အက်ဒါနီအုပ်စုထံမှ လျှပ်စစ် ၄၅ဝ မဂ္ဂါဝပ် ဘင်္ဂလားဒေ့ရှ် ရရှိ

 830

Htay Oung (NP News) - ဧပြီ ၉

ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (BPDB) ဟာ အိန္ဒိယနိုင်ငံ “အက်ဒါနီအုပ်စု” ရဲ့ လုပ်ငန်းခွဲ “အက်ဒါနီစွမ်းအင်ကုမ္ပဏီ” ထံမှ စမ်းသပ်ပို့လွှတ်တဲ့ လျှပ်စစ်ဓာတ်အား ၄၅ဝ မဂ္ဂါဝပ် (MW) ကို ဧပြီလ ၆ ရက်၊ ကြသပတေးနေ့မှာ လက်ခံရရှိပြီဖြစ်ကြောင်း Dhaka Tribune က ရေးသားပါတယ်။

ပြီးခဲ့တဲ့ သန်းခေါင်ယံ ၁၂ နာရီမှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ လျှပ်စစ် ၄၅ဝ မဂ္ဂါဝပ် ကနဦးရရှိခဲ့ပြီး ၇၅ဝ မဂ္ဂါဝပ်အထိ တိုးမြှင့်လာခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ ဂျာဟင်းမြို့ ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ပေးဝေမှုဟာ ဝယ်လို အားနဲ့အညီ တဖြည်းဖြည်း မြင့်တက်လာဖို့ရှိပြီး အက်ဒါနီထံမှ အရည်အသွေးမီ လျှပ်စစ်ဓာတ်အား ရရှိနေတယ် လို့ BPDB ပြည်သူ့ဆက်ဆံရေး ဒါရိုက်တာက ရှင်းပြပါတယ်။

စမ်းသပ်ပို့လွှတ်ခြင်းမတိုင်မီ အိန္ဒိယအက်ဒါနီနဲ့ ဘင်္ဂလားဒေ့ရှ် PGCB တို့က လျှပ်စစ်ဓါတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်း စီးပွားရေး အသည်းနှလုံးမြို့တော် ဘိုဂရာမြို့မှာ ဓာတ်အားခွဲရုံတစ်ရုံနဲ့ ချာပိုင်_နာဝါဂမ့်ရ်ှနယ်စပ်မှ ၈၃ မိုင် ရှည်လျားတဲ့ ဓါတ်အားလိုင်းကိုတည်ဆောက်ပြီး အိန္ဒိယ ဂေါ့ဒါစက်ရုံမှ လျှပ်စစ်ဓါတ်အားကို ရယူခဲ့ကြောင်း PGCB ရဲ့ အဆို အရ သိရှိရပါတယ်။

၂ဝ၁၃ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယမှ ဓာတ်အားဆက်တိုက်တင်သွင်းခဲ့နေတယ်လို့ ဆိုပါတယ်။ ယခုအခါ ဘင်္ဂလားဒေ့ရ်ှဟာ အနောက်မြောက်နယ်စပ် ကွတ်ရှ်တီယာခရိုင် ဘာရာမာဓါတ်အားခွဲရုံမှတစ်ဆင့် အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ် ဘာဟမ်ပူရ်မှ လျှပ်စစ်ဓာတ်အား ၁ဝဝဝ မဂ္ဂါဝပ်နဲ့ မြောက်ပိုင်းနယ်စပ် ကူမီလီယာခရိုင်မှတဆင့် အိန္ဒိယ တြိပူရပြည်နယ်မှ ၁၆ဝ မဂ္ဂါဝပ်တို့ကို နေ့စဉ် ရရှိနေပါတယ်။

