ဆီးရီးယားရှိ ရုရှားပစ်မှတ်များနဲ့ ဝက်ဂ်နာတို့ကို တစ်ဖက်လှည့်တိုက်ခိုက်ဖို့ ယူကရိန်းက စီစဉ်ခဲ့ကြောင်း ပင်တဂွန် ပေါက်ကြား

 1550

ဂျန်ဇက် (NP News) - ဧပြီ ၂၃

ယူကရိန်းစစ်ထောက်လှမ်းရေးယူနစ်ဟာ ဒေသတွင်း ကာ့ဒ်စစ်သွေးကြွတို့ရဲ့အကူအညီကို ရယူပြီး ဆီးရီးယားနိုင်ငံ အတွင်းမှာ ရှိနေတဲ့ ရုရှားပစ်မှတ်များနဲ့ “ဝက်ဂ်နာပုဂ္ဂလိက စစ်အုပ်စု” တို့ကို တစ်ဖက်လှည့်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ဖူး ကြောင်း ပေါက်ကြားလာတဲ့ အမေရိကန်ပင်တဂွန် ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတစ်ခုမှာ ဖော်ပြထားတယ်လို့ ဗြိတိန်အခြေစိုက် The Telegraph က ယမန်နေ့ ရေးသားပါတယ်။

အဲဒီအစီအစဉ်အရ ယူကရိန်းအရာရှိတွေဟာ ရုရှားတပ်များနဲ့ ၀က်ဂ်နာကြေးစားစစ်အုပ်စုတို့ကို ဒရုန်းများအသုံးပြု ပြီး တိုက်ခိုက်ဖို့အတွက် ယခင် အမေရိကန်လေ့ကျင့်လက်နက်တပ်ဆင်ပေးခဲ့တဲ့ “ဆီးရီးယား ဒီမိုကရက်တစ်တပ်” ကာ့ဒ်တပ်ဖွဲ့ဝင်တို့ကို ထောက်ပံ့ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ ဖြစ်နိုင်သော ပစ်မှတ်များမှာ ဆီးရီးယားရှိ ရုရှားရဲ့ “လာတာကီယာ” အဓိက စစ်အခြေစိုက်စခန်း၊ ဒမတ်စကတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဝက်ဂ်နာကင်းစခန်းများ၊ လေယာဉ်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဆီးရီးယားအစိုးရနယ်မြေအတွင်းရှိ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့တွင်းများ ပါဝင်ဖွယ်ရှိပါတယ်။

တကယ်တော့ အဲဒီကာ့ဒ်စစ်သွေးကြွတွေဟာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ရှိ ပြည်သူ့စစ်များနဲ့ လူမျိုးစုသူပုန်များဖြစ်ပါတယ်။ ကာ့ဒ်-အာရပ်-အာရှူရီ/ဆီးရီးယန်းတို့ကို အဓိကထားပြီး အာမေးနီးယန်း-တာ့ခ်မင်နဲ့ ချေချင်းလူမျိုး အနည်းငယ်ပါဝင်ပါတယ်။ အဲဒီလက်နက်ကိုင်များဟာ သမ္မတ တေရစ် အာဒိုဂန်ရဲ့တူရကီနိုင်ငံမှ ခွဲထွက်ရေး “ကာ့ဒ်ပြည်သူ့ကာကွယ်ရေးယူနစ် (YPG)” တို့က စစ်ရေးအရ ဦးဆောင်နေပါ တယ်။

တူရကီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ YGP တို့နဲ့ တစ်သားတည်းဖြစ်နေသူ ကာ့ဒ်စစ်သွေးကြွ တွေကို အသုံးချမယ့် ယူကရိန်းရဲ့အစီအစဉ်ဟာ အလွန်အန္တရာယ်များပြီး ရှလွယ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

လက်ရှိ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမြို့များကို သိမ်းယူပြီး ကိယက်ဗ်တပ်များကို အဓိက ထိုးနှက် တိုက်ခိုက်နေသူများအနက် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ တရားမဝင် စစ်တပ်အဖြစ် ပြောဆိုခြင်းခံရတဲ့ ဝက်ဂ် နာပုဂ္ဂလိက စစ်အုပ်စုက လက်သံအပြောင်ဆုံးဖြစ်နေပါတယ်။

“ပုဂ္ဂလိကစစ်ကုမ္ပဏီ” Private Military Company (PMC) ရုရှားကြေးစားစစ်အုပ်စုလို့ ပြောဆိုနေကြပေမယ့် ရုရှားစစ်မှူထမ်းဟောင်းများ သာမက အာဖရိကန်များ၊ ဘော့စနီးယန်း ဆာ့ဘ်များ၊ နော်ဝေ၊ ယူကရိန်းနဲ့ ရုရှား မဟုတ်သူ ဥရောပတိုက်သားများ၊ ဂျာမန်၊ ဗြိ တိန်၊ အမေရိကန်လူမျိုးအချို့တောင် ပါဝင်နေကြောင်း၊ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ၃၃ နှစ်မှ ၅၅ နှစ်ကြား တပ်ဖွဲ့ဝင်အားလုံးရဲ့ပျမ်းမျှအသက်ဟာ ၄ဝ ကျော် ရှိသူများဖြစ်တယ်လို့ ဆိုကြပါ တယ်။

၂ဝ၁၄ ခုနှစ် ရုရှားရဲ့ခရိုင်းမီးယားကျွန်းဆွယ် သိမ်းသွင်းရေးစစ်ပွဲမှာ လူသိထင်ရှားဖြစ်လာတဲ့ ဝက်ဂ်နာတို့ကို ဗလာဒီမာပူတင်ရဲ့စားဖိုမှူးကြီးအဖြစ် တင်စားခြင်းခံရသူ ခရိုနီသူဋ္ဌေးကြီး “ယက်ဂါနီ_ပရီကိုဇင်” က ဖွဲ့စည်းခဲ့ပါ တယ်။ အင်အား ၁,ဝဝဝ ခန့်ဖြင့် စတင်ခဲ့တဲ့ ဝက်ဂ်နာတို့ဟာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ ၅ဝဝဝဝ ခန့်ရှိမယ်လို့ ပင်တဂွန်က ခန့်မှန်းထားပါတယ်။

