ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမှုက အမေရိကန်-ရုရှားဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ ရုရှားသမ္မတ သတိပေး

226

Pika (NP News) - အောက်တိုဘာ ၆
ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် အဲဒီထောက်ပံ့ပေးမှုက ရုရှား-အမေရိကန်ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့စဉ်းစားနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ပူတင်ရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့နဲ့ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို မချမှတ်ရသေးဘူးလို့လည်း အမေရိကန်အရာရှိတစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပူတင်က “ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးမှုက အမေရိကန်-ရုရှားဆက်ဆံရေးကို ပျက်စီးစေပါလိမ့်မယ် ဒါမှမဟုတ် အနည်းဆုံးတော့ ဒီလုပ်ရပ်ကြောင့် ကျွန်တော်တို့နှစ်နိုင်ငံကြားဆက်ဆံရေးကနေ ထွက်ပေါ်လာတဲ့အပြုသဘောဆောင်တဲ့ရလဒ်တွေကို ထိခိုက်စေပါလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
တာဝေးပစ် Tomahawk ဒုံးကျည်တွေဟာ အကွာအဝေး(၂၅၀၀)ကီလိုမီတာလောက်အထိ ပျံသန်းနိုင်စွမ်းရှိပြီး ယူကရိန်းကသာ အဲဒီဒုံးကျည်တွေကို လက်ခံရရှိခဲ့မယ်ဆိုရင် ရုရှားနိုင်ငံရဲ့ဘယ်နေရာကိုမဆို ပစ်ခတ်တိုက်ခိုက်နိုင် စွမ်းရှိသွားပြီလို့ ဆိုလိုတာလည်းဖြစ်ပါတယ်။

Zawgyi Version:
ယူကရိန္းကို တာေဝးပစ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးမႈက အေမရိကန္-႐ုရွားဆက္ဆံေရးကို ထိခိုက္ေစလိမ့္မယ္လို႔ ႐ုရွားသမၼတ သတိေပး
Pika (NP News) - ေအာက္တိုဘာ ၆
႐ုရွားႏိုင္ငံတြင္းကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးခဲ့မယ္ဆိုရင္ အဲဒီေထာက္ပံ့ေပးမႈက ႐ုရွား-အေမရိကန္ဆက္ဆံေရးကို ပ်က္စီးေစလိမ့္မယ္လို႔ ႐ုရွားသမၼတပူတင္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔စဥ္းစားေနတယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ပူတင္ရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔နဲ႔ပတ္သက္ၿပီး ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို မခ်မွတ္ရေသးဘူးလို႔လည္း အေမရိကန္အရာရွိတစ္ဦးက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ပူတင္က “ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးမႈက အေမရိကန္-႐ုရွားဆက္ဆံေရးကို ပ်က္စီးေစပါလိမ့္မယ္ ဒါမွမဟုတ္ အနည္းဆုံးေတာ့ ဒီလုပ္ရပ္ေၾကာင့္ ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကေန ထြက္ေပၚလာတဲ့အျပဳသေဘာေဆာင္တဲ့ရလဒ္ေတြကို ထိခိုက္ေစပါလိမ့္မယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြဟာ အကြာအေဝး(၂၅၀၀)ကီလိုမီတာေလာက္အထိ ပ်ံသန္းႏိုင္စြမ္းရွိၿပီး ယူကရိန္းကသာ အဲဒီဒုံးက်ည္ေတြကို လက္ခံရရွိခဲ့မယ္ဆိုရင္ ႐ုရွားႏိုင္ငံရဲ႕ဘယ္ေနရာကိုမဆို ပစ္ခတ္တိုက္ခိုက္ႏိုင္ စြမ္းရွိသြားၿပီလို႔ ဆိုလိုတာလည္းျဖစ္ပါတယ္။