ယူကရိန်းပဋိပက္ခကို ဖြေရှင်းရာမှာ တရုတ်ရဲ့အကူအညီကို ရယူသွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

91
Pika (NP News) - မေ ၁ဝ
ရုရှားနဲ့ယူကရိန်းကြား ငြိမ်းချမ်းရေးအတွက် အဆင်ပြေချောမွေ့အောင်ကြိုးပမ်းရာမှာ တရုတ်နိုင်ငံရဲ့အကူအညီကို ရယူသွားနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်လာစေဖို့အတွက် တရုတ်က ရုရှားနဲ့ယူကရိန်းတို့ကို ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ခေါ်ဆောင်လာနိုင်လိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ယုံကြည်နေတယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရာမှာ တရုတ်ရဲ့အကူအညီကို ရယူသွားနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
မကြာသေးခင်ကာလအတွင်း တရုတ်ကုန်စည်တွေအပေါ် အခွန်(၁၄၅)ရာခိုင်နှုန်းကောက်ခံဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ဆုံးဖြတ်ချက်ကြောင့် အမေရိကန်နဲ့တရုတ်ကြား တင်းမာမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့အခွန်စည်းကြပ်မှုတွေကို သိသာထင်ရှားတဲ့ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က မကြာသေးခင်ကာလအတွင်း သတိပေးပြောဆိုခဲ့ဖူးပါတယ်။
Zawgyi Version:
ယူကရိန္းပဋိပကၡကို ေျဖရွင္းရာမွာ တ႐ုတ္ရဲ႕အကူအညီကို ရယူသြားႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမ ၁ဝ
႐ုရွားနဲ႔ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးအတြက္ အဆင္ေျပေခ်ာေမြ႕ေအာင္ႀကိဳးပမ္းရာမွာ တ႐ုတ္ႏိုင္ငံရဲ႕အကူအညီကို ရယူသြားႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ျဖစ္ေျမာက္လာေစဖို႔အတြက္ တ႐ုတ္က ႐ုရွားနဲ႔ယူကရိန္းတို႔ကို ၿငိမ္းခ်မ္းေရး စားပြဲဝိုင္းကို ေခၚေဆာင္လာႏိုင္လိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က ယုံၾကည္ေနတယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “႐ုရွားနဲ႔ ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းရာမွာ တ႐ုတ္ရဲ႕အကူအညီကို ရယူသြားႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
မၾကာေသးခင္ကာလအတြင္း တ႐ုတ္ကုန္စည္ေတြအေပၚ အခြန္(၁၄၅)ရာခိုင္ႏႈန္းေကာက္ခံဖို႔ ဆုံးျဖတ္ခဲ့တဲ့ ေဒၚနယ္ထရမ့္ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ အေမရိကန္နဲ႔တ႐ုတ္ၾကား တင္းမာမႈေတြ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕အခြန္စည္းၾကပ္မႈေတြကို သိသာထင္ရွားတဲ့ လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က မၾကာေသးခင္ကာလအတြင္း သတိေပးေျပာဆိုခဲ့ဖူးပါတယ္။