၂ဝ၁၅ ခုနှစ် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ ဒါကာသို့လာရောက်လည်ပတ်စဉ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ပူးတွဲ ကြေငြာချက်အရ အက်ဒါနီနဲ့ BPBD တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို အဲဒီနှစ်မှာပဲ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။ MoU ပါ ပရောဂျက်မှ ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ် အားလုံးတို့ကို ဘင်္ဂလားဒေ့ရှ်က ရရှိမှာ ဖြစ်ကြောင်း စာချွန်လွှာမှာ ဖော်ပြထားပါတယ်။

၂ဝ၂၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် လျှပ်စစ်လွှမ်းခြုံမှုမှာ ၁ဝဝ ရာခိုင်နှုန်း ရှိပြီး ၂၅,၇ဝဝ မဂ္ဂါဝပ်ရှိပါတယ်။ မြန်မာနိုင်ငံက ၈,၁၁၈ မဂ္ဂါဝပ်သာထုတ်လုပ်နိုင်ပြီး ပြည်တွင်းနေထိုင်သူတွေရဲ့ ၆၅ ရာခိုင်နှုန်းက မဟာ ဓါတ်အားလိုင်းနဲ့ လက်လှမ်း မမီသေးပါ။ ၂ဝ၁၉ ခုနှစ် အာရှတိုင်းပြည်များတွင် မြန်မာနိုင်ငံက အနိမ့်ဆုံးဖြစ်ပါ တယ်။

ဒါကာက ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့တော်ကြီးများတွင် စာရင်းပေါက်လျက်ရှိသည်။ ထိုအတွက် အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါအဖြစ်များပါတယ်။ “ဂ” ငယ်ပုံသဏ္ဍာန် ဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဘက်စွန်း မှာ တည်ရှိနေတာကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်းဖြစ်ပွားသမျှ မုန်တိုင်းအားလုံးကို လက်ယပ်ခေါ်သလိုရှိနေပါ တယ်။ ကမ္ဘာ့ဖန်လုံအိမ်ဓါတ် ငွေ့ထုတ်လွှတ်မှုအများဆုံး အိန္ဒိယနဲ့ တရုတ်တို့အကြားမှာ မြန်မာနည်းတူ ကျရောက်ပါတယ်။ မုတ်သုန်လေ ဝင်/ထွက် မမှန်ခြင်း၊ အပူလှိုင်း-အအေးလှိုင်း၊ သဘာဝလွန်မုန်တိုင်းများနဲ့ ရေကြီးရေလျှံခြင်းကို အလိုမရှိရင် လက်ရှိ ပထဝီအနေအထားမှာ တည်ရှိတဲ့နိုင်ငံကို တစ်ခြားရွေ့နိုင်မှာဖြစ် ပါတယ်။ သန်း ၁၃ဝ အနား ကပ်လာသော တိုင်းပြည်လူဦးရေရဲ့ပါးစပ်ပေါက်တွေကို ကျွေးမွေးဖို့ အဆင့်မီမီ ဆေးဝါးကုသဖို့၊ သဘာဝဘေး အန္တရာယ်ကာကွယ်ဖို့ လျှပ်စစ်ဓါတ်အားရရှိရေး တိုးချဲ့တည်ဆောက်နေပါတယ်။

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ထက် လူဦးရေ ၃ ဆမျှ နည်းပါးပြီး ကာဗွန်ဓါတ်ငွေ့ထုတ်လုပ်မှုမှာ အပုံကြီး ကွာခြားလှပြီး၊ ကမ္ဘာအဆင့်နှင့်ဆိုလျှင် သုံညဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။ သစ်တောများပြုန်းတီးမှုက သဘာဝပတ်၀န်းကျင်ပြောင်းလဲမှုကိုဖန်တီးတဲ့ အချက်တစ်ခုဖြစ်ပေမယ့်လည်း #ဆည်မဆောက်- ကျောက်မီး သွေးစက်ရုံကို #ငြင်းပယ်ရုံနဲ့ #လက်ရှိရာသီဥတုဖောက်ပြန်မှုကို #မတားဆီးနိုင်-ပြောင်းပြန်လှန်နိုင်ခြင်း #မရှိပါ။မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် တိုးတက်ဖွံ့ဖြိုးရေးနဲ့ ဝင်ငွေရလမ်းတို့မှာ တရုတ်နိုင်ငံမှ တိုက်ရိုက်-သွယ်ဝှိုက်ရရှိနေတာမျိုးဖြစ်ပါတယ်။

