ဂျပန်နိုင်ငံရဲ့ နျူကလီးယားရေသန့်စီမံကိန်းဟာ နောက်ထပ် လေ့လာမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ တောင်ကိုရီးယားပြော

426

ရောင်နီ (NP News) - ဇွန် ၁
ဂျပန်နိုင်ငံ၊ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံကို သွားရောက်လည်ပတ်ခဲ့တဲ့ တောင်ကိုရီးယား နျူကလီးယားကျွမ်းကျင်သူတွေက ဂျပန်နိုင်ငံဟာ ညစ်ညမ်းတဲ့ ရေတန်ချိန်များစွာကို ပင်လယ်ထဲ စွန့်ထုတ်မယ့် အစီအစဉ်ကို အတည်ပြုဖို့အတွက် အသေးစိတ် ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်သေးတယ်လို့ ဗုဒ္ဓဟူးနေ့ (မေ ၃၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
တိုကျိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၂ဝ အကွာရှိ Fukushima Daiichi နျူကလီးယား စက်ရုံဟာ ၂ဝ၁၁ ခုနှစ် က ပြင်းအား ၉ အဆင့်ရှိ ငလျင်နဲ့ ဆူနာမီလှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့ပြီး ဓာတ်ပေါင်းဖို ၃ ခု အရည်ပျော်သွားခဲ့ပါ တယ်။
ဂျပန်နိုင်ငံက ယခုနွေရာသီမှာ ဓာတ်ပေါင်းဖိုတွေမှ ညစ်ညမ်းရေတန်ချိန် ၁ သန်းကျော်ကို ပင်လယ်ထဲ စွန့်ပစ်ဖို့ စီစဉ်နေပြီး ဒီအတွက် ပြည်တွင်းပြည်ပ အထူးသဖြင့် တံငါအသိုင်းအဝိုင်းတွေမှာ အချက်ပေးသံတွေ ထွက်ပေါ် လာခဲ့ပါတယ်။
"ကျွန်တော်တို့ဟာ အနီးဆုံး တည်နေရာဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ညစ်ညမ်းရေ စွန့်ထုတ်ခြင်းအတွက် သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ ရှုထောင့်မှ သင့်လျော်တဲ့အစီအစဉ် ရှိ၊ မရှိကို ပြန်လည်သုံးသပ်နေပါတယ်" လို့ ပြီးခဲ့တဲ့သီတင်းပတ်က အဲဒီဆိုက်ကို လာရောက်လည်ပတ်တဲ့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ နျူကလီးယား ဘေးကင်းရေးနဲ့ လုံခြုံရေးကော်မရှင်ဥက္ကဋ္ဌ ယိုးဂတ်ဟီး က ပြောကြားခဲ့ပါတယ်။
စက်ရုံအတွက် တာဝန်ရှိတဲ့ Japan utility နဲ့ ဂျပန်အစိုးရတို့က အဆိုပါညစ်ညမ်းရေတွေမှာ Tritium ရေဒီယို သတ္တိကြွပစ္စည်း ပါဝင်နိုင်ပေမယ့် သန့်စင်ခြင်း၊ စစ်ထုတ်ခြင်း အဆင့်တွေကို ကျော်ဖြတ်ပြီးဖြစ်လို့ ဘေးကင်း တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂျပန်ဟာ ညစ်ညမ်းရေ ထုတ်လွှတ်ရာမှာ ဘေးကင်းစေဖို့နဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ်လုပ်ဆောင်စရာတွေ ထပ်လောင်းလုပ်ဖို့ လိုအပ်သေးတယ်လို့ ယိုး က ပြောကြားခဲ့ပါတယ်။
အဖွဲ့ဝင် ၂၁ ဦးပါ တောင်ကိုရီးယား နျူကလီးယားကျွမ်းကျင်အဖွဲ့ဟာ သူတို့ရဲ့ခြောက်ရက်ကြာ ဂျပန်ခရီးစဉ်အတွင်း ရေသန့်စင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စွန့်ပစ်ပစ္စည်း နမူနာနဲ့ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အဆောက်အအုံများ အကြောင်း အာရုံစိုက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ညစ်ညမ်းရေထုတ်လွှတ်မှု အစီအစဉ် ဘေးကင်းရေးအတွက် ပြန်လည်သုံးသပ်မှုပြုလုပ်နေပြီ လာမယ့်ရက်သတ္တပတ်များအတွင်း ရလဒ်တွေကို ကြေညာဖွယ်ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံရဲ႕ န်ဴကလီးယားေရသန္႔စီမံကိန္းဟာ ေနာက္ထပ္ ေလ့လာမႈေတြလုပ္ဖို႔ လိုအပ္တယ္လို႔ ေတာင္ကိုရီးယားေျပာ
