ATM စက်အချို့ကို (၅)ရက်ခန့် အသုံးပြုနိုင်မည်မဟုတ်ကြောင်း KBZ ဘဏ်အသိပေး

 1566

ယွန်း (NP News) - ဧပြီ ၅

KBZ ဘဏ်၏ Core Banking စနစ်အဆင့်မြှင့်တင်ခြင်းကို ဧပြီလ(၇)ရက်မှ စတင်ကာ (၅)ရက်ကြာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း KBZ Bank မှ ထုတ်ပြန်ထားသည်။

KBZ Bank မှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ(၄)ရက်က အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

KBZ Bank ၏ Core Banking စနစ်အဆင့်မြှင့်တင်ခြင်းကို ဧပြီလ(၇)ရက်၊ ည(၁၂)နာရီအချိန်ခန့်မှ ဧပြီလ(၁၂) ရက်၊ နံနက်(၁၁)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KBZ Bank မှ ဆိုထားသည်။

အဆိုပါ ကာလအတွင်း KBZ Bank ၏ အွန်လိုင်းဘဏ် ဝန်ဆောင်မှုများ(iBanking နှင့် mBanking)၊ Debit နှင့် Credit Card ဝန်ဆောင်မှုများအပြင် အချို့သော ATM စက်များနှင့် KBZ Pay ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် KBZ Pay ၏ အခြားဝန်ဆောင်မှုများဖြစ်သည့် ငွေပေးချေခြင်း၊ ငွေလွှဲခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ MPU (Other) မှ Cash-in ပြုလုပ်ခြင်းတို့ကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်ပြီး KBZ Bank ဝန်ထမ်းများအနေဖြင့် Customer များ၏ အချက်အလက်များကို ဆက်သွယ်တောင်းဆိုခြင်းများ ပြုလုပ်သွားမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

zawgyi version
ATM စက္အခ်ိဳ႕ကို (၅)ရက္ခန႔္ အသုံးျပဳႏိုင္မည္မဟုတ္ေၾကာင္း KBZ ဘဏ္အသိေပး

ယြန္း (NP News) - ဧၿပီ ၅

KBZ ဘဏ္၏ Core Banking စနစ္အဆင့္ျမႇင့္တင္ျခင္းကို ဧၿပီလ(၇)ရက္မွ စတင္ကာ (၅)ရက္ၾကာလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း KBZ Bank မွ ထုတ္ျပန္ထားသည္။

KBZ Bank မွ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ဧၿပီလ(၄)ရက္က အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

KBZ Bank ၏ Core Banking စနစ္အဆင့္ျမႇင့္တင္ျခင္းကို ဧၿပီလ(၇)ရက္၊ ည(၁၂)နာရီအခ်ိန္ခန္႔မွ ဧၿပီလ(၁၂) ရက္၊ နံနက္(၁၁)နာရီ အခ်ိန္အထိ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း KBZ Bank မွ ဆိုထားသည္။

အဆိုပါ ကာလအတြင္း KBZ Bank ၏ အြန္လိုင္းဘဏ္ ဝန္ေဆာင္မႈမ်ား(iBanking ႏွင့္ mBanking)၊ Debit ႏွင့္ Credit Card ဝန္ေဆာင္မႈမ်ားအျပင္ အခ်ိဳ႕ေသာ ATM စက္မ်ားႏွင့္ KBZ Pay ဝန္ေဆာင္မႈမ်ားကို အသုံးျပဳႏိုင္မည္မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ေသာ္ KBZ Pay ၏ အျခားဝန္ေဆာင္မႈမ်ားျဖစ္သည့္ ေငြေပးေခ်ျခင္း၊ ေငြလႊဲျခင္း၊ ဖုန္းေငြျဖည့္ျခင္း၊ MPU (Other) မွ Cash-in ျပဳလုပ္ျခင္းတို႔ကို ဆက္လက္အသုံးျပဳႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။

အဆိုပါ အဆင့္ျမႇင့္တင္ျခင္းႏွင့္ပတ္သက္ၿပီး KBZ Bank ဝန္ထမ္းမ်ားအေနျဖင့္ Customer မ်ား၏ အခ်က္အလက္မ်ားကို ဆက္သြယ္ေတာင္းဆိုျခင္းမ်ား ျပဳလုပ္သြားမည္မဟုတ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.