ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကို PDF အဖွဲ့မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

10825

NP News - ဧပြီ ၇
ရန်ကုန်မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း အခင်းဖြစ်ရာနေရာအနီးတွင် နေထိုင်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့(ဧပြီလ ၆ ရက်)၊ ည(၉)နာရီခွဲအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ သတင်းအရင်းအမြစ်မှ ဆိုသည်။
အဆိုပါ ပစ်ခတ်မှုကို ဇေကမ္ဘာဝန်းအတွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ကနဦးသတင်းများအရသိရသည်။
လေဆိပ်ကို ရှော့တိုက်ဒုံး(၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းမှ ဆက်လက်ပြောဆိုထားသည်။ ရှော့တိုက်ဒုံး(၅)လုံးအနက် တစ်လုံးသည် လေယာဥ်ပြေးလမ်းပေါ် ကျရောက်ခဲ့ကြောင်း သိရပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆိုသည်။
အဆိုပါဖြစ်စဥ်ဖြစ်ပွားချိန်တွင် လေဆိပ်ရှိ လုံခြုံရေးတပ်ဖွဲ့များမှလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ရန်ကုန်မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous Mission Team Alpha အဖွဲ့တို့မှ ပူးပေါင်း၍ ဧပြီလ ၆ ရက် ည ၉ နာရီ ၁၆ မိနစ်တွင် မင်္ဂလာဒုံလေတပ်အား ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ယင်းထုတ်ပြန်ချက်တွင် "ရန်ကုန်မင်္ဂလာဒုံလေဆိပ်အနီးအနားသို့ ၄၈ နာရီအတွင်း အသွားအလာမပြုလုပ်ကြရန် နှင့် delay counter attack အဖြစ် အဆိုပါနေရာသို့ ရှော့တိုက်ဒုံးများလည်း ထပ်မံရောက်ရှိနိုင်သည့်အတွက် ပြည်သူများအနေဖြင့် လုံးဝမသွားရောက်ကြရန်" ဆိုသည့် သတိပေးစာများပါ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် သင်္ကြန်ကာလအတွင်းတွင်လည်း တပ်တွင်းသင်္ကြန်များနှင့် မဏ္ဍုပ်များသို့ မသွားရောက်ကြရန်နှင့် သင်္ကြန်မဏ္ဍုပ်များကို ပစ်ခတ်ရန်အတွက်လည်း (၁ဝ၇)မမ များ အဆင်သင့်ရောက်ရှိနေပြီးဖြစ်ကြောင်း PDF အဖွဲ့မှ သတိပေး ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ရန်ကုန်မြို့၊ ပြည်လမ်းရှိ ဆယ်မိုင်ကုန်း စစ်ဆေးရေးဂိတ်တွင် ရန်ကုန်လေဆိပ်ကို ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်းများသယ်လာသည့် အမျိုးသား(၂)ဦးကို ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ဖူးသည်။

ရန္ကုန္မဂၤလာဒုံေလဆိပ္ကို PDF အဖြဲ႕မွ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္
NP News - ဧၿပီ ၇
ရန္ကုန္မဂၤလာဒုံေလဆိပ္ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေၾကာင္း အခင္းျဖစ္ရာေနရာအနီးတြင္ ေနထိုင္သည့္ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၆ ရက္)၊ ည(၉)နာရီခြဲအခ်ိန္ခန႔္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း အဆိုပါ သတင္းအရင္းအျမစ္မွ ဆိုသည္။
အဆိုပါ ပစ္ခတ္မႈကို ေဇကမာၻဝန္းအတြင္းမွ ပစ္ခတ္ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ကနဦးသတင္းမ်ားအရသိရသည္။
ေလဆိပ္ကို ေရွာ့တိုက္ဒုံး(၅)လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ၎မွ ဆက္လက္ေျပာဆိုထားသည္။ ေရွာ့တိုက္ဒုံး(၅)လုံးအနက္ တစ္လုံးသည္ ေလယာဥ္ေျပးလမ္းေပၚ က်ေရာက္ခဲ့ေၾကာင္း သိရၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆိုသည္။
အဆိုပါျဖစ္စဥ္ျဖစ္ပြားခ်ိန္တြင္ ေလဆိပ္ရွိ လုံၿခဳံေရးတပ္ဖြဲ႕မ်ားမွလည္း ျပန္လည္ပစ္ခတ္မႈမ်ားရွိခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
ရန္ကုန္မဂၤလာဒုံေလဆိပ္ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး BWM ၏ ပံ့ပိုးမႈျဖင့္ Liberty Thunder ႏွင့္ Anonymous Mission Team Alpha အဖြဲ႕တို႔မွ ပူးေပါင္း၍ ဧၿပီလ ၆ ရက္ ည ၉ နာရီ ၁၆ မိနစ္တြင္ မဂၤလာဒုံေလတပ္အား ေရွာ့တိုက္ဒုံး ၇ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေအာင္ျမင္စြာဆုတ္ခြာႏိုင္ခဲ့ေၾကာင္း အတည္ျပဳထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
ယင္းထုတ္ျပန္ခ်က္တြင္ "ရန္ကုန္မဂၤလာဒုံေလဆိပ္အနီးအနားသို႔ ၄၈ နာရီအတြင္း အသြားအလာမျပဳလုပ္ၾကရန္ ႏွင့္ delay counter attack အျဖစ္ အဆိုပါေနရာသို႔ ေရွာ့တိုက္ဒုံးမ်ားလည္း ထပ္မံေရာက္ရွိႏိုင္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ လုံးဝမသြားေရာက္ၾကရန္" ဆိုသည့္ သတိေပးစာမ်ားပါ ထည့္သြင္းေဖာ္ျပထားသည္ကို ေတြ႕ရသည္။
ထို႔ျပင္ သၾကၤန္ကာလအတြင္းတြင္လည္း တပ္တြင္းသၾကၤန္မ်ားႏွင့္ မ႑ဳပ္မ်ားသို႔ မသြားေရာက္ၾကရန္ႏွင့္ သၾကၤန္မ႑ဳပ္မ်ားကို ပစ္ခတ္ရန္အတြက္လည္း (၁ဝ၇)မမ မ်ား အဆင္သင့္ေရာက္ရွိေနၿပီးျဖစ္ေၾကာင္း PDF အဖြဲ႕မွ သတိေပး ၿခိမ္းေျခာက္ထားသည္ကို ေတြ႕ရသည္။
ၿပီးခဲ့သည့္ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းကလည္း ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းရွိ ဆယ္မိုင္ကုန္း စစ္ေဆးေရးဂိတ္တြင္ ရန္ကုန္ေလဆိပ္ကို ေဖာက္ခြဲမႈျပဳလုပ္ရန္ လက္လုပ္မိုင္းမ်ားသယ္လာသည့္ အမ်ိဳးသား(၂)ဦးကို ဖမ္းဆီးရမိခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။