နိုင်ငံတွင်းရှိ အစ္စရေးသံတမန်အားလုံးကိုနှင်ထုတ်လိုက်ကြောင်း ကိုလံဘီယာအစိုးရ သတင်းထုတ်ပြန်

120

Pika (NP News) - အောက်တိုဘာ ၄
ကိုလံဘီယာနိုင်ငံတွင်းတွင်ကျန်ရှိနေသည့် အစ္စရေးသံတမန်အားလုံးကို နိုင်ငံတွင်းမှနှင်ထုတ်လိုက်ကြောင်း ကိုလံဘီယာသမ္မတ ဂူစတာ ဗိုပက်ထ ရိုက ထုတ်ပြန်ကြေညာခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများပေးရန် ကြိုးပမ်းနေသည့် နိုင်ငံတကာရေယာဉ်စုကို အစ္စရေးရေတပ်က ကြားဖြတ်ဟန့်တားခဲ့ပြီးနောက် ဂူစတာဗိုပက်ထရို၏ ထုတ်ပြန်ကြေညာချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးရေတပ်က ကြားဖြတ်ဟန့်တားခဲ့သော သင်္ဘောများပေါ် လိုက်ပါလာခဲ့သူများတွင်ကို လံဘီယာနိုင်ငံသား နှစ်ဦးလည်းပါဝင်ပြီး ၎င်းတို့ကို ချက်ချင်းပြန်လွှတ်ပေးရန်တောင်းဆိုထားကြောင်း ဂူစတာဗိုပက်ထရိုက ထုတ်ဖော်ပြောခဲ့သည်။
ဂူစတာဗိုပက်ထရိုက ‘ကိုလံဘီယာနိုင်ငံသားတွေဟာ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ် ကြောင်းပြသပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ရှားမှုတွေကို ပါဝင်ခဲ့ကြပါတယ်’ ဟုပြော ဆိုခဲ့သည်။ ထို့ပြင် အစ္စရေးနှင့်လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကိုလည်း ဆိုင်းငံ့ထား ကြောင်း ဂူစတာဗိုပက်ထရိုက ထုတ်ပြန်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လတွင် စပိန်နိုင်ငံမှထွက်ခွာလာခဲ့သော နိုင်ငံတကာရေယာဉ်စုသည် နိုင်ငံပေါင်း(၄၀)ကျော်မှ တက်ကြွလှုပ်ရှားသူများကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံတကာရေယာဉ်စုသည် ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများပေးအပ်ရန် ရည်ရွယ်ထားခြင်းမျိုးမဟုတ်ဘဲ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို အကူအညီများပေးရန်ရည်ရွယ်ထားခြင်းဖြစ် ကြောင်း အစ္စရေးတာဝန်ရှိသူများက ဖော်ပြပြောဆိုခဲ့ကြသည်။
နိုင်ငံတကာရေယာဉ်စုကို အစ္စရေးရေ တပ်၏ ကြားဖြတ်ဟန့်တားမှုများကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပြီး နိုင်ငံအများအပြားတွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

Zawgyi Version:
ႏိုင္ငံတြင္းရွိ အစၥေရးသံတမန္အားလုံးကိုႏွင္ထုတ္လိုက္ေၾကာင္း ကိုလံဘီယာအစိုးရ သတင္းထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၄
ကိုလံဘီယာႏိုင္ငံတြင္းတြင္က်န္ရွိေနသည့္ အစၥေရးသံတမန္အားလုံးကို ႏိုင္ငံတြင္းမွႏွင္ထုတ္လိုက္ေၾကာင္း ကိုလံဘီယာသမၼတ ဂူစတာ ဗိုပက္ထ ႐ိုက ထုတ္ျပန္ေၾကညာခဲ့သည္။
ဂါဇာကမ္းေျမာင္ေဒသသို႔ အကူအညီမ်ားေပးရန္ ႀကိဳးပမ္းေနသည့္ ႏိုင္ငံတကာေရယာဥ္စုကို အစၥေရးေရတပ္က ၾကားျဖတ္ဟန႔္တားခဲ့ၿပီးေနာက္ ဂူစတာဗိုပက္ထ႐ို၏ ထုတ္ျပန္ေၾကညာခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
အစၥေရးေရတပ္က ၾကားျဖတ္ဟန႔္တားခဲ့ေသာ သေဘၤာမ်ားေပၚ လိုက္ပါလာခဲ့သူမ်ားတြင္ကို လံဘီယာႏိုင္ငံသား ႏွစ္ဦးလည္းပါဝင္ၿပီး ၎တို႔ကို ခ်က္ခ်င္းျပန္လႊတ္ေပးရန္ေတာင္းဆိုထားေၾကာင္း ဂူစတာဗိုပက္ထ႐ိုက ထုတ္ေဖာ္ေျပာခဲ့သည္။
ဂူစတာဗိုပက္ထ႐ိုက ‘ကိုလံဘီယာႏိုင္ငံသားေတြဟာ ပါလက္စတိုင္းေတြနဲ႔ စည္းလုံးညီၫြတ္ ေၾကာင္းျပသၿပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာလႈပ္ရွားမႈေတြကို ပါဝင္ခဲ့ၾကပါတယ္’ ဟုေျပာ ဆိုခဲ့သည္။ ထို႔ျပင္ အစၥေရးႏွင့္လြတ္လပ္ေသာကုန္သြယ္မႈသေဘာတူညီခ်က္ကိုလည္း ဆိုင္းငံ့ထား ေၾကာင္း ဂူစတာဗိုပက္ထ႐ိုက ထုတ္ျပန္ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္လတြင္ စပိန္ႏိုင္ငံမွထြက္ခြာလာခဲ့ေသာ ႏိုင္ငံတကာေရယာဥ္စုသည္ ႏိုင္ငံေပါင္း(၄၀)ေက်ာ္မွ တက္ႂကြလႈပ္ရွားသူမ်ားကို သယ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါႏိုင္ငံတကာေရယာဥ္စုသည္ ဂါဇာကမ္းေျမာင္ေဒသသို႔ အကူအညီမ်ားေပးအပ္ရန္ ရည္႐ြယ္ထားျခင္းမ်ိဳးမဟုတ္ဘဲ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ကို အကူအညီမ်ားေပးရန္ရည္႐ြယ္ထားျခင္းျဖစ္ ေၾကာင္း အစၥေရးတာဝန္ရွိသူမ်ားက ေဖာ္ျပေျပာဆိုခဲ့ၾကသည္။
ႏိုင္ငံတကာေရယာဥ္စုကို အစၥေရးေရ တပ္၏ ၾကားျဖတ္ဟန႔္တားမႈမ်ားကို ႏိုင္ငံတကာက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ႏိုင္ငံအမ်ားအျပားတြင္လည္း ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ေၾကာင္းသိရသည္။