ရုရှား ယူကရိန်း စစ်ပွဲ အဆုံးသတ်တော့မှာလား (ဘာသာပြန်ဆောင်းပါး)

 2775

ပရမတ္တ ကိုမောင်ဘ (NP News) - မေ ၁၉

၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်ဟာဆိုရင် ယူကရိန်းစစ်ပွဲဖြစ်တာ (၄၄၇) ရက်မြောက်ရှိပါပြီ။ ရက်အများစုမှာ စစ်ပွဲသတင်းတွေက ထူးမခြားနားပါဘဲ။ ရက်စက်တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ သေကြေပျက်စီးမှုတွေနဲ့ စကားလုံးတိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာဘဲ ကြားခဲ့မြင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒီနေ့ကတော့ ထူးခြားတဲ့ နေ့တစ်နေ့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရုရှားက ယူကရိန်းနိုင်ငံမြို့တော် ကိယက်ကို ဦးတည်ပြီး လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့လို့ဖြစ်ပါတယ်။ ယူကရိန်းကလည်း ရုရှားတွေထိန်းချုပ်ထားတဲ့ ဒေသထဲကို နက်နက်ရှိုင်းရှိုင်းတိုးဝင်ပြီး ပြင်းပြင်းထန်ထန်ပြန်လည် တိုက်ခိုက် ခဲ့ပါတယ်။ တိုက်ပွဲတွေက ပိုမိုပြင်းထန်လာနေပြီး အဆုံးသတ် တိုက်ပွဲဆင်နွှဲနေသလားလို့ ထင်ရပါတယ်။

မေးစရာရှိလာတာက ဒါဟာ ဒီစစ်ပွဲနိဂုံးရဲ့ အစလားဆိုတာပါ။ လွန်ခဲ့တဲ့ညက ရုရှားတွေဟာ ကိယက်မြို့ကို ဒုံးကျည်တွေနဲ့ ဒရစပ်ပစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။ ဒေသစံတော်ချိန် မနက် (၂) နာရီခွဲမှာ စတင်ပစ်ခတ်တာပါ။ ကိယက်မြို့ပေါ်မှာ အရေးပေါ် ဥသြဆွဲသံတွေ ဆူညံစွာထွက်ပေါ်လာခဲ့ပါတယ်။ မြို့တော်ဟာ ကျယ်လောင်ပြင်း ထန်တဲ့ ပေါက်ကွဲသံတွေကြောင့် အလန့်တကြားနိုးထလာကြပါတယ်။
ကောင်းကင်ဟာလည်း မီးပန်းလျှပ်စီး ကြောင်းတွေနဲ့ တဖြတ်ဖြတ်လင်းလက်နေပါတယ်။ ဒါတွေဟာ ရုရှားတို့ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို ယူကရိန်းရဲ့ လေကြောင်းကာကွယ်‌ရေး ဒုံးကျည်တွေက တုန့်ပြန်တိုက်ခိုက်မှုတွေပါ။ ကိယက်အတွက် တော်တော် ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ညတညပါဘဲ။ ယူကရိန်းနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မီလင်ဒါ ဆိုင်မွန် Melinda Simmons က “ မနေ့ညက ကိယက်ဟာ လေကြောင်းကနေ ကောင်းကင်တပြင်လုံးအပြည့် တိုက်ခိုက် ခံရပါတယ်။ တော်တော့ကို ပြင်းထန်ပါတယ်။ ပေါက်ကွဲသံတွေနဲ့ နံရံတွေတုန်ခါသွားတာတွေက တကယ့်ခြောက် ခြားစရာကောင်းတဲ့ ညတစ်ညပါဘဲ။ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ သူမရဲ့ တွိတာ အကောင့်မှာရေးထားပါတယ်။

