ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့မှုမှာပါဝင်တဲ့ (ICC) ရှေ့နေများနဲ့တရားသူကြီးတို့ကို ဖမ်းဝရမ်းပြန်ထုတ်ခဲ့ကြောင်း ရုရှားအစိုးရပြော

1065

ဂျန်ဇက် (NP News) - မေ ၂ဝ
ရုရှားပြည်ထဲရေးဝန်ကြီးဌာနဟာ ရုရှားသမ္မတ ပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ရဲ့ တရားစွဲဆိုရေးအဖွဲ့အကြီးအကဲဖြစ်တဲ့ ဗြိတိန်ရှေ့နေ ကာရမ် အာဆက် အာမက် ခန်းဆိုသူကို ဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်းသိရပါတယ်။
နယ်သာလန်နိုင်ငံ The Hague ရှိ (ICC)တရားရုံးဟာ ရုရှားသမ္မတပူတင် နဲ့ ကလေးသူငယ် အခွင့်ရေးကော်မရှင်နာ ဘီလိုဗာတို့ကို ပြီးခဲ့တဲ့မတ်လမှာ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်းသိရပါတယ်။ ရုရှား သမ္မတ နဲ့ ဘီလိုဗာတို့ဟာ သိမ်းပိုက်ထားတဲ့ ယူကရိန်းပိုင်နက်များက ကလေးငယ်များကို ရုရှားနိုင်ငံထံ ပို့ဆောင်ခြင်းနဲ့အတူ စစ်ရာဇဝတ်အမှုနဲ့ စွဲချက်တင်ခံခဲ့ရကြောင်းသိရပါတယ်။
(ICC)ရဲ့ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ရုရှားအစိုးရဟာ အဆိုပါအမှုကိစ္စနဲ့ပတ် သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ စစ်ဆေးခဲ့ကြောင်းသိရပါတယ်။ ဖမ်းဝရမ်းထုတ်ဖို့ ခွင့်ပြုပေးခဲ့တဲ့ (ICC) တရားသူကြီးသုံးဦးအပြင် စွဲချက်တင်ခဲ့တဲ့ ဗြိတိန်ရှေ့နေ အာမက်ခန်းဆိုသူတို့ကို စုံစမ်းစစ်ဆေးခဲ့ကြောင်းသိရပါတယ်။ ရုရှားစုံစမ်းရေးကော်မတီက (ICC) တရားသူကြီးသုံးဦးအပြင် စွဲချက်တင်ခဲ့တဲ့ ဗြိတိန်ရှေ့နေတို့ဟာ အပြစ်မဲ့သူတစ်ဦးကို ရာဇဝတ်မှုနဲ့ စွဲချက်တင်ခြင်း၊ နိုင်ငံခြား တိုင်းပြည်က ကိုယ်စားလှယ်တို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ခြင်းစတဲ့ ရုရှားပြည်တွင်း ဥပဒေများကိုချိုးဖောက်ခဲ့ကြောင်း၊ အဲဒီအတွက် ၎င်းတို့ကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဆိုပါတယ်။
ရုရှားကတော့ (ICC)တရားရုံးရဲ့ဖမ်းဝရမ်းတွေကို ငြင်းဆန်ပယ်ချထားပြီး ရုရှားဟာ (ICC) အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ပျက်ပြယ်ကြောင်း တုံ့ပြန်ထားပါတယ်။ (ICC)တရားရုံးရဲ့အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံများဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ဒါဇင်ချီဟာအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခြင်းမရှိကြောင်းသိရပါတယ်။ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများနဲ့ ဆက်ဆံရေးတင်းမာနေခဲ့ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲခံနေရပါတယ်။

