“အမေရိကန်ရဲ့ မဟာမိတ်များအတွင်း အက်ကြောင်းများ” (ဘာသာပြန်ဆောင်းပါး)

 423

မောင်သံလွင် (NP News) - ဧပြီ ၉

ပထမတစ်ခုက အမေရိကန်ရဲ့ မဟာမိတ်ဂျပန်က ရုရှားရဲ့ရေနံကိုဝယ်နေတဲ့အတွက် အမေရိကန်နဲ့ အနောက် အုပ်စုတို့ရဲ့ ရုရှားအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုက အလုပ်မဖြစ်ပုံကို ပြောပါ့မယ်။

ဒုတိယတစ်ခုကတော့ အမေရိကန်ရဲ့ မဟာမိတ် ပြင်သစ်သမ္မတ မက်ခရွန်က တရုတ်ကို သွားရောက်လည်ပတ်ပြီး စီးပွားကုန်သွယ်ရေးကိစ္စများဆွေးနွေးမယ်ဆိုတဲ့သတင်းပါ။ ဒါကလည်း တရုတ်ကို ကုန်သွယ်ရေးနဲ့ နည်းပညာ ကဏ္ဍမှာ ထောင့်ပိတ်ဖို့ အမေရိကန်ကကြိုးစားနေစဉ်မှာ ကိုယ့်လူကို ဘာကြောင့်ထိန်းမရဖြစ်နေသလဲဆိုတဲ့ အကြောင်းပါ။

ပထမအနေနဲ့ ဂျပန်က ရုရှားရေနံကို ဘာကြောင့်ဝယ်သလဲဆိုတာကိုပြောပါ့မယ်။ ရုရှားရေနံက စျေးချိုပြီး ဂျပန်အနေနဲ့ ဝယ်ယူသုံးစွဲဖို့ အဆင်ပြေလို့ပါ။ ဂျပန်မှာရေနံမထွက်တဲ့အတွက် သူ့စွမ်းအင်လုံခြုံရေးအတွက် ရေနံ အလုံအလောက်ရဖို့လိုပါတယ်။ ရေနံဝယ်ယူရရှိနိုင်တဲ့ ရင်းမြစ်တစ်ခုထဲကို မှီခိုအားပြုနေရတာဟာ စိတ်မချရပါဘူး။ ဒါကြောင့် ရုရှားဆီကလည်း ရေနံဝယ်ဖို့ လုပ်ရတာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းက ဂျပန်ဟာ G7 လို့ ခေါ်တဲ့ စီးပွားရေးအင်အားကြီး ခုနှစ်နိုင်ငံအုပ်စုဝင်ထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဒီ G7 အုပ်စုဟာ ရုရှားရဲ့ရေနံစျေးကို ဝိုင်းပြီး စျေးနှိမ်ချင်ကြပါတယ်။ တတ်နိုင်သမျှမဝယ်ဖို့နဲ့ ဝယ်ရင်လည်း တစ်စည်ကို ဒေါ်လာ ၆ဝ သာပေးဖို့ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂနဲ့ သြစတြေးလျတို့က ရုရှားရဲ့ရေနံကို တစ်စည် ‌ဒေါ်လာ ၆ဝ သာပေးဖို့၊ အဲဒီထက် ပိုစျေးမပေးဖို့ ညှိနှိုင်းထားကြပါတယ်။ ဒါပေမဲ့ ဂျပန်က နားမထောင်ပါဘူး။

၂ဝ၂၃ ခုနှစ် ပထမ နှစ်လအတွင်း ဂျပန်က ဝယ်ခဲ့တဲ့ ရုရှားရေနံက စည်ပေါင်း ၇၅ဝဝဝဝ နီးပါးရှိပါတယ်။ အဲဒီအတွက် ဂျပန်က ဒေါ်လာ (၅၂) သန်းလောက်ပေးလိုက်တာဖြစ်လို့ တစ်စည်ကို ဒေါ်လာ (၇ဝ) နီးပါးကျပါတယ်။ အနောက်တိုင်းနိုင်ငံတွေက ရုရှားရေနံကို ဒေါ်လာ (၆ဝ) ထက်ပိုမပေးဖို့ နှိမ်ထားတဲ့စျေးထက် ပိုပေးတာဖြစ်ပါတယ်။

ယူကရိန်းစစ်မဖြစ်ခင်- ဂျပန်က ရုရှားကို ကုန်သွယ်ရာမှာ ဦးစားပေးခံရဆုံးနိုင်ငံအဖြစ်သတ်မှတ်ထား ပါတယ်။ ဒါပေမဲ့ ယူကရိန်းကို ရုရှားက ဝင်တိုက်ခိုက်လိုက်တဲ့နောက်မှာ အဲဒီသတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီး လွန်ခဲ့တဲ့လထဲမှာ ဂျပန်က အဲဒီသတ်မှတ်ချက်ပယ်ဖျက်တာကို တစ်နှစ်သက်တမ်းထပ် တိုးလိုက်ပြန်ပါတယ်။

ဦးစားပေးခံရတဲ့နိုင်ငံအဆင့်က ပယ်ဖျက်လိုက်တဲ့အတွက် ဂျပန်ကိုတင်သွင်းတဲ့ ရုရှားကုန်ပစ္စည်းတွေ အပေါ် အခွန်အကောက်တွေဆက်လက်ရှိနေမှာဖြစ်ပေမဲ့၊ ဂျပန်အတွက် မရှိမဖြစ်လိုအပ်တဲ့ လောင်စာဆီ တွေကိုတော့ အဲဒီကုန်ပစ္စည်းစာရင်းထဲ မထည့်ပါဘူး။

အလားတူ ဥရောပသမဂ္ဂ နိုင်ငံတွေကလည်း ဂျပန်လိုဘဲ ရုရှားကုန်ပစ္စည်းတွေအပေါ် အကောက်ခွန် တံတိုင်းတွေလုပ်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ထဲမှာ ရုရှားကုန်ပစ္စည်း (၁၈၉) ဘီလျံ ဒေါ်လာ ဖိုးတင်သွင်းခဲ့ပါ တယ်။ ဒီနိုင်ငံတွေဟာ ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေပါ။ ပါကစ္စတန်နိုင်ငံဟာလည်းပဲ ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့တဲ့ မဟာမိတ်နိုင်ငံပါ။ ဒါပေမဲ့ သူကလည်းပဲ ရုရှားရေနံကိုဝယ်တော့မှာပါ။ ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးရဲ့အဆိုအရ ပထမဆုံးအမှာစာကို လာမယ့်မေလထဲမှာပြုလုပ်မှာဖြစ်ပြီး နောက်လေးပတ်လောက်အကြာမှာ ရေနံတင်ပို့မှုတွေ စတင်တော့မှာလို့ဆိုပါတယ်။ ရုရှားကလည်း ပါကစ္စတန်ကို ရေနံရောင်းတဲ့အပေါ်မှာ ဒစ်ကောင့်ချပေးမယ်လို့ ကတိပေးထားပါတယ်။

