“တောင်တရုတ်ပင်လယ်ထဲက ပထဝီနိုင်ငံရေး” (ဘာသာပြန်ဆောင်းပါး)

 463

ပရမတ္တ ကိုမောင်ဘ (NP News) – ဧပြီ ၁၅

အမေရိကန်က တရုတ်ကို မထိခလုတ်ထိခလုတ် ရန်စနေပါတယ်။ ပထမ တစ်ခုက ဒီတပတ်ထဲမှာပဲ ဖိလစ်ပိုင်နဲ့ ပူးတွဲပြီး စစ်ရေးလေ့ကျင့်မှုလုပ်တာပါ။ ဒါက နှစ်စဉ်လုပ်နေကျဆိုပေမယ့် ဒီတစ်ခါလုပ်တာက အရင်လုပ်နေကျ စစ်ရေးလေ့ကျင့်မှုတွေထက် ပိုကြီးပါတယ်။ အာရှမှာရှိတဲ့ အမေရိကန်ရဲ့စစ်အင်အားကိုပြတဲ့ အကြီးဆုံးပွဲ လို့ ဆိုနိုင် ပါတယ်။ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံကို လှန့်တဲ့သဘောပါပဲ။
ဒုတိယ တစ်ခုကတော့ ဖျက်သင်္ဘောတစ်စီးကို တရုတ်နဲ့ ဖိလစ်ပိုင်အကြား အငြင်းပွားနေတဲ့ ရေပြင်အနီးကို စေလွှတ်လိုက်တာပါ။ ဒီဖျက်သင်္ဘောဟာ အမေရိကန် အမှတ်(၇) ရေတပ်က ပဲ့ထိန်းဒုံးပျံတပ်ဆင်ထားတဲ့ ဖျက်သင်္ဘော USS Milius ယူအက်စ်အက်စ် မီးလီးယပ်စ် ဖြစ်ပါတယ်။ ဒီရေပြင်က ပီကင်းကရော မနီလာကပါ သူတို့ပိုင်ပါတယ်လို့ ကြေညာထားကြတဲ့ စပရက်တ်လေ ကျွန်းတွေအနီးက ရေပြင်ဖြစ်ပါတယ်။ ဒီအမေရိကန် စစ်သင်္ဘာဟာ မစ်ချိဖ် သဲခုံကျောက်တန်း အနီးအနားအထိရောက်ပါတယ်။ မစ်ချိ ဆိုတာ စပရက်တ်လေ ကျွန်းစု ထဲက သန္တာကျောက်တန်းတစ်ခုဖြစ်ပါတယ်။ အဲဒီနေရာကို ဖိလစ်ပိုင်က ပိုင်ဆိုင်တယ်လို့ ကြေညာထားခဲ့ပေမယ့် တရုတ်က ၁၉၉ဝ ခုနှစ်တွေကတည်းက ထိန်းချုပ်ထားခဲ့ပြီး အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဲဒီ စခန်းမှာ ဒုံးပျံကာကွယ်ရေးလက်နက်တွေ တပ်ဆင်ထားပါတယ်။ အခု အမေရိကန်စစ်သင်္ဘောက အဲဒီနေရာနဲ့ ၂၂ ကီလိုမီတာ (၁၄ မိုင်နီးပါး) လောက်သာဝေးတဲ့နေရာအထိ ချဉ်းကပ်လာတာပါ။ တရုတ်က ဒီလိုလုပ်တာကို ရန်စတဲ့ လုပ်ရပ်လို့မြင်ပါတယ်။

အမေရိကန်က ဒါဟာ လွတ်လပ်စွာရေကြောင်းသွားလာမှု လေ့ကျင့်ခန်းတစ်ခုသာပဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အခုလုပ်တဲ့အချိန်အခါဟာ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက္ကာသီက လော့စ်အိန်ဂျလိစ်မှာ လက်ခံတွေ့ဆုံခဲ့လို့ တရုတ်က အကြီးအကျယ်စိတ်ဆိုးနေတာ မကြာသေးတဲ့ အချိန်အခါလည်းဖြစ်နေပါတယ်။

အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ထိုင်ဝမ်မှာ ပြောခဲ့တာက “ ကျွန်တော်တို့က‌တော့ လုပ်နိုင်တာမှန်သမျှလုပ်မှာပဲ။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့လိုအပ်နေတဲ့ ဒီလက်နက်တွေကို ရောင်းချ ပေးနိုင်ဖို့ ကွန်ဂရက်လွှတ်တော်ကလည်း အပြင်းအထန်ကြိုးစားနေပါတယ်။ ဒါ့အပြင် လက်နက်တွေ အသုံးပြုဖို့ လေ့ကျင့်သင်ကြားပေးမှာလည်းဖြစ်ပါတယ်။ ဒါဟာ စစ်ပွဲအတွက် မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက်ပဲ ဖြစ်ပါတယ်” လို့ ၁၁၈ ကြိမ်မြောက်ကွန်ဂရက်ရဲ့အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ရီပတ်ဘလီကန်အမတ် မိုက်ကယ် မက်ကော ( Michael McCaul) က ပြောခဲ့ပါတယ်။

၄င်းပြောတဲ့ စစ်တပ်ကိုလေ့ကျင့်သင်ကြားပေးတာဟာ စစ်ပွဲအတွက် မဟုတ်၊ ငြိမ်းချမ်းရေး အတွက်ပါ ဆိုတာကို ဖိလစ်ပိုင်ကိစ္စမှာလည်း ပြောတာပါပဲ။
ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုဖွင့်ပွဲမှာ “အခု ၃၈ ကြိမ်မြောက် စစ်လေ့ကျင့်မှုဟာ ပုံမှန်လုပ်နေကျထဲမှာ အကြီးဆုံး ဖြစ်ပြီး၊ ဖိလစ်ပိုင်တပ်မတော်၊ အမေရိကန်နဲ့ သြစတြေးလျကာကွယ်ရေးတပ်အင်အား စုစုပေါင်း ၁၇,၇ဝဝ ပါဝင်ပါ တယ်။ ဒီလေ့ကျင့်မှုက အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်တာဖြစ်ပြီး စွမ်းဆောင်ရည်ကို တိုးမြှင့် ဖို့ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အပြန်အလှန် ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုတိုးမြှင့်ဖို့လည်းဖြစ်ပါတယ်” လို့ ဖိလစ်ပိုင်တပ်မတော် ( AFP) ဒုတိယဗိုလ်ချုပ်ကြီး မာဗင် လီကျုဒင်း က ပြောသွားပါတယ်။

အင်ဒို ပစိဖိတ်ဒေသအတွင်း ကာကွယ်ရေး၊ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်လာနိုင်မှုမှ ကာကွယ်ရေး စတာတွေဟာ အရေးကြီးတဲ့ ပထဝီနိုင်ငံရေးရည်မှန်းချက်တွေပဲလို့ ပြောတာပါ။
တကယ်တော့ ဒါတွေဟာ ပါဝါ ကစားကွက်တွေပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ဒီစစ်ရေးလေ့ကျင့်မှုတွေကို ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ဒီလိုပြောပါတယ်။

