မိုခါမုန်တိုင်းကြောင့် ရပ်နားထားရသည့် ကျောင်းသားများနှင့်ဒေသခံလူထု အားထားစီးနင်းသော စစ်တွေမီးရထားလိုင်းများ ယနေ့ စတင်ပြေးဆွဲ

 1189

NP News - မေ ၂၁
မိုခါမုန်တိုင်းကြောင့် ရပ်နားထားရသည့် ကျောင်းသားများနှင့် ဒေသခံလူထု အားထားစီးနင်းသော စစ်တွေမီးရထားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တော်သာ-စစ်တွေ-ရေချမ်း​ပြင်ဘူတာများသို့ ပြေးဆွဲသည့် ခရီးသည်တင်ရထားများကို ယနေ့(မေ ၂၁ ရက်) နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ် ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။

စစ်တွေရထားခရီစဥ်များသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ပြီခဲ့သော မေ ၁၃ ရက်မှ စတင်ကာ ယာယီရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း စစ်တွေမြို့သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင့်ကြောင်း ဘူတာရုံများ၊ ဝန်ထမ်းလိုင်းခန်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ရထားသံလမ်းများပေါ်တွင်လည်း သစ်ပင်များ လဲကျကာ လမ်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရထားသံလမ်းပိုင်းများ ပိတ်ဆို့ခြင်းများကို မုန်တိုင်းဖြတ်ကျော်ပြီးနောက် မေ ၁၅ ရက်မှစတင်ကာ လမ်းပိုင်းရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ရထားသံလမ်းပိုင်းများမှာ ပွင့်သွားပြီးဖြစ်၍ ယနေ့တွင် ရထားခရီးစဥ်များကို ပြန်လည်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

"အဓိကတော့ ဇောပူဂျာရွာ၊ ဒါးပိုင်ရွာ စသဖြင့် အဲဒီဘက်က ရွာတွေပေါ့နော်၊ နောက် ရေချမ်းပြင်ပေါ့။ အဲဒီရွာတွေက လူတွေက စစ်တွေမြို့ထဲကို လာပြီးတော့မှ စျေးဝယ်ကြတာတို့၊ ရုံးကိစ္စ၊ အလုပ်ကိစ္စလာကြတာပေါ့နော်။ လာတဲ့အခါမှာ ကားခဆိုရင်တော့ စျေးများတာပေါ့။ ကျွန်တော်တို့ ရထားခက ခရီးစဥ်အစအဆုံးမှာမှ ၆၀၀ ကျပ်ပဲ ဖြစ်တဲ့အတွက် ရထားကိုပဲ အားကိုးပြီးတော့မှ စီးကြတာပေါ့နော်။ အဲဒီကျေးရွာတွေအတွက်တော့ အားကိုးအားထားပြုရတဲ့ ခရီးစဥ်တွေဖြစ်ပါတယ်"ဟု မြန်မာ့မီးရထားမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်လွင်က NP News ကို ပြောသည်။

ထို့ပြင် စစ်တွေနည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အားထားရသည့် ရထားခရီးစဥ်များ ဖြစ်ကြောင်း သိရသည်။

ပြည်တော်သာ-စစ်တွေ-ရေချမ်းပြင် မီးရထားခရီးစဥ်များကို ယနေ့မှ စတင်ကာ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးပြောဆိုထားသည်။

Zawgyi Version

မိုခါမုန္တိုင္းေၾကာင့္ ရပ္နားထားရသည့္ ေက်ာင္းသားမ်ားႏွင့္ေဒသခံလူထု အားထားစီးနင္းေသာ စစ္ေတြမီးရထားလိုင္းမ်ား ယေန႔ စတင္ေျပးဆြဲ