ပြောချင်တာက အမေရိကန်နဲ့ သူ့မဟာမိတ်တွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေက အလုပ်မဖြစ်ဘဲ ရုရှားရေနံကိုဝယ်သူတွေ ပိုမိုများပြားလာနေတာကိုပါ။ ဒါက အိန္ဒိယတို့ တရုတ်တို့ အတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး။ ဝယ်သူများလာရင် စျေးလည်းတက်လာမှာ ဖြစ်လို့ပါ။ အမှန်က မတ်လကတည်းက ရုရှားရေနံ စျေးတွေကလည်း တက်နေပါပြီ။ အကြောင်းကတော့ ဝယ်လိုအားများလာတာရယ်၊ OPEC Plus အဖွဲ့က ရေနံလျှော့ထုတ်မယ်လို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာရယ်ကြောင့်ပါ။ သူတို့က တစ်နေ့ကို ရေနံစိမ်းစည် တစ်သန်း လျှော့ချ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

ရုရှားကလည်း အိုပက် ပလပ်စ် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်းဖြစ်တဲ့အတွက် သူရဲ့ထုတ်လုပ်မှုကို လည်း လျှော့ချရမှာပါ။ ဒါကြောင့် ရေနံစျေးတွေလည်း ထပ်တက်လာတာပါတယ်။ ဘရန့် ရေနံစိမ်း တစ်စည်ရဲ့ စျေးနှုန်းဟာ (၅) ရာခိုင်နှုန်းတက်သွားပြီး တစ်စည်ကို (၈၄) ဒေါ်လာအထက်ကို ရောက်သွားပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ မဟာမိတ်တွေဟာ (ဒေါ်လာ ၆ဝ အထက်ပေးရပေမဲ့) စျေးပိုသက်သာတဲ့ ရုရှားရေနံကို ဝယ်ယူနေကြတာပဲဖြစ်ပါတယ်။

ဒုတိယပြောပြမဲ့အကြောင်းက ပြင်သစ်နိုင်ငံသမ္မတ အီမန်နြူရယ် မက်ခရွန်က တရုတ်ကိုသွားရောက် လည်ပတ်တဲ့ကိစ္စပါ။ သူနဲ့အတူ ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်းလည်းပါဝင်ပါတယ်။ ပြင်သစ် သမ္မတနဲ့အတူ စီးပွားရေး လုပ်ငန်းရှင်တွေလည်း လိုက်ပါသွားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျာမန်အဓိပတိ အိုလာ့ဖ်ရှိုးလ် တရုတ်ကိုသွားရောက် လည်ပတ်ခဲ့သလိုပါဘဲ။ ဒါတွေက ဖော်ပြနေတဲ့ အချက်တွေ ရှင်းပါတယ်။ ဇီးရိုးကိုဗစ် ပေါ်လစီကို တရုတ်က ဖျက်သိမ်းလိုက်ပြီးတဲ့နောက် ဥရောပဟာ ပီကင်းနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လုပ်ချင်တယ် ဆိုတာဖော်ပြလိုက်တာပါဘဲ။

ဒါက အနောက်တိုင်းအနေနဲ့ သူတော်ကောင်းဟန်ဆောင်နေတာကို လှစ်ဟပြလိုက်တာ လည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရုရှား-ယူကရိန်းစစ်ပွဲမှာ တရုတ်က ရုရှားကို ထောက်ကူ ပေးခဲ့တဲ့အတွက် အနောက်တိုင်းက ရှုံ့ချ ပစ်တင်ထားလို့ပါ။ သူတို့ဟာ အနောက်တိုင်းက ဆန်ရှင်ချ ပိတ်ဆို့အရေးယူထားတဲ့ ရုရှားနဲ့ ကုန်သွယ်ရေးဆက်လုပ်နေ၊ ရုရှားရေနံကို ဆက်ဝယ်ပေးနေတဲ့တရုတ်ကို အဆက်မပြတ် ရှုံချပစ်တင်နေတာပါ။ ဒါပေမဲ့ အခုတော့ သူတို့အလှည့် ရောက်လာပါပြီ။ ၂ဝ၂ဝ ခုနှစ်မှာ ကတည်းက ဥရောပသမဂ္ဂအီးယူနဲ့ တရုတ်ကုန်သွယ်မှုဟာ အမေရိကန်နဲ့ ကုန်သွယ်မှုထက် ပိုများသွားပါပြီ။ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းက ဒေါ်လာ (၇ဝ၉) ဘီလျံ ရှိပါတယ်။ ၂ဝ၂၁ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေခဲ့တာတောင် နှစ်ဖက်အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၇၃၂ ဘီလျံ‌ထိ တက်ခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ်အတွင်း အီးယူ- တရုတ်နိုင်ငံက တင်သွင်းတဲ့ စုစု‌ပေါင်းတန်ဖိုးက (၃ဝ) ရာခိုင်နှုန်းမြင့်တက်သွားပြီး တရုတ်နိုင်ငံထဲကို အီးယူနိုင်ငံတွေက ရင်းနှီးမြှုပ်နှံ တာကလည်း ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာရင်းနှီးမြှုပ်နှံမှုအားလုံးရဲ့ (၈ဝ) ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် အီးယူနဲ့ တရုတ်ကုန်သွယ်ရေးဟာ အတော်ကြီးမားတယ်၊ ပြိုပျက်ဖို့ မလွယ်ဘူး လို့ဆိုရမှာပါ။ ဒါက အီးယူနိုင်ငံ့ခေါင်းဆောင်တွေဟာ ပြည်တွင်းမှာ ဆန္ဒပြမှုတွေနဲ့ နိုင်ငံတကာ တင်းမာမှုတွေ ဖြစ်နေတဲ့ကြားက ဘာကြောင့် တရုတ်ကို သွားရောက်လည်ပတ်နေရတာလည်းဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။