“ဒီကစားပွဲတွေက အာရှတိုက်မှာ အမေရိကန်ရဲ့အင်အားကို အထင်ကြီးအောင်လုပ်တာပါ။ ဒါက ဖိလစ်ပိုင်ကို ကာကွယ်ဖို့ မဟုတ်ပါဘူး။ ဒါဟာ ဖိလစ်ပိုင်ရဲ့ ခေတ်မီတိုးတက်ရေးကို ကူညီဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ သူတို့ တကယ်ရည်ရွယ်တာက အမေရိကန်ရဲ့အင်အားကို ထုတ်ဖော်ပြသဖို့ပါ။ စစ်တိုက်ဖို့ပြင်ဆင်နေတာပါ။ အဲဒီတော့ ဒီစစ်ကစားပွဲတွေပြီးရင် ဘာဖြစ်လာမလဲ၊ ပဋိပက္ခပိုကြီးလာဖို့ အမေရိကန်က မျှော်မှန်းနေတာပါ။ ဒါကြောင့် ကျွန်တော်တို့မှာ စစ်စခန်းတွေ ပိုများလာမယ်။ တကယ်တန်းကျတော့ ဖိလစ်ပိုင်ကို အဲဒီပဋိပက္ခနွံထဲကို ဆွဲချသွား ပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ အကျိုးစီးပွားမဟုတ်ပါဘူး။”
အမေရိကန်ဟာ ဒီနှစ် ဖေဖော်ဝါရီလကတည်းက ဖိလစ်ပိုင်မှာ စစ်စခန်းတွေ တည်ဆောက်နေပါတယ်။ စုစုပေါင်း စခန်း ၄ ခု တိုးဆောက်တာပါ။ ဒါကြောင့် အခုဆိုရင် ဖိလစ်ပိုင်မှာ အမေရိကန် စစ်စခန်းပေါင်း ကိုးခု ရှိနေပါပြီ။ စခန်း အသစ် ၃ ခုက မြောက်ပိုင်း လူဇုန်ကျွန်းမှာပါ။ စခန်းသစ်တစ်ခုက ထိုင်ဝမ်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။ စခန်းအသစ်တစ်ခုကတော့ စပရက်တ်လေကျွန်းတွေနဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ်။

အမေရိကန်စစ်အခြေစိုက်စခန်းတွေက အမေရိကန်အတွက်ရော၊ ဖိလစ်ပိုင်အတွက်ပါ အကျိုးရှိပါတယ်။ ဖိလစ်ပိုင် အတွက် အကျိုးရှိပုံက ဒီစပရက်တ်လေကျွန်းတွေဟာ ဖိလစ်ပိုင်‌နိုင်ငံရဲ့ စီးပွားရေးဇုံရေပြင်ရဲ့ အပြင်ဘက်မှာ တည်ရှိနေတာပါ။ ဒီကျွန်းတွေကို တရုတ်က သူပိုင်ပါတယ်လို့ ကြေညာတဲ့အတွက် ဖိလစ်ပိုင်နဲ့ အငြင်းပွားနေပါ တယ်။ ဒါကြောင့် ဒီပတ်ဝန်းကျင်မှာ အမေရိကန်စစ်တပ်တွေရှိနေခြင်းက တရုတ်ကို သိပ်လက်ရဲဇက်ရဲဖြစ်မလာ အောင် ဟန့်တားထားနိုင်ပါတယ်။

အမေရိကန်အတွက် အကျိုးရှိပုံက တရုတ်နဲ့ လက်တကမ်းမှာတည်ရှိတဲ့အတွက် တိုက်ခိုက်မယ်ဆိုရင် အဝေးကြီး ကနေလာစရာမလိုတော့ဘဲ၊ စစ်လက်နက်ပစ္စည်းတွေကိုလည်း အသင့်စုဆောင်းထားပြီး အမြဲအဆင်သင့်ပြင်ထား နိုင်လို့ပါ။

တရုတ်ကတော့ ဒီအတွက် သိပ်ပူပန်ပုံမရပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောက်နင် ( Mao Ning) က ဧပြီလ ၄ ရက်က ပြောဆိုရာမှာ “အချက်အလက်တွေက သိပ်ကိုရှင်းလင်းပါတယ်။ တဖက်သတ် အနိုင်ရလိုစိတ်အခံ (အပြုတ်တိုက်ရေးစိတ်ဓါတ်) ကလာတဲ့ ကိုယ်ကျိုးကြည့်ဝါဒကို အမေရိကန်က ဆက်လက် ထိန်းသိမ်းထားတာဖြစ်ပြီး၊ ဒေသတွင်းမှာ သူ့ရဲ့စစ်အင်အားကိုတိုးချဲ့ဖြန့်ကျက်ထားရေးပါပဲ။ ရလာဒ်ကတော့ မလွှဲ မ‌ရှောင်သာဘဲ စစ်ရေးတင်းမာမှုတွေ ပိုတိုးလာပြီး၊ ဒေသရဲ့တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေပါလိမ့်မယ်။ ဒါကြောင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ ဘယ်ဟာက ပိုမိုသင့်လျော်မလဲ၊ ဘယ်ဟာက အပြန်အလှန် နှစ်ဦး နှစ်ဖက် အကျိုးရှိစေမလဲဆိုတာ လေးလေးနက်နက်စဥ်းစားသင့်ပါတယ်” လို့ ပြောသွားပါတယ်။

