ပယ်မိသားစုမှ ပယ်ဆောက်ချိန်၊ ပယ်ရင်ချန် အပါအဝင် ၂၁ ဦးကို ပုဒ်မ များစွာဖြင့် တရုတ် က စတင် စစ်ဆေး

 1122

သုတကျော် (NP News) - စက်တင်ဘာ ၂၃
ကျားဖြန့်ကိစ္စနှင့်ပတ်သက်၍ ပယ်မိသားစုမှ ပယ်ဆောက်ချိန်၊ ပယ်ရင်ချန် အပါအဝင် ၂၁ ဦးကို ပုဒ်မ များစွာဖြင့် တရုတ်အစိုးရက စတင် စစ်ဆေးကြောင်း ဆင်ဟွာသတင်းဌာန ၏ သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ တရားရုံး တရုတ်က မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လှုပ်ရှားခဲ့သော ရာဇဝတ် ဂိုဏ်းဝင် ၂၁ ဦးကို လိမ်လည်မှု၊ လူသတ်မှု၊ လူကို တမင် ထိခိုက်ဒဏ်ရာ ရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ပြည့်တန်ဆာလုပ်ငန်းများ စုစည်းပေးမှု၊ အတင်းအကျပ်စေခိုင်းမှု၊ တရားမဝင် ချုပ်နှောင်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ထုတ်လုပ်မှု စသည်ဖြင့် ပုဒ်မ များစွာဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ စက်တင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်အထိ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၊ ရှန်ကျန်းအလယ်အလတ်ပြည်သူ့တရားရုံးတွင် ပထမအဆင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှန်ကျန်းပြည်သူ့ရှေ့နေချုပ်ရုံး၏ စွဲချက်အတွင်း ပယ်ဆောက်ချိန် နှင့် ပယ်ရင်ချန် တို့ ဦးဆောင်သော အဆိုပါဂိုဏ်းသည် ကိုးကန့်ဒေသတွင် မိသားစုဩဇာကို အသုံးချကာ အဆောက်အအုံ ၄၁ လုံ တည်ဆောက်ကာ တရားမဝင် လုပ်ငန်း လုပ်ကိုင်သူများအား လက်နက်ဖြင့် အကာအကွယ်ပေးခဲ့သည်ဟု ဖော်ပြထားကြောင်း သတင်းတွင် ရေးသားထားသည်။
အဆိုပါဂိုဏ်းသည် ၎င်းတို့ ကာကွယ်ပေးထားသူများနှင့်ပူးပေါင်းကာ ဆောင်ရွက်ခြင်းကြောင့် တရုတ်နိုင်ငံသား ၆ ဦး သေဆုံးပြီး အများအပြားလည်း ဒဏ်ရာရခဲ့ကာ အဆိုပါ ဂိုဏ်း၏ လောင်းကစား နှင့် အွန်လိုင်း လိမ်လည်မှုက ရရှိသော ငွေသည် အမေရိကန် ဒေါ်လာ ၂.၈ ဘီလျံ ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
စစ်ဆေးပြီးနောက် စီရင်ချက်ကို နောက်ပိုင်းတွင် ကြေညာမည်ဖြစ်ကာ တရားခွင်သို့ လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်းလည်း သတင်းတွင် ဆိုထားသည်။

Zawgyi Version:
ပယ္မိသားစုမွ ပယ္ေဆာက္ခ်ိန္၊ ပယ္ရင္ခ်န္ အပါအဝင္ ၂၁ ဦးကို ပုဒ္မ မ်ားစြာျဖင့္ တ႐ုတ္ က စတင္ စစ္ေဆး
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၃
က်ားျဖန႔္ကိစၥႏွင့္ပတ္သက္၍ ပယ္မိသားစုမွ ပယ္ေဆာက္ခ်ိန္၊ ပယ္ရင္ခ်န္ အပါအဝင္ ၂၁ ဦးကို ပုဒ္မ မ်ားစြာျဖင့္ တ႐ုတ္အစိုးရက စတင္ စစ္ေဆးေၾကာင္း ဆင္ဟြာသတင္းဌာန ၏ သတင္းတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။
တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းရွိ တရား႐ုံး တ႐ုတ္က ျမန္မာႏိုင္ငံ ေျမာက္ပိုင္းတြင္ လႈပ္ရွားခဲ့ေသာ ရာဇဝတ္ ဂိုဏ္းဝင္ ၂၁ ဦးကို လိမ္လည္မႈ၊ လူသတ္မႈ၊ လူကို တမင္ ထိခိုက္ဒဏ္ရာ ရေစမႈ၊ ျပန္ေပးဆြဲမႈ၊ ေငြညႇစ္မႈ၊ ျပည့္တန္ဆာလုပ္ငန္းမ်ား စုစည္းေပးမႈ၊ အတင္းအက်ပ္ေစခိုင္းမႈ၊ တရားမဝင္ ခ်ဳပ္ေႏွာင္မႈ၊ မူးယစ္ေဆးဝါး ေမွာင္ခိုကူးမႈ၊ ထုတ္လုပ္မႈ စသည္ျဖင့္ ပုဒ္မ မ်ားစြာျဖင့္ စြဲခ်က္တင္ထားေၾကာင္း သိရသည္။
ယင္းႏွင့္ပတ္သက္၍ စက္တင္ဘာ ၁၉ ရက္ကေန ၂၂ ရက္အထိ တ႐ုတ္ႏိုင္ငံ၊ ဂြမ္ေဒါင္းျပည္နယ္၊ ရွန္က်န္းအလယ္အလတ္ျပည္သူ႔တရား႐ုံးတြင္ ပထမအဆင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ရွန္က်န္းျပည္သူ႔ေရွ႕ေနခ်ဳပ္႐ုံး၏ စြဲခ်က္အတြင္း ပယ္ေဆာက္ခ်ိန္ ႏွင့္ ပယ္ရင္ခ်န္ တို႔ ဦးေဆာင္ေသာ အဆိုပါဂိုဏ္းသည္ ကိုးကန႔္ေဒသတြင္ မိသားစုဩဇာကို အသုံးခ်ကာ အေဆာက္အအုံ ၄၁ လုံ တည္ေဆာက္ကာ တရားမဝင္ လုပ္ငန္း လုပ္ကိုင္သူမ်ားအား လက္နက္ျဖင့္ အကာအကြယ္ေပးခဲ့သည္ဟု ေဖာ္ျပထားေၾကာင္း သတင္းတြင္ ေရးသားထားသည္။
အဆိုပါဂိုဏ္းသည္ ၎တို႔ ကာကြယ္ေပးထားသူမ်ားႏွင့္ပူးေပါင္းကာ ေဆာင္႐ြက္ျခင္းေၾကာင့္ တ႐ုတ္ႏိုင္ငံသား ၆ ဦး ေသဆုံးၿပီး အမ်ားအျပားလည္း ဒဏ္ရာရခဲ့ကာ အဆိုပါ ဂိုဏ္း၏ ေလာင္းကစား ႏွင့္ အြန္လိုင္း လိမ္လည္မႈက ရရွိေသာ ေငြသည္ အေမရိကန္ ေဒၚလာ ၂.၈ ဘီလ်ံ ရွိေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။
စစ္ေဆးၿပီးေနာက္ စီရင္ခ်က္ကို ေနာက္ပိုင္းတြင္ ေၾကညာမည္ျဖစ္ကာ တရားခြင္သို႔ လူေပါင္း ၁၀၀ ေက်ာ္ တက္ေရာက္ခဲ့ေၾကာင္းလည္း သတင္းတြင္ ဆိုထားသည္။

Related news

© 2021. All rights reserved.