သတင်းပေးပို့ချက်တွေအရ၊ ရုရှားတွေဟာ အရှေ့၊ မြောက်နဲ့ တောင်အရပ်သုံးမျက်နှာကနေ၊ မြေပြင် ရေပြင် နဲ့ လေကြောင်းကပါ ဒုံးကျည် (၁၈)လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အီရန်က နေရထားတဲ့ ရှာဟက်ဒ် ဒရုန်း (၆) စီးနဲ့ ကင်းထောက်ဒရုန်း (၃)စီးတို့လည်း တိုက်ပွဲမှာပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရုရှားဟာ ကိယက်ကို အင်အားအပြည့်နဲ့ တိုက်ခိုက်ခဲ့တာ ထင်ရှားပါတယ်။ ဒါပေမဲ့ ဒီနေ့ နေ့လည် ပိုင်းသတင်းတွေရတဲ့အထိတော့ ထိခိုက်ပျက်စီးမှုသိပ်မရှိသလို၊ လူ (၃) ယောက်ထိခိုက်ဒဏ်ရာရ တာက လွဲလို့ သေဆုံးသူမရှိဘူးလို့ဆိုပါတယ်။ ဒါဆိုရင် ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
သတင်းတွေအရ မော်စကိုအနေနဲ့ ကိယက်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖျက်ဆီးပစ်ချင်နေပါတယ်။ ယူကရိန်းက အမေရိကန်လုပ် ပက်ထရီယော့ လေကြောင်းကာကွယ်ရေးစနစ် ကို အသုံးပြုနေပါတယ်။

အမေရိကန်နဲ့ ဂျာမနီက ထောက်ပံ့ထားတဲ့ ဒီစနစ်က လွန်ခဲ့တဲ့ အပတ်ထဲမှာ ယူကရိန်းကို ရောက်ရှိလာတာပါ။ ပက်ထရီယော့တွေက ယူကရိန်းရဲ့ ကာကွယ်ရေးအင်အားကို ပိုမိုတောင့်တင်းစေပါတယ်။ ဒါကြောင့်ဒါကို ရုရှားက ချိုးဖျက်ပစ်ချင်နေတာပါ။ ဒါကြောင့် ရုရှားက ဒရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်တာ က ကြီးမားတဲ့ ထိုးစစ်ကြီးမဆင်နွှဲခင် ယူကရိန်းရဲ့ ခံစစ်ကိုအားပျော့သွားစေဘို့ဖြစ်ပါတယ်။ ယူကရိန်းက ဘယ်လို တုန့်ပြန်ပါသလဲ။ သူတို့ကလည်းဘဲ ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့မှာ ယူကရိန်းက ရုရှား တို့ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းက လူဟန့် Luhansk မြို့ထဲကို နက်နက်ရှိုင်းရှိုင်းဝင်ရောက် ထိုးဖေါက် တိုက်ခိုက်ကြပါတယ်။ အဲဒီလိုတိုက်ခိုက်တဲ့အခါ ယူကရိန်းတွေက ပထမဆုံးအကြိမ်အဖြစ် တာဝေးပစ် ဒုံးကျည် တွေကို အသုံးပြုခဲ့တယ်လို့သိရပါတယ်။ စစ်ပွဲအစောပိုင်းက ယူကရိန်းမှာ ဒီလက်နက်တွေမရှိပါဘူး။ ဒါကြောင့် အဝေးက ပစ်မှတ်တွေကို မတိုက်ခိုက်နှိုင်ခဲ့ဘူး။ အခုတော့ သူတို့က အဝေးမှာရှိတဲ့ ရုရှား စစ်ရေးအမိန့်ပေးဌာန တွေနဲ့ ထိန်းချုပ်စခန်းတွေကို တိုက်ခိုက်နှိုင်လာပါတယ်။ မော်စကိုက ဒါနဲ့ ပတ်သက်ပြီး ကြေငြာချက်တစောင် ထုတ်ပြန်ပါတယ်။
ယူကရိန်းက ဗြိတိသျှလုပ် Storm Shadow ဒုံးကျည်တွေဖြန့်ကျက်ချထားကြောင်း၊ ယူကရိန်းပစ်လိုက်တဲ့ ဒုံးကျည်တွေထဲက အနည်းဆုံးတတောင့်ကို ပစ်ချနှိုင်ပေမဲ့ ကျန်တဲ့ ဒုံးကျည်တွေကို ပစ်မချနှိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ဒီဗြိတိသျှက ထောက်ပံ့လိုက်တယ်ဆိုတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ပတ်သက်ပြီး စစ်ရေးရှုထောင့်ကသင့်တော်တဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ စဉ်းစားနေတဲ့ ရုရှားစစ်ဖက်အနေနဲ့ လုံလောက်တဲ့ တုန့်ပြန်မှုပြုမှာဖြစ်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

