ဂျပန်နိုင်ငံမှာ အသက် ရာကျော်တဲ့ လူဦးရေ ၁ သိန်းနီးပါးအထိ ရောက်ရှိနေ

 32

ရောင်နီ (NP News) - စက်တင်ဘာ ၁၄
ဂျပန်နိုင်ငံမှာ အသက် ၁ဝဝ ကျော်တဲ့ လူဦးရေ ၁ သိန်းနီးပါးအထိ စံချိန်တင်မြင့်မားလာခဲ့ကာ ၄င်းတို့ အနက် ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၂ ရက်က ဖော်ပြခဲ့တဲ့ အချက် အလက်တွေ အရ သိရပါတယ်။
စက်တင်ဘာ ၁ ရက်အထိအတွင်း ဂျပန်နိုင်ငံမှာ အသက် ၁၀၀ ကျော်တဲ့ သက်ကြီးရွယ်အို ၉၉,၇၆၃ ဦးရှိပြီး အရင်နှစ်ထက် လူဦးရေ ၄,၆၄၄ တိုးလာကာ အဲဒီထဲက ၈၈ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဟာ အသက် ၁၁၄ နှစ်ရှိတဲ့ ရှီဂီကိုကာဂါဝါ ဖြစ်ပြီး တိုကျိုမြို့ အနီးရှိ နာရာဒေသမှာ နေထိုင်ပါတယ်။ သားဖွားမီးယပ်အထူးကုနဲ့ အထွေထွေဆရာဝန်ဖြစ်ခဲ့တဲ့ သူမဟာ အသက် ၈၀ နှစ်အထိ အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ လမ်းများများလျှောက်တာက ကျွန်မရဲ့ လက်ရှိ အသက်ရှင်သန်မှုရဲ့အဓိကအကြောင်းအရင်းဖြစ်ပြီး သန်မာတဲ့ခြေထောက်တွေကို ပိုင်ဆိုင်ထားပါတယ်" လို့ မစ္စကာဂါဝါက ဆိုပါတယ်။ သူမဟာ မျက်လုံးအားကောင်းနေဆဲဖြစ်ပြီး တီဗွီကြည့်ခြင်း၊ သတင်းစာဖတ်ခြင်း၊ လက်ရေးလှရေးခြင်းတို့ကို လုပ်ဆောင်နိုင်ဆဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေ တိုးလာခြင်းကြောင့် ဆေးဝါးနဲ့ လူမှုဖူလုံရေး ကုန်ကျစရိတ်တွေ မြင့်မားလာကာ ၎င်းအတွက် ငွေပေးချေဖို့ လုပ်သားအင်အား ကျဆင်းလာခြင်းကြောင့် နိုင်ငံ အနေနဲ့ တဖြည်းဖြည်း ပိုဆိုးလာတဲ့ လူဦးရေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဩဂုတ်လရဲ့တရားဝင်အချက်အလက်တွေအရ ဂျပန် လူမျိုး လူဦးရေ ဟာ ၂၀၂၄ ခုနှစ်မှာ ၉၀၀,၀၀၀ ကျော်ထိ စံချိန်တင် ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှီဂါရူအစ်ဟီဘာ ကတော့ အခြေအနေကို "တိတ်ဆိတ်တဲ့ အရေးပေါ်အခြေအနေ"လို့ ခေါ်ဆိုပြီး မိသားစုအတွက် အဆင်ပြေစေမယ့် အလုပ်ချိန်တွေနဲ့ နေ့စဥ် အခမဲ့ စောင့်ရှောက်မှုတွေလို အစီအမံတွေ လုပ်ဆောင်ပေးဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာ အသက္ ရာေက်ာ္တဲ့ လူဦးေရ ၁ သိန္းနီးပါးအထိ ေရာက္ရွိေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၄
