ဆန်အိတ်(၁ဝဝဝ)နှင့် စပါးတင်း (၅ဝဝဝ)အထက် သိုလှောင်ထားပါက မှတ်ပုံတင်ရမည်

2042

မျိုးကြီး (NP News) - မေ ၁၆
ဆန်စပါးလုပ်ကိုင်သူများအနေဖြင့် ဆန်အိတ် (၁ဝဝဝ)နှင့် စပါးတင်း(၅ဝဝဝ)အထက် သိုလှောင်ထားပါက မကြာခင်အချိန်၌ မှတ်ပုံတင်သွားရဖွယ်ရှိကြောင်း သတင်းရရှိသည်။
နစက၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိလုပ်ငန်းအဖွဲ့ကို ပြီးခဲ့သော မေလ ၉ ရက်တွင် ဖွဲ့စည်းလိုက်သည်။
ဆန်စပါးလုပ်ကိုင်နေသူများအနေဖြင့် ဝန်ထုပ်ဝန်ပိုးနှင့် အန္တရာယ်မဖြစ်စေဘဲ လုပ်ငန်းဆောင်ရွက်နိုင်ရန်၊ အမြတ်များများရလိုမှုဖြင့် သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန်နှင့် ဆန်စပါးသိုလှောင်မှုအခြေအနေအား စနစ်တကျဆောင်ရွက်နိုင်ရန် ၎င်းအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
အဆိုပါအဖွဲ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားကြောင်း သိရသည်။
“ဆန်ဈေးတက်တဲ့အပေါ်မှာ ကုန်သည်တွေက ဈေးကစားတယ်။ သိုလှောင်တယ်ပေါ့။ ဒါကြောင့် ဒီလိုစီစဉ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီးတော့ အခုလို ထုတ်လိုက်တာပဲ။ ဆန်းဈေးတက်တာက ကုန်သည်တွေ၊ ဆန်စက်ပိုင်ရှင်တွေက ကုန်တွေကို မရောင်းဘဲ သိုလှောင်ထားတယ်။ အဲဒီတော့ အမှန်တကယ်စားသုံးသူလက်ထဲ ရောက်ရမယ့် ဆန်တွေ၊ စပါးတွေက မရောက်ဘဲနဲ့ ဂိုထောင်ထဲမှာ အများကြီးရှိနေတယ်။ ဒါကြောင့် ဆန်ဈေးတက်တာလို့ သူတို့က ယူဆမှာပေါ့” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက NP News ကို သုံးသပ်ပြောဆိုထားသည်။
လုပ်ငန်းတည်နေရာ တစ်နေရာ၌ ဆန်တန်ချိန်(၅ဝ) (ဆန်အိတ် ၁ဝဝဝ))နှင့် စပါးတင်း (၅ဝဝဝ)အထက် သိုလှောင်မှုပမာဏကို မှတ်ပုံတင်ရန် သတ်မှတ်ခြင်းနှင့် ပမာဏပြောင်းလဲခြင်းအား သတင်းပို့သည့်စနစ်ကို ကြပ်မတ်အကောင်အထည်ဖော်ရန်အတွက် ၎င်းအဖွဲ့ကို တာဝန်ပေးထားကြောင်း သိရသည်။
ထို့ပြင် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ICT နှင့် Digital နည်းပညာကို အသုံးပြုကာ အွန်လိုင်းမှ မှတ်ပုံတင်ခြင်းစနစ်ကို ကျင့်သုံးဆောင်ရွက်ရန်လည်း တာဝန်ပေးထားသည်။
ဆန်စပါးသိုလှောင်မှုနှင့်ပတ်သက်၍ မှတ်ပုံတင်ရန် ဆောင်ရွက်ခြင်းသည် ဂိုထောင်အသီးသီးရှိ ဆန်နှင့်စပါးများ၏ စာရင်းဇယားများကို အတိအကျသိရှိလိုသည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးမင်းသိမ်းက ဆက်လက်သုံးသပ်ထားသည်။
