SME နှစ်ဆင့် ချေးငွေစီမံကိန်းမှ လုပ်ငန်းရှင်ပေါင်း (၂၁ဝဝ) ကျော်ကို ချေးငွေကျပ်(၄ဝဝ) ဘီလျံနီးပါး ထုတ်ချေးထား

533

ယွန်း (NP News) – ဧပြီ ၂၁
SME နှစ်ဆင့်ချေးငွေစီမံကိန်းမှ လုပ်ငန်းရှင်ပေါင်း (၂၁ဝဝ)ကျော်ကို ချေးငွေကျပ်(၄ဝဝ)ဘီလျံနီးပါး ထုတ်ချေးထားကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဧပြီ(၂၀)ရက်တွင် နေပြည်တော်ရှိ ဝန်ကြီး ဌာန၏ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပခဲ့သည့်ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ် သည်။
နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်တို့တွင် ဂျပန်နိုင်ငံမှ ရရှိခဲ့သော SME Tow Step Loan များကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးမှ ဆိုထားသည်။
မြန်မာနိုင်ငံတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သော ငွေကြေး ထောက်ပံ့မှုများကို ကူညီနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်(၁)နှင့် အဆင့်(၂)တို့ကို ပြီးခဲ့သည့် (၂ဝ၁၆) ခုနှစ်မှစ၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းများအရ MSME လုပ်ငန်းများသို့ ချေးငွေများထုတ်ချေးပေးခဲ့ပြီး SME လုပ်ငန်းရှင်တစ်ဦးလျှင် ချေးငွေကျပ် သန်း(၅ဝဝ) အထိကို အရစ်ကျစနစ်ဖြင့် ထုတ်ချေးခဲ့ကြောင်း သိရသည်။
စီမံကိန်းအဆင့်(၁)ကို (၂ဝ၁၆)ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ငွေကျပ် (၅၇ ဒသမ ၆၃၄) ဘီလျံဖြင့် မတည် ဆောင်ရွက်ခဲ့ပြီး (၂ဝ၂၃) ခုနှစ်၊ မတ်လကုန်အထိ SME လုပ်ငန်းရှင် (၅၅၃)ဦးသို့ ချေးငွေကျပ် (၁၂၄) ဒသမ (၇၇၈) ဘီလျံ ထုတ်ချေးပြီးဖြစ်ကြောင်း ဒုဝန်ကြီးမှ ဆိုသည်။
အဆိုပါစီမံကိန်းကို ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် အပါအဝင် ဘဏ်(၆)ဘဏ်မှတဆင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အလားတူ စီမံကိန်းအဆင့်(၂)ကို (၂ဝ၁၈)ခုနှစ်၊ စက်တင်ဘာလတွင် အကောင်အထည်ဖော်ခဲ့ပြီး ဘဏ် (၁၁) ဘဏ် မှတဆင့် ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်၊ မတ်လအထိ SME လုပ်ငန်းရှင် (၁၅၉၅)ဦးကို ချေးငွေကျပ် (၂၇၅ ဒသမ ဝ၁၁) ဘီလျံ ထုတ်ချေးထားကြောင်း သိရသည်။
သို့ဖြစ်၍ SME နှစ်ဆင့်ချေးငွေစီမံကိန်းမှ လုပ်ငန်းရှင် (၂၁၄၈)ဦးကို ချေးငွေကျပ် (၃၉၉ ဒသမ ၇၈၉) ဘီလျံ ထုတ်ချေးထားကြောင်း သိရသည်။