တရုတ်အနေနဲ့ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့နယ်မြေကို တိုက်ခိုက်လုယူပြီးရန်လိုတဲ့အနေအထားကြောင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ရန်ဘက်တွေဖြစ်လာနေပါတယ်။ ဒါကို အိန္ဒိယကလည်း သိပါတယ်။ ဂျပန်ကလည်း သိပါတယ်။ အလားတူ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကလည်း သိပါတယ်။ ဒါကြောင့် ဒါကို အမေရိကန်က အခွင့်ကောင်းယူပြီး တရုတ်နဲ့မတည့်တဲ့နိုင်ငံတွေကို မဟာမိတ်ဖွဲ့ကာ စစ်ရေး‌လေ့ကျင့်ခန်းတွေလုပ်၊ ရေတပ်အင်အားတွေ လှုပ်ရှားပြ လုပ်နေတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်အနေနဲ့ သူ့ရဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုတဲ့ ပါဝါကို ခြိမ်းခြောက်လာနိုင်ဆုံးသူက တရုတ်နိုင်ငံပဲလို့ ရှုမြင်နေလို့ပါ။ ဒါကြောင့် အမေရိကန်က တရုတ်ရဲ့သြဇာကို ကန့်သတ်လိုနေပါတယ်။

ဒါကြောင့်လည်း တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံတွေက အမေရိကန်ရဲ့ စစ်အင်အားဖြန့်ကျက်မှုမှာ လက်တွဲ ပါဝင် လိုကြ တာဖြစ်ပါတယ်။ တရုတ်ရဲ့ဒေသတွင်းအနိုင်ကျင့်မှုကို ရင်ဆိုင်နှိုင်ဖို့အတွက် သူ့ထက်ပိုကြီးတဲ့ အနိုင်ကျင့်သူနဲ့ ပေါင်းထားမှသာ တရုတ်နဂါးကြီးကို ထိန်းနိုင်လိမ့်မယ်လို့ စဉ်းစားကြတာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ပရမတ္တ ကိုမောင်ဘ ရေးသည်။
ရည်ညွှန်း - US Flexes Military Might In Asia: How Will China Respond? | Vantage with Palki Sharma

Zawgyi Version;

“ေတာင္တ႐ုတ္ပင္လယ္ထဲက ပထဝီႏိုင္ငံေရး” (ဘာသာျပန္ေဆာင္းပါး)
ပရမတၱ ကိုေမာင္ဘ (NP News) – ဧၿပီ ၁၅

