YBS ကားကို တားစဉ် ကားကြိတ်မိ၍ အမျိုးသားတစ်ဦးသေဆုံးမှု လှိုင်မြို့နယ်တွင် ဖြစ်ပွား

 2733

စော (NP News) - ဧပြီ ၁ဝ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် YBS ကားကိုတားစဉ် ကားကြိတ်မိ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၁ဝ ရက်)၊ ညနေ (၅)ခွဲဝန်းကျင်အချိန်ခန့်တွင် လှိုင်မြို့နယ်၊ ဗဟိုလမ်းမ၊ မြတ်လေးရုံလမ်းထိပ်၌ ဖြစ်ပွားခဲ့ကြောင်း အေးရိပ်မွန်လူမှုကူညီရေးအသင်းမှ သိရသည်။

“ လိုင်းကားကို တားတာတဲ့။ ကားသမားကမမြင်ဘဲ တက်ကြိတ်မိတာ။ မှတ်တိုင်လားဘာလားတော့ ကျွန်တော်မသိဘူး။ အသက်ကတော့ (၆ဝ)ဝန်းကျင်လောက်ရှိပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားပါတယ်။ သမီးဖြစ်သူနဲ့တော့ အဆက်အသွယ်ရပါတယ်”ဟု အေးရိပ်မွန်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ကိုပြောသည်။

ဗဟိုလမ်း၌ ပြေးဆွဲနေသည့် YBS 22 ခရီးသည်တင်ယာဉ်သည် အသက်(၆ဝ)အရွယ်အမျိုးသားတစ်ဦးအား ကားဖြင့်တိုက်မိကာ ကားဘီးဖြင့် ဦးခေါင်းအားကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူအမျိုးသားအား ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း အေးရိပ်မွန်လူမှုကူညီရေးအသင်းမှ ဆိုသည်။

zawgyi version
YBS ကားကို တားစဥ္ ကားႀကိတ္မိ၍ အမ်ိဳးသားတစ္ဦးေသဆုံးမႈ လႈိင္ၿမိဳ႕နယ္တြင္ ျဖစ္ပြား

ေစာ (NP News) - ဧၿပီ ၁ဝ

ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္တြင္ YBS ကားကိုတားစဥ္ ကားႀကိတ္မိ၍ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၁ဝ ရက္)၊ ညေန (၅)ခြဲဝန္းက်င္အခ်ိန္ခန႔္တြင္ လႈိင္ၿမိဳ႕နယ္၊ ဗဟိုလမ္းမ၊ ျမတ္ေလး႐ုံလမ္းထိပ္၌ ျဖစ္ပြားခဲ့ေၾကာင္း ေအးရိပ္မြန္လူမႈကူညီေရးအသင္းမွ သိရသည္။

“ လိုင္းကားကို တားတာတဲ့။ ကားသမားကမျမင္ဘဲ တက္ႀကိတ္မိတာ။ မွတ္တိုင္လားဘာလားေတာ့ ကြၽန္ေတာ္မသိဘူး။ အသက္ကေတာ့ (၆ဝ)ဝန္းက်င္ေလာက္ရွိပါတယ္။ အခင္းျဖစ္ပြားရာေနရာမွာပဲ ေသဆုံးသြားပါတယ္။ သမီးျဖစ္သူနဲ႔ေတာ့ အဆက္အသြယ္ရပါတယ္”ဟု ေအးရိပ္မြန္လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက ကိုေျပာသည္။

ဗဟိုလမ္း၌ ေျပးဆြဲေနသည့္ YBS 22 ခရီးသည္တင္ယာဥ္သည္ အသက္(၆ဝ)အ႐ြယ္အမ်ိဳးသားတစ္ဦးအား ကားျဖင့္တိုက္မိကာ ကားဘီးျဖင့္ ဦးေခါင္းအားႀကိတ္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသားအား ရန္ကုန္ျပည္သူေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ေအးရိပ္မြန္လူမႈကူညီေရးအသင္းမွ ဆိုသည္။

Related news

© 2021. All rights reserved.