အညာဒေသ၌ ဓားစာခံကို လက်လွှဲရောင်းစားသောဈေးကွက် ပေါ်ပေါက်နေ

228

Pearl (NP News) - စက်တင်ဘာ ၂၃
အညာဒေသ၌ ဓားစာခံကို လက်လွှဲ ရောင်းစားသောဈေးကွက်ပေါ်ပေါက်နေကြောင်း ဒေသခံ များထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
PDF အဖွဲ့ကြီးစိုးရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ဒေသအချို့တွင် PDF အဖွဲ့က လုပ်ငန်းရှင်များကို နေအိမ်များအထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင် များထံဆက် သွယ်၍ ငွေတောင်းခံမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယခုနောက်ပိုင်း၌ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားသည့်ဓားစားခံကို အဖွဲ့အစည်း အ ဆင့်ဆင့်လွှဲပြောင်းရောင်းချသည့်ဈေးကွက် ပေါ် ပေါက်နေကြောင်းလည်းသိရသည်။
“ဓားစာခံကို တစ်ဆင့်တစ်ဆင့်ပြန်ရောင်းတာပေါ့။ ညောင်ဦးမှာ အဲဒီလိုဖြစ်နေတာ။ ပခုက္ကူ ဘက်လည်း အဲဒီအတိုင်းပဲ။ ပြန်ပေးဆွဲတယ် ပြန်ပေးဆွဲခဲ့တဲ့လူကို တစ်ဆင့်ပြန်ရောင်းစားတယ်။ တစ် ယောက်ကိုခေါ်သွားတယ်။ ပြီးရင် နောက်အဖွဲ့ကိုရော သူက ပိုက်ဆံရှိတယ် စုံစမ်းကြည့်။ ငါ့ကို (၁၀ဝဝ) ပဲပေး။ ပြီးရင် အဲဒီအဖွဲ့ကလည်း နောက် အဖွဲ့ကိုရော့ (၂၀ဝဝ)ပေး။ ပြီးရင် ပြန်ရောင်းနဲ့ ဈေးပြန်တင်။ ကုန်ရောင်းသလိုဖြစ်ကုန်တာ။ မိသား စုဆီရောက်တော့ ဈေးကများသွားတာ (၈၀ဝဝ၊ ၉၀ဝဝ)အထိ ဖြစ်သွားရော။ ပိုက်ဆံရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ ကြောက်ရင်ကြောက်သလို ဖြဲခြောက်ကြတာ” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ထို့သို့ လုပ်ငန်းရှင်များကိုပြန်ပေးဆွဲ၍ ငွေကျပ် သိန်း(၈၀ဝဝ)ခန့်ဖြင့် ပြန်လည်ရွေးယူ ရသည့် ဖြစ်စဉ်များအပါအဝင် ပြန်ပေးဆွဲမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလာသည့်အတွက် လုပ်ငန်းရှင်များ အနေဖြင့် စိုးရိမ်စိတ်များဖြင့် သွားလာနေထိုင် နေရကြောင်းလည်းသိရသည်။
ပြီးခဲ့သည့်ဇူလိုင်လကလည်း ညောင်ဦးမြို့ရှိ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကို PDF အဖွဲ့က လာရောက်ဖမ်းဆီးပြီး ၎င်းအားမတွေ့သဖြင့် ဇနီးဖြစ်သူနှင့် ငွေကျပ်သိန်း(၅၀ဝ)အပြင် Hijet ကားကိုပါ လုယက်ယူဆောင်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Zawgyi Version:
