ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်း မိုင်(၁၁ဝ)အထိဖြစ်ပေါ်နိုင်ပြီး ရေကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်

 1174

မျိုးကြီး (NP News) - မေ ၁၂

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်း မိုင်(၁၁ဝ)အထိ ဖြစ်ပေါ်နိုင်ကာ ရေကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက သတိပေးထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေ ၁၂ ရက်) နံနက်အစောပိုင်းတွင် အထက်ပါကဲ့သို့ ထည့်သွင်းကာ သတိပေးကြေညာထားခြင်းဖြစ်သည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ ဖြစ်ပေါ်နေသည့် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (မိုခါ) သည် နာရီပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ဆိုသည်။

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် မြောက်ဘက်မှ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မေ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းမှစ၍ မေ ၁၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

ထိုသို့ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၉ဝ)မှ မိုင်(၁၁ဝ) ခန့်အထိ တိုက်ခတ် နိုင်ပြီး လှိုင်းအမြင့်မှာ (၁၃)ပေမှ (၁၆)ပေခန့် ရှိနိုင်ကြောင်းလည်း မိုးဇလက သတိပေးထားသည်။

ထို့ပြင် မေ ၁၃ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁ဝဝ) မှ မိုင်(၁၁ဝ) ခန့်အထိ ဖြစ်ပေါ်နိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင်(၄ဝ) မှ မိုင်(၆ဝ)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလက ခန့်မှန်းကာ သတိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

Zawgyi Version;
ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္၌ အျမင့္ဆုံးေလတိုက္ႏႈန္း မိုင္(၁၁ဝ)အထိျဖစ္ေပၚႏိုင္ၿပီး ေရႀကီး၊ ေျမၿပိဳမႈမ်ား ျဖစ္ေပၚႏိုင္
မ်ိဳးႀကီး (NP News) - ေမ ၁၂

အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ ရခိုင္ျပည္နယ္၌ အျမင့္ဆုံးေလတိုက္ႏႈန္း မိုင္(၁၁ဝ)အထိ ျဖစ္ေပၚႏိုင္ကာ ေရႀကီး၊ ေျမၿပိဳမႈမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလက သတိေပးထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(ေမ ၁၂ ရက္) နံနက္အေစာပိုင္းတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းကာ သတိေပးေၾကညာထားျခင္းျဖစ္သည္။

လက္ရွိတြင္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္း၌ ျဖစ္ေပၚေနသည့္ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း (မိုခါ) သည္ နာရီပိုင္းအတြင္း ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္း၌ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (မိုခါ) အျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလက ဆိုသည္။

အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ေျမာက္ဘက္မွ အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားကာ ေမ ၁၄ ရက္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာ့ဘဇားၿမိဳ႕ႏွင့္ ျမန္မာႏိုင္ငံ၊ ေက်ာက္ျဖဴၿမိဳ႕တို႔ အၾကား စစ္ေတြၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။

ဆိုင္ကလုန္းမုန္တိုင္း၏ အရွိန္ေၾကာင့္ ယေန႔နံနက္ပိုင္းမွစ၍ ေမ ၁၄ ရက္အတြင္း ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ မၾကာခဏ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။

ထိုသို႔ မိုးသက္ေလျပင္းက်စဥ္ ေရျပင္၊ ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၉ဝ)မွ မိုင္(၁၁ဝ) ခန႔္အထိ တိုက္ခတ္ ႏိုင္ၿပီး လႈိင္းအျမင့္မွာ (၁၃)ေပမွ (၁၆)ေပခန႔္ ရွိႏိုင္ေၾကာင္းလည္း မိုးဇလက သတိေပးထားသည္။

ထို႔ျပင္ ေမ ၁၃ ရက္မွ ၁၅ ရက္အတြင္း ရခိုင္ျပည္နယ္၌ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္(၁ဝဝ) မွ မိုင္(၁၁ဝ) ခန႔္အထိ ျဖစ္ေပၚႏိုင္ၿပီး ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီႏွင့္ ခ်င္းျပည္နယ္တို႔တြင္ အျမင့္ဆုံးေလတိုက္ႏႈန္း တစ္နာရီလွ်င္ မိုင္(၄ဝ) မွ မိုင္(၆ဝ)ခန႔္အထိ တိုက္ခတ္ႏိုင္ေၾကာင္း မိုးဇလက ခန႔္မွန္းကာ သတိေပးထားသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ) ၏ အရွိန္ေၾကာင့္ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးႀကီးျခင္း၊ ႐ုတ္တရက္ ေရႀကီးျခင္းႏွင့္အတူ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သတိေပးထားသည္။

Related news

© 2021. All rights reserved.