ရုရှားက ဒီလို ခြိမ်းခြောက်လိုက်ပေမဲ့ ယူကရိန်းရဲ့ ဒီလက်နက်သစ်က စစ်ပွဲရဲ့ အခြေအနေကို အနည်းဆုံး လေကြောင်းတိုက်ပွဲမှာ အပြောင်းအလဲတခုဖြစ်စေခဲ့ပါပြီ။ စစ်ပွဲရဲ့ စောစောပိုင်းက ရုရှားက အသာစီးရနေခဲ့ပေမဲ့ ယခုတော့ ယူကရိန်းက ဒီအခြေအနေကို မျှခြေဖြစ်စေခဲ့ပါတယ်။ ယူကရိန်းမှာ ယခုအခါ တာဝေးပစ်နှိုင်တဲ့ လက်နက် သစ်တွေရှိနေပါပြီ။ အဲဒီလက်နက်တွေနဲ့ အသိမ်းပိုက်ခံထားရတဲ့ ယူကရိန်းအရှေ့ပိုင်းက နယ်မြေတွေ ကို ရောက်အောင်ပစ်နှိုင်တဲ့အပြင် ၂ဝ၁၄ ခုနှစ်က ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားအထိပါပစ်ခတ်နိုင်ပါတယ်။

ဇီလန်စကီးမှာ ဒီလက်နက်တွေရှိလာပြီး နောက်ထပ်လည်းအထောက်အပံ့တွေရဖို့ ကြိုးစားနေတဲ့ အပြင် ဒီလက်နက်တွေကိုသုံးဖို့လည်း တွန့်ဆုတ်နေမှာမဟုတ်တာသေချာပါတယ်။

“ကျွန်တော်တို့ဟာ ရှေ့တန်းစစ်မျက်နှာအတွက်၊ ကျနော်တို့ပြည်သူတွေကို ကာကွယ်ဖို့အတွက်၊ စစ်ရေးအကူ အညီသစ်တွေ၊ ပိုမိုကြီးမားတဲ့ နိုင်ငံရေးထောက်ခံမှုတွေ၊ ပိုမိုသစ်လွင်ပြီး ပိုမိုစွမ်းအားကောင်းတဲ့ လက်နက်တွေနဲ့ အိမ်ကိုပြန်လာနေပါတယ်” လို့ ဇီလန်စကီးကပြောပါတယ်။ သူဟာ (၃) ရက်အတွင်း ဥရောပနိုင်ငံ မြို့တော် (၄)ခုကို သွားရောက်လည်ပတ်ခဲ့ပြီး အရေးကြီးတဲ့ လက်နက်ထောက်ပံ့ကူညီမှုတွေရရှိရေး သေချာအောင်ဆောင်ရွက်ခဲ့ပါတယ်။ အဓိက အရေးကြီးတဲ့ အထောက်အပံ့က ဂျာမနီက လာတာပါ။ အဲဒီအထဲမှာ ကျားသစ်တင့်ကား leopard tanks နောက်ထပ်အစီး ၃ဝ၊ အမ်းမတ်ကား armored fighting Vehicles အစီး ၂ဝ နဲ့၊ လေကြောင်းရန် ကာကွယ်ရေးစနစ် (၁၆) ခုအပြင် ဒရုန်း ၂ဝဝ ကျော်နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ ပါဝင်ပါတယ်။ ပြင်သစ်နဲ့ အီတလီကလည်း တင့်ကားတွေ၊ ကျည်ဆံတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပို့ပေးမယ်လို့ ကတိပေးပါတယ်။ ယူကေကလည်း အကူအညီအများအပြားပေးဖို့ ကတိပေးခဲ့ပါတယ်။ သူတို့ရဲ့ ကတိပြုချက် ထဲမှာ ရာနဲ့ချီတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ၊ လက်နက် တပ်ဆင်ထားတဲ့ဒရုန်းတွေ ပါဝင်ပါတယ်။