မကြာသေးခင်ကဘဲ အီးယူဥက္ကဋ္ဌ အာဆူလာက တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန်ပြော ခဲ့ပါသေးတယ်။ “ယူကရိန်းကို ကြမ်းကြုတ်ရက်စက်ပြီး တရားမဝင်တဲ့ ကျူးကျော်မှုပြုတဲ့ ရုရှားကို တားဆီးကန့်ကွက်ရမဲ့အစား သမ္မတရှီဟာ သမ္မတပူတင်နဲ့ အကန့်အသတ်မဲ့ မိတ်ဆွေဖြစ်မှုကို ထိန်းသိမ်းထားပါတယ်။ ဒီလိုမြှောက်ထိုးပင့်ကော်လုပ်ရပ်တွေက တရုတ်ဟာ ပြည်တွင်းမှာ ပိုမိုဖိနှိပ်လာမှာနဲ့ ပြည်ပမှာပိုမို ငါတကောကောလာမှာကို ညွှန်ပြနေပါတယ်။ ဒါကြောင့် တရုတ်နဲ့ ကျွန်မတို့ကြားက သံတမန်‌ဆက်ဆံမှုတည်ငြိမ်စေရေးနဲ့ ပွင့်လင်းစွာဆက်ဆံ နိုင်မှုကို သေချာအောင် လုပ်ဖို့အတွက် ဒါက သိပ်အရေးကြီးတယ်လို့ ပြောရတာပါ။ ဒီဆက်ဆံရေး ဆက်လက် ရှင်သန်ရေးရော၊ ဥ‌ရောပရဲ့အကျိုးစီးပွားကို တရုတ်နဲ့ချိတ်ဖြုတ်ပစ်ဖို့ပါ မဖြစ်နိုင်ဘူးလို့ကျွန်မယုံကြည်ပါတယ်။ ကျွန်မတို့ရဲ့ ဆက်ဆံရေးဟာ အဖြူ ဒါမှမဟုတ် အမည်းသဲသဲကွဲကွဲဖြစ်မနေသလို၊ ကျွန်မတို့ရဲ့ တုံ့ပြန်မှုကလည်း အလားတူပါပဲ” လို့ ပြောသွားပါတယ်။ သူမက တရုတ်ကိုပြင်းပြင်းထန်ထန်ပုတ်ခတ်တဲ့ စကားနဲ့ စခဲ့ပေမဲ့၊ အဆုံးမှာတော့ တရုတ် နဲ့ ဆက်ဆံရေးပြတ်တောက်သွားဖို့ မဖြစ်နိုင်ဘူး။ အဖြူ မဟုတ်ရင် အမည်း ဆိုတာမျိုး လုပ်လို့မရဘူးလို့ဆိုပါတယ်။

အခုသူမက ပီကင်းကို ပြင်သစ်သမ္မတနဲ့အတူသွားပါပြီ။ သတင်းတွေထဲမှာတော့ တရုတ်သမ္မတနဲ့ တွေ့တဲ့အခါ သူမက ရဲဆိုးတစ်ယောက်လို မာမာတင်းတင်းပြောလိမ့်မယ်၊ မက်ခရွန်ကတော့ သဘောကောင်းတဲ့ ရဲကောင်း တစ်ယောက်လို ပျော့ပျော့ပြောင်းပြောင်းပြောလိမ့်မယ်လို့ ခန့်မှန်းကြပါ တယ်။ သူတို့ ယူကရိန်းစစ်ပွဲ အကြောင်းကိုပြောတဲ့အခါ သမ္မတရှီအနေနဲ့ သမ္မတပူတင် အပေါ်သြဇာသုံးဖို့ပြောပါလိမ့်မယ်။ တရုတ်က အချက် (၁၂) ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြထား တာရှိပါတယ်။ ပြီးခဲ့တဲ့လက မော်စကိုကို သမ္မတရှီရောက်တဲ့အချိန်မှာလည်း အဲဒီ (၁၂) ချက်ကို ရှင်းပြတာပါ။ ဒါကို ဥရောပက လက်ခံမှာမဟုတ်ပါဘူး။ အကြောင်းကတော့ အဲဒီအချက် (၁၂) ချက်ထဲမှာ ရုရှားတပ်တွေ ယူကရိန်းကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုတဲ့ အချက်မပါလို့ပါ။ တရုတ်က ရုရှားကို အတိုက်အခိုက်ရပ်စဲပြီး ပြဿနာတွေကို နိုင်ငံရေးအရဆွေးနွေးဖြေရှင်းဖို့သာ ပြောထားတဲ့အတွက် ရုရှားတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ရုရှားပိုင်လုပ်ပစ်မှာကို စိုးရိမ်နေပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဟာ အနောက်နိုင်ငံတွေနဲ့ ယူကရိန်းတို့လိုလားတဲ့ အဆိုပြုချက်တွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မက်ခရွန်က “တရုတ်ဟာ စစ်ပွဲ ဂိမ်းချိန်းဂျာ” ဖြစ်လာနိုင်တယ်ဆိုပြီး မြှောက်ပင့် ပြောနေပါတယ်။ ဘယ်လိုဂိမ်းမျိုးပါလဲ။ သေချာတာကတော့ အနောက်အုပ်စုက ကြိုက်တဲ့ ဂိမ်းမျိုးမဖြစ်နိုင်တာပါ။ ရုရှားနဲ့ တရုတ်အကြိုက်ဂိမ်းဘဲဖြစ်ဖို့ များပါတယ်။

အခုတော့ ယူကရိန်းကိုထောက်ခံတဲ့ ဥရောပရဲ့ထောက်ခံမှုဟာ တရုတ်ယွမ်ရှေ့မှောက်မှာ ရဲရဲမတောက်နိုင်ဘဲ ဖျော့တော့တော့ဖြစ်နေပါပြီ။ ဒီလိုအချိန်မှာ အိုလာဖ်ရှိုးလ်တို့၊ မက်ခရွန်းတို့၊ အာဆူလာတို့ ပီကင်းကိုလာပြီး စီးပွားရေးတိုးချဲ့ဖို့ ဆွေးနွေးတာဟာ အမေရိကန် မကြိုက်တဲ့ ကိစ္စဖြစ်တဲ့အတွက်၊ အဲဒါကို ဂရုမစိုက်အားဘဲ စွန့်စားတာ ကိုကြည့်ရင် တရုတ်နဲ့ စီးပွားကုန်သွယ်ရေး ကောင်းဖို့ ဥရောပက ဘယ်လောက်အရေးထားသလဲ ဆိုတာ မြင်နိုင်ပါတယ်။

