ဂါဇာစီးတီးမြို့မှ အမြန်ဆုံးထွက်ခွာရန် နောက်ဆုံးသတိပေးချက်ကို အစ္စရေး ထုတ်ပြန်

293

Pika (NP News) - အောက်တိုဘာ ၄
ဂါဇာစီးတီးမြို့မှ အမြန်ဆုံးထွက်ခွာရန် ပါလက်စတိုင်းလူမျိုးများကို တိုက်တွန်းထားသည့် နောက်ဆုံးသတိပေးချက်ကို အစ္စရေးအစိုးရက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်သွားစေမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို လက်ခံရန် သင့်/မသင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က စဉ်းစားနေသည့်အချိန်တွင် အစ္စရေးအစိုးရ၏ နောက်ဆုံးသတိပေးချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ဂါဇာစီးတီးမြို့တွင် ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ကြုံတွေ့နေရကြောင်း မျက်မြင် သက်သေများက ထုတ်ဖော်ပြောဆိုခဲ့သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ‘ဒါဟာ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းကို ရွှေ့ပြောင်းပြီး ဂါဇာစီးတီးမြို့မှာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ တစ်ခုတည်းကိုသာ ထားရှိလိုတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် နောက်ဆုံးအခွင့်အရေးပဲဖြစ်ပါတယ်’ ဟု ပြောခဲ့ပါသည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်းကိုဆက်သွယ်ထားသည့် Netzarim စင်္ကြံကိုလည်း သိမ်းပိုက်ခဲ့ပြီး ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းကို လုံးဝဖြတ်တောက်ထားနိုင်ခဲ့ကြောင်း အစ္စရေးကတ်ဇ်က ထုတ်ဖော်ပြောခဲ့သည်။
ထို့ပြင် တောင်ပိုင်းသို့သွားရောက်ရန်အတွက် ဂါဇာစီးတီးမြို့မှထွက်ခွာလိုသူတိုင်းသည် အစ္စရေးစစ်တပ်၏ စစ်ဆေးရေးဂိတ်များကိုဖြတ်ကျော်ရလိမ့်မည်ဖြစ်ကြောင်း အစ္စရေးကတ်ဇ်က ထပ်မံပြောကြားခဲ့သည်။ ဂါဇာမြောက်ပိုင်းမှ တောင်ပိုင်းသို့သွားရောက်နိုင်သည့် နောက်ဆုံးလမ်းကြောင်းကို ပိတ်ဆို့ ထားကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အစ္စရေးကတ်ဇ်၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
ဂါဇာစီးတီးတွင်နေထိုင်သည့် ပါလက်စတိုင်းပြည်သူတစ်ဦးက ‘ဂါဇာစီးတီးကအခြေအနေ တွေဟာ ဂါဇာ တောင်ပိုင်းကအခြေအနေတွေနဲ့အတူ တူပဲမို့လို့ ကျွန်တော်ကတော့ ဘယ်ကိုမှထွက်သွားမှာ မဟုတ်ပါဘူး။ နေရာ တိုင်းက အန္တရာယ်တွေရှိနေတာပါ။ နေရာတိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုတွေဖြစ်ပွားနေတာပါ။ ဘယ်နေရာကိုပဲသွားသွား ဘာမှထူးမှာမဟုတ် ပါဘူး’ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
ဂါဇာစီးတီးၿမိဳ႕မွ အျမန္ဆုံးထြက္ခြာရန္ ေနာက္ဆုံးသတိေပးခ်က္ကို အစၥေရး ထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၄
ဂါဇာစီးတီးၿမိဳ႕မွ အျမန္ဆုံးထြက္ခြာရန္ ပါလက္စတိုင္းလူမ်ိဳးမ်ားကို တိုက္တြန္းထားသည့္ ေနာက္ဆုံးသတိေပးခ်က္ကို အစၥေရးအစိုးရက ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
ဂါဇာကမ္းေျမာင္ေဒသတြင္ ျဖစ္ပြားေနသည့္စစ္ပြဲကို အဆုံးသတ္သြားေစမည့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ အစီအစဥ္ကို လက္ခံရန္ သင့္/မသင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က စဥ္းစားေနသည့္အခ်ိန္တြင္ အစၥေရးအစိုးရ၏ ေနာက္ဆုံးသတိေပးခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔ျပင္ ဂါဇာစီးတီးၿမိဳ႕တြင္ ျပင္းထန္သည့္ ဗုံးႀကဲတိုက္ခိုက္မႈမ်ားကို ေန႔စဥ္ႀကဳံေတြ႕ေနရေၾကာင္း မ်က္ျမင္ သက္ေသမ်ားက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရးကတ္ဇ္က ‘ဒါဟာ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းကို ေ႐ႊ႕ေျပာင္းၿပီး ဂါဇာစီးတီးၿမိဳ႕မွာ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ တစ္ခုတည္းကိုသာ ထားရွိလိုတဲ့ ပါလက္စတိုင္းျပည္သူေတြအတြက္ ေနာက္ဆုံးအခြင့္အေရးပဲျဖစ္ပါတယ္’ ဟု ေျပာခဲ့ပါသည္။
အစၥေရးစစ္တပ္သည္ ဂါဇာကမ္းေျမာင္ေဒသအလယ္ပိုင္းႏွင့္ အေနာက္ဘက္ ကမ္း႐ိုးတန္းကိုဆက္သြယ္ထားသည့္ Netzarim စႀကႍကိုလည္း သိမ္းပိုက္ခဲ့ၿပီး ဂါဇာေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းကို လုံးဝျဖတ္ေတာက္ထားႏိုင္ခဲ့ေၾကာင္း အစၥေရးကတ္ဇ္က ထုတ္ေဖာ္ေျပာခဲ့သည္။
ထို႔ျပင္ ေတာင္ပိုင္းသို႔သြားေရာက္ရန္အတြက္ ဂါဇာစီးတီးၿမိဳ႕မွထြက္ခြာလိုသူတိုင္းသည္ အစၥေရးစစ္တပ္၏ စစ္ေဆးေရးဂိတ္မ်ားကိုျဖတ္ေက်ာ္ရလိမ့္မည္ျဖစ္ေၾကာင္း အစၥေရးကတ္ဇ္က ထပ္မံေျပာၾကားခဲ့သည္။ ဂါဇာေျမာက္ပိုင္းမွ ေတာင္ပိုင္းသို႔သြားေရာက္ႏိုင္သည့္ ေနာက္ဆုံးလမ္းေၾကာင္းကို ပိတ္ဆို႔ ထားေၾကာင္း အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ အစၥေရးကတ္ဇ္၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
ဂါဇာစီးတီးတြင္ေနထိုင္သည့္ ပါလက္စတိုင္းျပည္သူတစ္ဦးက ‘ဂါဇာစီးတီးကအေျခအေန ေတြဟာ ဂါဇာ ေတာင္ပိုင္းကအေျခအေနေတြနဲ႔အတူ တူပဲမို႔လို႔ ကြၽန္ေတာ္ကေတာ့ ဘယ္ကိုမွထြက္သြားမွာ မဟုတ္ပါဘူး။ ေနရာ တိုင္းက အႏၲရာယ္ေတြရွိေနတာပါ။ ေနရာတိုင္းမွာ ဗုံးႀကဲတိုက္ခိုက္မႈေတြျဖစ္ပြားေနတာပါ။ ဘယ္ေနရာကိုပဲသြားသြား ဘာမွထူးမွာမဟုတ္ ပါဘူး’ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။