#ဒါကာ #အိန္ဒိယအက်ဒါနီ #စွမ်းအင်လိုအပ်မှုစစ်ပွဲ #သဘာ၀ပတ်၀န်းကျင်ညစ်ညမ်းမှု #ကျောက်မီးသွေးစက်ရုံ

(Dahka Tribune., 7 April 2023, “Bangladesh gets 450MW power from Adani” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အက္ဒါနီအုပ္စုထံမွ လွ်ပ္စစ္ ၄၅ဝ မဂၢါဝပ္ ဘဂၤလားေဒ့ရွ္ ရရွိ
Htay Oung (NP News) - ဧၿပီ ၉

ဘဂၤလားေဒ့ရွ္ လွ်ပ္စစ္ဓာတ္အား ဖြံ႕ၿဖိဳးတိုးတက္ေရးဘုတ္အဖြဲ႕ (BPDB) ဟာ အိႏၵိယႏိုင္ငံ “အက္ဒါနီအုပ္စု” ရဲ႕ လုပ္ငန္းခြဲ “အက္ဒါနီစြမ္းအင္ကုမၸဏီ” ထံမွ စမ္းသပ္ပို႔လႊတ္တဲ့ လွ်ပ္စစ္ဓာတ္အား ၄၅ဝ မဂၢါဝပ္ (MW) ကို ဧၿပီလ ၆ ရက္၊ ၾကသပေတးေန႔မွာ လက္ခံရရွိၿပီျဖစ္ေၾကာင္း Dhaka Tribune က ေရးသားပါတယ္။

ၿပီးခဲ့တဲ့ သန္းေခါင္ယံ ၁၂ နာရီမွာ ဘဂၤလားေဒ့ရွ္အေနနဲ႔ လွ်ပ္စစ္ ၄၅ဝ မဂၢါဝပ္ ကနဦးရရွိခဲ့ၿပီး ၇၅ဝ မဂၢါဝပ္အထိ တိုးျမႇင့္လာခဲ့ေၾကာင္း၊ အိႏၵိယႏိုင္ငံ ဂ်ာဟင္းၿမိဳ႕ ဓာတ္အားေပးစက္႐ုံမွ လွ်ပ္စစ္ဓာတ္အား ေပးေဝမႈဟာ ဝယ္လို အားနဲ႔အညီ တျဖည္းျဖည္း ျမင့္တက္လာဖို႔ရွိၿပီး အက္ဒါနီထံမွ အရည္အေသြးမီ လွ်ပ္စစ္ဓာတ္အား ရရွိေနတယ္ လို႔ BPDB ျပည္သူ႔ဆက္ဆံေရး ဒါ႐ိုက္တာက ရွင္းျပပါတယ္။

စမ္းသပ္ပို႔လႊတ္ျခင္းမတိုင္မီ အိႏၵိယအက္ဒါနီနဲ႔ ဘဂၤလားေဒ့ရွ္ PGCB တို႔က လွ်ပ္စစ္ဓါတ္အားလိုင္း သြယ္တန္းျခင္းလုပ္ငန္းကို ေဆာင္႐ြက္ၿပီးစီးခဲ့ၾကေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေျမာက္ပိုင္း စီးပြားေရး အသည္းႏွလုံးၿမိဳ႕ေတာ္ ဘိုဂရာၿမိဳ႕မွာ ဓာတ္အားခြဲ႐ုံတစ္႐ုံနဲ႔ ခ်ာပိုင္_နာဝါဂမ့္ရ္ွနယ္စပ္မွ ၈၃ မိုင္ ရွည္လ်ားတဲ့ ဓါတ္အားလိုင္းကိုတည္ေဆာက္ၿပီး အိႏၵိယ ေဂါ့ဒါစက္႐ုံမွ လွ်ပ္စစ္ဓါတ္အားကို ရယူခဲ့ေၾကာင္း PGCB ရဲ႕ အဆို အရ သိရွိရပါတယ္။