ရုရှားအကျဉ်းထောင်များမှာ အကျဉ်းကျနေပြီး ယူကရိန်းစစ်ပွဲမှာ ပါဝင် တိုက်ခိုက်ပေးဖို့ သဘောတူသူ ၂ဝဝဝဝ ခန့် ပါဝင်တယ်လို့ ပြောကြပေမယ့် အဲဒီအရေအတွက်ဟာ သံသယဖြစ်စရာကောင်းပါတယ်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မှာ ရုံးစိုက်တဲ့ ဝက်ဂ်နာဟာ အာဖရိနိုင်ငံပေါင်း ၂ဝ နဲ့ အာဂျင်တီးနား၊ ဟောင်ကောင် တို့ မှာလည်း မှတ်ပုံတင်ထားပါတယ်။ ပူတင်ကတော့ ရုရှားနိုင်ငံရဲ့တရားဥပဒေအရ မဟုတ်ဘဲ ဖွဲ့စည်းထားတဲ့ ဝက်ဂ်နာတို့နဲ့ဆက်နွယ်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုနေဆဲဖြစ်ပါတယ်။ ရုရှားကာကွယ်ရေး၀န်ကြီးဌာန မှ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်များ ရရှိနေပြီး ရုရှား GRU စစ်ထောက်လှမ်းရေးက ပဲ့ကိုင်ကူညီနေပါတယ်။ ဝက်ဂ်နာတို့ရဲ့ ရုရှားနိုင်ငံအတွင်း စစ်ရေးလေ့ကျင့်ရာနယ်မြေဟာ စာရွက်စာတမ်းများပေါ်မှာ “ကလေးကစား ကွင်း” အဖြစ် ဖော်ပြထားပြီး ၁ဝ နှစ် စာချုပ်တပ်သားသစ်တစ်ယောက်ဟာ သင်တန်းကာလ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁,၁ဝဝ ခန့်ရရှိကြပါတယ်။

စစ်မြေပြင်လစာဟာ ဒေါ်လာ ၂,၅ဝဝ အထိရှိပြီး ရုရှားနိုင်ငံရဲ့အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ပေးဖို့ တိုက်ပွဲဝင်နေကြပါတယ်။ မော်စကိုဟာ ဆီးရီးယားရှိ စစ်လက်နက်ပစ္စည်းများနဲ့ ဝက်ဂ်နာတို့ကို ယူကရိန်းစစ်မြေ ပြင်ထံ မကြာခဏ ပို့ဆောင်ပေးနေခဲ့ပါတယ်။

အဲဒီ ထောက်ပံ့ရေးလမ်းကြောင်းကို ဖျက်ဆီးဖို့ ယူကရိန်းစစ်ထောက်လှမ်းရေးရဲ့အစီအစဉ်အတိုင်း ဆီးရီးယားမှာ ရှိနေတဲ့ ရုရှားစစ်စခန်းများနဲ့ ဝက်ဂ်နာတို့ကို တစ်ဖက်လှည့်တိုက်ခိုက်ရာမှာ ပါဝင်ပေးဖို့ ကာ့ဒ်စစ်သွေးကြွတို့က အာမခံကြောင်း၊ အပြန်အလှန်အားဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ စစ်ရေးလေ့ကျင့်ပေးဖို့ ယူကရိန်းဘက် က သဘောတူခဲ့ကြကြောင်း၊ ကံအားလျော်စွာ တူရကီတို့ တန်ပြန်ထောက်လှမ်း သိရှိသွားပြီး ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလင်စကီး က အဲဒီအစီအစဉ်ကို ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့တယ်လို့ ပေါက်ကြား ပင်တဂွန်စာရွက်စာတမ်းများမှာ ပါရှိနေကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ပထမဆုံး ဖော်ပြခဲ့ပါ တယ်။

အမေရိကန်ထောက်လှမ်းရေးဆိုင်ရာ လျှို့ဝှက်အဆင့်အချက်အလက်တွေဟာ “Discord” အမည်ရှိ အပြန်အလှန် ပြောဆိုဆွေးနွေးမှု အွန်လိုင်းပလက်ဖောင်းပေါ်ကို ပေါက်ကြားသွားခဲ့ကြောင်း၊ ၂ဝ၂၃ ခုနှစ်၊ ဧပြီလမှာ Twitter, Telegram နဲ့ 4Chan တို့မှာ အဲဒီအကြောင်းတွေ ရောက်ရှိသွားခဲ့ကြောင်း၊ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဝါရှင်တန် တရားရေးဌာနနဲ့ ပင်တာဂွန်တို့က သီးခြားစုံစမ်းစစ်ဆေးမှုများ ဖွင့်လှစ်ခဲ့ပြီး မက်ဆာချူး ဆက်ပြည်နယ် လေတပ် စခန်းမှ “ပထမ ပညာသည်အုပ်စု” တပ်သား “ဂျက်_ဒေါက်ဂလပ်စ်_တိုင်ဆီယာ” (အသက် ၂၁ နှစ်) ကို ဖမ်းဆီးပြီး တရားစွဲဖို့ ပြင်ဆင်နေပါတယ်။


အမေရိကန်ထောက်လှမ်းရေးရဲ့ပေါက်ကြားသွားတယ်ဆိုတဲ့အချက်အလက်တွေဟာ အဓိကအားဖြင့် ရုရှား-ယူကရိန်းစစ်ပွဲနဲ့သက်ဆိုင်နေပေမယ့် မြောက်ကိုရီးယား-တရုတ်-အီရန်-ယူအေအီးနိုင်ငံတို့သာမက ဝါရှင်တန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အစ္စရေးနဲ့ ဥရောပနိုင်ငံများအပေါ် ထောက်လှမ်းရေးအကဲဖြတ်ချက်များ ပါဝင်နေပါ တယ်။ အချက်အလက်အချို့ဟာ သက်ဆိုင်ရာနိုင်ငံရဲ့အမျိုးသားလုံခြုံရေးအပေါ် ထိခိုက်စရာရှိတဲ့အတွက် ဝါရှင် တန်က တောင်းပန်လိုက်ရတဲ့အထိ အရှက်ရစရာဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ချို့ကိစ္စတွေဟာ ပင်တဂွန်က တမင် သက်သက် လူသိခံလိုက်သလားလို့ တွေးဆစရာ ရှိနေပါတယ်။

အဲဒီလို သံသယဖြစ်ရအောင် ယူကရိန်းက ဆက်နွယ်ဖို့ကြိုးစားခဲ့တဲ့ ဆီးရီးယားကာ့ဒ်စစ်သွေးကြွဆိုတာ အမေ ရိကန်က လေ့ကျင့်-လက်နက်တပ်ဆင်-ဖွဲ့စည်းပေးခဲ့တာဖြစ်နေပါတယ်။ အီရတ်နိုင်ငံအတွင်း အမေရိကန်စစ်စခန်း များအတွက် လုံခြုံရေး ကာကင်းနဲ့ ဆီးရီးယားမြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှ ရေနံများကို အမေရိကန်တို့ ခိုးထုတ်ရာမှာ အကူအညီပေးနေသူများ ဖြစ်ပါတယ်။

