မလေးရှားနှင့်ထိုင်းသို့ MOU စနစ်ဖြင့် သွားရောက်မည့်သူများအတွက် ကျန်းမာရေးဆေးစစ်ရန် ဆေးရုံ၊ ဆေးခန်း(၈)ခုနှင့် MOEAF တို့စာချုပ်ချုပ်ဆို

 957

ယွန်း (NP News) - မေ ၄

မလေးရှား နှင့် ထိုင်းနိုင်ငံသို့ တရားဝင်စနစ်များဖြင့် အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအတွက် ကျန်းမာရေးဆေးစစ်ခြင်းကို ဆောင်ရွက်နိုင်ရန် ဆေးရုံ၊ ဆေးခန်း(၈)ခုမှ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) နှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ရှိ WYNDHAM Grand Yangon Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

မလေးရှားနှင့်ထိုင်းနိုင်ငံသို့ တရားဝင်စနစ်များဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအတွက် ကျန်း မာရေးဆေးစစ်ခြင်းလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရန် MOEAF နှင့် မလေးရှားနိုင်ငံ FWCMS အသိအမှတ်ပြု ဆေးရုံ၊ ဆေးခန်းများ၊ ထိုင်းနိုင်ငံ DOE အသိအ မှတ်ပြုဆေးရုံ၊ ဆေးခန်းများ နှင့် နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် သည်။

ပြည်ပသို့ တရားဝင်စနစ်များဖြင့် ထွက်ခွာအလုပ်လုပ်မည့် လုပ်သားများအား ကြားပွဲစားများမှ အမြတ်ထုတ်ခြင်းများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်၍ စာချုပ်အား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရအေဂျင်စီများ၏ အမည်ကိုသုံး၍ အလွဲသုံးစားပြုလိမ် လည်ခြင်းနှင့် လူကုန်ကူးခြင်းများကိုလည်း တားဆီးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ဆေးခန်းများအနေဖြင့်လည်း နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနများကချမှတ်ထားသော စည်းမျည်းစည်းကမ်းများနှင့်အညီ လုပ်သားများအား ကျန်းမာရေးဆေးစစ်ပေးရန်နှင့် ဆေးအောင်လက်မှတ်ကို အမြန်ဆုံးထုတ်ပေးရန် စာချုပ်တွင် ပါဝင်သည်။

အလားတူ သတ်မှတ်ထားသောစျေးနှုန်းထက်ပိုမိုမကောက်ခံရန်နှင့် အေဂျင်စီမသိဘဲ လာရောက်စစ်သော ပွဲစားများကို လက်မခံရန်၊ ကြားပွဲစားတိုက်ဖျက်ရေးတွင် MOEAF နှင့် ဆေးခန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

MOEAF နှင့် သဘောတူစာချုပ်ချုပ်ဆိုသော ဆေးရုံ ဆေးခန်း (၈)ခုတွင် ဧရာ Medical Centre၊ Elotus Medical Laboratory & Diagnastics၊ ထက်မာန်ရောဂါရှာဖွေရေး နှင့် အထူးကုဆေးခန်း၊ ကုန်းဘောင် Health Centre၊ လမင်း Medical Clinics၊ မိုးသီး အထွေထွေရောဂါကုဆေးခန်း နှင့် ဆေးရုံ၊ Sabaidee Special Clinic နှင့် ရွှေဘုံစံ Medical Centreတို့ပါဝင်ကြောင်း သိရသည်။

zawgyi version
မေလးရွားႏွင့္ထိုင္းသို႔ MOU စနစ္ျဖင့္ သြားေရာက္မည့္သူမ်ားအတြက္ က်န္းမာေရးေဆးစစ္ရန္ ေဆး႐ုံ၊ ေဆးခန္း(၈)ခုႏွင့္ MOEAF တို႔စာခ်ဳပ္ခ်ဳပ္ဆို

