ကျောက်တံခါးမြို့ပေါ်ရှိ မြို့မရဲစခန်း နှင့် ထွေအုပ်ရုံးတို့ Drone ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ

 1631

Pearl (NP News) - ဧပြီ ၁

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ မြို့မရဲစခန်း နှင့် မြို့နယ်ထွေအုပ်ရုံးတို့တွင် Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၃၁ ရက်)၊ ည (၁၂)နာရီအချိန်ခန့်တွင် ကျောက်တံခါးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံလုံခြုံရေးအဖွဲ့များနှင့် နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

ကျောက်တံခါးမြို့ရှိ မြို့မရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးများသို့ အကြမ်းဖက်သမားများက Drone များဖြင့် ဗုံး(၆)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ သတင်းအရင်းအမြစ်ကဆိုသည်။

“ည (၁၁)နာရီ၊ (၁၂)နာရီ ဝန်းကျင်လောက်ပေါ့၊ ဗုံးက (၆)လုံးလောက်ကျတာ၊ (၂)လုံးလောက်က မကွဲဘူး၊ (၄)လုံးလောက်တော့ကွဲတယ်၊ သွပ်ပေါ်ကျတယ်၊ (၂)လုံးက ကတ္တရာလမ်းပေါ်ကျကွဲတယ်၊ ထိခိုက်တဲ့လူတော့ မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအဆောက်အဦးတို့မှာ ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း သိရသည်။

zawgyi version
Pearl (NP News) - ဧပြီ ၁

ပဲခူးတိုင်း၊ ကျောက်ံခါးမြို့နယ်ရှိ မြို့မရဲစခန်း နှင့် မြို့နယ်ထွေအုပ်ရုံးတို့တွင် Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။





Related news

© 2021. All rights reserved.