ကာ့ဒ်စစ်သွေးကြွတို့ဟာ နေတိုးအဖွဲ့ဝင် တူရကီတို့အတွက် ဝါရှင်တန်အပေါ် အကြီးအကျယ်မယုံသင်္ကာ ဒေါသဖြစ် စရာအဖွဲ့အစည်းဖြစ်နေပါတယ်။ အထူးသဖြင့် ရုရှားဝက်ဂနာတို့နဲ့ ဆက်စပ်နေခြင်းဟာ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။

တကယ်တော့ ရုရှားတို့က ဝက်ဂ်နာကို အသုံးချနေသလို အမေရိကန်ကလည်း “ဘလက်ဝါးတား” ပုဂ္ဂလိက စစ်ကုမ္ပဏီတို့ကို သုံးနေပါတယ်။ လူသတ်ခြင်း သေကြေပျက်စီးစေတဲ့စစ်လက်နက်ကို အရမ်းကာရော မဆင်မခြင် အသုံးပြုရာမှာ နာမည်ပျက်နဲ့ ထင်ရှားပုံချင်း တူကြပါတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့မြွေ မြွေချင်း ခြေမြင်ကြပြီး ဗိုက်အငှား နဲ့ ဒါးထိုးခံကြသူချင်းအတူတူ ဂျင်းထည့် နာမည်ရောင်းစားဖို့လည်း ကြိုးစားခဲ့ကြပုံ ပေါ်ပါတယ်။

ရုရှား ဝက်ဂ်နာဆိုတာ အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်း- ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ဘလက်ဝါးတား ကတော့ ပင်တဂွန်က ငှားရမ်းထားတဲ့ ပုဂ္ဂလိက ကြေးစားစစ်တပ်ဖြစ်နေပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် လစ်ဗျားနဲ့ မိုဇမ်ဘစ်နိုင်ငံမှာ အမေရိကန်တို့ရဲ့စစ်ဆင်ရေးကိစ္စများအတွက် ရုရှားဝက်ဂ်နာအုပ်စုကို အသုံးချဖို့ကြိုးစားခဲ့သူဟာ နေဗီဆီးလ်အရာရှိဟောင်း ဘလက်ဝါးတားကြေးစားအဖွဲ့ကို ထူထောင်သူ “အဲရစ်_ ပရင့်စ်” ဖြစ်တယ်လို့ The Intercept က ဧပြီလ ၁၃ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။
လစ်ဗျားနိုင်ငံဟာ မြေထဲပင်လယ်ကို မေးတင်နေတဲ့ အာဖရိကမြောက်ပိုင်းနိုင်ငံဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် အာဏာ ရှင်ဖယ်ရှားရေး “အာရပ်နွေဦး” မှာ ကဒါဖီအသတ်ခံရပြီး လစ်ဗျားတပ်မတော်ပျက်ပြားခြင်းနဲ့အတူ နိုင်ငံလည်း ပြိုကွဲသွားပါတယ်။ အမေရိကန်ဦးဆောင် နေတိုးလေတပ်ရဲ့ R2P ခြင်းကို လှိုက်လဲဝမ်းမြောက်စွာ ကြိုဆိုခဲ့တဲ့ လစ်ဗျားပြည်သူတွေဟာ ၈ လနဲ့ ၈ ရက်အတွင်း သူတို့နိုင်ငံ အစိတ်စိတ်အမွှာမွှာဖြစ်သွားတာကို လက်တွေ့မြင် လိုက်ရပြီးနောက် “အမေရိကန်” ဆိုရင် အသံတောင် မကြားချင်လောက်အောင် ဖြစ်သွားပါတယ်။

သွေးချောင်းစီး ပြည်တွင်းစစ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေဟာ ဒေသတွင်း လက်နက်ကိုင် စစ်ဘုရင်အသီး သီး တို့လက်က ရုန်းမထွက်နိုင်အောင် ဖြစ်ရပြန်ပါတယ်။ နိုင်ငံရဲ့အနောက်ပိုင်းမှာ ကုလသမဂ္ဂအသိအမှတ်ပြု “ထရီ ပိုလီအစိုးရ” ရှိနေပြီး အင်အား ချိနဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်း “တိုဘရုခ်အစိုးရ” ကတော့ စစ်သေနာပတိ “ခလီဖာ _ဟက်ဖ်တာ” ရဲ့ “လစ်ဗျားအမျိုးသားတပ်မတော်” ကို အခြေခံပြီး နယ်မြေအများစုကို သိမ်းပိုက်ထားနိုင်ပါတယ်။

ရုရှားဝက်ဂ်နာတို့ဟာ ခလီဖာဟက်ဖ်တာကို ကူညီပေးနေပြီး နိုင်ငံအတွင်း အလွန်တွင်ကျယ်သူများဖြစ်ကြောင်း ယမန်နေ့ CNN က ရေးသားပါတယ်။

အလားတူ လစ်ဗျား အိမ်နီးချင်း ဆူဒန်နိုင်ငံဟာလည်း စူးအက်တူးမြောင်းထွက်ပေါက် ပင်လယ်နီကို မေးတင်ထား တဲ့ အာဖရိကနိုင်ငံဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အာဏာသိမ်းမှု ပြည်ပစွက်ဖက်မှုများနဲ့ မငြိမ်မသက်ဖြစ် နေတဲ့ တိုင်းပြည်ဖြစ်နေပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ခရစ်ယာန်အများစု ရေနံတွင်းများကြွယ်ဝတဲ့ တောင်ဆူဒန်ဟာ အမေရိကန်နဲ့ နိုင်ငံတကာ ဖိအားများပေးမှုများအရ လူဦးရေ ၁၁ သန်းနေထိုင်ရာ သီးခြားလွတ်လပ်တဲ့ တိုင်းပြည် ဖြစ်သွားပါတယ်။

ကျန် လူဦးရေ ၄၈ သန်းရှိ ဆူဒန်နိုင်ငံဟာ ရွှေသတ္တုသယံဇာအများဆုံး ထွက်ရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် ပြည် တွင်းစစ်ကြောင့် ထောင်းထောင်းကြေနေပါတယ်။ အရပ်သားဦးဆောင် ဒီမိုကရေစီဆန္ဒမဲစနစ် နိုင်ငံအဖြစ်ပြောင်း လဲရာမှာ “စစ်တပ် တစ်တပ်တည်းရှိရေး” အတွက် “ဆူဒန်တပ်မတော်” နဲ့ “ဆူဒန်လျှပ်တပြက်တိုက်ခိုက်ရေး အရန်တပ်” တို့အကြား ရင်ကြားမစေ့နိုင်ဖြစ်ရာက လွန်ခဲ့တဲ့ရက်ပိုင်းမှာ အတိအလင်း လက်နက်ကိုင် တိုက်ခိုက်နေ ပါတယ်။ တကယ်တော့ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုစလုံးဟာ ရုရှားရဲ့ကျောထောက်နောက်ခံနဲ့ မကင်းကြ ပါ။