ေရာင္နီ (NP News) - ဇြန္ ၁
ဂ်ပန္ႏိုင္ငံ၊ ဖူကူရွီးမား န်ဴကလီးယားဓာတ္အားေပးစက္႐ုံကို သြားေရာက္လည္ပတ္ခဲ့တဲ့ ေတာင္ကိုရီးယား န်ဴကလီးယားကြၽမ္းက်င္သူေတြက ဂ်ပန္ႏိုင္ငံဟာ ညစ္ညမ္းတဲ့ ေရတန္ခ်ိန္မ်ားစြာကို ပင္လယ္ထဲ စြန္႔ထုတ္မယ့္ အစီအစဥ္ကို အတည္ျပဳဖို႔အတြက္ အေသးစိတ္ ခြဲျခမ္းစိတ္ျဖာဖို႔ လိုအပ္ေသးတယ္လို႔ ဗုဒၶဟူးေန႔ (ေမ ၃၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
တိုက်ိဳၿမိဳ႕ အေရွ႕ေျမာက္ဘက္ ကီလိုမီတာ ၂၂ဝ အကြာရွိ Fukushima Daiichi န်ဴကလီးယား စက္႐ုံဟာ ၂ဝ၁၁ ခုႏွစ္ က ျပင္းအား ၉ အဆင့္ရွိ ငလ်င္နဲ႔ ဆူနာမီလႈပ္ခတ္မႈေၾကာင့္ ပ်က္စီးခဲ့ၿပီး ဓာတ္ေပါင္းဖို ၃ ခု အရည္ေပ်ာ္သြားခဲ့ပါ တယ္။
ဂ်ပန္ႏိုင္ငံက ယခုေႏြရာသီမွာ ဓာတ္ေပါင္းဖိုေတြမွ ညစ္ညမ္းေရတန္ခ်ိန္ ၁ သန္းေက်ာ္ကို ပင္လယ္ထဲ စြန႔္ပစ္ဖို႔ စီစဥ္ေနၿပီး ဒီအတြက္ ျပည္တြင္းျပည္ပ အထူးသျဖင့္ တံငါအသိုင္းအဝိုင္းေတြမွာ အခ်က္ေပးသံေတြ ထြက္ေပၚ လာခဲ့ပါတယ္။
"ကြၽန္ေတာ္တို႔ဟာ အနီးဆုံး တည္ေနရာျဖစ္တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ညစ္ညမ္းေရ စြန္႔ထုတ္ျခင္းအတြက္ သိပၸံနဲ႔ နည္းပညာ ဆိုင္ရာ ရႈေထာင့္မွ သင့္ေလ်ာ္တဲ့အစီအစဥ္ ရွိ၊ မရွိကို ျပန္လည္သုံးသပ္ေနပါတယ္" လို႔ ၿပီးခဲ့တဲ့သီတင္းပတ္က အဲဒီဆိုက္ကို လာေရာက္လည္ပတ္တဲ့ ေတာင္ကိုရီးယားကိုယ္စားလွယ္အဖြဲ႕ကို ဦးေဆာင္တဲ့ န်ဴကလီးယား ေဘးကင္းေရးနဲ႔ လုံၿခဳံေရးေကာ္မရွင္ဥကၠ႒ ယိုးဂတ္ဟီး က ေျပာၾကားခဲ့ပါတယ္။
စက္႐ုံအတြက္ တာဝန္ရွိတဲ့ Japan utility နဲ႔ ဂ်ပန္အစိုးရတို႔က အဆိုပါညစ္ညမ္းေရေတြမွာ Tritium ေရဒီယို သတၱိႂကြပစၥည္း ပါဝင္ႏိုင္ေပမယ့္ သန႔္စင္ျခင္း၊ စစ္ထုတ္ျခင္း အဆင့္ေတြကို ေက်ာ္ျဖတ္ၿပီးျဖစ္လို႔ ေဘးကင္း တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဂ်ပန္ဟာ ညစ္ညမ္းေရ ထုတ္လႊတ္ရာမွာ ေဘးကင္းေစဖို႔နဲ႔ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္လုပ္ေဆာင္စရာေတြ ထပ္ေလာင္းလုပ္ဖို႔ လိုအပ္ေသးတယ္လို႔ ယိုး က ေျပာၾကားခဲ့ပါတယ္။
အဖြဲ႕ဝင္ ၂၁ ဦးပါ ေတာင္ကိုရီးယား န်ဴကလီးယားကြၽမ္းက်င္အဖြဲ႕ဟာ သူတို႔ရဲ႕ေျခာက္ရက္ၾကာ ဂ်ပန္ခရီးစဥ္အတြင္း ေရသန႔္စင္ေရး၊ သယ္ယူပို႔ေဆာင္ေရး၊ စြန႔္ပစ္ပစၥည္း နမူနာနဲ႔ ခြဲျခမ္းစိတ္ျဖာမႈဆိုင္ရာ အေဆာက္အအုံမ်ား အေၾကာင္း အာ႐ုံစိုက္ေလ့လာခဲ့ၾကတာျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံဟာ ညစ္ညမ္းေရထုတ္လႊတ္မႈ အစီအစဥ္ ေဘးကင္းေရးအတြက္ ျပန္လည္သုံးသပ္မႈျပဳလုပ္ေနၿပီ လာမယ့္ရက္သတၱပတ္မ်ားအတြင္း ရလဒ္ေတြကို ေၾကညာဖြယ္ရွိတယ္လို႔ သိရပါတယ္။