အမေရိကန်ဟာ တရုတ်ကို သူ့ရဲ့ နည်းပညာမြင့်ကွန်ပျူတာချစ်စ် တွေမရယူနိုင်အောင် ပိတ်ဆို့မှုတွေအများ ကြီးလုပ်နေပါတယ်။ အလားတူ သူ့ရဲ့မဟာမိတ်နိုင်ငံတွေအပေါ်လည်း သူ့လိုလိုက် လုပ်ဖို့ ဖိအားတွေပေးပါတယ်။ ဒီလိုလုပ်တဲ့အတွက် ဥရောပရဲ့စီးပွားရေးကုမ္ပဏီတွေလည်း ထိခိုက်ပါ တယ်။ ဘိုင်ဒင်အစိုးရရဲ့ လုပ်ဆောင်မှုတွေကြောင့် ဥရောပကုမ္ပဏီတွေဟာ ဥရောပကနေ အမေရိကားကို ပြောင်းရမလိုဖြစ်နေပြီး အနောက်တိုင်း မဟာမိတ်တွေအကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်လာနေပါတယ်။ ဒါကြောင့် ဥရောပက သူ့အကျိုးစီးပွားကို သူကာကွယ်ဖို့ နည်းလမ်းရှာဖွေနေတဲ့အနေနဲ့ တရုတ်ကို လာရောက်ဆွေးနွေးကြတာဖြစ်ပါတယ်။

( နောက်ဆုံးရရှိတဲ့ သတင်းများအရ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ခရီးစဉ်အတွင်းမှာ၊ စီးပွား‌‌‌ရေး ကုမ္ပဏီကြီးတွေဟာ သယ်ယူပို့ဆောင်‌ရေး၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံပညာ ကဏ္ဍတွေမှာ စီးပွားရေးသဘောတူညီချက်အများအပြားကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ သူ့ခရီးစဉ်ဟာ အောင်မြင်မှုအသီးအပွင့်တွေရခဲ့ကြောင်း၊ ဒီခရီးစဉ်က ပြင်သစ်-တရုတ် ဆက်ဆံရေးကို ပိုပြီးတိုးတက်ကောင်းမွန်လာစေဖို့ အထောက်အကူဖြစ်စေကြောင်းနဲ့ သူ့အနေနဲ့ သမ္မတ ရှီနဲ့ မဟာဗျူဟာမြောက် ရင်းနှီးတဲ့ ဆက်သွယ်ရေးကို ထိန်းသိမ်းထားလိုတဲ့ ဆန္ဒရှိကြောင်းပြောဆိုခဲ့ပြီး၊ ၂ဝ၂၄ ခုနှစ်အတွင်းမှာ ပြင်သစ်ကိုလာရောက်လည်ပတ်ဖို့ သမ္မတ ရှီကိုဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။ အီးယူရဲ့ နိုင်ငံရေးပေါ်လစီဌာနမှူး ဂျိုးဇက် ဘိုရယ်နဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘေးဘော့ တို့လည်း လာမယ့်သတင်းပတ်တွေအတွင်းမှာ တရုတ်ပြည်ကို လာရောက်လည်ပတ်မှာ ဖြစ်ကြောင်း လည်းသိရှိရပါတယ်။ နောက်မှာလည်း ဥရောပက အစိုးရခေါင်းဆောင်တွေ၊ အရာရှိတွေ တရုတ်ပြည်ကို ပိုမို လာရောက်ကြလိမ့်မယ်လို့ တရုတ်ရေးရာကျွမ်းကျင်သူများက ခန့်မှန်းပြောဆို ‌ နေကြကြောင်း သိရှိရပါတယ်။)

ကိုးကား - Russia Ukraine War: Japan Buys Russian Oil | Vantage with Palki Sharma
- Macron’s fruitful visit shows resuming all-level exchanges ‘main tone’ of 2023 China-EU ties

zawgyi version
“အေမရိကန္ရဲ႕ မဟာမိတ္မ်ားအတြင္း အက္ေၾကာင္းမ်ား” (ဘာသာျပန္ေဆာင္းပါး)
ေမာင္သံလြင္ (NP News) - ဧၿပီ ၉

ပထမတစ္ခုက အေမရိကန္ရဲ႕ မဟာမိတ္ဂ်ပန္က ႐ုရွားရဲ႕ေရနံကိုဝယ္ေနတဲ့အတြက္ အေမရိကန္နဲ႔ အေနာက္ အုပ္စုတို႔ရဲ႕ ႐ုရွားအေပၚ စီးပြားေရးဒဏ္ခတ္ပိတ္ဆို႔မႈက အလုပ္မျဖစ္ပုံကို ေျပာပါ့မယ္။

ဒုတိယတစ္ခုကေတာ့ အေမရိကန္ရဲ႕ မဟာမိတ္ ျပင္သစ္သမၼတ မက္ခ႐ြန္က တ႐ုတ္ကို သြားေရာက္လည္ပတ္ၿပီး စီးပြားကုန္သြယ္ေရးကိစၥမ်ားေဆြးေႏြးမယ္ဆိုတဲ့သတင္းပါ။ ဒါကလည္း တ႐ုတ္ကို ကုန္သြယ္ေရးနဲ႔ နည္းပညာ က႑မွာ ေထာင့္ပိတ္ဖို႔ အေမရိကန္ကႀကိဳးစားေနစဥ္မွာ ကိုယ့္လူကို ဘာေၾကာင့္ထိန္းမရျဖစ္ေနသလဲဆိုတဲ့ အေၾကာင္းပါ။

