Breaking News : ကျောင်းအပ်လက်ခံနေစဥ်ကာလ၌ ကျောင်းအုပ်ဆရာမတစ်ဦး အကြမ်းဖက်သတ်ဖြတ်ခံရသည့်အပြင် နေအိမ်ပါ မိုင်းခွဲဖျက်ဆီးခံရ

 8493

NP News - မေ ၂၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း တနင်္သာရီတိုင်းအစိုးရ အဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က NP News ကိုပြောသည်။

ဖြစ်စဥ်မှာ ယနေ့ (မေလ ၂၅ ရက်) ၊ နေ့လည်(၁)နာရီအချိန်ခန့်တွင် ပုလောမြို့နယ်၊ မကျည်းကုန်းကျေး ရွာအုပ်စု၊ မကျည်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်နေထိုင်သော အ.လ.က(ကဒဲ) ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်စုလတ်ဖြူ(၃၄)နှစ်သည် ပု‌လောမြို့နယ်၊ ပညာရေးမှူးရုံးမှ နေအိမ်သို့ပြန်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။

၎င်းသည် ပညာရေးမှူးရုံးမှပြန်လာစဥ် နေအိမ်ရှေ့သို့အရောက်၌ အကြမ်းဖက်(၄)ဦး ဆိုင်ကယ်(၂)စီးဖြင့် ရောက်လာကာ သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဒေါ်စုလတ်ဖြူတွင် မျက်ခုံးအောက်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးခေါင်းထိပ်ကျည်ဖောက်ထွက် ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ထို့နောက် အဆိုပါ အကြမ်းဖက်သမားများသည် ကျောင်းအုပ်ဆရာမကြီးဒေါ်စုလတ်ဖြူ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာထပ်မံ၍ မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် ကျောင်းအုပ်ဆရာမကြီး၏ ရုပ်အလောင်းအား ပုလောမြို့ပြည်သူ့ဆေးရုံသို့ ပို့‌ဆောင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမများသည် အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရသည့်ဖြစ်စဥ်များ ရှိခဲ့သည်။

ထို့ပြင် လက်တလောကာလတွင်လည်း အကြမ်းဖက်အဖွဲ့များက စာသင်ကျောင်းများမဖွင့်ရန် ခြိမ်း‌ ခြောက်ပြောဆိုမှုများရှိခဲ့သည့်အပြင် ဆရာ၊ ဆရာမများကိုလည်း သတိပေးခြိမ်းခြောက်သည့်ဖြစ်စဥ်များ ရှိခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိစာသင်ကျောင်းများအနေဖြင့် ကျောင်းအပ်လက်ခံလျက်ရှိပြီး လာမည့်ဇွန်လ (၁)ရက်တွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။

zawgyi version
Breaking News : ေက်ာင္းအပ္လက္ခံေနစဥ္ကာလ၌ ေက်ာင္းအုပ္ဆရာမတစ္ဦး အၾကမ္းဖက္သတ္ျဖတ္ခံရသည့္အျပင္ ေနအိမ္ပါ မိုင္းခြဲဖ်က္ဆီးခံရ

NP News - ေမ ၂၅

တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္တြင္ အလယ္တန္းေက်ာင္းအုပ္ဆရာမတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း တနသၤာရီတိုင္းအစိုးရ အဖြဲ႕ႏွင့္ နီးစပ္သည့္ သတင္းအရင္းအျမစ္က NP News ကိုေျပာသည္။

ျဖစ္စဥ္မွာ ယေန႔ (ေမလ ၂၅ ရက္) ၊ ေန႔လည္(၁)နာရီအခ်ိန္ခန႔္တြင္ ပုေလာၿမိဳ႕နယ္၊ မက်ည္းကုန္းေက်း ႐ြာအုပ္စု၊ မက်ည္းကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာတြင္ေနထိုင္ေသာ အ.လ.က(ကဒဲ) ေက်ာင္းအုပ္ဆရာမျဖစ္သူ ေဒၚစုလတ္ျဖဴ(၃၄)ႏွစ္သည္ ပု‌ေလာၿမိဳ႕နယ္၊ ပညာေရးမႉး႐ုံးမွ ေနအိမ္သို႔ျပန္လာစဥ္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အထက္ပါ သတင္းအရင္းအျမစ္က ဆိုသည္။