ဘာကြောင့် ဇီလန်စကီးကို ဒီလောက်များပြားတဲ့ လက်နက်တွေထောက်ပံ့တာလဲ။ ဥရောပနိုင်ငံတွေအနေနဲ့ ယူကရိန်းကို သူ့ရဲ့နယ်မြေဒေသတွေ ပိုမို ပြန်လည်သိမ်းပိုက်ရရှိစေချင် ကြပါတယ်။ ရုရှားတပ်တွေကို နောက်ဆုတ် သွားအောင် တိုက်ထုတ်ပစ်လိုက်နိုင်စေချင်ကြပါတယ်။ သူတို့ ပြန်လည်ရရှိထားတဲ့ နယ်မြေတွေကို ခိုင်ခိုင်မာမာ ခုခံကာကွယ်နိုင်ရေး သေချာစေချင်ကြပါတယ်။ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမစခင်မှာ ယူကရိန်းအနေနဲ့ ရှေ့တန်းစစ်မျက်နှာက နယ်မြေပိုင်ဆိုင်မှုတွေမှာ အရေးသာနေစေချင်ကြတာပါ။ ဇာလန်းစကီးအနေနဲ့ကတော့ တကယ်လို့ အခုအချိန်မှာ လုံလောက်တဲ့ အောင်မြင်မှုတွေ သေသေချာချာ မရရှိခဲ့ဘူးဆိုရင် အနောက် တိုင်းရဲ့ ထောက်ခံမှုတွေ လက်လွှတ်ဆုံးရှုံးမဲ့ အန္တရာယ်ရှိနေပါတယ်။ သူ့အတွက်က now or never (အခုလုပ်ရင် လုပ်၊ မလုပ်ရင်နောက်ဘယ်တော့မှ မရနိုင်တော့) ဆိုတဲ့ ကာလမျိုးပါ။

ဘာဖြစ်လို့လည်းဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်နိုင်ငံကမှ လက်နက်နဲ့ ငွေကြေးတွေကို အဆုံးမရှိ ထောက်ပံ့ကူညီ နှိုင်မှာမဟုတ်သလို၊ ဘယ်သူမှလည်း မဆုံးနိုင်တဲ့ စစ်ပွဲကိုမတိုက်လိုကြလို့ဘဲ ဖြစ်ပါတယ်။

ရည်ညွှန်း- Russia Ukraine War: How Putin Unleashed Havoc on Kyiv | Vantage with Palki Sharma

zawgyi version
႐ုရွား ယူကရိန္း စစ္ပြဲ အဆုံးသတ္ေတာ့မွာလား (ဘာသာျပန္ေဆာင္းပါး)
ပရမတၱ ကိုေမာင္ဘ (NP News) - ေမ ၁၉

၂ဝ၂၃ ခုႏွစ္ ေမလ ၁၆ ရက္ဟာဆိုရင္ ယူကရိန္းစစ္ပြဲျဖစ္တာ (၄၄၇) ရက္ေျမာက္ရွိပါၿပီ။ ရက္အမ်ားစုမွာ စစ္ပြဲသတင္းေတြက ထူးမျခားနားပါဘဲ။ ရက္စက္တဲ့ အၾကမ္းဖက္သတ္ျဖတ္မႈေတြ၊ ေသေၾကပ်က္စီးမႈေတြနဲ႔ စကားလုံးတိုက္ပြဲေတြ ပိုမိုျပင္းထန္လာတာဘဲ ၾကားခဲ့ျမင္ခဲ့ၾကရပါတယ္။ ဒါေပမဲ့ ဒီေန႔ကေတာ့ ထူးျခားတဲ့ ေန႔တစ္ေန႔ပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့ ႐ုရွားက ယူကရိန္းႏိုင္ငံၿမိဳ႕ေတာ္ ကိယက္ကို ဦးတည္ၿပီး ေလေၾကာင္းကေန အျပင္းအထန္ တိုက္ခိုက္ခဲ့လို႔ျဖစ္ပါတယ္။ ယူကရိန္းကလည္း ႐ုရွားေတြထိန္းခ်ဳပ္ထားတဲ့ ေဒသထဲကို နက္နက္ရႈိင္းရႈိင္းတိုးဝင္ၿပီး ျပင္းျပင္းထန္ထန္ျပန္လည္ တိုက္ခိုက္ ခဲ့ပါတယ္။ တိုက္ပြဲေတြက ပိုမိုျပင္းထန္လာေနၿပီး အဆုံးသတ္ တိုက္ပြဲဆင္ႏႊဲေနသလားလို႔ ထင္ရပါတယ္။