ပထမအေနနဲ႔ ဂ်ပန္က ႐ုရွားေရနံကို ဘာေၾကာင့္ဝယ္သလဲဆိုတာကိုေျပာပါ့မယ္။ ႐ုရွားေရနံက ေစ်းခ်ိဳၿပီး ဂ်ပန္အေနနဲ႔ ဝယ္ယူသုံးစြဲဖို႔ အဆင္ေျပလို႔ပါ။ ဂ်ပန္မွာေရနံမထြက္တဲ့အတြက္ သူ႔စြမ္းအင္လုံၿခဳံေရးအတြက္ ေရနံ အလုံအေလာက္ရဖို႔လိုပါတယ္။ ေရနံဝယ္ယူရရွိႏိုင္တဲ့ ရင္းျမစ္တစ္ခုထဲကို မွီခိုအားျပဳေနရတာဟာ စိတ္မခ်ရပါဘူး။ ဒါေၾကာင့္ ႐ုရွားဆီကလည္း ေရနံဝယ္ဖို႔ လုပ္ရတာပါ။ စိတ္ဝင္စားဖို႔ေကာင္းတဲ့အပိုင္းက ဂ်ပန္ဟာ G7 လို႔ ေခၚတဲ့ စီးပြားေရးအင္အားႀကီး ခုႏွစ္ႏိုင္ငံအုပ္စုဝင္ထဲက တစ္ႏိုင္ငံျဖစ္ပါတယ္။ ဒီ G7 အုပ္စုဟာ ႐ုရွားရဲ႕ေရနံေစ်းကို ဝိုင္းၿပီး ေစ်းႏွိမ္ခ်င္ၾကပါတယ္။ တတ္ႏိုင္သမွ်မဝယ္ဖို႔နဲ႔ ဝယ္ရင္လည္း တစ္စည္ကို ေဒၚလာ ၆ဝ သာေပးဖို႔ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ဥေရာပသမဂၢနဲ႔ ၾသစေၾတးလ်တို႔က ႐ုရွားရဲ႕ေရနံကို တစ္စည္ ‌ေဒၚလာ ၆ဝ သာေပးဖို႔၊ အဲဒီထက္ ပိုေစ်းမေပးဖို႔ ညႇိႏႈိင္းထားၾကပါတယ္။ ဒါေပမဲ့ ဂ်ပန္က နားမေထာင္ပါဘူး။

၂ဝ၂၃ ခုႏွစ္ ပထမ ႏွစ္လအတြင္း ဂ်ပန္က ဝယ္ခဲ့တဲ့ ႐ုရွားေရနံက စည္ေပါင္း ၇၅ဝဝဝဝ နီးပါးရွိပါတယ္။ အဲဒီအတြက္ ဂ်ပန္က ေဒၚလာ (၅၂) သန္းေလာက္ေပးလိုက္တာျဖစ္လို႔ တစ္စည္ကို ေဒၚလာ (၇ဝ) နီးပါးက်ပါတယ္။ အေနာက္တိုင္းႏိုင္ငံေတြက ႐ုရွားေရနံကို ေဒၚလာ (၆ဝ) ထက္ပိုမေပးဖို႔ ႏွိမ္ထားတဲ့ေစ်းထက္ ပိုေပးတာျဖစ္ပါတယ္။

ယူကရိန္းစစ္မျဖစ္ခင္- ဂ်ပန္က ႐ုရွားကို ကုန္သြယ္ရာမွာ ဦးစားေပးခံရဆုံးႏိုင္ငံအျဖစ္သတ္မွတ္ထား ပါတယ္။ ဒါေပမဲ့ ယူကရိန္းကို ႐ုရွားက ဝင္တိုက္ခိုက္လိုက္တဲ့ေနာက္မွာ အဲဒီသတ္မွတ္ခ်က္ကို ပယ္ဖ်က္လိုက္ၿပီး လြန္ခဲ့တဲ့လထဲမွာ ဂ်ပန္က အဲဒီသတ္မွတ္ခ်က္ပယ္ဖ်က္တာကို တစ္ႏွစ္သက္တမ္းထပ္ တိုးလိုက္ျပန္ပါတယ္။

ဦးစားေပးခံရတဲ့ႏိုင္ငံအဆင့္က ပယ္ဖ်က္လိုက္တဲ့အတြက္ ဂ်ပန္ကိုတင္သြင္းတဲ့ ႐ုရွားကုန္ပစၥည္းေတြ အေပၚ အခြန္အေကာက္ေတြဆက္လက္ရွိေနမွာျဖစ္ေပမဲ့၊ ဂ်ပန္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ေလာင္စာဆီ ေတြကိုေတာ့ အဲဒီကုန္ပစၥည္းစာရင္းထဲ မထည့္ပါဘူး။

အလားတူ ဥေရာပသမဂၢ ႏိုင္ငံေတြကလည္း ဂ်ပန္လိုဘဲ ႐ုရွားကုန္ပစၥည္းေတြအေပၚ အေကာက္ခြန္ တံတိုင္းေတြလုပ္ပါတယ္။ ၿပီးခဲ့တဲ့တစ္ႏွစ္ထဲမွာ ႐ုရွားကုန္ပစၥည္း (၁၈၉) ဘီလ်ံ ေဒၚလာ ဖိုးတင္သြင္းခဲ့ပါ တယ္။ ဒီႏိုင္ငံေတြဟာ ယူကရိန္းရဲ႕ မဟာမိတ္ႏိုင္ငံေတြပါ။ ပါကစၥတန္ႏိုင္ငံဟာလည္းပဲ ယူကရိန္းကို စစ္လက္နက္ပစၥည္းေထာက္ပံ့တဲ့ မဟာမိတ္ႏိုင္ငံပါ။ ဒါေပမဲ့ သူကလည္းပဲ ႐ုရွားေရနံကိုဝယ္ေတာ့မွာပါ။ ပါကစၥတန္ ဘ႑ာေရးဝန္ႀကီးရဲ႕အဆိုအရ ပထမဆုံးအမွာစာကို လာမယ့္ေမလထဲမွာျပဳလုပ္မွာျဖစ္ၿပီး ေနာက္ေလးပတ္ေလာက္အၾကာမွာ ေရနံတင္ပို႔မႈေတြ စတင္ေတာ့မွာလို႔ဆိုပါတယ္။ ႐ုရွားကလည္း ပါကစၥတန္ကို ေရနံေရာင္းတဲ့အေပၚမွာ ဒစ္ေကာင့္ခ်ေပးမယ္လို႔ ကတိေပးထားပါတယ္။

ေျပာခ်င္တာက အေမရိကန္နဲ႔ သူ႔မဟာမိတ္ေတြက ႐ုရွားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေတြက အလုပ္မျဖစ္ဘဲ ႐ုရွားေရနံကိုဝယ္သူေတြ ပိုမိုမ်ားျပားလာေနတာကိုပါ။ ဒါက အိႏၵိယတို႔ တ႐ုတ္တို႔ အတြက္ေတာ့ သတင္းေကာင္း မဟုတ္ပါဘူး။ ဝယ္သူမ်ားလာရင္ ေစ်းလည္းတက္လာမွာ ျဖစ္လို႔ပါ။ အမွန္က မတ္လကတည္းက ႐ုရွားေရနံ ေစ်းေတြကလည္း တက္ေနပါၿပီ။ အေၾကာင္းကေတာ့ ဝယ္လိုအားမ်ားလာတာရယ္၊ OPEC Plus အဖြဲ႕က ေရနံေလွ်ာ့ထုတ္မယ္လို႔ ႐ုတ္တရက္ ဆုံးျဖတ္လိုက္တာရယ္ေၾကာင့္ပါ။ သူတို႔က တစ္ေန႔ကို ေရနံစိမ္းစည္ တစ္သန္း ေလွ်ာ့ခ် ထုတ္လုပ္မယ္လို႔ ဆိုပါတယ္။

