အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အလွန်မှားယွင်းတဲ့တွက်ချက်မှုများ လုပ်ဆောင်နေသူဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရ ဝေဖန်

810

ဂျန်ဇက် (NP News) - ဧပြီ ၂၉
အမေရိကန် နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လုပ်ဆောင်မယ့် သဘောတူညီချက်ကဘေးအန္တရာယ်ကျရောက်မှုတွေ ပိုမိုဖြစ် လာနိုင်ဖွယ်ရှိနေကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျွန်က သတိပေးပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန် (သို့မဟုတ်) အမေရိကန်ရဲ့မဟာမိတ်နိုင်ငံများကို နျူကလီးယားအသုံးပြုတိုက်ခိုက်မယ်ဆိုရင် ချေမှုန်း ဖျက်ဆီးခံရမှာဖြစ်ပြီး မြောက်ကိုရီးယား အာဏာရှင်စနစ် အဆုံးသတ်သွားမှာဖြစ်ကြောင်း၊ မြောက်ကိုရီးယားရဲ့နျူကလီးယားခြိမ်းခြောက်မှုတွေကို ပိုမိုကောင်းမွန်တဲ့ တားဆီးတုံ့ပြန်မှုတွေလုပ်ဖို့ လိုအပ်နေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်နိုင်ငံကိုသွားရောက်ခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့လုပ်ရပ်များကို တုံ့ပြန်နိုင်ဖို့ နှစ်နိုင်ငံကြားနျူကလီးယား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လုပ်ဆောင်နိုင်အောင် ရည်ရွယ် ထားတဲ့သဘောတူညီမှုအသစ်များ ရရှိခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကင်ယိုဂျွန်က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အသက်ကြီးပြီး အချိန်မစီးသူဖြစ်ပြီး အလွန်မှားယွင်းတဲ့ တွက်ချက်မှုများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ အမေရိကန်သမ္မတရဲ့ပြောဆိုချက်များနဲ့ပတ်သက်တွေက ရန်လိုမှုများပြသနေ ကြောင်း၊ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ညီမဖြစ်သူက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ကင်ယိုဂျွန်က "အမေရိကန်သမ္မတရဲ့ပြောဆိုချက်တွေဟာ လူတစ်ဦးရဲ့သက်ကြီးရွယ်အိုဖြစ်နေတဲ့အမှတ်အသားမျိုးကို ပြသနေတာဖြစ်တယ်။ အမေရိကန်သမ္မတရဲ့ခြိမ်းခြောက်မှုတွေဟာ မြောက်ကိုရီးယားရဲ့တုံ့ပြန်မှုတွေကို ပိုမိုဖြစ်လာစေနိုင်တယ်။ အမေရိကန်သမ္မတရဲ့မှတ်ချက်စကား တွေက အမေရိကန်ရဲ့အနာဂတ်နဲ့လုံခြုံရေးကို တာဝန်ယူမှုမရှိဘဲ ပြောဆိုခဲ့တာမျိုးဖြစ်တယ်။ အနာဂတ်မရှိတော့တဲ့ အဘိုးကြီးတစ်ဦးအတွက်တော့ သမ္မတအဖြစ် နောက်ထပ် ၂ နှစ်ကြာ တာဝန်ယူရမှာ အလွန်များလွန်းအားကြီးတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံကြား ထပ်မံရရှိခဲ့တဲ့ နျူကလီးယား ဆိုင်ရာ သဘောတူညီချက် “Nuclear Consultative Group” အပေါ် ထိုက်တန်တဲ့ ဆောင်ရွက်မှုများလည်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း ကင်ယိုဂျွန်က ပြောပါတယ်။
၎င်းက "အဲဒီသဘောတူညီချက်အသစ်ဟာ အမေရိကန်ကို နျူကလီးယားလက်နက်များဖြန့်ကြတ်ချထားခွင့်ပေးမယ့်အချက်များ ပါဝင်နေသလို အမေရိကန် နဲ့ တောင်ကိုရီးယားကြား စစ်ရေးလေ့ကျင့်ခန်းများ ပိုမိုလုပ်ဆောင်မယ့်အချက်တွေလည်း ပါဝင်နေတယ်။ အဲဒီအချက်တွေဟာ ကျွန်မတို့ ဘက်က ပိုမိုပြတ်သားတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်သွားရဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။