ဂ်ပန္ႏိုင္ငံမွာ အသက္ ၁ဝဝ ေက်ာ္တဲ့ လူဦးေရ ၁ သိန္းနီးပါးအထိ စံခ်ိန္တင္ျမင့္မားလာခဲ့ကာ ၄င္းတို႔ အနက္ ၉၀ ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးေတြျဖစ္တယ္လို႔ ဝန္ႀကီးဌာနရဲ႕ စက္တင္ဘာ ၁၂ ရက္က ေဖာ္ျပခဲ့တဲ့ အခ်က္ အလက္ေတြ အရ သိရပါတယ္။
စက္တင္ဘာ ၁ ရက္အထိအတြင္း ဂ်ပန္ႏိုင္ငံမွာ အသက္ ၁၀၀ ေက်ာ္တဲ့ သက္ႀကီး႐ြယ္အို ၉၉,၇၆၃ ဦးရွိၿပီး အရင္ႏွစ္ထက္ လူဦးေရ ၄,၆၄၄ တိုးလာကာ အဲဒီထဲက ၈၈ ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးေတြျဖစ္တယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕အသက္အႀကီးဆုံးပုဂၢိဳလ္ဟာ အသက္ ၁၁၄ ႏွစ္ရွိတဲ့ ရွီဂီကိုကာဂါဝါ ျဖစ္ၿပီး တိုက်ိဳၿမိဳ႕ အနီးရွိ နာရာေဒသမွာ ေနထိုင္ပါတယ္။ သားဖြားမီးယပ္အထူးကုနဲ႔ အေထြေထြဆရာဝန္ျဖစ္ခဲ့တဲ့ သူမဟာ အသက္ ၈၀ ႏွစ္အထိ အလုပ္လုပ္ခဲ့တယ္လို႔ သိရပါတယ္။ လမ္းမ်ားမ်ားေလွ်ာက္တာက ကြၽန္မရဲ႕ လက္ရွိ အသက္ရွင္သန္မႈရဲ႕အဓိကအေၾကာင္းအရင္းျဖစ္ၿပီး သန္မာတဲ့ေျခေထာက္ေတြကို ပိုင္ဆိုင္ထားပါတယ္" လို႔ မစၥကာဂါဝါက ဆိုပါတယ္။ သူမဟာ မ်က္လုံးအားေကာင္းေနဆဲျဖစ္ၿပီး တီဗြီၾကည့္ျခင္း၊ သတင္းစာဖတ္ျခင္း၊ လက္ေရးလွေရးျခင္းတို႔ကို လုပ္ေဆာင္ႏိုင္ဆဲ ျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံမွာ သက္ႀကီး႐ြယ္အိုဦးေရ တိုးလာျခင္းေၾကာင့္ ေဆးဝါးနဲ႔ လူမႈဖူလုံေရး ကုန္က်စရိတ္ေတြ ျမင့္မားလာကာ ၎အတြက္ ေငြေပးေခ်ဖို႔ လုပ္သားအင္အား က်ဆင္းလာျခင္းေၾကာင့္ ႏိုင္ငံ အေနနဲ႔ တျဖည္းျဖည္း ပိုဆိုးလာတဲ့ လူဦးေရ အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဩဂုတ္လရဲ႕တရားဝင္အခ်က္အလက္ေတြအရ ဂ်ပန္ လူမ်ိဳး လူဦးေရ ဟာ ၂၀၂၄ ခုႏွစ္မွာ ၉၀၀,၀၀၀ ေက်ာ္ထိ စံခ်ိန္တင္ က်ဆင္းသြားခဲ့တာ ေတြ႕ရပါတယ္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွီဂါ႐ူအစ္ဟီဘာ ကေတာ့ အေျခအေနကို "တိတ္ဆိတ္တဲ့ အေရးေပၚအေျခအေန"လို႔ ေခၚဆိုၿပီး မိသားစုအတြက္ အဆင္ေျပေစမယ့္ အလုပ္ခ်ိန္ေတြနဲ႔ ေန႔စဥ္ အခမဲ့ ေစာင့္ေရွာက္မႈေတြလို အစီအမံေတြ လုပ္ေဆာင္ေပးဖို႔ ကတိျပဳခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.