၎သည္ ပညာေရးမႉး႐ုံးမွျပန္လာစဥ္ ေနအိမ္ေရွ႕သို႔အေရာက္၌ အၾကမ္းဖက္(၄)ဦး ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္လာကာ ေသနတ္ျဖင့္ အၾကမ္းဖက္ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ေဒၚစုလတ္ျဖဴတြင္ မ်က္ခုံးေအာက္က်ည္ေဖာက္ဝင္ဒဏ္ရာ၊ ဦးေခါင္းထိပ္က်ည္ေဖာက္ထြက္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

ထို႔ေနာက္ အဆိုပါ အၾကမ္းဖက္သမားမ်ားသည္ ေက်ာင္းအုပ္ဆရာမႀကီးေဒၚစုလတ္ျဖဴ၏ ေနအိမ္အတြင္းသို႔ ဝင္ေရာက္ကာထပ္မံ၍ မိုင္းခြဲဖ်က္ဆီးသြားခဲ့ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

လက္ရွိတြင္ ေက်ာင္းအုပ္ဆရာမႀကီး၏ ႐ုပ္အေလာင္းအား ပုေလာၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔‌ေဆာင္ထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးပဋိပကၡမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္သည့္ ဆရာ၊ ဆရာမမ်ားသည္ အၾကမ္းဖက္သတ္ျဖတ္ျခင္းခံခဲ့ရသည့္ျဖစ္စဥ္မ်ား ရွိခဲ့သည္။

ထို႔ျပင္ လက္တေလာကာလတြင္လည္း အၾကမ္းဖက္အဖြဲ႕မ်ားက စာသင္ေက်ာင္းမ်ားမဖြင့္ရန္ ၿခိမ္း‌ ေျခာက္ေျပာဆိုမႈမ်ားရွိခဲ့သည့္အျပင္ ဆရာ၊ ဆရာမမ်ားကိုလည္း သတိေပးၿခိမ္းေျခာက္သည့္ျဖစ္စဥ္မ်ား ရွိခဲ့သည္။

လက္ရွိတြင္ တစ္ႏိုင္ငံလုံးရွိစာသင္ေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းအပ္လက္ခံလ်က္ရွိၿပီး လာမည့္ဇြန္လ (၁)ရက္တြင္ ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ေတာ့မည္ျဖစ္သည္။

Picture

L Mone

25/05/2023 19:27

PDF အောင်အောင် လူမျိုးရေး အစွန်းရောက်တွေ

Picture

pan ka lay pan ka lay

25/05/2023 22:32

စိတ်တေလည်းလေပါတယ် ကြားရမြင်ရတာ 🥺ဘယ်လိုလုပ်မလည်း ဒီအတိုင်းဆို ဆရာ ဆရာမတွေက အားနာလှပါပီဗျာ

Picture

0*9785342208

25/05/2023 23:44

ခွေးမျိုးတွေ PDF ကို အမြစ်ဖြတ် မချေမှုန်းတဲ့ ကာချုပ်ကြီးကိုလည်း လက်မခံနိုင်ဘူး။ သူမလုပ်နိုင်ရင် အောက်က လုပ်နိုင်နဲ့သူကို လွှဲပေးခဲ့ပါလား။ စစ်သားဆိုတာ တရားသမားလုပ်လို့မရဘူး။ မေတ္တာထားနေရင် တရားစခန်းဝင်ပြီး သာသနာ့ဘောင်ဝင်လိုက်ပါ။ အောက်ကပြည်သူတွေ နိုင်ငံဝန်ထမ်းတွေ အပြစ်မရှိပဲ အသက်တွေ စတေးရတာ နာလှပြီ။ နောက်ဆို တပ်မတော်ကို ထောက်ခံတဲ့ ပြည်သူတွေကပါ ကာချုပ်ကို ဆန့်ကျင်လာကြလိမ့်မယ်

Picture

L Mone

26/05/2023 20:29

PDF ယောင်ဆောင်ထားတဲ့ လူမျိူးရေးအစွန်းရောက်တွေပါ.....

Related news

© 2021. All rights reserved.