Zawgyi Version;
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အလြန္မွားယြင္းတဲ့တြက္ခ်က္မႈမ်ား လုပ္ေဆာင္ေနသူျဖစ္ေၾကာင္း ေျမာက္ကိုရီးယားအစိုးရ ေဝဖန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၉
အေမရိကန္ နဲ႔ ေတာင္ကိုရီးယားတို႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမင့္လုပ္ေဆာင္မယ့္ သေဘာတူညီခ်က္ကေဘးအႏၲရာယ္က်ေရာက္မႈေတြ ပိုမိုျဖစ္ လာႏိုင္ဖြယ္ရွိေနေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ရဲ႕ ညီမျဖစ္သူ ကင္ယိုဂြၽန္က သတိေပးေျပာဆိုလိုက္ပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံအေနနဲ႔ အေမရိကန္ (သို႔မဟုတ္) အေမရိကန္ရဲ႕မဟာမိတ္ႏိုင္ငံမ်ားကို န်ဴကလီးယားအသုံးျပဳတိုက္ခိုက္မယ္ဆိုရင္ ေခ်မႈန္း ဖ်က္ဆီးခံရမွာျဖစ္ၿပီး ေျမာက္ကိုရီးယား အာဏာရွင္စနစ္ အဆုံးသတ္သြားမွာျဖစ္ေၾကာင္း၊ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားၿခိမ္းေျခာက္မႈေတြကို ပိုမိုေကာင္းမြန္တဲ့ တားဆီးတုံ႔ျပန္မႈေတြလုပ္ဖို႔ လိုအပ္ေနေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာဆိုခဲ့ဖူးပါတယ္။
ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္ႏိုင္ငံကိုသြားေရာက္ခဲ့ၿပီး သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ေျမာက္ကိုရီးယားႏိုင္ငံရဲ႕လုပ္ရပ္မ်ားကို တုံ႔ျပန္ႏိုင္ဖို႔ ႏွစ္ႏိုင္ငံၾကားန်ဴကလီးယား ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမင့္လုပ္ေဆာင္ႏိုင္ေအာင္ ရည္႐ြယ္ ထားတဲ့သေဘာတူညီမႈအသစ္မ်ား ရရွိခဲ့ေၾကာင္း သိရပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ကင္ယိုဂြၽန္က အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ အသက္ႀကီးၿပီး အခ်ိန္မစီးသူျဖစ္ၿပီး အလြန္မွားယြင္းတဲ့ တြက္ခ်က္မႈမ်ား လုပ္ေဆာင္ေနသူျဖစ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။ အေမရိကန္သမၼတရဲ႕ေျပာဆိုခ်က္မ်ားနဲ႔ပတ္သက္ေတြက ရန္လိုမႈမ်ားျပသေန ေၾကာင္း၊ ေျမာက္ကိုရီးယားေခါင္းေဆာင္ရဲ႕ညီမျဖစ္သူက ေဝဖန္ျပစ္တင္ခဲ့ပါတယ္။
ကင္ယိုဂြၽန္က "အေမရိကန္သမၼတရဲ႕ေျပာဆိုခ်က္ေတြဟာ လူတစ္ဦးရဲ႕သက္ႀကီး႐ြယ္အိုျဖစ္ေနတဲ့အမွတ္အသားမ်ိဳးကို ျပသေနတာျဖစ္တယ္။ အေမရိကန္သမၼတရဲ႕ၿခိမ္းေျခာက္မႈေတြဟာ ေျမာက္ကိုရီးယားရဲ႕တုံ႔ျပန္မႈေတြကို ပိုမိုျဖစ္လာေစႏိုင္တယ္။ အေမရိကန္သမၼတရဲ႕မွတ္ခ်က္စကား ေတြက အေမရိကန္ရဲ႕အနာဂတ္နဲ႔လုံၿခဳံေရးကို တာဝန္ယူမႈမရွိဘဲ ေျပာဆိုခဲ့တာမ်ိဳးျဖစ္တယ္။ အနာဂတ္မရွိေတာ့တဲ့ အဘိုးႀကီးတစ္ဦးအတြက္ေတာ့ သမၼတအျဖစ္ ေနာက္ထပ္ ၂ ႏွစ္ၾကာ တာဝန္ယူရမွာ အလြန္မ်ားလြန္းအားႀကီးတယ္" လို႔ ေျပာပါတယ္။
ဒါ့အျပင္ အေမရိကန္ နဲ႔ ေတာင္ကိုရီးယားႏိုင္ငံၾကား ထပ္မံရရွိခဲ့တဲ့ န်ဴကလီးယား ဆိုင္ရာ သေဘာတူညီခ်က္ “Nuclear Consultative Group” အေပၚ ထိုက္တန္တဲ့ ေဆာင္႐ြက္မႈမ်ားလည္းလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ကင္ယိုဂြၽန္က ေျပာပါတယ္။
၎က "အဲဒီသေဘာတူညီခ်က္အသစ္ဟာ အေမရိကန္ကို န်ဴကလီးယားလက္နက္မ်ားျဖန႔္ၾကတ္ခ်ထားခြင့္ေပးမယ့္အခ်က္မ်ား ပါဝင္ေနသလို အေမရိကန္ နဲ႔ ေတာင္ကိုရီးယားၾကား စစ္ေရးေလ့က်င့္ခန္းမ်ား ပိုမိုလုပ္ေဆာင္မယ့္အခ်က္ေတြလည္း ပါဝင္ေနတယ္။ အဲဒီအခ်က္ေတြဟာ ကြၽန္မတို႔ ဘက္က ပိုမိုျပတ္သားတဲ့လုပ္ေဆာင္ခ်က္ေတြ လုပ္ေဆာင္သြားရဖြယ္ရွိေနပါတယ္" လို႔ ေျပာပါတယ္။