အေမရိကန္က တ႐ုတ္ကို မထိခလုတ္ထိခလုတ္ ရန္စေနပါတယ္။ ပထမ တစ္ခုက ဒီတပတ္ထဲမွာပဲ ဖိလစ္ပိုင္နဲ႔ ပူးတြဲၿပီး စစ္ေရးေလ့က်င့္မႈလုပ္တာပါ။ ဒါက ႏွစ္စဥ္လုပ္ေနက်ဆိုေပမယ့္ ဒီတစ္ခါလုပ္တာက အရင္လုပ္ေနက် စစ္ေရးေလ့က်င့္မႈေတြထက္ ပိုႀကီးပါတယ္။ အာရွမွာရွိတဲ့ အေမရိကန္ရဲ႕စစ္အင္အားကိုျပတဲ့ အႀကီးဆုံးပြဲ လို႔ ဆိုႏိုင္ ပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ တ႐ုတ္ႏိုင္ငံကို လွန႔္တဲ့သေဘာပါပဲ။
ဒုတိယ တစ္ခုကေတာ့ ဖ်က္သေဘၤာတစ္စီးကို တ႐ုတ္နဲ႔ ဖိလစ္ပိုင္အၾကား အျငင္းပြားေနတဲ့ ေရျပင္အနီးကို ေစလႊတ္လိုက္တာပါ။ ဒီဖ်က္သေဘၤာဟာ အေမရိကန္ အမွတ္(၇) ေရတပ္က ပဲ့ထိန္းဒုံးပ်ံတပ္ဆင္ထားတဲ့ ဖ်က္သေဘၤာ USS Milius ယူအက္စ္အက္စ္ မီးလီးယပ္စ္ ျဖစ္ပါတယ္။ ဒီေရျပင္က ပီကင္းကေရာ မနီလာကပါ သူတို႔ပိုင္ပါတယ္လို႔ ေၾကညာထားၾကတဲ့ စပရက္တ္ေလ ကြၽန္းေတြအနီးက ေရျပင္ျဖစ္ပါတယ္။ ဒီအေမရိကန္ စစ္သဘၤာဟာ မစ္ခ်ိဖ္ သဲခုံေက်ာက္တန္း အနီးအနားအထိေရာက္ပါတယ္။ မစ္ခ်ိ ဆိုတာ စပရက္တ္ေလ ကြၽန္းစု ထဲက သႏၲာေက်ာက္တန္းတစ္ခုျဖစ္ပါတယ္။ အဲဒီေနရာကို ဖိလစ္ပိုင္က ပိုင္ဆိုင္တယ္လို႔ ေၾကညာထားခဲ့ေပမယ့္ တ႐ုတ္က ၁၉၉ဝ ခုႏွစ္ေတြကတည္းက ထိန္းခ်ဳပ္ထားခဲ့ၿပီး အေျခစိုက္စခန္းတစ္ခု တည္ေဆာက္ခဲ့ပါတယ္။ အဲဒီ စခန္းမွာ ဒုံးပ်ံကာကြယ္ေရးလက္နက္ေတြ တပ္ဆင္ထားပါတယ္။ အခု အေမရိကန္စစ္သေဘၤာက အဲဒီေနရာနဲ႔ ၂၂ ကီလိုမီတာ (၁၄ မိုင္နီးပါး) ေလာက္သာေဝးတဲ့ေနရာအထိ ခ်ဥ္းကပ္လာတာပါ။ တ႐ုတ္က ဒီလိုလုပ္တာကို ရန္စတဲ့ လုပ္ရပ္လို႔ျမင္ပါတယ္။

အေမရိကန္က ဒါဟာ လြတ္လပ္စြာေရေၾကာင္းသြားလာမႈ ေလ့က်င့္ခန္းတစ္ခုသာပဲျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါေပမဲ့ အခုလုပ္တဲ့အခ်ိန္အခါဟာ ထိုင္ဝမ္သမၼတ ဆိုင္အင္ဝမ္းကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ကီဗင္ မကၠာသီက ေလာ့စ္အိန္ဂ်လိစ္မွာ လက္ခံေတြ႕ဆုံခဲ့လို႔ တ႐ုတ္က အႀကီးအက်ယ္စိတ္ဆိုးေနတာ မၾကာေသးတဲ့ အခ်ိန္အခါလည္းျဖစ္ေနပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာေကာ္မတီဥကၠ႒ ထိုင္ဝမ္မွာ ေျပာခဲ့တာက “ ကြၽန္ေတာ္တို႔က‌ေတာ့ လုပ္ႏိုင္တာမွန္သမွ်လုပ္မွာပဲ။ ခင္ဗ်ားတို႔ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို႔လိုအပ္ေနတဲ့ ဒီလက္နက္ေတြကို ေရာင္းခ် ေပးႏိုင္ဖို႔ ကြန္ဂရက္လႊတ္ေတာ္ကလည္း အျပင္းအထန္ႀကိဳးစားေနပါတယ္။ ဒါ့အျပင္ လက္နက္ေတြ အသုံးျပဳဖို႔ ေလ့က်င့္သင္ၾကားေပးမွာလည္းျဖစ္ပါတယ္။ ဒါဟာ စစ္ပြဲအတြက္ မဟုတ္ဘဲ ၿငိမ္းခ်မ္းေရးအတြက္ပဲ ျဖစ္ပါတယ္” လို႔ ၁၁၈ ႀကိမ္ေျမာက္ကြန္ဂရက္ရဲ႕ေအာက္လႊတ္ေတာ္ႏိုင္ငံျခားေရးရာေကာ္မတီဥကၠ႒ ရီပတ္ဘလီကန္အမတ္ မိုက္ကယ္ မက္ေကာ ( Michael McCaul) က ေျပာခဲ့ပါတယ္။

