အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ ရွှေနဲ့လုပ်ထားတဲ့ အိမ်သာတစ်လုံးကို ဒေါ်လာ ၁ဝ သန်းနဲ့ လေလံတင်ရောင်းချ
                        
                            
                             
 284
 
                             
                            
                            
                         
                        
 
                        ရောင်နီ (NP News) - နိုဝင်ဘာ ၄
          သောကြာနေ့ (အောက်တိုဘာ ၃၁) က အီတလီအနုပညာရှင် မောရီဇိုကတ်တယ်လန်ရဲ့ America အမည်ရှိ ရွှေအိမ်သာ ရုပ်တုကို လေလံတင်ရောင်းချမယ်လို့ Sotheby’s လေလံအိမ်က ကြေညာခဲ့ပါတယ်။ 
         အဲဒီရွှေအိမ်သာဟာ အိမ်သာနဲ့ တူညီတဲ့လုပ်ဆောင်ချက်တွေ အပြည့်အဝ လုပ်ဆောင်နိုင်ပြီး လေလံအိမ် ကတော့ "အနုပညာထုတ်လုပ်မှုနဲ့ ကုန်စည် ထိပ်တိုက်တွေ့မှုမှ ဖြစ်ပေါ်လာတဲ့ တန်ဖိုး" လို့ ဆိုပါတယ်။ အသုံးပြုထားတဲ့ ရွှေသား ၁၀၁.၂ ကီလိုဂရမ်ကျော် ရှိပြီး လက်ရှိ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် တန်ဖိုးရှိပါတယ်။ ရွှေအိမ်သာကို ၂၀၁၆ ခုနှစ်က အမေရိကန်မှာ ဗားရှင်းနှစ်မျိုး ဖန်တီးခဲ့တာ့ဖြစ်ပြီး လေလံတင် ရောင်းချနေတဲ့ ဗားရှင်းကိုတော့ ၂၀၁၇ ခုနှစ်ကတည်းက အမည်မဖော်လိုတဲ့ စုဆောင်းသူတစ်ယောက်က ပိုင်ဆိုင်ခဲ့တာဖြစ်ပါ တယ်။ နောက်ဗားရှင်းကို ၂၀၁၆ ခုနှစ်ကစ အမေရိကန်၊ နယူးယောက်၊ Guggenheim ပြတိုက်ရဲ့ရေချိုးခန်းထဲမှာ ပြသထားပါတယ်။ အဲဒီအိမ်သာကို ကြည့်ရှုရဖို့ ဧည့်သည် ၁၀၀,၀၀၀ ကျော်ဟာ တန်းစီစောင့်ဆိုင်းကြရတယ်လို့ သိရပါတယ်။ 
        ပြီးခဲ့တဲ့ နှစ်ကလည်း  နံရံမှာ တိပ်ကပ်ထားတဲ့ ငှက်ပျောသီးပုံ Comedian လက်ရာဟာ နယူးယောက် လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၆.၂ သန်းနဲ့ ရောင်းထွက်ခဲ့ပါတယ်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Verion: 
အေမရိကန္ႏိုင္ငံ၊ နယူးေယာက္မွာ ေ႐ႊနဲ႔လုပ္ထားတဲ့ အိမ္သာတစ္လုံးကို ေဒၚလာ ၁ဝ သန္းနဲ႔ ေလလံတင္ေရာင္းခ်
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄
          ေသာၾကာေန႔ (ေအာက္တိုဘာ ၃၁) က အီတလီအႏုပညာရွင္ ေမာရီဇိုကတ္တယ္လန္ရဲ႕ America အမည္ရွိ ေ႐ႊအိမ္သာ ႐ုပ္တုကို ေလလံတင္ေရာင္းခ်မယ္လို႔ Sotheby’s ေလလံအိမ္က ေၾကညာခဲ့ပါတယ္။ 
         အဲဒီေ႐ႊအိမ္သာဟာ အိမ္သာနဲ႔ တူညီတဲ့လုပ္ေဆာင္ခ်က္ေတြ အျပည့္အဝ လုပ္ေဆာင္ႏိုင္ၿပီး ေလလံအိမ္ ကေတာ့ "အႏုပညာထုတ္လုပ္မႈနဲ႔ ကုန္စည္ ထိပ္တိုက္ေတြ႕မႈမွ ျဖစ္ေပၚလာတဲ့ တန္ဖိုး" လို႔ ဆိုပါတယ္။ အသုံးျပဳထားတဲ့ ေ႐ႊသား ၁၀၁.၂ ကီလိုဂရမ္ေက်ာ္ ရွိၿပီး လက္ရွိ အေမရိကန္ေဒၚလာ ၁၀ သန္းခန႔္ တန္ဖိုးရွိပါတယ္။ ေ႐ႊအိမ္သာကို ၂၀၁၆ ခုႏွစ္က အေမရိကန္မွာ ဗားရွင္းႏွစ္မ်ိဳး ဖန္တီးခဲ့တာ့ျဖစ္ၿပီး ေလလံတင္ ေရာင္းခ်ေနတဲ့ ဗားရွင္းကိုေတာ့ ၂၀၁၇ ခုႏွစ္ကတည္းက အမည္မေဖာ္လိုတဲ့ စုေဆာင္းသူတစ္ေယာက္က ပိုင္ဆိုင္ခဲ့တာျဖစ္ပါ တယ္။ ေနာက္ဗားရွင္းကို ၂၀၁၆ ခုႏွစ္ကစ အေမရိကန္၊ နယူးေယာက္၊ Guggenheim ျပတိုက္ရဲ႕ေရခ်ိဳးခန္းထဲမွာ ျပသထားပါတယ္။ အဲဒီအိမ္သာကို ၾကည့္ရႈရဖို႔ ဧည့္သည္ ၁၀၀,၀၀၀ ေက်ာ္ဟာ တန္းစီေစာင့္ဆိုင္းၾကရတယ္လို႔ သိရပါတယ္။ 
        ၿပီးခဲ့တဲ့ ႏွစ္ကလည္း  နံရံမွာ တိပ္ကပ္ထားတဲ့ ငွက္ေပ်ာသီးပုံ Comedian လက္ရာဟာ နယူးေယာက္ ေလလံပြဲမွာ အေမရိကန္ေဒၚလာ ၆.၂ သန္းနဲ႔ ေရာင္းထြက္ခဲ့ပါတယ္။