႐ုရွားကလည္း အိုပက္ ပလပ္စ္ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္တဲ့အတြက္ သူရဲ႕ထုတ္လုပ္မႈကို လည္း ေလွ်ာ့ခ်ရမွာပါ။ ဒါေၾကာင့္ ေရနံေစ်းေတြလည္း ထပ္တက္လာတာပါတယ္။ ဘရန႔္ ေရနံစိမ္း တစ္စည္ရဲ႕ ေစ်းႏႈန္းဟာ (၅) ရာခိုင္ႏႈန္းတက္သြားၿပီး တစ္စည္ကို (၈၄) ေဒၚလာအထက္ကို ေရာက္သြားပါတယ္။ ဒါေၾကာင့္ အေမရိကန္ရဲ႕ မဟာမိတ္ေတြဟာ (ေဒၚလာ ၆ဝ အထက္ေပးရေပမဲ့) ေစ်းပိုသက္သာတဲ့ ႐ုရွားေရနံကို ဝယ္ယူေနၾကတာပဲျဖစ္ပါတယ္။

ဒုတိယေျပာျပမဲ့အေၾကာင္းက ျပင္သစ္ႏိုင္ငံသမၼတ အီမန္ျႏူရယ္ မက္ခ႐ြန္က တ႐ုတ္ကိုသြားေရာက္ လည္ပတ္တဲ့ကိစၥပါ။ သူနဲ႔အတူ ဥေရာပသမဂၢရဲ႕ ဥကၠ႒ အာဆူလာ ဗြန္ဒါလီယန္းလည္းပါဝင္ပါတယ္။ ျပင္သစ္ သမၼတနဲ႔အတူ စီးပြားေရး လုပ္ငန္းရွင္ေတြလည္း လိုက္ပါသြားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဂ်ာမန္အဓိပတိ အိုလာ့ဖ္ရႈိးလ္ တ႐ုတ္ကိုသြားေရာက္ လည္ပတ္ခဲ့သလိုပါဘဲ။ ဒါေတြက ေဖာ္ျပေနတဲ့ အခ်က္ေတြ ရွင္းပါတယ္။ ဇီး႐ိုးကိုဗစ္ ေပၚလစီကို တ႐ုတ္က ဖ်က္သိမ္းလိုက္ၿပီးတဲ့ေနာက္ ဥေရာပဟာ ပီကင္းနဲ႔ စီးပြားေရးလုပ္ငန္းေတြ ျပန္လုပ္ခ်င္တယ္ ဆိုတာေဖာ္ျပလိုက္တာပါဘဲ။

ဒါက အေနာက္တိုင္းအေနနဲ႔ သူေတာ္ေကာင္းဟန္ေဆာင္ေနတာကို လွစ္ဟျပလိုက္တာ လည္းျဖစ္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ႐ုရွား-ယူကရိန္းစစ္ပြဲမွာ တ႐ုတ္က ႐ုရွားကို ေထာက္ကူ ေပးခဲ့တဲ့အတြက္ အေနာက္တိုင္းက ရႈံ႕ခ် ပစ္တင္ထားလို႔ပါ။ သူတို႔ဟာ အေနာက္တိုင္းက ဆန္ရွင္ခ် ပိတ္ဆို႔အေရးယူထားတဲ့ ႐ုရွားနဲ႔ ကုန္သြယ္ေရးဆက္လုပ္ေန၊ ႐ုရွားေရနံကို ဆက္ဝယ္ေပးေနတဲ့တ႐ုတ္ကို အဆက္မျပတ္ ရႈံခ်ပစ္တင္ေနတာပါ။ ဒါေပမဲ့ အခုေတာ့ သူတို႔အလွည့္ ေရာက္လာပါၿပီ။ ၂ဝ၂ဝ ခုႏွစ္မွာ ကတည္းက ဥေရာပသမဂၢအီးယူနဲ႔ တ႐ုတ္ကုန္သြယ္မႈဟာ အေမရိကန္နဲ႔ ကုန္သြယ္မႈထက္ ပိုမ်ားသြားပါၿပီ။ အျပန္အလွန္ကုန္သြယ္မႈတန္ဖိုး စုစုေပါင္းက ေဒၚလာ (၇ဝ၉) ဘီလ်ံ ရွိပါတယ္။ ၂ဝ၂၁ ခုႏွစ္မွာ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားေနခဲ့တာေတာင္ ႏွစ္ဖက္အျပန္အလွန္ကုန္သြယ္မႈတန္ဖိုးက ေဒၚလာ ၇၃၂ ဘီလ်ံ‌ထိ တက္ခဲ့ပါတယ္။ ၂ဝ၁၉ ခုႏွစ္ကေန ၂ဝ၂၁ ခုႏွစ္အတြင္း အီးယူ- တ႐ုတ္ႏိုင္ငံက တင္သြင္းတဲ့ စုစု‌ေပါင္းတန္ဖိုးက (၃ဝ) ရာခိုင္ႏႈန္းျမင့္တက္သြားၿပီး တ႐ုတ္ႏိုင္ငံထဲကို အီးယူႏိုင္ငံေတြက ရင္းႏွီးျမႇဳပ္ႏွံ တာကလည္း ၂ဝ၁၈ ခုႏွစ္ကေန ၂ဝ၂၁ ခုႏွစ္အတြင္း တစ္ကမာၻလုံးမွာရင္းႏွီးျမႇဳပ္ႏွံမႈအားလုံးရဲ႕ (၈ဝ) ရာခိုင္ႏႈန္းရွိပါတယ္။ ဒါေၾကာင့္ အီးယူနဲ႔ တ႐ုတ္ကုန္သြယ္ေရးဟာ အေတာ္ႀကီးမားတယ္၊ ၿပိဳပ်က္ဖို႔ မလြယ္ဘူး လို႔ဆိုရမွာပါ။ ဒါက အီးယူႏိုင္ငံ့ေခါင္းေဆာင္ေတြဟာ ျပည္တြင္းမွာ ဆႏၵျပမႈေတြနဲ႔ ႏိုင္ငံတကာ တင္းမာမႈေတြ ျဖစ္ေနတဲ့ၾကားက ဘာေၾကာင့္ တ႐ုတ္ကို သြားေရာက္လည္ပတ္ေနရတာလည္းဆိုတာကို ရွင္းရွင္းလင္းလင္း ေဖာ္ျပေနပါတယ္။