၄င္းေျပာတဲ့ စစ္တပ္ကိုေလ့က်င့္သင္ၾကားေပးတာဟာ စစ္ပြဲအတြက္ မဟုတ္၊ ၿငိမ္းခ်မ္းေရး အတြက္ပါ ဆိုတာကို ဖိလစ္ပိုင္ကိစၥမွာလည္း ေျပာတာပါပဲ။
ဖိလစ္ပိုင္ စစ္ေရးေလ့က်င့္မႈဖြင့္ပြဲမွာ “အခု ၃၈ ႀကိမ္ေျမာက္ စစ္ေလ့က်င့္မႈဟာ ပုံမွန္လုပ္ေနက်ထဲမွာ အႀကီးဆုံး ျဖစ္ၿပီး၊ ဖိလစ္ပိုင္တပ္မေတာ္၊ အေမရိကန္နဲ႔ ၾသစေၾတးလ်ကာကြယ္ေရးတပ္အင္အား စုစုေပါင္း ၁၇,၇ဝဝ ပါဝင္ပါ တယ္။ ဒီေလ့က်င့္မႈက အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈကို တည္ေဆာက္တာျဖစ္ၿပီး စြမ္းေဆာင္ရည္ကို တိုးျမႇင့္ ဖို႔ ျဖစ္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ နယ္ေျမတည္တံ့ခိုင္ၿမဲေရးနဲ႔ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို အျပန္အလွန္ ကာကြယ္ဖို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကိုတိုးျမႇင့္ဖို႔လည္းျဖစ္ပါတယ္” လို႔ ဖိလစ္ပိုင္တပ္မေတာ္ ( AFP) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မာဗင္ လီက်ဳဒင္း က ေျပာသြားပါတယ္။

အင္ဒို ပစိဖိတ္ေဒသအတြင္း ကာကြယ္ေရး၊ ထိုင္ဝမ္ကို တ႐ုတ္က က်ဴးေက်ာ္တိုက္ခိုက္လာႏိုင္မႈမွ ကာကြယ္ေရး စတာေတြဟာ အေရးႀကီးတဲ့ ပထဝီႏိုင္ငံေရးရည္မွန္းခ်က္ေတြပဲလို႔ ေျပာတာပါ။
တကယ္ေတာ့ ဒါေတြဟာ ပါဝါ ကစားကြက္ေတြပဲ ျဖစ္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံက ဒီစစ္ေရးေလ့က်င့္မႈေတြကို ဆန႔္က်င္ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ဒီလိုေျပာပါတယ္။

