ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများနှင့်ပူးပေါင်းမှုအပြင် တရုတ်သိုင်းကားများပါ ရိုက်ကူးတော့မည့် ပိုင်တံခွန်

2349

ဂျန်ဇက် (NP News) - မေ ၁ဝ
မြန်မာမော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်သော ပိုင်တံခွန်က ၎င်းအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှာ ရုပ်ရှင် များ၊ ကြေညာများ ရိုက်ကူးနေသလို ယခုလအတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ရုပ်ရှင်များသွား ရောက်ရိုက်ကူးမည် ဖြစ်သလို တရုတ်ရုပ်ရှင်ထုတ်လုပ်ရေးနှင့်လည်း လာမည့် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ပိုင်တံခွန်သည် ထိုင်းနိုင်ငံသို့ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီးနောက် မေလ ၁ဝ ရက်က Ngamwongwan-Kaset Nawamin အရပ်ဒေသရှိ ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲလုပ်ဆောင်ချိန်အတွင်း ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပိုင်တံခွန်အနေဖြင့် ထိုင်းနိုင်ငံတွင် ဒရာမာကား သုံးကားရိုက်ကူးရန် အစီအစဉ်များရှိနေပြီး ရိုက်ဖြစ်မည်ဆိုလျှင် လာမည့် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ရိုက်ကူးသွားဖွယ်ရှိနေကြောင်း၊ ထိုင်းနိုင်ငံတွင် ရိုက်ကူးရန်စီစဉ်ထား သော ဇာတ်ကား သုံးကားနှင့်ပတ်သက်ပြီး တွဲဖက်သရုပ်ဆောင်ရမည့် မင်းသမီးများကို လက်ရှိတွင် အတိအကျ မသိသေးဘဲ မင်းသားပဲ သိသေးကြောင်း၊ ရိုက်ကူးရန် စကားပြောဆိုထားရုံသာ ရှိသေးကြောင်း ဆိုသည်။
ပိုင်တံခွန်က ၎င်းအနေဖြင့် လက်ရှိအချိန်တွင် ထိုင်းဘာသာစကားကို လေ့လာလျက်ရှိနေကြောင်း ပြောသည်။ ပိုင်တံခွန် က "ကျွန်တော်အနေနဲ့ ထိုင်းနိုင်ငံကို အလွန်ချစ်ခင်မြတ်နိုးပါတယ်။ ထိုင်းနိုင်ငံက ကျွန်တော်ရဲ့ဒုတိယ အိမ်ပါ။ ထိုင်းနိုင်ငံကို ဒီတစ်ခေါက်ထပ်လာတဲ့အချိန်မှာလည်း နွေးထွေးမှုရှိပါတယ်။ ထိုင်းနိုင်ငံကို ဒီတစ်ခေါက်လာ တာက အလုပ်အသစ်တွေထက် အရင်တုန်းက လက်ခံထားတဲ့အလုပ်တွေ အပြီးသတ်လုပ်ဖို့ အဓိကလာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အလုပ်တွေပြီးတာနဲ့ လာမယ့် ၁၈ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံကိုသွားပြီး ရုပ်ရှင် ရိုက်ကူးဖို့ ရှိပါတယ်။ ကမ္ဘောဒီးယားမှာ ဇာတ်လမ်းတွဲတွေ လက်ခံထားတာတွေရှိပါတယ်။ ဒါ့အပြင် တရုတ် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း လာမယ့်စက်တင်ဘာလမှာ လက်မှတ်ထိုးမယ်။ ရုပ်ရှင်ကားတွေရိုက်ဖို့အတွက် လက်မှတ်ထိုးမှာပါ။ တရုတ်သိုင်းကားတွေလည်း ပါမယ်ထင်တယ်" ဟု ဆိုသည်။