၎င်းမှတ်ပုံတင်လုပ်ငန်းများ ထိရောက်ရေးအတွက် တိုင်းနှင့်ပြည်နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနမှတစ်ဆင့် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် မှတ်ပုံတင်စနစ်အား လိုက်နာကျင့်သုံးခြင်းမရှိပါက ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်အရေးယူသွားရန်လည်း တာဝန်ပေးထားကြောင်း တွေ့ရှိရသည်။
ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ပုံမှန်လုပ်ကိုင်ရောင်းဝယ်နေသည့် ဆန်းစပါးလုပ်ငန်းရှင်များအတွက် အဟန့်အတားတစ်ခုဖြစ်စေသော်လည်း စားသုံးသူပြည်သူများအတွက် ကောင်းမွန်စေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စပါးဈေးမြင့်တက်မှုနှင့်အတူ ဆန်ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိနေပြီး ဝိသမလောဘသား ဆန်ကုန်သည်အချို့ကလည်း ဆန်ဈေးနှုန်းအား စွဲတင်ကာ ဈေးနှုန်းမတည်ငြိမ်မှုဖြစ်ပေါ်စေရန် လုပ်ဆောင်နေမှုများလည်းရှိကြောင်း ပြောဆိုနေကြသည်။
ယခင်က ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် (၃ဝဝဝဝ) ဝန်းကျင်သာရှိသော်လည်း လက်ရှိအချိန်၌ ငွေကျပ် (၇ဝဝဝဝ)နီးပါးအထိ မြင့်တက်လာလျက်ရှိပြီး အလားတူ ဆန်ချောတစ်အိတ်လျှင် ယခင်က ငွေကျပ် (၆ဝဝဝဝ)ကျော်သာရှိခဲ့ရာမှ လက်ရှိ၌ ငွေကျပ် တစ်သိန်းသို့ မြင့်တက်လျက်ရှိနေသည်။

zawgyi version
ဆန္အိတ္(၁ဝဝဝ)ႏွင့္ စပါးတင္း (၅ဝဝဝ)အထက္ သိုေလွာင္ထားပါက မွတ္ပုံတင္ရမည္
မ်ိဳးႀကီး (NP News) - ေမ ၁၆
ဆန္စပါးလုပ္ကိုင္သူမ်ားအေနျဖင့္ ဆန္အိတ္ (၁ဝဝဝ)ႏွင့္ စပါးတင္း(၅ဝဝဝ)အထက္ သိုေလွာင္ထားပါက မၾကာခင္အခ်ိန္၌ မွတ္ပုံတင္သြားရဖြယ္ရွိေၾကာင္း သတင္းရရွိသည္။
နစက၏ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဆန္စပါး သိုေလွာင္မႈလုပ္ငန္း မွတ္ပုံတင္ျခင္းဆိုင္ရာ အစိုးရ-ပုဂၢလိလုပ္ငန္းအဖြဲ႕ကို ၿပီးခဲ့ေသာ ေမလ ၉ ရက္တြင္ ဖြဲ႕စည္းလိုက္သည္။
ဆန္စပါးလုပ္ကိုင္ေနသူမ်ားအေနျဖင့္ ဝန္ထုပ္ဝန္ပိုးႏွင့္ အႏၲရာယ္မျဖစ္ေစဘဲ လုပ္ငန္းေဆာင္႐ြက္ႏိုင္ရန္၊ အျမတ္မ်ားမ်ားရလိုမႈျဖင့္ သမား႐ိုးက်ေရာင္းဝယ္ျခင္းမဟုတ္ေသာ လုပ္ငန္းမ်ားကို ထိန္းေက်ာင္းႏိုင္ရန္ႏွင့္ ဆန္စပါးသိုေလွာင္မႈအေျခအေနအား စနစ္တက်ေဆာင္႐ြက္ႏိုင္ရန္ ၎အဖြဲ႕ကို ဖြဲ႕စည္းလိုက္ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
အဆိုပါအဖြဲ႕တြင္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသုံးသူေရးရာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္က အဖြဲ႕ေခါင္းေဆာင္အျဖစ္ တာဝန္ယူမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒က ဒုတိယအဖြဲ႕ေခါင္းေဆာင္အျဖစ္ တာဝန္ယူထားေၾကာင္း သိရသည္။
