မြန်မာပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေးအတွက် တရုတ်နိုင်ငံ၏ အကန့်အသတ်များကို လျှော့ချပေးရန် နစကဝန်ကြီး တောင်းဆို

 1098

ယွန်း (NP News) - မေ ၂၆

မြန်မာပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေးအတွက် တရုတ်နိုင်ငံ၏ အကန့်အသတ်များကို လျှော့ချပေးရန် ပြည်ထောင်စု ဝန်ကြီးမှ အသိပေးပြောဆိုခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မေလ(၂၅)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးကုန်စည်ပြပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများတွင် အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခုအဖြစ် နှစ်စဥ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအရ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၏ အခန်းကဏ္ဍသည် ယခင်ကာလများထက် ပိုမိုအရေးပါလာကြောင်း သိရသည်။

သို့ဖြစ်၍ မြန်မာ-တရုတ်နှစ်နိုင်ငံအကြားတွင် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အစိုးရ အချင်းချင်းသာမက ပုဂ္ဂလိက လုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုထားသည်။

အလားတူ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး၌ မြန်မာနိုင်ငံမှ အဓိကတင်ပို့သော ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံ ဈေးကွက်တွင် ကျယ်ပြန့်စွာ တင်ပို့နိုင်ရေးမှာ အရေးကြီး‌ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံအနေဖြင့် ‌ဒေသတွင်းသဘောတူညီချက်များကို လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ပြီး မြန်မာ ပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေးအတွက် အကန့်အသတ်များနှင့် အတားအဆီးများကို လျှော့ချပေးစေလိုကြောင်း ၎င်းက အသိပေးပြောဆိုခဲ့သည်။

ထို့ပြင် နှစ်ဖက်နယ်စပ် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နယ်စပ်‌ဒေသများတွင် ဘဏ်လုပ်ငန်းစနစ် များ တိုးတက်ရေး အပါအဝင် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူစေရေးကိုလည်း ပူး‌ပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာပို႔ကုန္မ်ား ေဈးကြက္ပိုမိုရရွိေရးအတြက္ တ႐ုတ္ႏိုင္ငံ၏ အကန႔္အသတ္မ်ားကို ေလွ်ာ့ခ်ေပးရန္ နစကဝန္ႀကီး ေတာင္းဆို
ယြန္း (NP News) - ေမ ၂၆

ျမန္မာပို႔ကုန္မ်ား ေဈးကြက္ပိုမိုရရွိေရးအတြက္ တ႐ုတ္ႏိုင္ငံ၏ အကန႔္အသတ္မ်ားကို ေလွ်ာ့ခ်ေပးရန္ ျပည္ေထာင္စု ဝန္ႀကီးမွ အသိေပးေျပာဆိုခဲ့သည္။

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္က ေမလ(၂၅)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့ေသာ စတုတၳအႀကိမ္ေျမာက္ ျမန္မာ-တ႐ုတ္ နယ္စပ္စီးပြားေရးကုန္စည္ျပပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ ျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ကုန္သြယ္ဖက္ႏိုင္ငံမ်ားတြင္ အဓိကကုန္သြယ္ဖက္ႏိုင္ငံတစ္ခုအျဖစ္ ႏွစ္စဥ္ ရပ္တည္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေဒသတြင္း ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္မ်ားအရ နယ္စပ္ျဖတ္ေက်ာ္ ကုန္သြယ္မႈ၏ အခန္းက႑သည္ ယခင္ကာလမ်ားထက္ ပိုမိုအေရးပါလာေၾကာင္း သိရသည္။

သို႔ျဖစ္၍ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံအၾကားတြင္ ကုန္သြယ္မႈလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ အစိုးရ အခ်င္းခ်င္းသာမက ပုဂၢလိက လုပ္ငန္းရွင္အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈကို တိုးျမႇင့္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုထားသည္။

အလားတူ ႏွစ္ႏိုင္ငံကုန္သြယ္မႈျမႇင့္တင္ေရး၌ ျမန္မာႏိုင္ငံမွ အဓိကတင္ပို႔ေသာ ထြက္ကုန္ပစၥည္းမ်ား တ႐ုတ္ႏိုင္ငံ ေဈးကြက္တြင္ က်ယ္ျပန႔္စြာ တင္ပို႔ႏိုင္ေရးမွာ အေရးႀကီး‌ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံအေနျဖင့္ ‌ေဒသတြင္းသေဘာတူညီခ်က္မ်ားကို လိုအပ္သလိုညႇိႏႈိင္းေဆာင္႐ြက္ၿပီး ျမန္မာ ပို႔ကုန္မ်ား ေဈးကြက္ပိုမိုရရွိေရးအတြက္ အကန႔္အသတ္မ်ားႏွင့္ အတားအဆီးမ်ားကို ေလွ်ာ့ခ်ေပးေစလိုေၾကာင္း ၎က အသိေပးေျပာဆိုခဲ့သည္။

ထို႔ျပင္ ႏွစ္ဖက္နယ္စပ္ ကုန္သြယ္ေရး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း နယ္စပ္‌ေဒသမ်ားတြင္ ဘဏ္လုပ္ငန္းစနစ္ မ်ား တိုးတက္ေရး အပါအဝင္ ကုန္သြယ္မႈဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ား လြယ္ကူေစေရးကိုလည္း ပူး‌ေပါင္း ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.