ကညွှတ်ကွင်းမြို့၌ မြို့နယ်လျှပ်စစ်မှူးနှင့် အုပ်ချုပ်ရေးမှူးဟောင်းတို့ သေနတ်ဖြင့် ပစ်သတ်ခံရ

 1179

Pearl (NP News) - ဧပြီ ၂၈
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့၌ မြို့နယ်လျှပ်စစ်မှူး ဦးကျော်စံလင်းသည် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဧပြီလ ၂၇ရက်) ၊ ညနေ (၄)နာရီခွဲအချိန်ခန့်တွင် ကညွတ်ကွင်းမြို့၊ တောင်ဂုံးတဲကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့နယ်‌လျှပ်စစ်မှူး ဦးကျော်စံလင်းသည် ‌ကျောက်တံခါးမြို့မှ ကညွတ်ကွင်းမြို့သို့ ဆိုင်ကယ်ဖြင့် ‌မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်သမားများမှ သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

"မနေ့က (၄)ခွဲလောက်ကဖြစ်တာ။ ခေါင်းနဲ့ လည်ပင်းနဲ့မှာ ဒဏ်ရာ (၄)ချက်ရတယ်၊ နေရာမှာပဲ ဆုံးသွားတာ။ သူ့ရဲ့ ဖုန်း၊ Laptop၊ စကားပြောစက် နဲ့ ဆိုင်ကယ်လည်း ယူသွားတယ်။ ဒီမနက်လည်း တစ်ယောက်အပစ်ခံရတယ်။ သူက အုပ်ချုပ်ရေးမှူးဟောင်း။ သူလည်း ဆုံးသွားတယ်" ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

ဖြစ်စဉ်ကြောင့် ဦးကျော်စံလင်းသည် ဦးခေါင်းနှင့် လည်ပင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အကြမ်းဖက်သမားများမှ ဦးကျော်စံလင်း၏ ဖုန်း၊ Laptop၊ စကားပြောစက် နှင့် ဆိုင်ကယ်တို့အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ (ဧပြီလ ၂၈ရက်)၊ နံနက် (၈)နာရီအချိန်ခန့်တွင် ကညွှတ်ကွင်းမြို့၌ အုပ်ချုပ်ရေးမှူးဟောင်းအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ၎င်းထံမှ သိရသည်။

Zawgyi Version

ကၫႊတ္ကြင္းၿမိဳ႕၌ ၿမိဳ႕နယ္လွ်ပ္စစ္မႉးႏွင့္ အုပ္ခ်ဳပ္ေရးမႉးေဟာင္းတို႔ ေသနတ္ျဖင့္ပစ္သတ္ခံရ

Pearl (NP News) - ဧၿပီ ၂၈
ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၊ ကၫႊတ္ကြင္းၿမိဳ႕၌ ၿမိဳ႕နယ္လွ်ပ္စစ္မႉး ဦးေက်ာ္စံလင္းသည္ ေသနတ္ျဖင့္ ပစ္သတ္ခံရေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔ (ဧၿပီလ ၂၇ရက္) ၊ ညေန (၄)နာရီခြဲအခ်ိန္ခန႔္တြင္ ကၫြတ္ကြင္းၿမိဳ႕၊ ေတာင္ဂုံးတဲေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ၿမိဳ႕နယ္‌လွ်ပ္စစ္မႉး ဦးေက်ာ္စံလင္းသည္ ‌ေက်ာက္တံခါးၿမိဳ႕မွ ကၫြတ္ကြင္းၿမိဳ႕သို႔ ဆိုင္ကယ္ျဖင့္ ‌ေမာင္းႏွင္လာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ အၾကမ္းဖက္သမားမ်ားမွ ေသနတ္ျဖင့္ပစ္ခတ္သြားခဲ့ေၾကာင္း သိရသည္။

"မေန႔က (၄)ခြဲေလာက္ကျဖစ္တာ။ ေခါင္းနဲ႔ လည္ပင္းနဲ႔မွာ ဒဏ္ရာ (၄)ခ်က္ရတယ္၊ ေနရာမွာပဲ ဆုံးသြားတာ။ သူ႔ရဲ႕ ဖုန္း၊ Laptop၊ စကားေျပာစက္ နဲ႔ ဆိုင္ကယ္လည္း ယူသြားတယ္။ ဒီမနက္လည္း တစ္ေယာက္အပစ္ခံရတယ္။ သူက အုပ္ခ်ဳပ္ေရးမႉးေဟာင္း။ သူလည္း ဆုံးသြားတယ္" ဟု လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ဦးေက်ာ္စံလင္းသည္ ဦးေခါင္းႏွင့္ လည္ပင္းတို႔တြင္ က်ည္ထိမွန္ဒဏ္ရာရရွိ၍ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး အၾကမ္းဖက္သမားမ်ားမွ ဦးေက်ာ္စံလင္း၏ ဖုန္း၊ Laptop၊ စကားေျပာစက္ ႏွင့္ ဆိုင္ကယ္တို႔အား ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

အလားတူ ယေန႔ (ဧၿပီလ ၂၈ရက္)၊ နံနက္ (၈)နာရီအခ်ိန္ခန႔္တြင္ ကၫႊတ္ကြင္းၿမိဳ႕၌ အုပ္ခ်ဳပ္ေရးမႉးေဟာင္းအမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း ၎ထံမွ သိရသည္။

Related news

© 2021. All rights reserved.