“ဆန္ေဈးတက္တဲ့အေပၚမွာ ကုန္သည္ေတြက ေဈးကစားတယ္။ သိုေလွာင္တယ္ေပါ့။ ဒါေၾကာင့္ ဒီလိုစီစဥ္မယ္ဆိုၿပီးေတာ့ ဆုံးျဖတ္ၿပီးေတာ့ အခုလို ထုတ္လိုက္တာပဲ။ ဆန္းေဈးတက္တာက ကုန္သည္ေတြ၊ ဆန္စက္ပိုင္ရွင္ေတြက ကုန္ေတြကို မေရာင္းဘဲ သိုေလွာင္ထားတယ္။ အဲဒီေတာ့ အမွန္တကယ္စားသုံးသူလက္ထဲ ေရာက္ရမယ့္ ဆန္ေတြ၊ စပါးေတြက မေရာက္ဘဲနဲ႔ ဂိုေထာင္ထဲမွာ အမ်ားႀကီးရွိေနတယ္။ ဒါေၾကာင့္ ဆန္ေဈးတက္တာလို႔ သူတို႔က ယူဆမွာေပါ့” ဟု မူဆယ္ဆန္စပါးကုန္စည္ဒိုင္မွ ဒုဥကၠ႒ ဦးမင္းသိမ္းက NP News ကို သုံးသပ္ေျပာဆိုထားသည္။
လုပ္ငန္းတည္ေနရာ တစ္ေနရာ၌ ဆန္တန္ခ်ိန္(၅ဝ) (ဆန္အိတ္ ၁ဝဝဝ))ႏွင့္ စပါးတင္း (၅ဝဝဝ)အထက္ သိုေလွာင္မႈပမာဏကို မွတ္ပုံတင္ရန္ သတ္မွတ္ျခင္းႏွင့္ ပမာဏေျပာင္းလဲျခင္းအား သတင္းပို႔သည့္စနစ္ကို ၾကပ္မတ္အေကာင္အထည္ေဖာ္ရန္အတြက္ ၎အဖြဲ႕ကို တာဝန္ေပးထားေၾကာင္း သိရသည္။
ထို႔ျပင္ မွတ္ပုံတင္လုပ္ငန္းမ်ား ေဆာင္႐ြက္ရာ၌ လြယ္ကူလ်င္ျမန္စြာ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ICT ႏွင့္ Digital နည္းပညာကို အသုံးျပဳကာ အြန္လိုင္းမွ မွတ္ပုံတင္ျခင္းစနစ္ကို က်င့္သုံးေဆာင္႐ြက္ရန္လည္း တာဝန္ေပးထားသည္။
ဆန္စပါးသိုေလွာင္မႈႏွင့္ပတ္သက္၍ မွတ္ပုံတင္ရန္ ေဆာင္႐ြက္ျခင္းသည္ ဂိုေထာင္အသီးသီးရွိ ဆန္ႏွင့္စပါးမ်ား၏ စာရင္းဇယားမ်ားကို အတိအက်သိရွိလိုသည့္အတြက္ ယခုကဲ့သို႔လုပ္ေဆာင္ျခင္း ျဖစ္ႏိုင္ေၾကာင္း ဦးမင္းသိမ္းက ဆက္လက္သုံးသပ္ထားသည္။
၎မွတ္ပုံတင္လုပ္ငန္းမ်ား ထိေရာက္ေရးအတြက္ တိုင္းႏွင့္ျပည္နယ္အလိုက္ စားသုံးသူေရးရာဦးစီးဌာနမွတစ္ဆင့္ ၾကပ္မတ္ေဆာင္႐ြက္သြားရန္ႏွင့္ မွတ္ပုံတင္စနစ္အား လိုက္နာက်င့္သုံးျခင္းမရွိပါက ဥပေဒႏွင့္အညီ ထိန္းေက်ာင္းၾကပ္မတ္အေရးယူသြားရန္လည္း တာဝန္ေပးထားေၾကာင္း ေတြ႕ရွိရသည္။
ထိုသို႔ လုပ္ေဆာင္ျခင္းအားျဖင့္ ပုံမွန္လုပ္ကိုင္ေရာင္းဝယ္ေနသည့္ ဆန္းစပါးလုပ္ငန္းရွင္မ်ားအတြက္ အဟန႔္အတားတစ္ခုျဖစ္ေစေသာ္လည္း စားသုံးသူျပည္သူမ်ားအတြက္ ေကာင္းမြန္ေစႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ စပါးေဈးျမင့္တက္မႈႏွင့္အတူ ဆန္ေဈးႏႈန္းမွာလည္း ျမင့္တက္လ်က္ရွိေနၿပီး ဝိသမေလာဘသား ဆန္ကုန္သည္အခ်ိဳ႕ကလည္း ဆန္ေဈးႏႈန္းအား စြဲတင္ကာ ေဈးႏႈန္းမတည္ၿငိမ္မႈျဖစ္ေပၚေစရန္ လုပ္ေဆာင္ေနမႈမ်ားလည္းရွိေၾကာင္း ေျပာဆိုေနၾကသည္။
ယခင္က ဆန္ၾကမ္းတစ္အိတ္လွ်င္ ေငြက်ပ္ (၃ဝဝဝဝ) ဝန္းက်င္သာရွိေသာ္လည္း လက္ရွိအခ်ိန္၌ ေငြက်ပ္ (၇ဝဝဝဝ)နီးပါးအထိ ျမင့္တက္လာလ်က္ရွိၿပီး အလားတူ ဆန္ေခ်ာတစ္အိတ္လွ်င္ ယခင္က ေငြက်ပ္ (၆ဝဝဝဝ)ေက်ာ္သာရွိခဲ့ရာမွ လက္ရွိ၌ ေငြက်ပ္ တစ္သိန္းသို႔ ျမင့္တက္လ်က္ရွိေနသည္။