အမျိုးသမီးတစ်ဦး(၈)လွှာတိုက်ခန်းပေါ်မှ ပြုတ်ကျမှု စမ်းချောင်းမြို့နယ်တွင်ဖြစ်ပွား

 2163

Pearl (NP News) – ဧပြီ ၈

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး (၈)လွှာတိုက်ခန်းတစ်ခုပေါ်မှ ပြုတ်ကျမှုဖြစ်ပွားကြောင်း စမ်းချောင်း အရန်မီးသတ်ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၇ ရက်)၊ နံနက် (၇)နာရီ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဘယ်လိုပြုတ်ကျလဲတော့မသိဘူး။ ခေါင်းကပေါက်သွားတယ်၊ လက်တွေ ခြေထောက်တွေ ပွန်းပဲ့တာမျိုးတွေဖြစ်တယ်။ အသက်ကတော့ ရှိသေးတယ်။ လူနာက အရေးပေါ် အခြေ အနေဖြစ်နေတဲ့အတွက် မြေပြင်ကုသပြီးတာနဲ့ ဆေးရုံကို ချက်ခြင်းပို့ပေးခဲ့တယ်" ဟု စမ်း ချောင်း အရန်မီးသတ်၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။

အဆိုပါ ပြုတ်ကျသူအမျိုးသမီးသည် အသက် (၂၂)နှစ်ဝန်းကျင်ခန့်ရှိပြီး ၎င်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းနှင့်ပတ်သက်၍ သေဆုံးသွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း NP News အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

zawgyi version
အမ်ိဳးသမီးတစ္ဦး(၈)လႊာတိုက္ခန္းေပၚမွ ျပဳတ္က်မႈ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ျဖစ္ပြား
Pearl (NP News) – ဧၿပီ ၈

ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦး (၈)လႊာတိုက္ခန္းတစ္ခုေပၚမွ ျပဳတ္က်မႈျဖစ္ပြားေၾကာင္း စမ္းေခ်ာင္း အရန္မီးသတ္ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၇ ရက္)၊ နံနက္ (၇)နာရီ အခ်ိန္ခန႔္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေညာင္တုန္းလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ဘယ္လိုျပဳတ္က်လဲေတာ့မသိဘူး။ ေခါင္းကေပါက္သြားတယ္၊ လက္ေတြ ေျခေထာက္ေတြ ပြန္းပဲ့တာမ်ိဳးေတြျဖစ္တယ္။ အသက္ကေတာ့ ရွိေသးတယ္။ လူနာက အေရးေပၚ အေျခ အေနျဖစ္ေနတဲ့အတြက္ ေျမျပင္ကုသၿပီးတာနဲ႔ ေဆး႐ုံကို ခ်က္ျခင္းပို႔ေပးခဲ့တယ္" ဟု စမ္း ေခ်ာင္း အရန္မီးသတ္၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။

အဆိုပါ ျပဳတ္က်သူအမ်ိဳးသမီးသည္ အသက္ (၂၂)ႏွစ္ဝန္းက်င္ခန႔္ရွိၿပီး ၎အား ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎ႏွင့္ပတ္သက္၍ ေသဆုံးသြားေၾကာင္း သတင္းမ်ားထြက္ေပၚေနေသာ္လည္း NP News အေနျဖင့္ သီးျခားအတည္မျပဳႏိုင္ေသးေပ။

Related news

© 2021. All rights reserved.