ယြန္း (NP News) - ေမ ၄

မေလးရွား ႏွင့္ ထိုင္းႏိုင္ငံသို႔ တရားဝင္စနစ္မ်ားျဖင့္ အလုပ္သြားေရာက္လုပ္ကိုင္မည့္သူမ်ားအတြက္ က်န္းမာေရးေဆးစစ္ျခင္းကို ေဆာင္႐ြက္ႏိုင္ရန္ ေဆး႐ုံ၊ ေဆးခန္း(၈)ခုမွ ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ား အဖြဲ႕ခ်ဳပ္ (MOEAF) ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုျခင္း အခမ္းအနားကို ၿပီးခဲ့သည့္ရက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ WYNDHAM Grand Yangon Hotel တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

မေလးရွားႏွင့္ထိုင္းႏိုင္ငံသို႔ တရားဝင္စနစ္မ်ားျဖင့္ သြားေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ားအတြက္ က်န္း မာေရးေဆးစစ္ျခင္းလုပ္ငန္းမ်ားကို တာဝန္ယူမႈ၊ တာဝန္ခံမႈမ်ားျဖင့္ လြယ္ကူလ်င္ျမန္စြာေဆာင္႐ြက္ႏိုင္ရန္ MOEAF ႏွင့္ မေလးရွားႏိုင္ငံ FWCMS အသိအမွတ္ျပဳ ေဆး႐ုံ၊ ေဆးခန္းမ်ား၊ ထိုင္းႏိုင္ငံ DOE အသိအ မွတ္ျပဳေဆး႐ုံ၊ ေဆးခန္းမ်ား ႏွင့္ ႏွစ္ဦးႏွစ္ဖက္သေဘာတူစာခ်ဳပ္မ်ားကို လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ သည္။

ျပည္ပသို႔ တရားဝင္စနစ္မ်ားျဖင့္ ထြက္ခြာအလုပ္လုပ္မည့္ လုပ္သားမ်ားအား ၾကားပြဲစားမ်ားမွ အျမတ္ထုတ္ျခင္းမ်ားကို အတိုင္းအတာတစ္ခုအထိ ကာကြယ္တားဆီးႏိုင္ရန္ ရည္႐ြယ္၍ စာခ်ဳပ္အား လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ပအလုပ္အကိုင္ရွာေဖြေရး လိုင္စင္ရေအဂ်င္စီမ်ား၏ အမည္ကိုသုံး၍ အလြဲသုံးစားျပဳလိမ္ လည္ျခင္းႏွင့္ လူကုန္ကူးျခင္းမ်ားကိုလည္း တားဆီးႏိုင္ရန္ ရည္႐ြယ္ေၾကာင္း သိရသည္။

ေဆးခန္းမ်ားအေနျဖင့္လည္း ႏွစ္ႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာနမ်ားကခ်မွတ္ထားေသာ စည္းမ်ည္းစည္းကမ္းမ်ားႏွင့္အညီ လုပ္သားမ်ားအား က်န္းမာေရးေဆးစစ္ေပးရန္ႏွင့္ ေဆးေအာင္လက္မွတ္ကို အျမန္ဆုံးထုတ္ေပးရန္ စာခ်ဳပ္တြင္ ပါဝင္သည္။

အလားတူ သတ္မွတ္ထားေသာေစ်းႏႈန္းထက္ပိုမိုမေကာက္ခံရန္ႏွင့္ ေအဂ်င္စီမသိဘဲ လာေရာက္စစ္ေသာ ပြဲစားမ်ားကို လက္မခံရန္၊ ၾကားပြဲစားတိုက္ဖ်က္ေရးတြင္ MOEAF ႏွင့္ ေဆးခန္းမ်ား ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

MOEAF ႏွင့္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုေသာ ေဆး႐ုံ ေဆးခန္း (၈)ခုတြင္ ဧရာ Medical Centre၊ Elotus Medical Laboratory & Diagnastics၊ ထက္မာန္ေရာဂါရွာေဖြေရး ႏွင့္ အထူးကုေဆးခန္း၊ ကုန္းေဘာင္ Health Centre၊ လမင္း Medical Clinics၊ မိုးသီး အေထြေထြေရာဂါကုေဆးခန္း ႏွင့္ ေဆး႐ုံ၊ Sabaidee Special Clinic ႏွင့္ ေ႐ႊဘုံစံ Medical Centreတို႔ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.