ပြည်ကြီးတံခွန်မြို့နယ်ရှိ ထက်ဝေယံရွှေဆိုင် ဓားပြတိုက်ခံရ

 1303

Pearl (NP News) - ဧပြီ ၂၈
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ထက်ဝေယံရွှေဆိုင် ဓားပြတိုက်ခံခဲ့ရကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သောသတင်းအရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၂၈ရက်)၊ နေ့လည် (၁၂)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ စက်မှု(၁)ဈေးရှေ့၊ ၆၂လမ်း ၁၃၃×၁၃၄လမ်းကြားရှိ ထက်ဝေယံရွှေဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထက်ဝေယံရွှေဆိုင်သို့ အမျိုးသား(၂)ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်ပြောဆိုပြီးနောက် မှန်ကောင်တာအား ရိုက်ခွဲပြီး ရွှေထည်ပစ္စည်းများအား ဆာလာအိတ်ဖြင့်ထည့်၍ ဈေးအတွင်းသို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဓါးပြတိုက်မှုဖြစ်စဉ်အတွင်း ရွှေဆွဲကြိုး ဆိုဒ်စုံ ၁၈ကုံး၊ ရွှေနားကပ် ၃၈၀ရံ၊ ရွှေနားဆွဲ ၉၀ခု ခန့်အပါအဝင် ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

Zawgyi Version

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ထက္ေဝယံေ႐ႊဆိုင္ ဓားျပတိုက္ခံရ

Pearl (NP News) - ဧၿပီ ၂၈
မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ထက္ေဝယံေ႐ႊဆိုင္ ဓားျပတိုက္ခံခဲ့ရေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္ေသာသတင္းအရင္းျမစ္မ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၂၈ရက္)၊ ေန႔လည္ (၁၂)နာရီ (၁၅)မိနစ္အခ်ိန္ခန႔္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဇ)ရပ္ကြက္၊ စက္မႈ(၁)ေဈးေရွ႕၊ ၆၂လမ္း ၁၃၃×၁၃၄လမ္းၾကားရွိ ထက္ေဝယံေ႐ႊဆိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ထက္ေဝယံေ႐ႊဆိုင္သို႔ အမ်ိဳးသား(၂)ဦးေရာက္ရွိလာၿပီး ေသနတ္ပစ္ေဖာက္ကာ ၿခိမ္းေျခာက္ေျပာဆိုၿပီးေနာက္ မွန္ေကာင္တာအား ႐ိုက္ခြဲၿပီး ေ႐ႊထည္ပစၥည္းမ်ားအား ဆာလာအိတ္ျဖင့္ထည့္၍ ေဈးအတြင္းသို႔ ျပန္လည္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ဓါးျပတိုက္မႈျဖစ္စဥ္အတြင္း ေ႐ႊဆြဲႀကိဳး ဆိုဒ္စုံ ၁၈ကုံး၊ ေ႐ႊနားကပ္ ၃၈၀ရံ၊ ေ႐ႊနားဆြဲ ၉၀ခု ခန႔္အပါအဝင္ ခန႔္မွန္းတန္ဖိုး ေငြက်ပ္သိန္း ၂၀၀၀ ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္လက္ဝတ္ရတနာမ်ားကို ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.