ရုရှား ဝက်ဂ်နာတို့ဟာ ဆူဒန်လျှပ်တပြက်တိုက်ခိုက်ရေး အရန်တပ်များဘက်ကနေပြီး ဒုံးပစ်လောင်ချာများနဲ့ ကူညီ ပစ်ခတ်ပေးနေကြောင်း၊ လစ်ဗျားလေယာဉ်ကွင်းများမှ ပျံတက်လာတဲ့ ဂျက်တိုက်လေယာဉ်များနဲ့လည်း ကူညီ တိုက်ခိုက်ပေးနေတယ်လို့ ယမန်နေ့ CNN, Telegraph, Al Jazeera တို့က ရေးသားပါတယ်။

တကယ်တော့ ဆူဒန်ရဲ့အင်အားကြီးလက်နက်ကိုင်တပ်နှစ်တပ်တို့အကြား ပဋိပက္ခမှာ ဝက်ဂ်နာနဲ့ ဘလက်ဝါးတား တို့သာ အားပြိုင်နေခြင်း မဟုတ်ပါ။ အိမ်နီးချင်း ၇ နိုင်ငံအနက် လစ်ဗျား၊ အီသီယိုပီးယား၊ တောင်ဆူဒန်၊ ချတ်ဒ်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံတို့ကလည်း သူ့နည်းသူဟန်နဲ့ စစ်ပွဲမှာ ပါဝင်ပတ်သက်နေကြပါတယ်

နိုင်ငံတကာမှာ ဘလက်ဝါးတား၊ ဝက်ဂ်နာတို့နည်းတူ နာမည်ကျော် ကြေးစားစစ်တပ် ၉ ခုဟာ နိုင်ငံအချို့မှာ အခြေ စိုက်ထားပြီး အမေရိကန်၊ ရုရှား၊ စကော့တလန်၊ လန်ဒန်၊ သြစတြေးလျ၊ ပီရူးနိုင်ငံတို့မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံစစ်တပ်က ဆောင်ရွက်လိုခြင်းမရှိတဲ့ လုံခြုံရေးဆိုင်ရာအစီအစဉ်များမှာ တာဝန်ယူ လုပ်ကိုင်ပေးနေကြပါ တယ်။

အဲဒီအထဲ မြန်မာနိုင်ငံ အရှေ့တောင်နယ်စပ်ရောက် အမေရိကန်အထူးတိုက်ခိုက်ရေး စစ်သားဟောင်းတို့ရဲ့ “Free Burma Ranger” (FBR) လို အဖွဲ့အစည်းမျိုးလဲ အကျုံးဝင်ပါလိမ့်မယ်။ ဘာသာရေးအသင်းအဖွဲ့များရဲ့ ရန်ပုံငွေနဲ့ ရပ်တည်တဲ့ လူသားချင်းစာနာမှုဆိုင်ရာဝန်ဆောင်မှုအဖွဲ့ဖြစ်ကြောင်းကလွဲပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ အဲဒီ လက်နက်ကိုင်များဟာ ဆီးရီးယားပြည်တွင်းမှာ အဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ကြောင်း သူတို့ရဲ့သတင်းထုတ်ပြန်မှုအရ သိရှိ ရပါတယ်။

ကရင်ပြည်နယ်တို့မှာ တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ရေးလေ့ကျင့်ပေးခြင်း၊ စစ်ဆင်ရေးအကြံပေးခြင်း နဲ့ လက်နက်မှောင်ခိုရောင်းဝယ်မှုများမှာ ပါဝင်ပတ်သက်နေကြောင်း သိရှိရပါတယ်။

(The Telegraph., 21 April 2023,” Ukraine planned covert strikes on Russian targets in Syria, leaked Pentagon papers show” နှင့် အခြားဆက်စပ်အကြောင်းအရာများကို #HtayOung,#OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဆီးရီးယားရွိ ႐ုရွားပစ္မွတ္မ်ားနဲ႔ ဝက္ဂ္နာတို႔ကို တစ္ဖက္လွည့္တိုက္ခိုက္ဖို႔ ယူကရိန္းက စီစဥ္ခဲ့ေၾကာင္း ပင္တဂြန္ ေပါက္ၾကား
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၃

ယူကရိန္းစစ္ေထာက္လွမ္းေရးယူနစ္ဟာ ေဒသတြင္း ကာ့ဒ္စစ္ေသြးႂကြတို႔ရဲ႕အကူအညီကို ရယူၿပီး ဆီးရီးယားႏိုင္ငံ အတြင္းမွာ ရွိေနတဲ့ ႐ုရွားပစ္မွတ္မ်ားနဲ႔ “ဝက္ဂ္နာပုဂၢလိက စစ္အုပ္စု” တို႔ကို တစ္ဖက္လွည့္တိုက္ခိုက္ဖို႔ စီစဥ္ခဲ့ဖူး ေၾကာင္း ေပါက္ၾကားလာတဲ့ အေမရိကန္ပင္တဂြန္ ထိပ္တန္းလွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းတစ္ခုမွာ ေဖာ္ျပထားတယ္လို႔ ၿဗိတိန္အေျခစိုက္ The Telegraph က ယမန္ေန႔ ေရးသားပါတယ္။

အဲဒီအစီအစဥ္အရ ယူကရိန္းအရာရွိေတြဟာ ႐ုရွားတပ္မ်ားနဲ႔ ၀က္ဂ္နာေၾကးစားစစ္အုပ္စုတို႔ကို ဒ႐ုန္းမ်ားအသုံးျပဳ ၿပီး တိုက္ခိုက္ဖို႔အတြက္ ယခင္ အေမရိကန္ေလ့က်င့္လက္နက္တပ္ဆင္ေပးခဲ့တဲ့ “ဆီးရီးယား ဒီမိုကရက္တစ္တပ္” ကာ့ဒ္တပ္ဖြဲ႕ဝင္တို႔ကို ေထာက္ပံ့ေဆာင္႐ြက္ေပးမွာျဖစ္ေၾကာင္း သိရွိရပါတယ္။ ျဖစ္ႏိုင္ေသာ ပစ္မွတ္မ်ားမွာ ဆီးရီးယားရွိ ႐ုရွားရဲ႕ “လာတာကီယာ” အဓိက စစ္အေျခစိုက္စခန္း၊ ဒမတ္စကတ္အျပည္ျပည္ဆိုင္ရာေလဆိပ္ရွိ ဝက္ဂ္နာကင္းစခန္းမ်ား၊ ေလယာဥ္ႏွင့္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား၊ ဆီးရီးယားအစိုးရနယ္ေျမအတြင္းရွိ ေရနံနဲ႔ သဘာ၀ဓါတ္ေငြ႕တြင္းမ်ား ပါဝင္ဖြယ္ရွိပါတယ္။