ေမးစရာရွိလာတာက ဒါဟာ ဒီစစ္ပြဲနိဂုံးရဲ႕ အစလားဆိုတာပါ။ လြန္ခဲ့တဲ့ညက ႐ုရွားေတြဟာ ကိယက္ၿမိဳ႕ကို ဒုံးက်ည္ေတြနဲ႔ ဒရစပ္ပစ္ခတ္တိုက္ခတ္ခဲ့ပါတယ္။ ေဒသစံေတာ္ခ်ိန္ မနက္ (၂) နာရီခြဲမွာ စတင္ပစ္ခတ္တာပါ။ ကိယက္ၿမိဳ႕ေပၚမွာ အေရးေပၚ ဥၾသဆြဲသံေတြ ဆူညံစြာထြက္ေပၚလာခဲ့ပါတယ္။ ၿမိဳ႕ေတာ္ဟာ က်ယ္ေလာင္ျပင္း ထန္တဲ့ ေပါက္ကြဲသံေတြေၾကာင့္ အလန႔္တၾကားႏိုးထလာၾကပါတယ္။
ေကာင္းကင္ဟာလည္း မီးပန္းလွ်ပ္စီး ေၾကာင္းေတြနဲ႔ တျဖတ္ျဖတ္လင္းလက္ေနပါတယ္။ ဒါေတြဟာ ႐ုရွားတို႔ပစ္ခတ္လိုက္တဲ့ ဒုံးက်ည္ေတြကို ယူကရိန္းရဲ႕ ေလေၾကာင္းကာကြယ္‌ေရး ဒုံးက်ည္ေတြက တုန႔္ျပန္တိုက္ခိုက္မႈေတြပါ။ ကိယက္အတြက္ ေတာ္ေတာ္ ထိတ္လန႔္တုန္လႈပ္စရာေကာင္းတဲ့ ညတညပါဘဲ။ ယူကရိန္းႏိုင္ငံဆိုင္ရာ ၿဗိတိသွ် သံအမတ္ႀကီး မီလင္ဒါ ဆိုင္မြန္ Melinda Simmons က “ မေန႔ညက ကိယက္ဟာ ေလေၾကာင္းကေန ေကာင္းကင္တျပင္လုံးအျပည့္ တိုက္ခိုက္ ခံရပါတယ္။ ေတာ္ေတာ့ကို ျပင္းထန္ပါတယ္။ ေပါက္ကြဲသံေတြနဲ႔ နံရံေတြတုန္ခါသြားတာေတြက တကယ့္ေျခာက္ ျခားစရာေကာင္းတဲ့ ညတစ္ညပါဘဲ။ အားလုံး အဆင္ေျပၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ သူမရဲ႕ တြိတာ အေကာင့္မွာေရးထားပါတယ္။

သတင္းေပးပို႔ခ်က္ေတြအရ၊ ႐ုရွားေတြဟာ အေရွ႕၊ ေျမာက္နဲ႔ ေတာင္အရပ္သုံးမ်က္ႏွာကေန၊ ေျမျပင္ ေရျပင္ နဲ႔ ေလေၾကာင္းကပါ ဒုံးက်ည္ (၁၈)လုံးနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။ အီရန္က ေနရထားတဲ့ ရွာဟက္ဒ္ ဒ႐ုန္း (၆) စီးနဲ႔ ကင္းေထာက္ဒ႐ုန္း (၃)စီးတို႔လည္း တိုက္ပြဲမွာပါဝင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ႐ုရွားဟာ ကိယက္ကို အင္အားအျပည့္နဲ႔ တိုက္ခိုက္ခဲ့တာ ထင္ရွားပါတယ္။ ဒါေပမဲ့ ဒီေန႔ ေန႔လည္ ပိုင္းသတင္းေတြရတဲ့အထိေတာ့ ထိခိုက္ပ်က္စီးမႈသိပ္မရွိသလို၊ လူ (၃) ေယာက္ထိခိုက္ဒဏ္ရာရ တာက လြဲလို႔ ေသဆုံးသူမရွိဘူးလို႔ဆိုပါတယ္။ ဒါဆိုရင္ ဒီတိုက္ခိုက္မႈရဲ႕ ရည္႐ြယ္ခ်က္က ဘာျဖစ္မလဲ။
သတင္းေတြအရ ေမာ္စကိုအေနနဲ႔ ကိယက္ရဲ႕ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို ဖ်က္ဆီးပစ္ခ်င္ေနပါတယ္။ ယူကရိန္းက အေမရိကန္လုပ္ ပက္ထရီေယာ့ ေလေၾကာင္းကာကြယ္ေရးစနစ္ ကို အသုံးျပဳေနပါတယ္။