၂ဝ၁၃ ခုႏွစ္ကတည္းက ဘဂၤလားေဒ့ရွ္ဟာ အိႏၵိယမွ ဓာတ္အားဆက္တိုက္တင္သြင္းခဲ့ေနတယ္လို႔ ဆိုပါတယ္။ ယခုအခါ ဘဂၤလားေဒ့ရ္ွဟာ အေနာက္ေျမာက္နယ္စပ္ ကြတ္ရွ္တီယာခ႐ိုင္ ဘာရာမာဓါတ္အားခြဲ႐ုံမွတစ္ဆင့္ အိႏၵိယ အေနာက္ဘဂၤလားျပည္နယ္ ဘာဟမ္ပူရ္မွ လွ်ပ္စစ္ဓာတ္အား ၁ဝဝဝ မဂၢါဝပ္နဲ႔ ေျမာက္ပိုင္းနယ္စပ္ ကူမီလီယာခ႐ိုင္မွတဆင့္ အိႏၵိယ ႀတိပူရျပည္နယ္မွ ၁၆ဝ မဂၢါဝပ္တို႔ကို ေန႔စဥ္ ရရွိေနပါတယ္။

၂ဝ၁၅ ခုႏွစ္ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီရဲ႕ ဒါကာသို႔လာေရာက္လည္ပတ္စဥ္အတြင္း ထုတ္ျပန္ခဲ့တဲ့ ပူးတြဲ ေၾကျငာခ်က္အရ အက္ဒါနီနဲ႔ BPBD တို႔အၾကား နားလည္မႈစာခြၽန္လႊာ (MoU) ကို အဲဒီႏွစ္မွာပဲ လက္မွတ္ေရး ထိုးခဲ့ၾကပါတယ္။ MoU ပါ ပေရာဂ်က္မွ ထုတ္လုပ္တဲ့ လွ်ပ္စစ္ဓါတ္ အားလုံးတို႔ကို ဘဂၤလားေဒ့ရွ္က ရရွိမွာ ျဖစ္ေၾကာင္း စာခြၽန္လႊာမွာ ေဖာ္ျပထားပါတယ္။

၂ဝ၂၂ ခုႏွစ္အတြင္း ဘဂၤလားေဒ့ရွ္ လွ်ပ္စစ္လႊမ္းၿခဳံမႈမွာ ၁ဝဝ ရာခိုင္ႏႈန္း ရွိၿပီး ၂၅,၇ဝဝ မဂၢါဝပ္ရွိပါတယ္။ ျမန္မာႏိုင္ငံက ၈,၁၁၈ မဂၢါဝပ္သာထုတ္လုပ္ႏိုင္ၿပီး ျပည္တြင္းေနထိုင္သူေတြရဲ႕ ၆၅ ရာခိုင္ႏႈန္းက မဟာ ဓါတ္အားလိုင္းနဲ႔ လက္လွမ္း မမီေသးပါ။ ၂ဝ၁၉ ခုႏွစ္ အာရွတိုင္းျပည္မ်ားတြင္ ျမန္မာႏိုင္ငံက အနိမ့္ဆုံးျဖစ္ပါ တယ္။

