ဂျပန်က ကော်ဖီဆိုင်တစ်ခုမှာ ကော့တေးကို သူမရဲ့သွေးဖောက်ထည့်ကာ ဖျော်ခဲ့တဲ့ စားပွဲထိုးအမျိုးသမီး အလုပ်ထုတ်ခံရ

809

ရောင်နီ (NP News) - ဧပြီ ၁၄
ဂျပန်မှာ ဝန်ထမ်းအများစုဟာ ၎င်းတို့အလုပ်တွေမှာ သွေး၊ ချွေးနဲ့ မျက်ရည်များ ရင်းနှီးခဲ့ခြင်းကြောင့် ချီးကျူးခံရလေ့ ရှိပေမယ့်လည်း ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးရှိ ကော်ဖီဆိုင်မှာ အလုပ်လုပ်တဲ့ စားပွဲထိုးတစ်ဦးကတော့ ကော့တေးထဲကို သူမရဲ့သွေးဖောက်ထည့်ခဲ့ခြင်းကြောင့် အလုပ်ထုတ်ခံခဲ့ရပါတယ်။
Problem Child Dark Cafe လို့ ခေါ်တဲ့ Mondaiji Con Cafe Daku ဆိုင်က ဖောက်သည်တစ်ဦးရဲ့ တောင်းဆိုချက်အရ ကော့တေးထဲကို သွေးဖောက်ထည့်ပေးခဲ့တဲ့အတွက် ဝန်ထမ်းတစ်ဦးကို ထုတ်ပယ်လိုက်ကြောင်း ဧပြီလ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။
ကော်ဖီဆိုင်ရဲ့စီမံခန့်ခွဲမှုက သူမရဲ့ လုပ်ရပ်ကို လုံးဝလက်မခံနိုင်ကြောင်း ဆိုကာ စားသုံးသူတွေကို တွစ်တာမှာ တောင်းပန်ခဲ့ပါတယ်။
အဆိုပါ ကော်ဖီဆိုင်ဟာ ဆက်ပိုရိုမြို့၊ ဆူဆူကီနို ဖျော်ဖြေရေး ခရိုင်မှာ မတ်လက ဖွင့်လှစ်ခဲ့ပြီး၊ စိတ်ကူးယဉ်ဆန်ဆန် ကော်ဖီဆိုင် အသွင်အပြင် ဖြစ်စေဖို့ စားပွဲထိုးတွေကို Goth ပုံစံ မိတ်ကပ် လိမ်းခြယ်စေခဲ့ပါတယ်။ ဖောက်သည်တွေက ၎င်းတို့သောက်ချင်တဲ့အရာကို သောက်ရန် အတွက် တစ်နာရီ ယန်း ၂၅၀၀ ပေးချေရပါတယ်။
"အခြားသူတွေရဲ့သွေးကို သောက်တာဟာ အလွန်အန္တရာယ်များတဲ့ လုပ်ရပ်တစ်ခုပါ” လို့ ဒေါက်တာ ဇမ်တိုကီတေးအို က ပြောကြားခဲ့ပါတယ်။
"အခြားသူရဲ့ သွေးကိုသောက်ခြင်းကြောင့် ကူးစက်ခံရသူများ ရှားပါးသော်လည်း HIV၊ Hepatitis C၊ Hepatitis B နဲ့ syphilis အပါအဝင် ကြီးကြီးမားမားရောဂါများကို သွေးမှတစ်ဆင့် ကူးစက်နိုင်ကာ ပါးစပ်မှာ ဒဏ်ရာတွေရှိနေရင် သွေးမှတစ်ဆင့် ကူးစက်လွယ်ပါတယ်" လို့ ၎င်းက ဆိုခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းများကိုယ်တိုင်ကလည်း လူနာတွေရဲ့သွေးများ ဆရာဝန်များရဲ့မျက်လုံးထဲသို့ ယိုစိမ့်မှုမဖြစ်စေရန် ခွဲစိတ်မှုအတွင်း မျက်စိအကာများ ဝတ်ဆင်ခြင်းကဲ့သို့သော အစီအမံများပြုလုပ်ကာ သွေးကို ဂရုတစိုက် ကိုင်တွယ်ကုသရကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။
