ပါလက်စတိုင်းနဲ့ တင်းမာမှုတွေဖြစ်နေတဲ့ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို ကူညီထောက်ခံပေးသွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရပြော

 610

ဂျန်ဇက် (NP News) - မေ ၁၁

အမေရိကန်အစိုးရအနေနဲ့ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး ကူညီထောက်ခံပေးသွားမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

ဂျိတ်ဆူလီဗန်ဟာ အစ္စရေးအစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောဆိုခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။ ပါလက်စတိုင်းနဲ့ အစ္စရေးနိုင်ငံကြားအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားနေချိန်မှာ ဆူလီဗန် နဲ့ အစ္စရေးအစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၎င်းက "အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို ခိုင်ခိုင်မာမာကာကွယ်ထောက်ပံ့ပေးသွားမှာပါ။ အစ္စရေးအစိုးရဟာ ရော့ကဒ်များနဲ့ တိုက်ခိုက်မှုများအတွက် အစ္စရေးပြည်သူတွေကို ကာကွယ်ပေးဖို့ အခွင့်အရေး ရှိပါတယ်" လို့ ပြောပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသရှိ စစ်သွေးကြွအဖွဲ့များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၂ဝ သေဆုံးခဲ့ပြီး နောက် အစ္စရေးနဲ့ ပါလက်စတိုင်းကြား တင်းမာမှုများ တစ်ကျော့ပြန် ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ စစ်သွေးကြွအုပ်စုတွေဟာ အစ္စရေးနိုင်ငံကိုရောကဒ့် ဒုံးကျည်အစင်းရေ ၁ဝဝ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ကုလသမဂ္ဂအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖာဟမ်ဟတ်က အစ္စရေးရဲ့ တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးခြင်းကို လက်မခံနိုင်ကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က "အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်ဟာ အစ္စရေးကာကွယ်ရေး ဝန်ကြီးနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တယ်။ အစ္စရေးဟာ အကြမ်းဖက်အုပ်စုတွေရဲ့ ရော့ကဒ်ဒုံးကျည်များနဲ့ တိုက်ခိုက်မှုရန် ကနေ ပြည်သူတွေကို ကာကွယ်ပေးဖို့ အခွင့်ရေးရှိတယ်ဆိုတဲ့အချက်ကို ထောက်ခံခဲ့တယ်" လို့ သတင်းထုတ်ပြန် ထားပါတယ်။

အမေရိကန်စစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ရိုင်ဒါက "အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ အစ္စရေး နိုင်ငံ လုံခြုံရေးနဲ့ပတ်သက်ပြီး အခိုင်အမာထောက်ခံတယ်လို့ ပြောခဲ့တယ်။ အခက်အခဲပြဿနာတွေကို တည်ငြိမ်စွာ ဖြေရှင်းနိုင်အောင် အစ္စရေးနဲ့ ပါလက်စတိုင်းနိုင်ငံကြား တင်းမာမှုတွေကိုလျော့ချဖို့ တိုက်တွန်းခဲ့တယ်" လို့ ပြောပါ တယ်။

Zawgyi Version;
ပါလက္စတိုင္းနဲ႔ တင္းမာမႈေတြျဖစ္ေနတဲ့ အစၥေရးႏိုင္ငံရဲ႕လုံၿခဳံေရးကို ကူညီေထာက္ခံေပးသြားမွာျဖစ္ေၾကာင္း အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၁

အေမရိကန္အစိုးရအေနနဲ႔ အစၥေရးႏိုင္ငံရဲ႕လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ကူညီေထာက္ခံေပးသြားမွာျဖစ္ေၾကာင္း အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီအႀကံေပး ဂ်ိတ္ဆူလီဗန္က ေျပာပါတယ္။

ဂ်ိတ္ဆူလီဗန္ဟာ အစၥေရးအစိုးရတာဝန္ရွိသူမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း အခုလိုမ်ိဳးေျပာဆိုခဲ့ျခင္းျဖစ္ ေၾကာင္း သိရပါတယ္။ ပါလက္စတိုင္းနဲ႔ အစၥေရးႏိုင္ငံၾကားအၾကမ္းဖက္မႈမ်ား ထပ္မံျဖစ္ပြားေနခ်ိန္မွာ ဆူလီဗန္ နဲ႔ အစၥေရးအစိုးရတာဝန္ရွိသူမ်ား ေတြ႕ဆုံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

၎က "အေမရိကန္အစိုးရဟာ အစၥေရးႏိုင္ငံရဲ႕လုံၿခဳံေရးကို ခိုင္ခိုင္မာမာကာကြယ္ေထာက္ပံ့ေပးသြားမွာပါ။ အစၥေရးအစိုးရဟာ ေရာ့ကဒ္မ်ားနဲ႔ တိုက္ခိုက္မႈမ်ားအတြက္ အစၥေရးျပည္သူေတြကို ကာကြယ္ေပးဖို႔ အခြင့္အေရး ရွိပါတယ္" လို႔ ေျပာပါတယ္။

အစၥေရးဟာ ဂါဇာကမ္းေျမာင္ေဒသရွိ စစ္ေသြးႂကြအဖြဲ႕မ်ားကို ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ လူေပါင္း ၂ဝ ေသဆုံးခဲ့ၿပီး ေနာက္ အစၥေရးနဲ႔ ပါလက္စတိုင္းၾကား တင္းမာမႈမ်ား တစ္ေက်ာ့ျပန္ ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

ဂါဇာကမ္းေျမာင္ေဒသရွိ စစ္ေသြးႂကြအုပ္စုေတြဟာ အစၥေရးႏိုင္ငံကိုေရာကဒ့္ ဒုံးက်ည္အစင္းေရ ၁ဝဝ ေက်ာ္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ ကုလသမဂၢအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဖာဟမ္ဟတ္က အစၥေရးရဲ႕ တိုက္ခိုက္မႈမ်ားေၾကာင့္ အရပ္သားမ်ား ေသဆုံးျခင္းကို လက္မခံႏိုင္ေၾကာင္း ေဝဖန္ျပစ္တင္ထားပါတယ္။

အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က "အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္ဟာ အစၥေရးကာကြယ္ေရး ဝန္ႀကီးနဲ႔ ဖုန္းဆက္ေဆြးေႏြးခဲ့တယ္။ အစၥေရးဟာ အၾကမ္းဖက္အုပ္စုေတြရဲ႕ ေရာ့ကဒ္ဒုံးက်ည္မ်ားနဲ႔ တိုက္ခိုက္မႈရန္ ကေန ျပည္သူေတြကို ကာကြယ္ေပးဖို႔ အခြင့္ေရးရွိတယ္ဆိုတဲ့အခ်က္ကို ေထာက္ခံခဲ့တယ္" လို႔ သတင္းထုတ္ျပန္ ထားပါတယ္။

အေမရိကန္စစ္ဌာနခ်ဳပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္႐ိုင္ဒါက "အေမရိကန္ကာကြယ္ေရးဝန္ႀကီးဟာ အစၥေရး ႏိုင္ငံ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး အခိုင္အမာေထာက္ခံတယ္လို႔ ေျပာခဲ့တယ္။ အခက္အခဲျပႆနာေတြကို တည္ၿငိမ္စြာ ေျဖရွင္းႏိုင္ေအာင္ အစၥေရးနဲ႔ ပါလက္စတိုင္းႏိုင္ငံၾကား တင္းမာမႈေတြကိုေလ်ာ့ခ်ဖို႔ တိုက္တြန္းခဲ့တယ္" လို႔ ေျပာပါ တယ္။

Related news

© 2021. All rights reserved.