အေမရိကန္နဲ႔ ဂ်ာမနီက ေထာက္ပံ့ထားတဲ့ ဒီစနစ္က လြန္ခဲ့တဲ့ အပတ္ထဲမွာ ယူကရိန္းကို ေရာက္ရွိလာတာပါ။ ပက္ထရီေယာ့ေတြက ယူကရိန္းရဲ႕ ကာကြယ္ေရးအင္အားကို ပိုမိုေတာင့္တင္းေစပါတယ္။ ဒါေၾကာင့္ဒါကို ႐ုရွားက ခ်ိဳးဖ်က္ပစ္ခ်င္ေနတာပါ။ ဒါေၾကာင့္ ႐ုရွားက ဒရစပ္ပစ္ခတ္တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ ရည္႐ြယ္တာ က ႀကီးမားတဲ့ ထိုးစစ္ႀကီးမဆင္ႏႊဲခင္ ယူကရိန္းရဲ႕ ခံစစ္ကိုအားေပ်ာ့သြားေစဘို႔ျဖစ္ပါတယ္။ ယူကရိန္းက ဘယ္လို တုန႔္ျပန္ပါသလဲ။ သူတို႔ကလည္းဘဲ ျပင္းျပင္းထန္ထန္ ျပန္လည္တိုက္ခိုက္ခဲ့ပါတယ္။ ဒီေန႔မွာ ယူကရိန္းက ႐ုရွား တို႔ထိန္းခ်ဳပ္ထားတဲ့ ယူကရိန္းအေရွ႕ပိုင္းက လူဟန႔္ Luhansk ၿမိဳ႕ထဲကို နက္နက္ရႈိင္းရႈိင္းဝင္ေရာက္ ထိုးေဖါက္ တိုက္ခိုက္ၾကပါတယ္။ အဲဒီလိုတိုက္ခိုက္တဲ့အခါ ယူကရိန္းေတြက ပထမဆုံးအႀကိမ္အျဖစ္ တာေဝးပစ္ ဒုံးက်ည္ ေတြကို အသုံးျပဳခဲ့တယ္လို႔သိရပါတယ္။ စစ္ပြဲအေစာပိုင္းက ယူကရိန္းမွာ ဒီလက္နက္ေတြမရွိပါဘူး။ ဒါေၾကာင့္ အေဝးက ပစ္မွတ္ေတြကို မတိုက္ခိုက္ႏႈိင္ခဲ့ဘူး။ အခုေတာ့ သူတို႔က အေဝးမွာရွိတဲ့ ႐ုရွား စစ္ေရးအမိန႔္ေပးဌာန ေတြနဲ႔ ထိန္းခ်ဳပ္စခန္းေတြကို တိုက္ခိုက္ႏႈိင္လာပါတယ္။ ေမာ္စကိုက ဒါနဲ႔ ပတ္သက္ၿပီး ေၾကျငာခ်က္တေစာင္ ထုတ္ျပန္ပါတယ္။
ယူကရိန္းက ၿဗိတိသွ်လုပ္ Storm Shadow ဒုံးက်ည္ေတြျဖန႔္က်က္ခ်ထားေၾကာင္း၊ ယူကရိန္းပစ္လိုက္တဲ့ ဒုံးက်ည္ေတြထဲက အနည္းဆုံးတေတာင့္ကို ပစ္ခ်ႏႈိင္ေပမဲ့ က်န္တဲ့ ဒုံးက်ည္ေတြကို ပစ္မခ်ႏႈိင္ခဲ့ဘူးလို႔ဆိုပါတယ္။ ဒီၿဗိတိသွ်က ေထာက္ပံ့လိုက္တယ္ဆိုတဲ့ တာေဝးပစ္ဒုံးက်ည္ေတြနဲ႔ ပတ္သက္ၿပီး စစ္ေရးရႈေထာင့္ကသင့္ေတာ္တဲ့ ဆုံးျဖတ္ခ်က္ခ်မွတ္ဖို႔ စဥ္းစားေနတဲ့ ႐ုရွားစစ္ဖက္အေနနဲ႔ လုံေလာက္တဲ့ တုန႔္ျပန္မႈျပဳမွာျဖစ္ေၾကာင္း ကရင္မလင္ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က ၿခိမ္းေျခာက္ေျပာၾကားလိုက္ပါတယ္။