တကယ္ေတာ့ အဲဒီကာ့ဒ္စစ္ေသြးႂကြေတြဟာ ျပည္တြင္းစစ္ျဖစ္ပြားေနတဲ့ ဆီးရီးယားႏိုင္ငံ ေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္း ရွိ ျပည္သူ႔စစ္မ်ားနဲ႔ လူမ်ိဳးစုသူပုန္မ်ားျဖစ္ပါတယ္။ ကာ့ဒ္-အာရပ္-အာရႉရီ/ဆီးရီးယန္းတို႔ကို အဓိကထားၿပီး အာေမးနီးယန္း-တာ့ခ္မင္နဲ႔ ေခ်ခ်င္းလူမ်ိဳး အနည္းငယ္ပါဝင္ပါတယ္။ အဲဒီလက္နက္ကိုင္မ်ားဟာ သမၼတ ေတရစ္ အာဒိုဂန္ရဲ႕တူရကီႏိုင္ငံမွ ခြဲထြက္ေရး “ကာ့ဒ္ျပည္သူ႔ကာကြယ္ေရးယူနစ္ (YPG)” တို႔က စစ္ေရးအရ ဦးေဆာင္ေနပါ တယ္။

တူရကီက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာထားတဲ့ YGP တို႔နဲ႔ တစ္သားတည္းျဖစ္ေနသူ ကာ့ဒ္စစ္ေသြးႂကြ ေတြကို အသုံးခ်မယ့္ ယူကရိန္းရဲ႕အစီအစဥ္ဟာ အလြန္အႏၲရာယ္မ်ားၿပီး ရွလြယ္တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

လက္ရွိ ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္း ဒြန္ဘတ္စ္ေဒသၿမိဳ႕မ်ားကို သိမ္းယူၿပီး ကိယက္ဗ္တပ္မ်ားကို အဓိက ထိုးႏွက္ တိုက္ခိုက္ေနသူမ်ားအနက္ ႐ုရွားသမၼတ ဗလာဒီမာပူတင္ရဲ႕ တရားမဝင္ စစ္တပ္အျဖစ္ ေျပာဆိုျခင္းခံရတဲ့ ဝက္ဂ္ နာပုဂၢလိက စစ္အုပ္စုက လက္သံအေျပာင္ဆုံးျဖစ္ေနပါတယ္။

“ပုဂၢလိကစစ္ကုမၸဏီ” Private Military Company (PMC) ႐ုရွားေၾကးစားစစ္အုပ္စုလို႔ ေျပာဆိုေနၾကေပမယ့္ ႐ုရွားစစ္မႉထမ္းေဟာင္းမ်ား သာမက အာဖရိကန္မ်ား၊ ေဘာ့စနီးယန္း ဆာ့ဘ္မ်ား၊ ေနာ္ေဝ၊ ယူကရိန္းနဲ႔ ႐ုရွား မဟုတ္သူ ဥေရာပတိုက္သားမ်ား၊ ဂ်ာမန္၊ ၿဗိ တိန္၊ အေမရိကန္လူမ်ိဳးအခ်ိဳ႕ေတာင္ ပါဝင္ေနေၾကာင္း၊ ႏိုင္ငံေပါင္း ၁၅ ႏိုင္ငံမွ ၃၃ ႏွစ္မွ ၅၅ ႏွစ္ၾကား တပ္ဖြဲ႕ဝင္အားလုံးရဲ႕ပ်မ္းမွ်အသက္ဟာ ၄ဝ ေက်ာ္ ရွိသူမ်ားျဖစ္တယ္လို႔ ဆိုၾကပါ တယ္။

၂ဝ၁၄ ခုႏွစ္ ႐ုရွားရဲ႕ခ႐ိုင္းမီးယားကြၽန္းဆြယ္ သိမ္းသြင္းေရးစစ္ပြဲမွာ လူသိထင္ရွားျဖစ္လာတဲ့ ဝက္ဂ္နာတို႔ကို ဗလာဒီမာပူတင္ရဲ႕စားဖိုမႉးႀကီးအျဖစ္ တင္စားျခင္းခံရသူ ခ႐ိုနီသူေ႒းႀကီး “ယက္ဂါနီ_ပရီကိုဇင္” က ဖြဲ႕စည္းခဲ့ပါ တယ္။ အင္အား ၁,ဝဝဝ ခန္႔ျဖင့္ စတင္ခဲ့တဲ့ ဝက္ဂ္နာတို႔ဟာ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလမွာ ၅ဝဝဝဝ ခန္႔ရွိမယ္လို႔ ပင္တဂြန္က ခန္႔မွန္းထားပါတယ္။

႐ုရွားအက်ဥ္းေထာင္မ်ားမွာ အက်ဥ္းက်ေနၿပီး ယူကရိန္းစစ္ပြဲမွာ ပါဝင္ တိုက္ခိုက္ေပးဖို႔ သေဘာတူသူ ၂ဝဝဝဝ ခန္႔ ပါဝင္တယ္လို႔ ေျပာၾကေပမယ့္ အဲဒီအေရအတြက္ဟာ သံသယျဖစ္စရာေကာင္းပါတယ္။

႐ုရွားႏိုင္ငံ စိန္႔ပီတာစဘတ္မွာ ႐ုံးစိုက္တဲ့ ဝက္ဂ္နာဟာ အာဖရိႏိုင္ငံေပါင္း ၂ဝ နဲ႔ အာဂ်င္တီးနား၊ ေဟာင္ေကာင္ တို႔ မွာလည္း မွတ္ပုံတင္ထားပါတယ္။ ပူတင္ကေတာ့ ႐ုရွားႏိုင္ငံရဲ႕တရားဥပေဒအရ မဟုတ္ဘဲ ဖြဲ႕စည္းထားတဲ့ ဝက္ဂ္နာတို႔နဲ႔ဆက္ႏြယ္ပတ္သက္မႈမရွိေၾကာင္း ျငင္းဆိုေနဆဲျဖစ္ပါတယ္။ ႐ုရွားကာကြယ္ေရး၀န္ႀကီးဌာန မွ စစ္လက္နက္နဲ႔ စစ္အသုံးအေဆာင္မ်ား ရရွိေနၿပီး ႐ုရွား GRU စစ္ေထာက္လွမ္းေရးက ပဲ့ကိုင္ကူညီေနပါတယ္။ ဝက္ဂ္နာတို႔ရဲ႕ ႐ုရွားႏိုင္ငံအတြင္း စစ္ေရးေလ့က်င့္ရာနယ္ေျမဟာ စာ႐ြက္စာတမ္းမ်ားေပၚမွာ “ကေလးကစား ကြင္း” အျဖစ္ ေဖာ္ျပထားၿပီး ၁ဝ ႏွစ္ စာခ်ဳပ္တပ္သားသစ္တစ္ေယာက္ဟာ သင္တန္းကာလ တစ္လလွ်င္ အေမရိကန္ေဒၚလာ ၁,၁ဝဝ ခန္႔ရရွိၾကပါတယ္။