အညာေဒသ၌ ဓားစာခံကို လက္လႊဲေရာင္းစားေသာေဈးကြက္ ေပၚေပါက္ေန
Pearl (NP News) - စက္တင္ဘာ ၂၃
အညာေဒသ၌ ဓားစာခံကို လက္လႊဲ ေရာင္းစားေသာေဈးကြက္ေပၚေပါက္ေနေၾကာင္း ေဒသခံ မ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
PDF အဖြဲ႕ႀကီးစိုးရာ မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕နယ္ရွိ ေဒသအခ်ိဳ႕တြင္ PDF အဖြဲ႕က လုပ္ငန္းရွင္မ်ားကို ေနအိမ္မ်ားအထိ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားၿပီး မိသားစုဝင္ မ်ားထံဆက္ သြယ္၍ ေငြေတာင္းခံမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ယခုေနာက္ပိုင္း၌ ျပန္ေပးဆြဲဖမ္းဆီးေခၚေဆာင္သြားသည့္ဓားစားခံကို အဖြဲ႕အစည္း အ ဆင့္ဆင့္လႊဲေျပာင္းေရာင္းခ်သည့္ေဈးကြက္ ေပၚ ေပါက္ေနေၾကာင္းလည္းသိရသည္။
“ဓားစာခံကို တစ္ဆင့္တစ္ဆင့္ျပန္ေရာင္းတာေပါ့။ ေညာင္ဦးမွာ အဲဒီလိုျဖစ္ေနတာ။ ပခုကၠဴ ဘက္လည္း အဲဒီအတိုင္းပဲ။ ျပန္ေပးဆြဲတယ္ ျပန္ေပးဆြဲခဲ့တဲ့လူကို တစ္ဆင့္ျပန္ေရာင္းစားတယ္။ တစ္ ေယာက္ကိုေခၚသြားတယ္။ ၿပီးရင္ ေနာက္အဖြဲ႕ကိုေရာ သူက ပိုက္ဆံရွိတယ္ စုံစမ္းၾကည့္။ ငါ့ကို (၁၀ဝဝ) ပဲေပး။ ၿပီးရင္ အဲဒီအဖြဲ႕ကလည္း ေနာက္ အဖြဲ႕ကိုေရာ့ (၂၀ဝဝ)ေပး။ ၿပီးရင္ ျပန္ေရာင္းနဲ႔ ေဈးျပန္တင္။ ကုန္ေရာင္းသလိုျဖစ္ကုန္တာ။ မိသား စုဆီေရာက္ေတာ့ ေဈးကမ်ားသြားတာ (၈၀ဝဝ၊ ၉၀ဝဝ)အထိ ျဖစ္သြားေရာ။ ပိုက္ဆံရွိတဲ့အေပၚမွာ မူတည္ၿပီးေတာ့ ေၾကာက္ရင္ေၾကာက္သလို ၿဖဲေျခာက္ၾကတာ” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ထို႔သို႔ လုပ္ငန္းရွင္မ်ားကိုျပန္ေပးဆြဲ၍ ေငြက်ပ္ သိန္း(၈၀ဝဝ)ခန႔္ျဖင့္ ျပန္လည္ေ႐ြးယူ ရသည့္ ျဖစ္စဥ္မ်ားအပါအဝင္ ျပန္ေပးဆြဲမႈျဖစ္စဥ္မ်ား မၾကာခဏျဖစ္ပြားလာသည့္အတြက္ လုပ္ငန္းရွင္မ်ား အေနျဖင့္ စိုးရိမ္စိတ္မ်ားျဖင့္ သြားလာေနထိုင္ ေနရေၾကာင္းလည္းသိရသည္။
ၿပီးခဲ့သည့္ဇူလိုင္လကလည္း ေညာင္ဦးၿမိဳ႕ရွိ စက္သုံးဆီလုပ္ငန္းရွင္တစ္ဦးကို PDF အဖြဲ႕က လာေရာက္ဖမ္းဆီးၿပီး ၎အားမေတြ႕သျဖင့္ ဇနီးျဖစ္သူႏွင့္ ေငြက်ပ္သိန္း(၅၀ဝ)အျပင္ Hijet ကားကိုပါ လုယက္ယူေဆာင္သြားခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။