ဖြူထိုင်းပါတီက ကြေညာလိုက်တဲ့ဝန်ကြီးချုပ်လောင်းအမည်စာရင်း ၃ ဦးထဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ပါဝင်လာ

674

ဂျန်ဇက် (NP News) - ဧပြီ ၆
ထိုင်းနိုင်ငံရဲ့နာမည်ကြီးပါတီတစ်ခုဖြစ်တဲ့ ဖြူထိုင်းပါတီဟာ မေလအတွင်း ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်မယ့် ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းသုံးဦကို ဧပြီ ၅ ရက်က သတင်းထုတ်ပြန်ခဲ့ရာ ထိုင်းဝန်ကြီးချုပ်သက်ဆင်ရဲ့သမီးဖြစ်သူ Paetongtarn Shinawatra ပီတွန်တန် ရှင်နာဝါထရာ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ ရှင်နာဝါထရာဟာ ထိုင်းရွေးကောက်ပွဲ မစတင်ခင်တည်းက ရေပန်းအစားဆုံးသူ ဖြစ်နေပြီး ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ ပြိုင်ဘက်ကောင်းဖြစ်လာမယ်လို့ သတင်းထွက်နေသူလည်း ဖြစ်ပါတယ်။
ဖြူထိုင်းပါတီက ကြေညာခဲ့တဲ့ ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းသုံးဦးထဲမှာ အိမ်ခြံမြေ လုပ်ငန်းသူဋ္ဌေးကြီးတစ်ဦးဖြစ်တဲ့ Srettha Thavisin နဲ့ ထိုင်းတရားရေးဝန်ကြီးဟောင်း Chaikasem Nitisiri တို့လည်း ပါဝင်ခဲ့ပါတယ်။ ဖြူထိုင်းပါတီအပြင် အခြားနိုင်ငံရေးပါတီများကလည်း ဝန်ကြီးချုပ်နေရာ အတွက် ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းများကို ထုတ်ပြန်ခဲ့ရာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ ချန်အိုချာ နဲ့ ပရာဝစ်ဝေါင်ဆူဝမ်တို့ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ညီညွတ်သော ထိုင်းအမျိုးသားပါတီက ယှဉ်ပြိုင်မှာဖြစ်ပြီး ဒုတိယ ဝန်ကြီးချုပ်ဝေါင်ဆူဝမ်ဟာ Palang Pracharath Party ပါတီကနေ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းအထွေထွေရွေးကောက်ပွဲကို မေလ ၁၄ ရက်မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဧပြီလအစောပိုင်းမှာ နိုင်ငံရေးပါတီများဟာ ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ခဲ့ပါတယ်။ ရှင်နာဝါထရာဟာ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရပြီး၊ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရမယ်ဆိုရင် ဖခင်ဖြစ်သူ သက်ဆင် နဲ့အဒေါ်ဖြစ်သူ ယင်းလပ် ခြေရာနင်းနိုင်မယ့်သူ ဖြစ်လာမှာဖြစ်ပါတယ်။ သက်ဆင်နဲ့ ယင်လပ်တို့ နှစ်ဦးစလုံးဟာ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စစ်အာဏာသိမ်းခံခဲ့ရသူတွေလည်းဖြစ်ပါတယ်။

Zawgyi Version;
ျဖဴထိုင္းပါတီက ေၾကညာလိုက္တဲ့ဝန္ႀကီးခ်ဳပ္ေလာင္းအမည္စာရင္း ၃ ဦးထဲမွာ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕သမီးျဖစ္သူ ပါဝင္လာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၆
ထိုင္းႏိုင္ငံရဲ႕နာမည္ႀကီးပါတီတစ္ခုျဖစ္တဲ့ ျဖဴထိုင္းပါတီဟာ ေမလအတြင္း က်င္းပမယ့္ေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ယွဥ္ၿပိဳင္မယ့္ ပါတီကိုယ္စားျပဳကိုယ္စားလွယ္ေလာင္းသုံးဦကို ဧၿပီ ၅ ရက္က သတင္းထုတ္ျပန္ခဲ့ရာ ထိုင္းဝန္ႀကီးခ်ဳပ္သက္ဆင္ရဲ႕သမီးျဖစ္သူ Paetongtarn Shinawatra ပီတြန္တန္ ရွင္နာဝါထရာ ပါဝင္လာခဲ့ေၾကာင္း သိရပါတယ္။
အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ ရွင္နာဝါထရာဟာ ထိုင္းေ႐ြးေကာက္ပြဲ မစတင္ခင္တည္းက ေရပန္းအစားဆုံးသူ ျဖစ္ေနၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာရဲ႕ ၿပိဳင္ဘက္ေကာင္းျဖစ္လာမယ္လို႔ သတင္းထြက္ေနသူလည္း ျဖစ္ပါတယ္။
ျဖဴထိုင္းပါတီက ေၾကညာခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းသုံးဦးထဲမွာ အိမ္ၿခံေျမ လုပ္ငန္းသူေ႒းႀကီးတစ္ဦးျဖစ္တဲ့ Srettha Thavisin နဲ႔ ထိုင္းတရားေရးဝန္ႀကီးေဟာင္း Chaikasem Nitisiri တို႔လည္း ပါဝင္ခဲ့ပါတယ္။ ျဖဴထိုင္းပါတီအျပင္ အျခားႏိုင္ငံေရးပါတီမ်ားကလည္း ဝန္ႀကီးခ်ဳပ္ေနရာ အတြက္ ယွဥ္ၿပိဳင္မယ့္ကိုယ္စားလွယ္ေလာင္းမ်ားကို ထုတ္ျပန္ခဲ့ရာ ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းႏွစ္ဦးျဖစ္တဲ့ ခ်န္အိုခ်ာ နဲ႔ ပရာဝစ္ေဝါင္ဆူဝမ္တို႔ ပါဝင္လာခဲ့ေၾကာင္း သိရပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာဟာ ညီၫြတ္ေသာ ထိုင္းအမ်ိဳးသားပါတီက ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ဒုတိယ ဝန္ႀကီးခ်ဳပ္ေဝါင္ဆူဝမ္ဟာ Palang Pracharath Party ပါတီကေန ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ထိုင္းအေထြေထြေ႐ြးေကာက္ပြဲကို ေမလ ၁၄ ရက္မွာ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ဧၿပီလအေစာပိုင္းမွာ ႏိုင္ငံေရးပါတီမ်ားဟာ ကိုယ္စားလွယ္ေလာင္းမ်ား မွတ္ပုံတင္ျခင္းကို လုပ္ေဆာင္ခဲ့ပါတယ္။ ရွင္နာဝါထရာဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီး၊ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္ခံရမယ္ဆိုရင္ ဖခင္ျဖစ္သူ သက္ဆင္ နဲ႔အေဒၚျဖစ္သူ ယင္းလပ္ ေျခရာနင္းႏိုင္မယ့္သူ ျဖစ္လာမွာျဖစ္ပါတယ္။ သက္ဆင္နဲ႔ ယင္လပ္တို႔ ႏွစ္ဦးစလုံးဟာ ထိုင္းႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး စစ္အာဏာသိမ္းခံခဲ့ရသူေတြလည္းျဖစ္ပါတယ္။