စစ္ေျမျပင္လစာဟာ ေဒၚလာ ၂,၅ဝဝ အထိရွိၿပီး ႐ုရွားႏိုင္ငံရဲ႕အက်ိဳးစီးပြားမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ တိုက္ပြဲဝင္ေနၾကပါတယ္။ ေမာ္စကိုဟာ ဆီးရီးယားရွိ စစ္လက္နက္ပစၥည္းမ်ားနဲ႔ ဝက္ဂ္နာတို႔ကို ယူကရိန္းစစ္ေျမ ျပင္ထံ မၾကာခဏ ပို႔ေဆာင္ေပးေနခဲ့ပါတယ္။

အဲဒီ ေထာက္ပံ့ေရးလမ္းေၾကာင္းကို ဖ်က္ဆီးဖို႔ ယူကရိန္းစစ္ေထာက္လွမ္းေရးရဲ႕အစီအစဥ္အတိုင္း ဆီးရီးယားမွာ ရွိေနတဲ့ ႐ုရွားစစ္စခန္းမ်ားနဲ႔ ဝက္ဂ္နာတို႔ကို တစ္ဖက္လွည့္တိုက္ခိုက္ရာမွာ ပါဝင္ေပးဖို႔ ကာ့ဒ္စစ္ေသြးႂကြတို႔က အာမခံေၾကာင္း၊ အျပန္အလွန္အားျဖင့္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္နဲ႔ စစ္ေရးေလ့က်င့္ေပးဖို႔ ယူကရိန္းဘက္ က သေဘာတူခဲ့ၾကေၾကာင္း၊ ကံအားေလ်ာ္စြာ တူရကီတို႔ တန္ျပန္ေထာက္လွမ္း သိရွိသြားၿပီး ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလမွာ ယူကရိန္းသမၼတ ဗိုလိုဒီျမာ ဇီလင္စကီး က အဲဒီအစီအစဥ္ကို ရပ္ဆိုင္းဖို႔ အမိန္႔ေပးခဲ့တယ္လို႔ ေပါက္ၾကား ပင္တဂြန္စာ႐ြက္စာတမ္းမ်ားမွာ ပါရွိေနေၾကာင္း ဝါရွင္တန္ပို႔စ္သတင္းစာက ပထမဆုံး ေဖာ္ျပခဲ့ပါ တယ္။

အေမရိကန္ေထာက္လွမ္းေရးဆိုင္ရာ လွ်ိဳ႕ဝွက္အဆင့္အခ်က္အလက္ေတြဟာ “Discord” အမည္ရွိ အျပန္အလွန္ ေျပာဆိုေဆြးေႏြးမႈ အြန္လိုင္းပလက္ေဖာင္းေပၚကို ေပါက္ၾကားသြားခဲ့ေၾကာင္း၊ ၂ဝ၂၃ ခုႏွစ္၊ ဧၿပီလမွာ Twitter, Telegram နဲ႔ 4Chan တို႔မွာ အဲဒီအေၾကာင္းေတြ ေရာက္ရွိသြားခဲ့ေၾကာင္း၊ အဲဒီကိစၥနဲ႔ပတ္သက္လို႔ ဝါရွင္တန္ တရားေရးဌာနနဲ႔ ပင္တာဂြန္တို႔က သီးျခားစုံစမ္းစစ္ေဆးမႈမ်ား ဖြင့္လွစ္ခဲ့ၿပီး မက္ဆာခ်ဴး ဆက္ျပည္နယ္ ေလတပ္ စခန္းမွ “ပထမ ပညာသည္အုပ္စု” တပ္သား “ဂ်က္_ေဒါက္ဂလပ္စ္_တိုင္ဆီယာ” (အသက္ ၂၁ ႏွစ္) ကို ဖမ္းဆီးၿပီး တရားစြဲဖို႔ ျပင္ဆင္ေနပါတယ္။


အေမရိကန္ေထာက္လွမ္းေရးရဲ႕ေပါက္ၾကားသြားတယ္ဆိုတဲ့အခ်က္အလက္ေတြဟာ အဓိကအားျဖင့္ ႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔သက္ဆိုင္ေနေပမယ့္ ေျမာက္ကိုရီးယား-တ႐ုတ္-အီရန္-ယူေအအီးႏိုင္ငံတို႔သာမက ဝါရွင္တန္ရဲ႕ အဓိက မဟာမိတ္ျဖစ္တဲ့ အစၥေရးနဲ႔ ဥေရာပႏိုင္ငံမ်ားအေပၚ ေထာက္လွမ္းေရးအကဲျဖတ္ခ်က္မ်ား ပါဝင္ေနပါ တယ္။ အခ်က္အလက္အခ်ိဳ႕ဟာ သက္ဆိုင္ရာႏိုင္ငံရဲ႕အမ်ိဳးသားလုံၿခဳံေရးအေပၚ ထိခိုက္စရာရွိတဲ့အတြက္ ဝါရွင္ တန္က ေတာင္းပန္လိုက္ရတဲ့အထိ အရွက္ရစရာျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ကိစၥေတြဟာ ပင္တဂြန္က တမင္ သက္သက္ လူသိခံလိုက္သလားလို႔ ေတြးဆစရာ ရွိေနပါတယ္။

အဲဒီလို သံသယျဖစ္ရေအာင္ ယူကရိန္းက ဆက္ႏြယ္ဖို႔ႀကိဳးစားခဲ့တဲ့ ဆီးရီးယားကာ့ဒ္စစ္ေသြးႂကြဆိုတာ အေမ ရိကန္က ေလ့က်င့္-လက္နက္တပ္ဆင္-ဖြဲ႕စည္းေပးခဲ့တာျဖစ္ေနပါတယ္။ အီရတ္ႏိုင္ငံအတြင္း အေမရိကန္စစ္စခန္း မ်ားအတြက္ လုံၿခဳံေရး ကာကင္းနဲ႔ ဆီးရီးယားေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္းမွ ေရနံမ်ားကို အေမရိကန္တို႔ ခိုးထုတ္ရာမွာ အကူအညီေပးေနသူမ်ား ျဖစ္ပါတယ္။