မၾကာေသးခင္ကဘဲ အီးယူဥကၠ႒ အာဆူလာက တ႐ုတ္ႏိုင္ငံကို ျပင္းျပင္းထန္ထန္ေျပာ ခဲ့ပါေသးတယ္။ “ယူကရိန္းကို ၾကမ္းၾကဳတ္ရက္စက္ၿပီး တရားမဝင္တဲ့ က်ဴးေက်ာ္မႈျပဳတဲ့ ႐ုရွားကို တားဆီးကန႔္ကြက္ရမဲ့အစား သမၼတရွီဟာ သမၼတပူတင္နဲ႔ အကန႔္အသတ္မဲ့ မိတ္ေဆြျဖစ္မႈကို ထိန္းသိမ္းထားပါတယ္။ ဒီလိုေျမႇာက္ထိုးပင့္ေကာ္လုပ္ရပ္ေတြက တ႐ုတ္ဟာ ျပည္တြင္းမွာ ပိုမိုဖိႏွိပ္လာမွာနဲ႔ ျပည္ပမွာပိုမို ငါတေကာေကာလာမွာကို ၫႊန္ျပေနပါတယ္။ ဒါေၾကာင့္ တ႐ုတ္နဲ႔ ကြၽန္မတို႔ၾကားက သံတမန္‌ဆက္ဆံမႈတည္ၿငိမ္ေစေရးနဲ႔ ပြင့္လင္းစြာဆက္ဆံ ႏိုင္မႈကို ေသခ်ာေအာင္ လုပ္ဖို႔အတြက္ ဒါက သိပ္အေရးႀကီးတယ္လို႔ ေျပာရတာပါ။ ဒီဆက္ဆံေရး ဆက္လက္ ရွင္သန္ေရးေရာ၊ ဥ‌ေရာပရဲ႕အက်ိဳးစီးပြားကို တ႐ုတ္နဲ႔ခ်ိတ္ျဖဳတ္ပစ္ဖို႔ပါ မျဖစ္ႏိုင္ဘူးလို႔ကြၽန္မယုံၾကည္ပါတယ္။ ကြၽန္မတို႔ရဲ႕ ဆက္ဆံေရးဟာ အျဖဴ ဒါမွမဟုတ္ အမည္းသဲသဲကြဲကြဲျဖစ္မေနသလို၊ ကြၽန္မတို႔ရဲ႕ တုံ႔ျပန္မႈကလည္း အလားတူပါပဲ” လို႔ ေျပာသြားပါတယ္။ သူမက တ႐ုတ္ကိုျပင္းျပင္းထန္ထန္ပုတ္ခတ္တဲ့ စကားနဲ႔ စခဲ့ေပမဲ့၊ အဆုံးမွာေတာ့ တ႐ုတ္ နဲ႔ ဆက္ဆံေရးျပတ္ေတာက္သြားဖို႔ မျဖစ္ႏိုင္ဘူး။ အျဖဴ မဟုတ္ရင္ အမည္း ဆိုတာမ်ိဳး လုပ္လို႔မရဘူးလို႔ဆိုပါတယ္။

အခုသူမက ပီကင္းကို ျပင္သစ္သမၼတနဲ႔အတူသြားပါၿပီ။ သတင္းေတြထဲမွာေတာ့ တ႐ုတ္သမၼတနဲ႔ ေတြ႕တဲ့အခါ သူမက ရဲဆိုးတစ္ေယာက္လို မာမာတင္းတင္းေျပာလိမ့္မယ္၊ မက္ခ႐ြန္ကေတာ့ သေဘာေကာင္းတဲ့ ရဲေကာင္း တစ္ေယာက္လို ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းေျပာလိမ့္မယ္လို႔ ခန႔္မွန္းၾကပါ တယ္။ သူတို႔ ယူကရိန္းစစ္ပြဲ အေၾကာင္းကိုေျပာတဲ့အခါ သမၼတရွီအေနနဲ႔ သမၼတပူတင္ အေပၚၾသဇာသုံးဖို႔ေျပာပါလိမ့္မယ္။ တ႐ုတ္က အခ်က္ (၁၂) ခ်က္ပါ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို တင္ျပထား တာရွိပါတယ္။ ၿပီးခဲ့တဲ့လက ေမာ္စကိုကို သမၼတရွီေရာက္တဲ့အခ်ိန္မွာလည္း အဲဒီ (၁၂) ခ်က္ကို ရွင္းျပတာပါ။ ဒါကို ဥေရာပက လက္ခံမွာမဟုတ္ပါဘူး။ အေၾကာင္းကေတာ့ အဲဒီအခ်က္ (၁၂) ခ်က္ထဲမွာ ႐ုရွားတပ္ေတြ ယူကရိန္းကေန ဆုတ္ခြာေပးဖို႔ ေတာင္းဆိုတဲ့ အခ်က္မပါလို႔ပါ။ တ႐ုတ္က ႐ုရွားကို အတိုက္အခိုက္ရပ္စဲၿပီး ျပႆနာေတြကို ႏိုင္ငံေရးအရေဆြးေႏြးေျဖရွင္းဖို႔သာ ေျပာထားတဲ့အတြက္ ႐ုရွားေတြ သိမ္းပိုက္ထားတဲ့ နယ္ေျမေတြကို ႐ုရွားပိုင္လုပ္ပစ္မွာကို စိုးရိမ္ေနပါတယ္။ ဒါေၾကာင့္ တ႐ုတ္ရဲ႕ ၿငိမ္းခ်မ္းေရး အစီအစဥ္ဟာ အေနာက္ႏိုင္ငံေတြနဲ႔ ယူကရိန္းတို႔လိုလားတဲ့ အဆိုျပဳခ်က္ေတြေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ မက္ခ႐ြန္က “တ႐ုတ္ဟာ စစ္ပြဲ ဂိမ္းခ်ိန္းဂ်ာ” ျဖစ္လာႏိုင္တယ္ဆိုၿပီး ေျမႇာက္ပင့္ ေျပာေနပါတယ္။ ဘယ္လိုဂိမ္းမ်ိဳးပါလဲ။ ေသခ်ာတာကေတာ့ အေနာက္အုပ္စုက ႀကိဳက္တဲ့ ဂိမ္းမ်ိဳးမျဖစ္ႏိုင္တာပါ။ ႐ုရွားနဲ႔ တ႐ုတ္အႀကိဳက္ဂိမ္းဘဲျဖစ္ဖို႔ မ်ားပါတယ္။