ဒါကြောင့် အလုပ်ထုတ်ခံရတဲ့ဝန်ထမ်းနဲ့ သူမရဲ့သွေးပါတဲ့ ကော့တေးများကို သောက်တဲ့ ဖောက်သည်များဟာ သွေးစစ်ကြည့်သင့်တယ်လို့ ဒေါက်တာ ကီတေးအိုက အကြံပြု ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဂ်ပန္က ေကာ္ဖီဆိုင္တစ္ခုမွာ ေကာ့ေတးကို သူမရဲ႕ေသြးေဖာက္ထည့္ကာ ေဖ်ာ္ခဲ့တဲ့ စားပြဲထိုးအမ်ိဳးသမီး အလုပ္ထုတ္ခံရ
ေရာင္နီ (NP News) - ဧၿပီ ၁၄
ဂ်ပန္မွာ ဝန္ထမ္းအမ်ားစုဟာ ၎တို႔အလုပ္ေတြမွာ ေသြး၊ ေခြၽးနဲ႔ မ်က္ရည္မ်ား ရင္းႏွီးခဲ့ျခင္းေၾကာင့္ ခ်ီးက်ဴးခံရေလ့ ရွိေပမယ့္လည္း ဂ်ပန္ႏိုင္ငံ၊ ေဟာ့ကိုင္းဒိုးရွိ ေကာ္ဖီဆိုင္မွာ အလုပ္လုပ္တဲ့ စားပြဲထိုးတစ္ဦးကေတာ့ ေကာ့ေတးထဲကို သူမရဲ႕ေသြးေဖာက္ထည့္ခဲ့ျခင္းေၾကာင့္ အလုပ္ထုတ္ခံခဲ့ရပါတယ္။
Problem Child Dark Cafe လို႔ ေခၚတဲ့ Mondaiji Con Cafe Daku ဆိုင္က ေဖာက္သည္တစ္ဦးရဲ႕ ေတာင္းဆိုခ်က္အရ ေကာ့ေတးထဲကို ေသြးေဖာက္ထည့္ေပးခဲ့တဲ့အတြက္ ဝန္ထမ္းတစ္ဦးကို ထုတ္ပယ္လိုက္ေၾကာင္း ဧၿပီလ ၂ ရက္ေန႔က ေၾကညာခဲ့ပါတယ္။
ေကာ္ဖီဆိုင္ရဲ႕စီမံခန႔္ခြဲမႈက သူမရဲ႕ လုပ္ရပ္ကို လုံးဝလက္မခံႏိုင္ေၾကာင္း ဆိုကာ စားသုံးသူေတြကို တြစ္တာမွာ ေတာင္းပန္ခဲ့ပါတယ္။
အဆိုပါ ေကာ္ဖီဆိုင္ဟာ ဆက္ပို႐ိုၿမိဳ႕၊ ဆူဆူကီႏို ေဖ်ာ္ေျဖေရး ခ႐ိုင္မွာ မတ္လက ဖြင့္လွစ္ခဲ့ၿပီး၊ စိတ္ကူးယဥ္ဆန္ဆန္ ေကာ္ဖီဆိုင္ အသြင္အျပင္ ျဖစ္ေစဖို႔ စားပြဲထိုးေတြကို Goth ပုံစံ မိတ္ကပ္ လိမ္းျခယ္ေစခဲ့ပါတယ္။ ေဖာက္သည္ေတြက ၎တို႔ေသာက္ခ်င္တဲ့အရာကို ေသာက္ရန္ အတြက္ တစ္နာရီ ယန္း ၂၅၀၀ ေပးေခ်ရပါတယ္။
"အျခားသူေတြရဲ႕ေသြးကို ေသာက္တာဟာ အလြန္အႏၲရာယ္မ်ားတဲ့ လုပ္ရပ္တစ္ခုပါ” လို႔ ေဒါက္တာ ဇမ္တိုကီေတးအို က ေျပာၾကားခဲ့ပါတယ္။
"အျခားသူရဲ႕ ေသြးကိုေသာက္ျခင္းေၾကာင့္ ကူးစက္ခံရသူမ်ား ရွားပါးေသာ္လည္း HIV၊ Hepatitis C၊ Hepatitis B နဲ႔ syphilis အပါအဝင္ ႀကီးႀကီးမားမားေရာဂါမ်ားကို ေသြးမွတစ္ဆင့္ ကူးစက္ႏိုင္ကာ ပါးစပ္မွာ ဒဏ္ရာေတြရွိေနရင္ ေသြးမွတစ္ဆင့္ ကူးစက္လြယ္ပါတယ္" လို႔ ၎က ဆိုခဲ့ပါတယ္။
ေဆးဘက္ဆိုင္ရာဝန္ထမ္းမ်ားကိုယ္တိုင္ကလည္း လူနာေတြရဲ႕ေသြးမ်ား ဆရာဝန္မ်ားရဲ႕မ်က္လုံးထဲသို႔ ယိုစိမ့္မႈမျဖစ္ေစရန္ ခြဲစိတ္မႈအတြင္း မ်က္စိအကာမ်ား ဝတ္ဆင္ျခင္းကဲ့သို႔ေသာ အစီအမံမ်ားျပဳလုပ္ကာ ေသြးကို ဂ႐ုတစိုက္ ကိုင္တြယ္ကုသရေၾကာင္း ၎က ဆက္လက္ေျပာပါတယ္။
ဒါေၾကာင့္ အလုပ္ထုတ္ခံရတဲ့ဝန္ထမ္းနဲ႔ သူမရဲ႕ေသြးပါတဲ့ ေကာ့ေတးမ်ားကို ေသာက္တဲ့ ေဖာက္သည္မ်ားဟာ ေသြးစစ္ၾကည့္သင့္တယ္လို႔ ေဒါက္တာ ကီေတးအိုက အႀကံျပဳ ေျပာၾကားခဲ့ပါတယ္။