သန်လျင်မြို့နယ်တွင် ကွမ်းယာရောင်းသော အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

 2967

Pearl (NP News) - ဧပြီ ၂၁

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ကွမ်းယာရောင်းသောအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်မှ NP Newsကို ပြောသည်။

ဖြစ်စ‌ဉ်မှာ ယမန်နေ့ (ဧပြီ ၂ဝ ရက်)၊ ည (၇)နာရီခွဲအချိန်ခန့်တွင် သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းဘေး၊ အောင်ချမ်းသာကုန်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ မြတ်လေးလမ်းသစ်တွင်နေထိုင်သော ကိုထွန်းဦးကျော်(၃၇)နှစ်သည် အဆိုပါအောင်းချမ်းသာကုန်းထိပ်ရှိ "ကျော်ထက်" ကွမ်းယာဆိုင်တွင် ကွမ်းယာရောင်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ကိုထွန်းဦးကျော်(၃၇)နှစ်သည် ကွမ်းယာရောင်းနေစဉ် အမျိုးသားတစ်ဦး ဘေးတွဲဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းအား သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ကိုထွန်းဦးကျော် တွင် နဖူး၊ ယာမေး၊ ယာညှပ်ရိုးနှင့် ယာလက်မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

Zawgyi Version;
သန္လ်င္ၿမိဳ႕နယ္တြင္ ကြမ္းယာေရာင္းေသာ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
Pearl (NP News) - ဧၿပီ ၂၁

ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္တြင္ ကြမ္းယာေရာင္းေသာအမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္မွ NP Newsကို ေျပာသည္။

ျဖစ္စ‌ဥ္မွာ ယမန္ေန႔ (ဧၿပီ ၂ဝ ရက္)၊ ည (၇)နာရီခြဲအခ်ိန္ခန႔္တြင္ သန္လ်င္ၿမိဳ႕နယ္၊ ေအာင္ခ်မ္းသာရပ္ကြက္၊ က်ိဳက္ေခါက္ဘုရားလမ္းေဘး၊ ေအာင္ခ်မ္းသာကုန္းထိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သန္လ်င္ၿမိဳ႕နယ္၊ ေညာင္သုံးပင္ေက်း႐ြာ၊ ျမတ္ေလးလမ္းသစ္တြင္ေနထိုင္ေသာ ကိုထြန္းဦးေက်ာ္(၃၇)ႏွစ္သည္ အဆိုပါေအာင္းခ်မ္းသာကုန္းထိပ္ရွိ "ေက်ာ္ထက္" ကြမ္းယာဆိုင္တြင္ ကြမ္းယာေရာင္းေနစဥ္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ေသဆုံးသူ ကိုထြန္းဦးေက်ာ္(၃၇)ႏွစ္သည္ ကြမ္းယာေရာင္းေနစဥ္ အမ်ိဳးသားတစ္ဦး ေဘးတြဲဆိုင္ကယ္ျဖင့္ ေရာက္ရွိလာခဲ့ၿပီး ၎အား ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆိုသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ကိုထြန္းဦးေက်ာ္ တြင္ နဖူး၊ ယာေမး၊ ယာညႇပ္႐ိုးႏွင့္ ယာလက္ေမာင္းတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။

Picture

L Mone

22/04/2023 21:24

သံလျင်က အသံထွက်လှချည်လား

Related news

© 2021. All rights reserved.