႐ုရွားက ဒီလို ၿခိမ္းေျခာက္လိုက္ေပမဲ့ ယူကရိန္းရဲ႕ ဒီလက္နက္သစ္က စစ္ပြဲရဲ႕ အေျခအေနကို အနည္းဆုံး ေလေၾကာင္းတိုက္ပြဲမွာ အေျပာင္းအလဲတခုျဖစ္ေစခဲ့ပါၿပီ။ စစ္ပြဲရဲ႕ ေစာေစာပိုင္းက ႐ုရွားက အသာစီးရေနခဲ့ေပမဲ့ ယခုေတာ့ ယူကရိန္းက ဒီအေျခအေနကို မွ်ေျချဖစ္ေစခဲ့ပါတယ္။ ယူကရိန္းမွာ ယခုအခါ တာေဝးပစ္ႏႈိင္တဲ့ လက္နက္ သစ္ေတြရွိေနပါၿပီ။ အဲဒီလက္နက္ေတြနဲ႔ အသိမ္းပိုက္ခံထားရတဲ့ ယူကရိန္းအေရွ႕ပိုင္းက နယ္ေျမေတြ ကို ေရာက္ေအာင္ပစ္ႏႈိင္တဲ့အျပင္ ၂ဝ၁၄ ခုႏွစ္က ႐ုရွားသိမ္းပိုက္ထားတဲ့ က႐ိုင္းမီးယားအထိပါပစ္ခတ္ႏိုင္ပါတယ္။

ဇီလန္စကီးမွာ ဒီလက္နက္ေတြရွိလာၿပီး ေနာက္ထပ္လည္းအေထာက္အပံ့ေတြရဖို႔ ႀကိဳးစားေနတဲ့ အျပင္ ဒီလက္နက္ေတြကိုသုံးဖို႔လည္း တြန႔္ဆုတ္ေနမွာမဟုတ္တာေသခ်ာပါတယ္။