အခုေတာ့ ယူကရိန္းကိုေထာက္ခံတဲ့ ဥေရာပရဲ႕ေထာက္ခံမႈဟာ တ႐ုတ္ယြမ္ေရွ႕ေမွာက္မွာ ရဲရဲမေတာက္ႏိုင္ဘဲ ေဖ်ာ့ေတာ့ေတာ့ျဖစ္ေနပါၿပီ။ ဒီလိုအခ်ိန္မွာ အိုလာဖ္ရႈိးလ္တို႔၊ မက္ခ႐ြန္းတို႔၊ အာဆူလာတို႔ ပီကင္းကိုလာၿပီး စီးပြားေရးတိုးခ်ဲ႕ဖို႔ ေဆြးေႏြးတာဟာ အေမရိကန္ မႀကိဳက္တဲ့ ကိစၥျဖစ္တဲ့အတြက္၊ အဲဒါကို ဂ႐ုမစိုက္အားဘဲ စြန႔္စားတာ ကိုၾကည့္ရင္ တ႐ုတ္နဲ႔ စီးပြားကုန္သြယ္ေရး ေကာင္းဖို႔ ဥေရာပက ဘယ္ေလာက္အေရးထားသလဲ ဆိုတာ ျမင္ႏိုင္ပါတယ္။

အေမရိကန္ဟာ တ႐ုတ္ကို သူ႔ရဲ႕ နည္းပညာျမင့္ကြန္ပ်ဴတာခ်စ္စ္ ေတြမရယူႏိုင္ေအာင္ ပိတ္ဆို႔မႈေတြအမ်ား ႀကီးလုပ္ေနပါတယ္။ အလားတူ သူ႔ရဲ႕မဟာမိတ္ႏိုင္ငံေတြအေပၚလည္း သူ႔လိုလိုက္ လုပ္ဖို႔ ဖိအားေတြေပးပါတယ္။ ဒီလိုလုပ္တဲ့အတြက္ ဥေရာပရဲ႕စီးပြားေရးကုမၸဏီေတြလည္း ထိခိုက္ပါ တယ္။ ဘိုင္ဒင္အစိုးရရဲ႕ လုပ္ေဆာင္မႈေတြေၾကာင့္ ဥေရာပကုမၸဏီေတြဟာ ဥေရာပကေန အေမရိကားကို ေျပာင္းရမလိုျဖစ္ေနၿပီး အေနာက္တိုင္း မဟာမိတ္ေတြအၾကား စိတ္ဝမ္းကြဲမႈေတြ ျဖစ္ေပၚလာေနပါတယ္။ ဒါေၾကာင့္ ဥေရာပက သူ႔အက်ိဳးစီးပြားကို သူကာကြယ္ဖို႔ နည္းလမ္းရွာေဖြေနတဲ့အေနနဲ႔ တ႐ုတ္ကို လာေရာက္ေဆြးေႏြးၾကတာျဖစ္ပါတယ္။

( ေနာက္ဆုံးရရွိတဲ့ သတင္းမ်ားအရ ျပင္သစ္သမၼတ မက္ခ႐ြန္ရဲ႕ ခရီးစဥ္အတြင္းမွာ၊ စီးပြား‌‌‌ေရး ကုမၸဏီႀကီးေတြဟာ သယ္ယူပို႔ေဆာင္‌ေရး၊ စြမ္းအင္၊ လယ္ယာစိုက္ပ်ိဳးေရး၊ ယဥ္ေက်းမႈနဲ႔ သိပၸံပညာ က႑ေတြမွာ စီးပြားေရးသေဘာတူညီခ်က္အမ်ားအျပားကို လက္မွတ္ေရးထိုးႏိုင္ခဲ့ၾကတယ္လို႔ သိရပါတယ္။ သူ႔ခရီးစဥ္ဟာ ေအာင္ျမင္မႈအသီးအပြင့္ေတြရခဲ့ေၾကာင္း၊ ဒီခရီးစဥ္က ျပင္သစ္-တ႐ုတ္ ဆက္ဆံေရးကို ပိုၿပီးတိုးတက္ေကာင္းမြန္လာေစဖို႔ အေထာက္အကူျဖစ္ေစေၾကာင္းနဲ႔ သူ႔အေနနဲ႔ သမၼတ ရွီနဲ႔ မဟာဗ်ဴဟာေျမာက္ ရင္းႏွီးတဲ့ ဆက္သြယ္ေရးကို ထိန္းသိမ္းထားလိုတဲ့ ဆႏၵရွိေၾကာင္းေျပာဆိုခဲ့ၿပီး၊ ၂ဝ၂၄ ခုႏွစ္အတြင္းမွာ ျပင္သစ္ကိုလာေရာက္လည္ပတ္ဖို႔ သမၼတ ရွီကိုဖိတ္ၾကားခဲ့တယ္လို႔ သိရပါတယ္။ အီးယူရဲ႕ ႏိုင္ငံေရးေပၚလစီဌာနမႉး ဂ်ိဳးဇက္ ဘိုရယ္နဲ႔ ဂ်ာမန္ႏိုင္ငံျခားေရးဝန္ႀကီး အန္နာလီနာ ေဘးေဘာ့ တို႔လည္း လာမယ့္သတင္းပတ္ေတြအတြင္းမွာ တ႐ုတ္ျပည္ကို လာေရာက္လည္ပတ္မွာ ျဖစ္ေၾကာင္း လည္းသိရွိရပါတယ္။ ေနာက္မွာလည္း ဥေရာပက အစိုးရေခါင္းေဆာင္ေတြ၊ အရာရွိေတြ တ႐ုတ္ျပည္ကို ပိုမို လာေရာက္ၾကလိမ့္မယ္လို႔ တ႐ုတ္ေရးရာကြၽမ္းက်င္သူမ်ားက ခန႔္မွန္းေျပာဆို ‌ ေနၾကေၾကာင္း သိရွိရပါတယ္။)

ကိုးကား - Russia Ukraine War: Japan Buys Russian Oil | Vantage with Palki Sharma
- Macron’s fruitful visit shows resuming all-level exchanges ‘main tone’ of 2023 China-EU ties

Related news

© 2021. All rights reserved.