zawgyi version
႐ုရွားသမၼတပူတင္ကို ဖမ္းဝရမ္းထုတ္ခဲ့မႈမွာပါဝင္တဲ့ (ICC) ေရွ႕ေနမ်ားနဲ႔တရားသူႀကီးတို႔ကို ဖမ္းဝရမ္းျပန္ထုတ္ခဲ့ေၾကာင္း ႐ုရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂ဝ
႐ုရွားျပည္ထဲေရးဝန္ႀကီးဌာနဟာ ႐ုရွားသမၼတ ပူတင္ကို ဖမ္းဝရမ္းထုတ္ခဲ့တဲ့ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး(ICC)ရဲ႕ တရားစြဲဆိုေရးအဖြဲ႕အႀကီးအကဲျဖစ္တဲ့ ၿဗိတိန္ေရွ႕ေန ကာရမ္ အာဆက္ အာမက္ ခန္းဆိုသူကို ဖမ္းဝရမ္းထုတ္ျပန္လိုက္ေၾကာင္းသိရပါတယ္။
နယ္သာလန္ႏိုင္ငံ The Hague ရွိ (ICC)တရား႐ုံးဟာ ႐ုရွားသမၼတပူတင္ နဲ႔ ကေလးသူငယ္ အခြင့္ေရးေကာ္မရွင္နာ ဘီလိုဗာတို႔ကို ၿပီးခဲ့တဲ့မတ္လမွာ ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္းသိရပါတယ္။ ႐ုရွား သမၼတ နဲ႔ ဘီလိုဗာတို႔ဟာ သိမ္းပိုက္ထားတဲ့ ယူကရိန္းပိုင္နက္မ်ားက ကေလးငယ္မ်ားကို ႐ုရွားႏိုင္ငံထံ ပို႔ေဆာင္ျခင္းနဲ႔အတူ စစ္ရာဇဝတ္အမႈနဲ႔ စြဲခ်က္တင္ခံခဲ့ရေၾကာင္းသိရပါတယ္။
(ICC)ရဲ႕ဖမ္းဝရမ္းထုတ္ျပန္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ႐ုရွားအစိုးရဟာ အဆိုပါအမႈကိစၥနဲ႔ပတ္ သက္ၿပီး စုံစမ္းစစ္ေဆးေရးေကာ္မတီဖြဲ႕စည္းကာ စစ္ေဆးခဲ့ေၾကာင္းသိရပါတယ္။ ဖမ္းဝရမ္းထုတ္ဖို႔ ခြင့္ျပဳေပးခဲ့တဲ့ (ICC) တရားသူႀကီးသုံးဦးအျပင္ စြဲခ်က္တင္ခဲ့တဲ့ ၿဗိတိန္ေရွ႕ေန အာမက္ခန္းဆိုသူတို႔ကို စုံစမ္းစစ္ေဆးခဲ့ေၾကာင္းသိရပါတယ္။ ႐ုရွားစုံစမ္းေရးေကာ္မတီက (ICC) တရားသူႀကီးသုံးဦးအျပင္ စြဲခ်က္တင္ခဲ့တဲ့ ၿဗိတိန္ေရွ႕ေနတို႔ဟာ အျပစ္မဲ့သူတစ္ဦးကို ရာဇဝတ္မႈနဲ႔ စြဲခ်က္တင္ျခင္း၊ ႏိုင္ငံျခား တိုင္းျပည္က ကိုယ္စားလွယ္တို႔ကို တိုက္ခိုက္ဖို႔ ျပင္ဆင္ျခင္းစတဲ့ ႐ုရွားျပည္တြင္း ဥပေဒမ်ားကိုခ်ိဳးေဖာက္ခဲ့ေၾကာင္း၊ အဲဒီအတြက္ ၎တို႔ကို ဖမ္းဝရမ္းထုတ္လိုက္ေၾကာင္း ဆိုပါတယ္။
႐ုရွားကေတာ့ (ICC)တရား႐ုံးရဲ႕ဖမ္းဝရမ္းေတြကို ျငင္းဆန္ပယ္ခ်ထားၿပီး ႐ုရွားဟာ (ICC) အဖြဲ႕ဝင္ႏိုင္ငံမဟုတ္တဲ့အတြက္ ပ်က္ျပယ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။ (ICC)တရား႐ုံးရဲ႕အဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာ ကမာၻ႔ထိပ္သီးႏိုင္ငံမ်ားျဖစ္တဲ့ အေမရိကန္၊ တ႐ုတ္၊ အိႏၵိယႏိုင္ငံတို႔အပါအဝင္ ႏိုင္ငံေပါင္း ဒါဇင္ခ်ီဟာအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ျခင္းမရွိေၾကာင္းသိရပါတယ္။ ယူကရိန္းစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားဟာ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားနဲ႔ ဆက္ဆံေရးတင္းမာေနခဲ့ၿပီး စစ္ရာဇဝတ္မႈမ်ား က်ဴးလြန္ေနေၾကာင္း စြပ္စြဲခံေနရပါတယ္။