့္ပုံစံမ်ိဳးနဲ႔ လက္စားေခ်ဖို႔ ေတြးေနတယ္" လို႔ ေျပာပါတယ္။

႐ုရွားနဲ႔ အေမရိကန္တို႔ဟာ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြထဲ ပါဝင္ၿပီး စစ္လက္နက္ပစၥည္းနဲ႔ပတ္သက္လို႔ ၿပိဳင္ဘက္ ႏိုင္ငံမ်ားျဖစ္ခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားဟာ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားနဲ႔ ဆက္ဆံေရး ပိုမိုထိခိုက္လာေစခဲ့ေၾကာင္း သိရပါတယ္။

႐ုရွားဟာ အေမရိကန္ နဲ႔ န်ဴကလီးယားလက္နက္မ်ား ေလ်ာ့ခ်ေရး သဘာတူညီစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ေပမယ့္ မၾကာေသးမီက စာခ်ဳပ္ကို ဆိုင္းငံ့ခဲ့ေၾကာင္း သိရပါတယ္။ ႐ုရွားနဲ႔ အေမရိကန္တို႔ဟာ စစ္ေအးေခတ္ကာမွာ စစ္လက္နက္မ်ားယွဥ္ၿပိဳင္ခဲ့ၿပီး ထိပ္တိုက္ရင္ဆိုင္တိုက္ခိုက္မွာကို စိုးရိမ္မႈမ်ားျမင့္တက္ခဲ့ေၾကာင္း သိရပါတယ္။ ႐ုရွားလုံၿခဳံေရးေကာင္စီအတြင္းေရးမႉး က "႐ုရွားဟာ အေမရိကန္ကို ႏွစ္ႀကိမ္တိုင္ ကယ္တင္ခဲ့ဖူးတယ္။ အေမရိကန္ေတာ္လွန္ေရးစစ္ပြဲကာလ နဲ႔ ျပည္တြင္းစစ္ကာလမွာ ႏွစ္ႀကိမ္ ကယ္တင္ခဲ့တာျဖစ္တယ္။ အဲဒီအခ်ိန္ တုန္းက ႐ုရွားအစိုးရဟာ အေမရိကန္ကို ႏိုင္ငံပိုင္နက္နယ္ေျမေတြကို ထိန္းသိမ္းႏိုင္ေအာင္ကူညီေပးဖို႔ သင့္ေတာ္ တယ္လို႔ ထင္ျမင္ခဲ့တယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.