ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရုရှားနိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်မည်

265

သုတကျော် (NP News) - စက်တင်ဘာ ၂၃
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသတင်း ပတ်ဖိုရမ်(World Atomic Week 2025)သို့တက်ရောက်ရန်အတွက် မကြာမီ ရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ကမ္ဘာ့အဏုမြူသတင်းပတ် ဖိုရမ်(World Atomic Week 2025) သို့တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ အကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက် ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
႐ုရွားသမၼတ၏ ဖိတ္ၾကားခ်က္အရ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ႐ုရွားႏိုင္ငံသို႔ အလုပ္သေဘာ ခရီးသြားေရာက္မည္
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၃
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ မစၥတာ ဗလာဒီမာ ပူတင္၏ ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ အလုပ္သေဘာခရီးသြားေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ မစၥတာ ဗလာဒီမာပူတင္၏ ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕တြင္ က်င္းပျပဳလုပ္မည့္ ကမာၻ႔အဏုျမဴသတင္း ပတ္ဖိုရမ္(World Atomic Week 2025)သို႔တက္ေရာက္ရန္အတြက္ မၾကာမီ ရက္ပိုင္းအတြင္း ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ ခ်စ္ၾကည္ေရး ခရီးသြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ခရီးစဥ္အတြင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒သည္ ကမာၻ႔အဏုျမဴသတင္းပတ္ ဖိုရမ္(World Atomic Week 2025) သို႔တက္ေရာက္ျခင္း၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ သမၼတ မစၥတာ ဗလာဒီမာပူတင္ အပါအဝင္ ႐ုရွားႏိုင္ငံမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ ေဆြးေႏြးျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ား အၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရး၊ လုံၿခဳံေရး ဆိုင္ရာမ်ားႏွင့္ က႑ေပါင္းစုံတြင္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ား ပိုမိုတိုးတက္ ခိုင္မာေအာင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။