ကာ့ဒ္စစ္ေသြးႂကြတို႔ဟာ ေနတိုးအဖြဲ႕ဝင္ တူရကီတို႔အတြက္ ဝါရွင္တန္အေပၚ အႀကီးအက်ယ္မယုံသကၤာ ေဒါသျဖစ္ စရာအဖြဲ႕အစည္းျဖစ္ေနပါတယ္။ အထူးသျဖင့္ ႐ုရွားဝက္ဂနာတို႔နဲ႔ ဆက္စပ္ေနျခင္းဟာ အလြန္စိတ္ဝင္စားစရာ ေကာင္းပါတယ္။

တကယ္ေတာ့ ႐ုရွားတို႔က ဝက္ဂ္နာကို အသုံးခ်ေနသလို အေမရိကန္ကလည္း “ဘလက္ဝါးတား” ပုဂၢလိက စစ္ကုမၸဏီတို႔ကို သုံးေနပါတယ္။ လူသတ္ျခင္း ေသေၾကပ်က္စီးေစတဲ့စစ္လက္နက္ကို အရမ္းကာေရာ မဆင္မျခင္ အသုံးျပဳရာမွာ နာမည္ပ်က္နဲ႔ ထင္ရွားပုံခ်င္း တူၾကပါတယ္။ တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕ေႁမြ ေႁမြခ်င္း ေျချမင္ၾကၿပီး ဗိုက္အငွား နဲ႔ ဒါးထိုးခံၾကသူခ်င္းအတူတူ ဂ်င္းထည့္ နာမည္ေရာင္းစားဖို႔လည္း ႀကိဳးစားခဲ့ၾကပုံ ေပၚပါတယ္။

႐ုရွား ဝက္ဂ္နာဆိုတာ အေမရိကန္အစိုးရက နာမည္ပ်က္စာရင္းသြင္း- ဒဏ္ခတ္ပိတ္ဆို႔ထားတဲ့ လက္နက္ကိုင္အဖြဲ႕ ျဖစ္ၿပီး ဘလက္ဝါးတား ကေတာ့ ပင္တဂြန္က ငွားရမ္းထားတဲ့ ပုဂၢလိက ေၾကးစားစစ္တပ္ျဖစ္ေနပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္ လစ္ဗ်ားနဲ႔ မိုဇမ္ဘစ္ႏိုင္ငံမွာ အေမရိကန္တို႔ရဲ႕စစ္ဆင္ေရးကိစၥမ်ားအတြက္ ႐ုရွားဝက္ဂ္နာအုပ္စုကို အသုံးခ်ဖို႔ႀကိဳးစားခဲ့သူဟာ ေနဗီဆီးလ္အရာရွိေဟာင္း ဘလက္ဝါးတားေၾကးစားအဖြဲ႕ကို ထူေထာင္သူ “အဲရစ္_ ပရင့္စ္” ျဖစ္တယ္လို႔ The Intercept က ဧၿပီလ ၁၃ ရက္ေန႔မွာ ေရးသားခဲ့ပါတယ္။
လစ္ဗ်ားႏိုင္ငံဟာ ေျမထဲပင္လယ္ကို ေမးတင္ေနတဲ့ အာဖရိကေျမာက္ပိုင္းႏိုင္ငံျဖစ္ပါတယ္။ ၂ဝ၁၁ ခုႏွစ္ အာဏာ ရွင္ဖယ္ရွားေရး “အာရပ္ေႏြဦး” မွာ ကဒါဖီအသတ္ခံရၿပီး လစ္ဗ်ားတပ္မေတာ္ပ်က္ျပားျခင္းနဲ႔အတူ ႏိုင္ငံလည္း ၿပိဳကြဲသြားပါတယ္။ အေမရိကန္ဦးေဆာင္ ေနတိုးေလတပ္ရဲ႕ R2P ျခင္းကို လႈိက္လဲဝမ္းေျမာက္စြာ ႀကိဳဆိုခဲ့တဲ့ လစ္ဗ်ားျပည္သူေတြဟာ ၈ လနဲ႔ ၈ ရက္အတြင္း သူတို႔ႏိုင္ငံ အစိတ္စိတ္အမႊာမႊာျဖစ္သြားတာကို လက္ေတြ႕ျမင္ လိုက္ရၿပီးေနာက္ “အေမရိကန္” ဆိုရင္ အသံေတာင္ မၾကားခ်င္ေလာက္ေအာင္ ျဖစ္သြားပါတယ္။

ေသြးေခ်ာင္းစီး ျပည္တြင္းစစ္မွာ အိုးအိမ္စြန္႔ခြာထြက္ေျပးရသူေတြဟာ ေဒသတြင္း လက္နက္ကိုင္ စစ္ဘုရင္အသီး သီး တို႔လက္က ႐ုန္းမထြက္ႏိုင္ေအာင္ ျဖစ္ရျပန္ပါတယ္။ ႏိုင္ငံရဲ႕အေနာက္ပိုင္းမွာ ကုလသမဂၢအသိအမွတ္ျပဳ “ထရီ ပိုလီအစိုးရ” ရွိေနၿပီး အင္အား ခ်ိနဲ႔ပါတယ္။ ႏိုင္ငံအေရွ႕ပိုင္း “တိုဘ႐ုခ္အစိုးရ” ကေတာ့ စစ္ေသနာပတိ “ခလီဖာ _ဟက္ဖ္တာ” ရဲ႕ “လစ္ဗ်ားအမ်ိဳးသားတပ္မေတာ္” ကို အေျခခံၿပီး နယ္ေျမအမ်ားစုကို သိမ္းပိုက္ထားႏိုင္ပါတယ္။

႐ုရွားဝက္ဂ္နာတို႔ဟာ ခလီဖာဟက္ဖ္တာကို ကူညီေပးေနၿပီး ႏိုင္ငံအတြင္း အလြန္တြင္က်ယ္သူမ်ားျဖစ္ေၾကာင္း ယမန္ေန႔ CNN က ေရးသားပါတယ္။