“ဒီကစားပြဲေတြက အာရွတိုက္မွာ အေမရိကန္ရဲ႕အင္အားကို အထင္ႀကီးေအာင္လုပ္တာပါ။ ဒါက ဖိလစ္ပိုင္ကို ကာကြယ္ဖို႔ မဟုတ္ပါဘူး။ ဒါဟာ ဖိလစ္ပိုင္ရဲ႕ ေခတ္မီတိုးတက္ေရးကို ကူညီဖို႔ ရည္႐ြယ္တာမဟုတ္ပါဘူး။ သူတို႔ တကယ္ရည္႐ြယ္တာက အေမရိကန္ရဲ႕အင္အားကို ထုတ္ေဖာ္ျပသဖို႔ပါ။ စစ္တိုက္ဖို႔ျပင္ဆင္ေနတာပါ။ အဲဒီေတာ့ ဒီစစ္ကစားပြဲေတြၿပီးရင္ ဘာျဖစ္လာမလဲ၊ ပဋိပကၡပိုႀကီးလာဖို႔ အေမရိကန္က ေမွ်ာ္မွန္းေနတာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔မွာ စစ္စခန္းေတြ ပိုမ်ားလာမယ္။ တကယ္တန္းက်ေတာ့ ဖိလစ္ပိုင္ကို အဲဒီပဋိပကၡႏြံထဲကို ဆြဲခ်သြား ပါလိမ့္မယ္။ ဒါဟာ ကြၽန္ေတာ္တို႔ အက်ိဳးစီးပြားမဟုတ္ပါဘူး။”
အေမရိကန္ဟာ ဒီႏွစ္ ေဖေဖာ္ဝါရီလကတည္းက ဖိလစ္ပိုင္မွာ စစ္စခန္းေတြ တည္ေဆာက္ေနပါတယ္။ စုစုေပါင္း စခန္း ၄ ခု တိုးေဆာက္တာပါ။ ဒါေၾကာင့္ အခုဆိုရင္ ဖိလစ္ပိုင္မွာ အေမရိကန္ စစ္စခန္းေပါင္း ကိုးခု ရွိေနပါၿပီ။ စခန္း အသစ္ ၃ ခုက ေျမာက္ပိုင္း လူဇုန္ကြၽန္းမွာပါ။ စခန္းသစ္တစ္ခုက ထိုင္ဝမ္နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ တည္ရွိပါတယ္။ စခန္းအသစ္တစ္ခုကေတာ့ စပရက္တ္ေလကြၽန္းေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာရွိပါတယ္။

အေမရိကန္စစ္အေျခစိုက္စခန္းေတြက အေမရိကန္အတြက္ေရာ၊ ဖိလစ္ပိုင္အတြက္ပါ အက်ိဳးရွိပါတယ္။ ဖိလစ္ပိုင္ အတြက္ အက်ိဳးရွိပုံက ဒီစပရက္တ္ေလကြၽန္းေတြဟာ ဖိလစ္ပိုင္‌ႏိုင္ငံရဲ႕ စီးပြားေရးဇုံေရျပင္ရဲ႕ အျပင္ဘက္မွာ တည္ရွိေနတာပါ။ ဒီကြၽန္းေတြကို တ႐ုတ္က သူပိုင္ပါတယ္လို႔ ေၾကညာတဲ့အတြက္ ဖိလစ္ပိုင္နဲ႔ အျငင္းပြားေနပါ တယ္။ ဒါေၾကာင့္ ဒီပတ္ဝန္းက်င္မွာ အေမရိကန္စစ္တပ္ေတြရွိေနျခင္းက တ႐ုတ္ကို သိပ္လက္ရဲဇက္ရဲျဖစ္မလာ ေအာင္ ဟန႔္တားထားႏိုင္ပါတယ္။

အေမရိကန္အတြက္ အက်ိဳးရွိပုံက တ႐ုတ္နဲ႔ လက္တကမ္းမွာတည္ရွိတဲ့အတြက္ တိုက္ခိုက္မယ္ဆိုရင္ အေဝးႀကီး ကေနလာစရာမလိုေတာ့ဘဲ၊ စစ္လက္နက္ပစၥည္းေတြကိုလည္း အသင့္စုေဆာင္းထားၿပီး အၿမဲအဆင္သင့္ျပင္ထား ႏိုင္လို႔ပါ။