ဒါကာက ကမာၻ႔ေလထု အညစ္ညမ္းဆုံးၿမိဳ႕ေတာ္ႀကီးမ်ားတြင္ စာရင္းေပါက္လ်က္ရွိသည္။ ထိုအတြက္ အသက္ရႈ လမ္းေၾကာင္းဆိုင္ရာေရာဂါအျဖစ္မ်ားပါတယ္။ “ဂ” ငယ္ပုံသ႑ာန္ ဘဂၤလားပင္လယ္ေအာ္ရဲ႕ ေျမာက္ဘက္စြန္း မွာ တည္ရွိေနတာေၾကာင့္ အိႏၵိယသမုဒၵရာအတြင္းျဖစ္ပြားသမွ် မုန္တိုင္းအားလုံးကို လက္ယပ္ေခၚသလိုရွိေနပါ တယ္။ ကမာၻ႔ဖန္လုံအိမ္ဓါတ္ ေငြ႕ထုတ္လႊတ္မႈအမ်ားဆုံး အိႏၵိယနဲ႔ တ႐ုတ္တို႔အၾကားမွာ ျမန္မာနည္းတူ က်ေရာက္ပါတယ္။ မုတ္သုန္ေလ ဝင္/ထြက္ မမွန္ျခင္း၊ အပူလႈိင္း-အေအးလႈိင္း၊ သဘာဝလြန္မုန္တိုင္းမ်ားနဲ႔ ေရႀကီးေရလွ်ံျခင္းကို အလိုမရွိရင္ လက္ရွိ ပထဝီအေနအထားမွာ တည္ရွိတဲ့ႏိုင္ငံကို တစ္ျခားေ႐ြ႕ႏိုင္မွာျဖစ္ ပါတယ္။ သန္း ၁၃ဝ အနား ကပ္လာေသာ တိုင္းျပည္လူဦးေရရဲ႕ပါးစပ္ေပါက္ေတြကို ေကြၽးေမြးဖို႔ အဆင့္မီမီ ေဆးဝါးကုသဖို႔၊ သဘာဝေဘး အႏၲရာယ္ကာကြယ္ဖို႔ လွ်ပ္စစ္ဓါတ္အားရရွိေရး တိုးခ်ဲ႕တည္ေဆာက္ေနပါတယ္။

ျမန္မာႏိုင္ငံက ဘဂၤလားေဒ့ရွ္ထက္ လူဦးေရ ၃ ဆမွ် နည္းပါးၿပီး ကာဗြန္ဓါတ္ေငြ႕ထုတ္လုပ္မႈမွာ အပုံႀကီး ကြာျခားလွၿပီး၊ ကမာၻအဆင့္ႏွင့္ဆိုလွ်င္ သုံညဝန္းက်င္သာ ရွိတယ္လို႔ သိရပါတယ္။ သစ္ေတာမ်ားျပဳန္းတီးမႈက သဘာဝပတ္၀န္းက်င္ေျပာင္းလဲမႈကိုဖန္တီးတဲ့ အခ်က္တစ္ခုျဖစ္ေပမယ့္လည္း #ဆည္မေဆာက္- ေက်ာက္မီး ေသြးစက္႐ုံကို #ျငင္းပယ္႐ုံနဲ႔ #လက္ရွိရာသီဥတုေဖာက္ျပန္မႈကို #မတားဆီးႏိုင္-ေျပာင္းျပန္လွန္ႏိုင္ျခင္း #မရွိပါ။ျမန္မာႏိုင္ငံရဲ႕ေခတ္အဆက္ဆက္ တိုးတက္ဖြံ႕ၿဖိဳးေရးနဲ႔ ဝင္ေငြရလမ္းတို႔မွာ တ႐ုတ္ႏိုင္ငံမွ တိုက္႐ိုက္-သြယ္ဝႈိက္ရရွိေနတာမ်ိဳးျဖစ္ပါတယ္။

#ဒါကာ #အိႏၵိယအက္ဒါနီ #စြမ္းအင္လိုအပ္မႈစစ္ပြဲ #သဘာ၀ပတ္၀န္းက်င္ညစ္ညမ္းမႈ #ေက်ာက္မီးေသြးစက္႐ုံ

(Dahka Tribune., 7 April 2023, “Bangladesh gets 450MW power from Adani” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.