အလားတူ လစ္ဗ်ား အိမ္နီးခ်င္း ဆူဒန္ႏိုင္ငံဟာလည္း စူးအက္တူးေျမာင္းထြက္ေပါက္ ပင္လယ္နီကို ေမးတင္ထား တဲ့ အာဖရိကႏိုင္ငံျဖစ္ပါတယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အာဏာသိမ္းမႈ ျပည္ပစြက္ဖက္မႈမ်ားနဲ႔ မၿငိမ္မသက္ျဖစ္ ေနတဲ့ တိုင္းျပည္ျဖစ္ေနပါတယ္။ ၂ဝ၁၁ ခုႏွစ္မွာ ခရစ္ယာန္အမ်ားစု ေရနံတြင္းမ်ားႂကြယ္ဝတဲ့ ေတာင္ဆူဒန္ဟာ အေမရိကန္နဲ႔ ႏိုင္ငံတကာ ဖိအားမ်ားေပးမႈမ်ားအရ လူဦးေရ ၁၁ သန္းေနထိုင္ရာ သီးျခားလြတ္လပ္တဲ့ တိုင္းျပည္ ျဖစ္သြားပါတယ္။

က်န္ လူဦးေရ ၄၈ သန္းရွိ ဆူဒန္ႏိုင္ငံဟာ ေ႐ႊသတၱဳသယံဇာအမ်ားဆုံး ထြက္ရွိရာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေပမယ့္ ျပည္ တြင္းစစ္ေၾကာင့္ ေထာင္းေထာင္းေၾကေနပါတယ္။ အရပ္သားဦးေဆာင္ ဒီမိုကေရစီဆႏၵမဲစနစ္ ႏိုင္ငံအျဖစ္ေျပာင္း လဲရာမွာ “စစ္တပ္ တစ္တပ္တည္းရွိေရး” အတြက္ “ဆူဒန္တပ္မေတာ္” နဲ႔ “ဆူဒန္လွ်ပ္တျပက္တိုက္ခိုက္ေရး အရန္တပ္” တို႔အၾကား ရင္ၾကားမေစ့ႏိုင္ျဖစ္ရာက လြန္ခဲ့တဲ့ရက္ပိုင္းမွာ အတိအလင္း လက္နက္ကိုင္ တိုက္ခိုက္ေန ပါတယ္။ တကယ္ေတာ့ အဲဒီလက္နက္ကိုင္ အဖြဲ႕အစည္းႏွစ္ခုစလုံးဟာ ႐ုရွားရဲ႕ေက်ာေထာက္ေနာက္ခံနဲ႔ မကင္းၾက ပါ။

႐ုရွား ဝက္ဂ္နာတို႔ဟာ ဆူဒန္လွ်ပ္တျပက္တိုက္ခိုက္ေရး အရန္တပ္မ်ားဘက္ကေနၿပီး ဒုံးပစ္ေလာင္ခ်ာမ်ားနဲ႔ ကူညီ ပစ္ခတ္ေပးေနေၾကာင္း၊ လစ္ဗ်ားေလယာဥ္ကြင္းမ်ားမွ ပ်ံတက္လာတဲ့ ဂ်က္တိုက္ေလယာဥ္မ်ားနဲ႔လည္း ကူညီ တိုက္ခိုက္ေပးေနတယ္လို႔ ယမန္ေန႔ CNN, Telegraph, Al Jazeera တို႔က ေရးသားပါတယ္။

တကယ္ေတာ့ ဆူဒန္ရဲ႕အင္အားႀကီးလက္နက္ကိုင္တပ္ႏွစ္တပ္တို႔အၾကား ပဋိပကၡမွာ ဝက္ဂ္နာနဲ႔ ဘလက္ဝါးတား တို႔သာ အားၿပိဳင္ေနျခင္း မဟုတ္ပါ။ အိမ္နီးခ်င္း ၇ ႏိုင္ငံအနက္ လစ္ဗ်ား၊ အီသီယိုပီးယား၊ ေတာင္ဆူဒန္၊ ခ်တ္ဒ္၊ ဗဟိုအာဖရိကသမၼတႏိုင္ငံတို႔ကလည္း သူ႔နည္းသူဟန္နဲ႔ စစ္ပြဲမွာ ပါဝင္ပတ္သက္ေနၾကပါတယ္

ႏိုင္ငံတကာမွာ ဘလက္ဝါးတား၊ ဝက္ဂ္နာတို႔နည္းတူ နာမည္ေက်ာ္ ေၾကးစားစစ္တပ္ ၉ ခုဟာ ႏိုင္ငံအခ်ိဳ႕မွာ အေျခ စိုက္ထားၿပီး အေမရိကန္၊ ႐ုရွား၊ စေကာ့တလန္၊ လန္ဒန္၊ ၾသစေၾတးလ်၊ ပီ႐ူးႏိုင္ငံတို႔မွာ ျဖစ္ပါတယ္။ သက္ဆိုင္ရာ ႏိုင္ငံစစ္တပ္က ေဆာင္႐ြက္လိုျခင္းမရွိတဲ့ လုံၿခဳံေရးဆိုင္ရာအစီအစဥ္မ်ားမွာ တာဝန္ယူ လုပ္ကိုင္ေပးေနၾကပါ တယ္။

အဲဒီအထဲ ျမန္မာႏိုင္ငံ အေရွ႕ေတာင္နယ္စပ္ေရာက္ အေမရိကန္အထူးတိုက္ခိုက္ေရး စစ္သားေဟာင္းတို႔ရဲ႕ “Free Burma Ranger” (FBR) လို အဖြဲ႕အစည္းမ်ိဳးလဲ အက်ဳံးဝင္ပါလိမ့္မယ္။ ဘာသာေရးအသင္းအဖြဲ႕မ်ားရဲ႕ ရန္ပုံေငြနဲ႔ ရပ္တည္တဲ့ လူသားခ်င္းစာနာမႈဆိုင္ရာဝန္ေဆာင္မႈအဖြဲ႕ျဖစ္ေၾကာင္းကလြဲၿပီး ပြင့္လင္းျမင္သာမႈမရွိတဲ့ အဲဒီ လက္နက္ကိုင္မ်ားဟာ ဆီးရီးယားျပည္တြင္းမွာ အဖြဲ႕ဝင္ ၂ ဦး က်ဆုံးခဲ့ေၾကာင္း သူတို႔ရဲ႕သတင္းထုတ္ျပန္မႈအရ သိရွိ ရပါတယ္။

ကရင္ျပည္နယ္တို႔မွာ တိုင္းရင္းသားလက္နက္ကိုင္မ်ားကို စစ္ေရးေလ့က်င့္ေပးျခင္း၊ စစ္ဆင္ေရးအႀကံေပးျခင္း နဲ႔ လက္နက္ေမွာင္ခိုေရာင္းဝယ္မႈမ်ားမွာ ပါဝင္ပတ္သက္ေနေၾကာင္း သိရွိရပါတယ္။

(The Telegraph., 21 April 2023,” Ukraine planned covert strikes on Russian targets in Syria, leaked Pentagon papers show” ႏွင့္ အျခားဆက္စပ္အေၾကာင္းအရာမ်ားကို #HtayOung,#OungMarine ဆီေလ်ာ္ ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.