Zawgyi Version;
SME ႏွစ္ဆင့္ ေခ်းေငြစီမံကိန္းမွ လုပ္ငန္းရွင္ေပါင္း (၂၁ဝဝ) ေက်ာ္ကို ေခ်းေငြက်ပ္(၄ဝဝ) ဘီလ်ံနီးပါး ထုတ္ေခ်းထား
ယြန္း (NP News) – ဧၿပီ ၂၁
SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္းမွ လုပ္ငန္းရွင္ေပါင္း (၂၁ဝဝ)ေက်ာ္ကို ေခ်းေငြက်ပ္(၄ဝဝ)ဘီလ်ံနီးပါး ထုတ္ေခ်းထား ေၾကာင္း သိရသည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ဧၿပီ(၂၀)ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီး ဌာန၏ ျပည္ေထာင္စုဝန္ႀကီး႐ုံး၌ က်င္းပခဲ့သည့္ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္ သည္။
ႏိုင္ငံေတာ္အေနျဖင့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား (MSMEs) ဖြံ႕ၿဖိဳးတိုးတက္ ေစရန္အတြက္ လိုအပ္ေသာေငြေၾကးေထာက္ပံ့မႈမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ၂ဝ၁၅- ၂ဝ၁၆ ဘ႑ာႏွစ္ႏွင့္ ၂ဝ၁၈- ၂ဝ၁၉ ဘ႑ာႏွစ္တို႔တြင္ ဂ်ပန္ႏိုင္ငံမွ ရရွိခဲ့ေသာ SME Tow Step Loan မ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း ဒုဝန္ႀကီးမွ ဆိုထားသည္။
ျမန္မာႏိုင္ငံတြင္ MSMEs လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္မွ လိုအပ္ေသာ ေငြေၾကး ေထာက္ပံ့မႈမ်ားကို ကူညီႏိုင္ရန္ SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္း အဆင့္(၁)ႏွင့္ အဆင့္(၂)တို႔ကို ၿပီးခဲ့သည့္ (၂ဝ၁၆) ခုႏွစ္မွစ၍ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။
အဆိုပါ စီမံကိန္းမ်ားအရ MSME လုပ္ငန္းမ်ားသို႔ ေခ်းေငြမ်ားထုတ္ေခ်းေပးခဲ့ၿပီး SME လုပ္ငန္းရွင္တစ္ဦးလွ်င္ ေခ်းေငြက်ပ္ သန္း(၅ဝဝ) အထိကို အရစ္က်စနစ္ျဖင့္ ထုတ္ေခ်းခဲ့ေၾကာင္း သိရသည္။
စီမံကိန္းအဆင့္(၁)ကို (၂ဝ၁၆)ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ေငြက်ပ္ (၅၇ ဒသမ ၆၃၄) ဘီလ်ံျဖင့္ မတည္ ေဆာင္႐ြက္ခဲ့ၿပီး (၂ဝ၂၃) ခုႏွစ္၊ မတ္လကုန္အထိ SME လုပ္ငန္းရွင္ (၅၅၃)ဦးသို႔ ေခ်းေငြက်ပ္ (၁၂၄) ဒသမ (၇၇၈) ဘီလ်ံ ထုတ္ေခ်းၿပီးျဖစ္ေၾကာင္း ဒုဝန္ႀကီးမွ ဆိုသည္။
အဆိုပါစီမံကိန္းကို ဧရာဝတီဘဏ္၊ ကေမာၻဇဘဏ္ႏွင့္ သမဝါယမဘဏ္ အပါအဝင္ ဘဏ္(၆)ဘဏ္မွတဆင့္ ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္သည္။
အလားတူ စီမံကိန္းအဆင့္(၂)ကို (၂ဝ၁၈)ခုႏွစ္၊ စက္တင္ဘာလတြင္ အေကာင္အထည္ေဖာ္ခဲ့ၿပီး ဘဏ္ (၁၁) ဘဏ္ မွတဆင့္ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္၊ မတ္လအထိ SME လုပ္ငန္းရွင္ (၁၅၉၅)ဦးကို ေခ်းေငြက်ပ္ (၂၇၅ ဒသမ ဝ၁၁) ဘီလ်ံ ထုတ္ေခ်းထားေၾကာင္း သိရသည္။
သို႔ျဖစ္၍ SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္းမွ လုပ္ငန္းရွင္ (၂၁၄၈)ဦးကို ေခ်းေငြက်ပ္ (၃၉၉ ဒသမ ၇၈၉) ဘီလ်ံ ထုတ္ေခ်းထားေၾကာင္း သိရသည္။