အဆိုတော်ဗျူဟာ ဖမ်းဆီးထိန်းသိမ်းခံရ

 6564

NP News - မေ ၂၄

တေးရေး၊ တေးဆို‌ဗျူဟာသည် ယနေ့(မေလ ၂၄ ရက်) နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သတင်းရရှိသည်။

ဗျူဟာကို ၎င်းနေထိုင်သည့် မြောက်ဒဂုံ၊ ဗထူးအိမ်ယာ(၂)၊ (၄၈)ရပ်ကွက်တွင် လာရောက်၍ ဖမ်းဆီးထိန်း သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်တလော၌ လူမှုကွန်ရက်စာမျက်နှာတွင် လျှပ်စစ်မီးပုံမှန်မရရှိသည်ကို မကျေနပ်ခြင်းကြောင့် ဆဲဆိုထားသည့် ဗျူဟာ၏ ဗီဒီယိုဖိုင်လည်း ပျံ့နှံ့လျက်ရှိသည်။

“လျှပ်စစ်ဝန်ကြီးခုလုပ်တဲ့ကောင်တွေ ဘာကောင်မှန်းလည်း မသိဘူး။ နာမည်လည်းမသိဘူး။ တိုင်းလျှပ်စစ်လား ဘာလျှပ်စစ်လဲ အဲဒီကနေ စပြီးတော့ အစဥ်အဆက် အကုန်လုံး ဂျိုကျိုးနားရွက်ပဲ့တွေကြီးပဲ။ အခုလက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ကောင်ဆိုတဲ့ ကောင်ကလည်း ဂျိုကျိုးနားရွက်ပဲ့ဘဲ။ အရည် အချင်းမရှိတာ”ဟု ၎င်းက အဆိုပါ ရုပ်သံဖိုင်တွင်ပြောထားသည်ကိုတွေ့ရသည်။

ဗျူဟာသည် “ရန်ကုန်မြို့ကို လျှပ်စစ်မီး (၅)နာရီခြားခွဲတန်းပေးတာတောင် စောက်ဖြစ်ရှိအောင်မပေးနိုင်တော့တဲ့ ကောင်တွေကို မီးပျက်လို့ ဆဲတယ်ကွာ”ဆိုသည့် စာသားနှင့်တကွ အထက်ပါ ဗီဒီယိုဖိုင်ကို တင်ခဲ့‌ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းအား ယနေ့တွင် ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေကြောင်း အထက်ပါသတင်း အရင်းအမြစ်မှ ဆက်လက်ပြောဆိုထားသည်။

လတ်တလောတွင် ဗျူဟာသည် မူးယစ်ဆေးဝါးသုံးစွဲထားသည်ဆိုသော သတင်းများထွက်ပေါ်လျက်ရှိသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

zawgyi version
အဆိုေတာ္ဗ်ဴဟာ ဖမ္းဆီးထိန္းသိမ္းခံရ

NP News - ေမ ၂၄

ေတးေရး၊ ေတးဆို‌ဗ်ဴဟာသည္ ယေန႔(ေမလ ၂၄ ရက္) နံနက္ပိုင္းတြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရေၾကာင္း အႏုပညာအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးထံမွ သတင္းရရွိသည္။

ဗ်ဴဟာကို ၎ေနထိုင္သည့္ ေျမာက္ဒဂုံ၊ ဗထူးအိမ္ယာ(၂)၊ (၄၈)ရပ္ကြက္တြင္ လာေရာက္၍ ဖမ္းဆီးထိန္း သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္တေလာ၌ လူမႈကြန္ရက္စာမ်က္ႏွာတြင္ လွ်ပ္စစ္မီးပုံမွန္မရရွိသည္ကို မေက်နပ္ျခင္းေၾကာင့္ ဆဲဆိုထားသည့္ ဗ်ဴဟာ၏ ဗီဒီယိုဖိုင္လည္း ပ်ံ႕ႏွံ႔လ်က္ရွိသည္။

“လွ်ပ္စစ္ဝန္ႀကီးခုလုပ္တဲ့ေကာင္ေတြ ဘာေကာင္မွန္းလည္း မသိဘူး။ နာမည္လည္းမသိဘူး။ တိုင္းလွ်ပ္စစ္လား ဘာလွ်ပ္စစ္လဲ အဲဒီကေန စၿပီးေတာ့ အစဥ္အဆက္ အကုန္လုံး ဂ်ိဳက်ိဳးနား႐ြက္ပဲ့ေတြႀကီးပဲ။ အခုလက္ရွိတိုင္းျပည္ကို အုပ္ခ်ဳပ္ေနတဲ့ေကာင္ဆိုတဲ့ ေကာင္ကလည္း ဂ်ိဳက်ိဳးနား႐ြက္ပဲ့ဘဲ။ အရည္ အခ်င္းမရွိတာ”ဟု ၎က အဆိုပါ ႐ုပ္သံဖိုင္တြင္ေျပာထားသည္ကိုေတြ႕ရသည္။

ဗ်ဴဟာသည္ “ရန္ကုန္ၿမိဳ႕ကို လွ်ပ္စစ္မီး (၅)နာရီျခားခြဲတန္းေပးတာေတာင္ ေစာက္ျဖစ္ရွိေအာင္မေပးႏိုင္ေတာ့တဲ့ ေကာင္ေတြကို မီးပ်က္လို႔ ဆဲတယ္ကြာ”ဆိုသည့္ စာသားႏွင့္တကြ အထက္ပါ ဗီဒီယိုဖိုင္ကို တင္ခဲ့‌ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ၎အား ယေန႔တြင္ ဖမ္းဆီးထိန္းသိမ္းကာ စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း အထက္ပါသတင္း အရင္းအျမစ္မွ ဆက္လက္ေျပာဆိုထားသည္။

လတ္တေလာတြင္ ဗ်ဴဟာသည္ မူးယစ္ေဆးဝါးသုံးစြဲထားသည္ဆိုေသာ သတင္းမ်ားထြက္ေပၚလ်က္ရွိေသာ္လည္း NP News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

Related news

© 2021. All rights reserved.