LVMH စတော့ရှယ်ယာ ပြတ်တောက်ခဲ့ခြင်းကြောင့် တစ်ရက်တည်းနဲ့ ဒေါ်လာ (၁၁)ဘီလျံ ဆုံးရှုံးခဲ့ရတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်

2293

ရောင်နီ (NP News) - မေ ၂၄
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မစ္စတာဘားနက်အာနျူတ်ဟာ ၄င်းပိုင်ဆိုင်တဲ့ LVMH ဇိမ်ခံပစ္စည်းများရဲ့ဝယ်လိုအားကျဆင်းကာ စတော့ရှယ်ယာများ ပြတ်တောက်ခဲ့ခြင်းကြောင့် ကြွယ်ဝမှုမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂ ဘီလျံဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
Louis Vuitton လက်ကိုင်အိတ်များ၊ Moet & Chandon Champagne နဲ့ Christian Dior ဝတ်စုံများပါဝင်တဲ့ LVMH တည်ထောင်သူ အာနျူတ်ဟာ ဥရောပဇိမ်ခံကုမ္ပဏီများရဲ့ ရှယ်ယာစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ၂ဝ၂၃ ခုနှစ်မှာ တွစ်တာကို ဝယ်ယူခဲ့တဲ့ အီလွန်မတ်ထက်ကျော်လွန်ပြီး ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာခဲ့ပါတယ်။
သို့ပေမယ့် ဥရောပဇိမ်ခံကဏ္ဍမှာ အမေရိကန်ဒေါ်လာ (၃ဝ) ဘီလျံခန့် ဆုံးရှုံးသွားတာကြောင့် LVMH ရှယ်ယာများဟာ ပဲရစ်မှာတင် (၅)ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဒီလိုကျဆင်းမှုတွေ ရှိနေပေမယ့် ပြင်သစ်ဘီလျံနာဟာ အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၉၁ ဒသမ ၆ ဘီလျံရှိနေဆဲဖြစ်သလို မစ္စတာအာနျူက်နဲ့ Tesla ရဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး မစ္စတာအီလွန်မတ်တို့အကြား ချမ်းသာကြွယ်ဝမှု ကွာဟချက်ဟာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄ ဘီလျံအထိ ရှိနေဆဲဖြစ်တယ်လို့ Bloomberg Billionaires Index မှ ဖော်ပြချက်အရ သိရပါတယ်။
LVMH နဲ့ အလားတူ ကုမ္ပဏီဖြစ်တဲ့ Cartier ပိုင်ရှင် Richemont လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ မစ္စတာဂျွန်ဟန်ရူးပတ်ကလည်း အမေရိကန်ဈေးကွက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက နှေးကွေးနေပြီဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း Burberry Group ဟာ ၎င်းရဲ့ နောက်ဆုံးသုံးလပတ်မှာ အမေရိကရဲ့ ရောင်းအား ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပြိုင်ဘက်တွေထက် အားနည်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
Burberry ရဲ့ အမှုဆောင်အရာရှိချုပ် ဂျော်နသန်အက်ကာရို့က အမေရိကန်ဝယ်ယူသူတွေဟာ ဖိနပ်များ၊ ဦးထုပ်များနဲ့ ခါးပတ်များဝယ်ယူမှုအား ကျဆင်းလာခဲ့ခြင်းဟာ ယင်းရဲ့ အကျိုးသက်ရောက်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

zawgyi version
LVMH စေတာ့ရွယ္ယာ ျပတ္ေတာက္ခဲ့ျခင္းေၾကာင့္ တစ္ရက္တည္းနဲ႔ ေဒၚလာ (၁၁)ဘီလ်ံ ဆုံးရႈံးခဲ့ရတဲ့ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္
ေရာင္နီ (NP News) - ေမ ၂၄
ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ မစၥတာဘားနက္အာန်ဴတ္ဟာ ၄င္းပိုင္ဆိုင္တဲ့ LVMH ဇိမ္ခံပစၥည္းမ်ားရဲ႕ဝယ္လိုအားက်ဆင္းကာ စေတာ့ရွယ္ယာမ်ား ျပတ္ေတာက္ခဲ့ျခင္းေၾကာင့္ ႂကြယ္ဝမႈမွ အေမရိကန္ေဒၚလာ ၁၁ ဒသမ ၂ ဘီလ်ံဆုံးရႈံးခဲ့ရတယ္လို႔ သိရပါတယ္။
Louis Vuitton လက္ကိုင္အိတ္မ်ား၊ Moet & Chandon Champagne နဲ႔ Christian Dior ဝတ္စုံမ်ားပါဝင္တဲ့ LVMH တည္ေထာင္သူ အာန်ဴတ္ဟာ ဥေရာပဇိမ္ခံကုမၸဏီမ်ားရဲ႕ ရွယ္ယာေစ်းႏႈန္းမ်ား ျမင့္တက္လာျခင္းေၾကာင့္ ၂ဝ၂၃ ခုႏွစ္မွာ တြစ္တာကို ဝယ္ယူခဲ့တဲ့ အီလြန္မတ္ထက္ေက်ာ္လြန္ၿပီး ကမာၻ႔အခ်မ္းသာဆုံး ျဖစ္လာခဲ့ပါတယ္။
သို႔ေပမယ့္ ဥေရာပဇိမ္ခံက႑မွာ အေမရိကန္ေဒၚလာ (၃ဝ) ဘီလ်ံခန႔္ ဆုံးရႈံးသြားတာေၾကာင့္ LVMH ရွယ္ယာမ်ားဟာ ပဲရစ္မွာတင္ (၅)ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ပါတယ္။ ဒီလိုက်ဆင္းမႈေတြ ရွိေနေပမယ့္ ျပင္သစ္ဘီလ်ံနာဟာ အသားတင္ပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာ ၁၉၁ ဒသမ ၆ ဘီလ်ံရွိေနဆဲျဖစ္သလို မစၥတာအာန်ဴက္နဲ႔ Tesla ရဲ႕ ကမာၻ႔ဒုတိယအခ်မ္းသာဆုံး မစၥတာအီလြန္မတ္တို႔အၾကား ခ်မ္းသာႂကြယ္ဝမႈ ကြာဟခ်က္ဟာ အေမရိကန္ေဒၚလာ ၁၁ ဒသမ ၄ ဘီလ်ံအထိ ရွိေနဆဲျဖစ္တယ္လို႔ Bloomberg Billionaires Index မွ ေဖာ္ျပခ်က္အရ သိရပါတယ္။
LVMH နဲ႔ အလားတူ ကုမၸဏီျဖစ္တဲ့ Cartier ပိုင္ရွင္ Richemont လုပ္ငန္းစုရဲ႕ ဥကၠ႒ မစၥတာဂြၽန္ဟန္႐ူးပတ္ကလည္း အေမရိကန္ေဈးကြက္ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကတည္းက ေႏွးေကြးေနၿပီျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ကလည္း Burberry Group ဟာ ၎ရဲ႕ ေနာက္ဆုံးသုံးလပတ္မွာ အေမရိကရဲ႕ ေရာင္းအား ၇ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္း၊ ၿပိဳင္ဘက္ေတြထက္ အားနည္းခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
Burberry ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ေဂ်ာ္နသန္အက္ကာ႐ို႕က အေမရိကန္ဝယ္ယူသူေတြဟာ ဖိနပ္မ်ား၊ ဦးထုပ္မ်ားနဲ႔ ခါးပတ္မ်ားဝယ္ယူမႈအား က်ဆင္းလာခဲ့ျခင္းဟာ ယင္းရဲ႕ အက်ိဳးသက္ေရာက္မႈျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။