ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် (၆၄)ဦးကို အရေးယူထား

249

သက်ပိုင် (NP News) - အောက်တိုဘာ ၄
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေအရ ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သောလှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်သူ (၆၄)ဦးကို အရေးယူထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့တိုင်းဒေသကြီး/ပြည်နယ်များ၌ အရေးယူဆောင်ရွက်မှု (၂၄) မှုနှင့်တရားခံ (၆၄) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင်ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သောလှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ညှိနှိုင်းပေါင်းစပ်၍ လက်ရှိရရှိထားသောတိုးတက်မှုများကိုအခြေခံကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်ရည်ရွယ်ကာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကို ရွေးကောက်ပွဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၅/၂ဝ၂၅) ဖြင့် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကာကြယ္ေရးဥပေဒျဖင့္ (၆၄)ဦးကို အေရးယူထား
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၄
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပး ေရးဥပေဒအရ ေ႐ြးေကာက္ပြဲလုံၿခဳံေရးကိုထိခိုက္ေစႏိုင္ေသာလႈံ႕ေဆာ္မႈမ်ား၊ ဝါဒျဖန႔္မႈမ်ား က်ဴးလြန္သူ (၆၄)ဦးကို အေရးယူထားေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီအေနျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္မ်ားပ်က္ျပားေစရန္ နည္းအမ်ိဳးမ်ိဳးျဖင့္ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္အေရးယူျခင္းမ်ားေဆာင္႐ြက္ခဲ့ရာ စက္တင္ဘာ ၃၀ ရက္အထိ ျပည္ေထာင္စုနယ္ေျမႏွင့တိုင္းေဒသႀကီး/ျပည္နယ္မ်ား၌ အေရးယူေဆာင္႐ြက္မႈ (၂၄) မႈႏွင့္တရားခံ (၆၄) ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ဆက္လက္၍လည္း ေ႐ြးေကာက္ပြဲလုံၿခဳံေရးကိုထိခိုက္ေစႏိုင္ေသာလႈံ႕ေဆာ္မႈမ်ား၊ ဝါဒျဖန႔္မႈမ်ား က်ဴးလြန္ေနသူမ်ားအား စုံစမ္းေဖာ္ထုတ္အေရးယူသြားမည္ျဖစ္ေၾကာင္း ႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ ကာလမ်ားအလိုက္ လုံၿခဳံေရးက်ိဳးေပါက္မႈမရွိေစေရး၊ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ရပ္႐ြာေအးခ်မ္းသာယာေရးအတြက္ မႈခင္းက်ဆင္းေရးႏွင့္တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ားကို ျပည္ထဲေရးဝန္ႀကီးဌာနကြပ္ကဲမႈေအာက္ရွိတပ္ဖြဲ႕၊ ဦးစီးဌာနမ်ားအေနျဖင့္ တပ္မေတာ္၊ ျပည္သူ႔စစ္အဖြဲ႕မ်ား၊ ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕မ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ညႇိႏႈိင္းေပါင္းစပ္၍ လက္ရွိရရွိထားေသာတိုးတက္မႈမ်ားကိုအေျခခံကာ အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ျခင္းကို တားဆီးေႏွာင့္ယွက္ျခင္းမွကာကြယ္ရန္၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမက်င္းပမီ စည္း႐ုံးေရးကာလအတြင္း ဥပေဒႏွင့္အညီ မဲဆြယ္စည္း႐ုံးမႈမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွကာကြယ္ရန္၊ ဆႏၵမဲေပးပိုင္ခြင့္ရွိသူတိုင္း လုံၿခဳံစိတ္ခ်စြာျဖင့္ လြတ္လပ္စြာဆႏၵမဲေပးေရးကို ေႏွာင့္ယွက္ျခင္း၊ တားဆီးျခင္းတို႔မွ ကာကြယ္ရန္၊ မဲ႐ုံႏွင့္မဲ႐ုံအတြင္း တာဝန္က်သူမ်ား လုံၿခဳံမႈအျပည့္အဝျဖင့္ တာဝန္ထမ္းေဆာင္ႏိုင္ရန္ရည္႐ြယ္ကာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွကာကြယ္ေပးေရးဥပေဒကို ေ႐ြးေကာက္ပြဲ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥပေဒအမွတ္ (၄၅/၂ဝ၂၅) ျဖင့္ ၂ဝ၂၅ ခုႏွစ္၊ ဇူလိုင္လ (၂၉) ရက္တြင္ ျပ႒ာန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။