တ႐ုတ္ကေတာ့ ဒီအတြက္ သိပ္ပူပန္ပုံမရပါဘူး။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေမာက္နင္ ( Mao Ning) က ဧၿပီလ ၄ ရက္က ေျပာဆိုရာမွာ “အခ်က္အလက္ေတြက သိပ္ကိုရွင္းလင္းပါတယ္။ တဖက္သတ္ အႏိုင္ရလိုစိတ္အခံ (အျပဳတ္တိုက္ေရးစိတ္ဓါတ္) ကလာတဲ့ ကိုယ္က်ိဳးၾကည့္ဝါဒကို အေမရိကန္က ဆက္လက္ ထိန္းသိမ္းထားတာျဖစ္ၿပီး၊ ေဒသတြင္းမွာ သူ႔ရဲ႕စစ္အင္အားကိုတိုးခ်ဲ႕ျဖန႔္က်က္ထားေရးပါပဲ။ ရလာဒ္ကေတာ့ မလႊဲ မ‌ေရွာင္သာဘဲ စစ္ေရးတင္းမာမႈေတြ ပိုတိုးလာၿပီး၊ ေဒသရဲ႕တည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစပါလိမ့္မယ္။ ဒါေၾကာင့္ ေဒသတြင္းႏိုင္ငံေတြအေနနဲ႔ ဘယ္ဟာက ပိုမိုသင့္ေလ်ာ္မလဲ၊ ဘယ္ဟာက အျပန္အလွန္ ႏွစ္ဦး ႏွစ္ဖက္ အက်ိဳးရွိေစမလဲဆိုတာ ေလးေလးနက္နက္စဥ္းစားသင့္ပါတယ္” လို႔ ေျပာသြားပါတယ္။

တ႐ုတ္အေနနဲ႔ သူ႔ရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕နယ္ေျမကို တိုက္ခိုက္လုယူၿပီးရန္လိုတဲ့အေနအထားေၾကာင့္ အိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔ ရန္ဘက္ေတြျဖစ္လာေနပါတယ္။ ဒါကို အိႏၵိယကလည္း သိပါတယ္။ ဂ်ပန္ကလည္း သိပါတယ္။ အလားတူ ဖိလစ္ပိုင္နဲ႔ ဗီယက္နမ္တို႔ကလည္း သိပါတယ္။ ဒါေၾကာင့္ ဒါကို အေမရိကန္က အခြင့္ေကာင္းယူၿပီး တ႐ုတ္နဲ႔မတည့္တဲ့ႏိုင္ငံေတြကို မဟာမိတ္ဖြဲ႕ကာ စစ္ေရး‌ေလ့က်င့္ခန္းေတြလုပ္၊ ေရတပ္အင္အားေတြ လႈပ္ရွားျပ လုပ္ေနတာပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့ အေမရိကန္အေနနဲ႔ သူ႔ရဲ႕ကမာၻ႔အင္အားႀကီးႏိုင္ငံဆိုတဲ့ ပါဝါကို ၿခိမ္းေျခာက္လာႏိုင္ဆုံးသူက တ႐ုတ္ႏိုင္ငံပဲလို႔ ရႈျမင္ေနလို႔ပါ။ ဒါေၾကာင့္ အေမရိကန္က တ႐ုတ္ရဲ႕ၾသဇာကို ကန႔္သတ္လိုေနပါတယ္။

ဒါေၾကာင့္လည္း တ႐ုတ္ရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြက အေမရိကန္ရဲ႕ စစ္အင္အားျဖန႔္က်က္မႈမွာ လက္တြဲ ပါဝင္ လိုၾက တာျဖစ္ပါတယ္။ တ႐ုတ္ရဲ႕ေဒသတြင္းအႏိုင္က်င့္မႈကို ရင္ဆိုင္ႏႈိင္ဖို႔အတြက္ သူ႔ထက္ပိုႀကီးတဲ့ အႏိုင္က်င့္သူနဲ႔ ေပါင္းထားမွသာ တ႐ုတ္နဂါးႀကီးကို ထိန္းႏိုင္လိမ့္မယ္လို႔ စဥ္းစားၾကတာျဖစ္ေၾကာင္း တင္ျပလိုက္ရပါတယ္။

ပရမတၱ ကိုေမာင္ဘ ေရးသည္။
ရည္ၫႊန္း - US Flexes Military Might In Asia: How Will China Respond? | Vantage with Palki Sharma

Related news

© 2021. All rights reserved.