Zawgyi Version;
ထိုင္း၊ ကေမာၻဒီးယား၊ တ႐ုတ္ ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီမ်ားႏွင့္ပူးေပါင္းမႈအျပင္ တ႐ုတ္သိုင္းကားမ်ားပါ ႐ိုက္ကူးေတာ့မည့္ ပိုင္တံခြန္
ဂ်န္ဇက္ (NP News) - ေမ ၁ဝ
ျမန္မာေမာ္ဒယ္သ႐ုပ္ေဆာင္တစ္ဦးျဖစ္ေသာ ပိုင္တံခြန္က ၎အေနျဖင့္ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံမွာ ႐ုပ္ရွင္ မ်ား၊ ေၾကညာမ်ား ႐ိုက္ကူးေနသလို ယခုလအတြင္း ကေမာၻဒီးယားႏိုင္ငံတြင္ ႐ုပ္ရွင္မ်ားသြား ေရာက္႐ိုက္ကူးမည္ ျဖစ္သလို တ႐ုတ္႐ုပ္ရွင္ထုတ္လုပ္ေရးႏွင့္လည္း လာမည့္ စက္တင္ဘာလတြင္ လက္မွတ္ေရးထိုးသြားမည္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ပိုင္တံခြန္သည္ ထိုင္းႏိုင္ငံသို႔ သုံးႏွစ္အတြင္း ပထမဆုံးအႀကိမ္ သြားေရာက္ခဲ့ၿပီးေနာက္ ေမလ ၁ဝ ရက္က Ngamwongwan-Kaset Nawamin အရပ္ေဒသရွိ ဟိုတယ္တြင္ သတင္းစာရွင္းလင္းပြဲလုပ္ေဆာင္ခ်ိန္အတြင္း ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ပိုင္တံခြန္အေနျဖင့္ ထိုင္းႏိုင္ငံတြင္ ဒရာမာကား သုံးကား႐ိုက္ကူးရန္ အစီအစဥ္မ်ားရွိေနၿပီး ႐ိုက္ျဖစ္မည္ဆိုလွ်င္ လာမည့္ ေအာက္တိုဘာ၊ ႏိုဝင္ဘာလမ်ားတြင္ ႐ိုက္ကူးသြားဖြယ္ရွိေနေၾကာင္း၊ ထိုင္းႏိုင္ငံတြင္ ႐ိုက္ကူးရန္စီစဥ္ထား ေသာ ဇာတ္ကား သုံးကားႏွင့္ပတ္သက္ၿပီး တြဲဖက္သ႐ုပ္ေဆာင္ရမည့္ မင္းသမီးမ်ားကို လက္ရွိတြင္ အတိအက် မသိေသးဘဲ မင္းသားပဲ သိေသးေၾကာင္း၊ ႐ိုက္ကူးရန္ စကားေျပာဆိုထား႐ုံသာ ရွိေသးေၾကာင္း ဆိုသည္။
ပိုင္တံခြန္က ၎အေနျဖင့္ လက္ရွိအခ်ိန္တြင္ ထိုင္းဘာသာစကားကို ေလ့လာလ်က္ရွိေနေၾကာင္း ေျပာသည္။ ပိုင္တံခြန္ က "ကြၽန္ေတာ္အေနနဲ႔ ထိုင္းႏိုင္ငံကို အလြန္ခ်စ္ခင္ျမတ္ႏိုးပါတယ္။ ထိုင္းႏိုင္ငံက ကြၽန္ေတာ္ရဲ႕ဒုတိယ အိမ္ပါ။ ထိုင္းႏိုင္ငံကို ဒီတစ္ေခါက္ထပ္လာတဲ့အခ်ိန္မွာလည္း ေႏြးေထြးမႈရွိပါတယ္။ ထိုင္းႏိုင္ငံကို ဒီတစ္ေခါက္လာ တာက အလုပ္အသစ္ေတြထက္ အရင္တုန္းက လက္ခံထားတဲ့အလုပ္ေတြ အၿပီးသတ္လုပ္ဖို႔ အဓိကလာတာ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံက အလုပ္ေတြၿပီးတာနဲ႔ လာမယ့္ ၁၈ ရက္မွာ ကေမာၻဒီးယားႏိုင္ငံကိုသြားၿပီး ႐ုပ္ရွင္ ႐ိုက္ကူးဖို႔ ရွိပါတယ္။ ကေမာၻဒီးယားမွာ ဇာတ္လမ္းတြဲေတြ လက္ခံထားတာေတြရွိပါတယ္။ ဒါ့အျပင္ တ႐ုတ္ ႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔လည္း လာမယ့္စက္တင္ဘာလမွာ လက္မွတ္ထိုးမယ္။ ႐ုပ္ရွင္ကားေတြ႐ိုက္ဖို႔အတြက္ လက္မွတ္ထိုးမွာပါ။ တ႐ုတ္သိုင္းကားေတြလည္း ပါမယ္ထင္တယ္" ဟု ဆိုသည္။