NP News - ေမ ၂၁
မိုခါမုန္တိုင္းေၾကာင့္ ရပ္နားထားရသည့္ ေက်ာင္းသားမ်ားႏွင့္ ေဒသခံလူထု အားထားစီးနင္းေသာ စစ္ေတြမီးရထားလိုင္းမ်ား ျပန္လည္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ျပည္ေတာ္သာ-စစ္ေတြ-ေရခ်မ္း​ျပင္ဘူတာမ်ားသို႔ ေျပးဆြဲသည့္ ခရီးသည္တင္ရထားမ်ားကို ယေန႔(ေမ ၂၁ ရက္) နံနက္ပိုင္းတြင္ ျပန္လည္ဖြင့္လွစ္ ေျပးဆြဲေပးခဲ့ျခင္းျဖစ္သည္။

စစ္ေတြရထားခရီစဥ္မ်ားသည္ ဆိုင္ကလုန္းမုန္တိုင္းမိုခါေၾကာင့္ ၿပီခဲ့ေသာ ေမ ၁၃ ရက္မွ စတင္ကာ ယာယီရပ္နားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကလုန္းမုန္တိုင္း စစ္ေတြၿမိဳ႕သို႔ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ျခင့္ေၾကာင္း ဘူတာ႐ုံမ်ား၊ ဝန္ထမ္းလိုင္းခန္းမ်ား ထိခိုက္ပ်က္စီးမႈရွိခဲ့ၿပီး ရထားသံလမ္းမ်ားေပၚတြင္လည္း သစ္ပင္မ်ား လဲက်ကာ လမ္းပိတ္ဆို႔ျခင္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရထားသံလမ္းပိုင္းမ်ား ပိတ္ဆို႔ျခင္းမ်ားကို မုန္တိုင္းျဖတ္ေက်ာ္ၿပီးေနာက္ ေမ ၁၅ ရက္မွစတင္ကာ လမ္းပိုင္းရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့ၿပီး လက္ရွိတြင္ ရထားသံလမ္းပိုင္းမ်ားမွာ ပြင့္သြားၿပီးျဖစ္၍ ယေန႔တြင္ ရထားခရီးစဥ္မ်ားကို ျပန္လည္ေျပးဆြဲခဲ့ျခင္း ျဖစ္သည္။

"အဓိကေတာ့ ေဇာပူဂ်ာ႐ြာ၊ ဒါးပိုင္႐ြာ စသျဖင့္ အဲဒီဘက္က ႐ြာေတြေပါ့ေနာ္၊ ေနာက္ ေရခ်မ္းျပင္ေပါ့။ အဲဒီ႐ြာေတြက လူေတြက စစ္ေတြၿမိဳ႕ထဲကို လာၿပီးေတာ့မွ ေစ်းဝယ္ၾကတာတို႔၊ ႐ုံးကိစၥ၊ အလုပ္ကိစၥလာၾကတာေပါ့ေနာ္။ လာတဲ့အခါမွာ ကားခဆိုရင္ေတာ့ ေစ်းမ်ားတာေပါ့။ ကြၽန္ေတာ္တို႔ ရထားခက ခရီးစဥ္အစအဆုံးမွာမွ ၆၀၀ က်ပ္ပဲ ျဖစ္တဲ့အတြက္ ရထားကိုပဲ အားကိုးၿပီးေတာ့မွ စီးၾကတာေပါ့ေနာ္။ အဲဒီေက်း႐ြာေတြအတြက္ေတာ့ အားကိုးအားထားျပဳရတဲ့ ခရီးစဥ္ေတြျဖစ္ပါတယ္"ဟု ျမန္မာ့မီးရထားမွ လက္ေထာက္အေထြေထြမန္ေနဂ်ာ ဦးေဇာ္လြင္က NP News ကို ေျပာသည္။

ထို႔ျပင္ စစ္ေတြနည္းပညာတကၠသိုလ္၊ ကြန္ပ်ဴတာတကၠသိုလ္တက္ေရာက္ေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္လည္း အားထားရသည့္ ရထားခရီးစဥ္မ်ား ျဖစ္ေၾကာင္း သိရသည္။

ျပည္ေတာ္သာ-စစ္ေတြ-ေရခ်မ္းျပင္ မီးရထားခရီးစဥ္မ်ားကို ယေန႔မွ စတင္ကာ ပုံမွန္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.