“ကြၽန္ေတာ္တို႔ဟာ ေရွ႕တန္းစစ္မ်က္ႏွာအတြက္၊ က်ေနာ္တို႔ျပည္သူေတြကို ကာကြယ္ဖို႔အတြက္၊ စစ္ေရးအကူ အညီသစ္ေတြ၊ ပိုမိုႀကီးမားတဲ့ ႏိုင္ငံေရးေထာက္ခံမႈေတြ၊ ပိုမိုသစ္လြင္ၿပီး ပိုမိုစြမ္းအားေကာင္းတဲ့ လက္နက္ေတြနဲ႔ အိမ္ကိုျပန္လာေနပါတယ္” လို႔ ဇီလန္စကီးကေျပာပါတယ္။ သူဟာ (၃) ရက္အတြင္း ဥေရာပႏိုင္ငံ ၿမိဳ႕ေတာ္ (၄)ခုကို သြားေရာက္လည္ပတ္ခဲ့ၿပီး အေရးႀကီးတဲ့ လက္နက္ေထာက္ပံ့ကူညီမႈေတြရရွိေရး ေသခ်ာေအာင္ေဆာင္႐ြက္ခဲ့ပါတယ္။ အဓိက အေရးႀကီးတဲ့ အေထာက္အပံ့က ဂ်ာမနီက လာတာပါ။ အဲဒီအထဲမွာ က်ားသစ္တင့္ကား leopard tanks ေနာက္ထပ္အစီး ၃ဝ၊ အမ္းမတ္ကား armored fighting Vehicles အစီး ၂ဝ နဲ႔၊ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ (၁၆) ခုအျပင္ ဒ႐ုန္း ၂ဝဝ ေက်ာ္နဲ႔ တျခားစစ္လက္နက္ပစၥည္းေတြ ပါဝင္ပါတယ္။ ျပင္သစ္နဲ႔ အီတလီကလည္း တင့္ကားေတြ၊ က်ည္ဆံေတြနဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ပို႔ေပးမယ္လို႔ ကတိေပးပါတယ္။ ယူေကကလည္း အကူအညီအမ်ားအျပားေပးဖို႔ ကတိေပးခဲ့ပါတယ္။ သူတို႔ရဲ႕ ကတိျပဳခ်က္ ထဲမွာ ရာနဲ႔ခ်ီတဲ့ ေလေၾကာင္းရန္ကာကြယ္ေရး ဒုံးက်ည္ေတြ၊ လက္နက္ တပ္ဆင္ထားတဲ့ဒ႐ုန္းေတြ ပါဝင္ပါတယ္။

ဘာေၾကာင့္ ဇီလန္စကီးကို ဒီေလာက္မ်ားျပားတဲ့ လက္နက္ေတြေထာက္ပံ့တာလဲ။ ဥေရာပႏိုင္ငံေတြအေနနဲ႔ ယူကရိန္းကို သူ႔ရဲ႕နယ္ေျမေဒသေတြ ပိုမို ျပန္လည္သိမ္းပိုက္ရရွိေစခ်င္ ၾကပါတယ္။ ႐ုရွားတပ္ေတြကို ေနာက္ဆုတ္ သြားေအာင္ တိုက္ထုတ္ပစ္လိုက္ႏိုင္ေစခ်င္ၾကပါတယ္။ သူတို႔ ျပန္လည္ရရွိထားတဲ့ နယ္ေျမေတြကို ခိုင္ခိုင္မာမာ ခုခံကာကြယ္ႏိုင္ေရး ေသခ်ာေစခ်င္ၾကပါတယ္။ ရည္႐ြယ္ခ်က္က ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမစခင္မွာ ယူကရိန္းအေနနဲ႔ ေရွ႕တန္းစစ္မ်က္ႏွာက နယ္ေျမပိုင္ဆိုင္မႈေတြမွာ အေရးသာေနေစခ်င္ၾကတာပါ။ ဇာလန္းစကီးအေနနဲ႔ကေတာ့ တကယ္လို႔ အခုအခ်ိန္မွာ လုံေလာက္တဲ့ ေအာင္ျမင္မႈေတြ ေသေသခ်ာခ်ာ မရရွိခဲ့ဘူးဆိုရင္ အေနာက္ တိုင္းရဲ႕ ေထာက္ခံမႈေတြ လက္လႊတ္ဆုံးရႈံးမဲ့ အႏၲရာယ္ရွိေနပါတယ္။ သူ႔အတြက္က now or never (အခုလုပ္ရင္ လုပ္၊ မလုပ္ရင္ေနာက္ဘယ္ေတာ့မွ မရႏိုင္ေတာ့) ဆိုတဲ့ ကာလမ်ိဳးပါ။

ဘာျဖစ္လို႔လည္းဆိုေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဘယ္ႏိုင္ငံကမွ လက္နက္နဲ႔ ေငြေၾကးေတြကို အဆုံးမရွိ ေထာက္ပံ့ကူညီ ႏႈိင္မွာမဟုတ္သလို၊ ဘယ္သူမွလည္း မဆုံးႏိုင္တဲ့ စစ္ပြဲကိုမတိုက္လိုၾကလို႔ဘဲ ျဖစ္ပါတယ္။

ရည္ၫႊန္း- Russia Ukraine War: How Putin Unleashed Havoc on Kyiv | Vantage with Palki Sharma

Related news

© 2021. All rights reserved.