အမေရိကန်နဲ့ တင်းမာမှုတွေကြားက CIA အကြီးအကဲ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ထွက်ပေါ်လာ

 1322

ရောင်နီ (NP News) - ဇွန် ၃

တရုတ်နဲ့အမေရိကန်ကြား ဆက်ဆံရေးကောင်းမွန်လာစေဖို့ ကြိုးပမ်းမှုအဖြစ် CIA ဒါရိုက်တာ ဝီလီလျံဘန်းစ်က ပြီးခဲ့တဲ့ မေလက တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီး တရုတ်မိတ်ဖက်တွေနဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် အရာရှိတစ်ဦးက ပြောပါတယ်။

The Financial Times မှ ဖော်ပြချက်အရ မေလက ဘန်းစ်ရဲ့ခရီးစဉ်ဟာ တရုတ်နဲ့ တင်းမာမှုတွေ လျှော့ ချဖို့ အမေရိကန်က ကြိုးစားနေစဉ်၊ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ကူးလူးဆက်ဆံရေးမှ မတော်တဆ ပဋိပက္ခဖြစ်နိုင်တဲ့ စိုးရိမ်မှုတွေကြား ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ရှိ ထိပ်တန်းအရာရှိ အသီးသီးတို့ကြား ဆက်သွယ်ရေးနဲ့တွေ့ဆုံမှုတွေ ပြန်လည်ပြုလုပ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့က ဖိအားပေးနေချိန် တရုတ်နိုင်ငံကို ဘန်းစ်လာရောက်တဲ့ သတင်းထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

“ပြီးခဲ့တဲ့လက ဒါရိုက်တာ ဘန်းစ်ဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို သွားရောက်ခဲ့ပြီး တရုတ်အရာရှိတွေနဲ့ တွေ့ဆုံကာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ထားဖို့ အလေးပေးပြောကြားဆွေးနွေးခဲ့ပါတယ်" လို့ အမေရိကန်အရာရှိတစ်ဦးက သောကြာနေ့( ဇွန်လ ၂ ရက်) က ပြောကြားခဲ့ပါတယ်။

ဘန်းစ်ဟာ တရုတ်ရဲ့နိုင်ငံရေး သို့မဟုတ် နိုင်ငံခြားရေးမူဝါဒ ဦးဆောင်မှုနဲ့ မဟုတ်ဘဲ တရုတ်ထောက် လှမ်းရေး အရာရှိတွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ အမည်မဖော်လိုသူ ခရီးစဉ်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုတွေမှာ အမေရိကန်လေပိုင်နက်ကိုဖြတ်ပြီး ဝင်ရောက်လာတဲ့ တရုတ်မီးပုံးပျံကိုတွေ့ရှိခဲ့ပြီးနောက် ပိုမိုပြင်းထန်လာခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်နိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ တရုတ်ကတော့ အဲဒီမီးပုံးပျံဟာ မိုးလေဝသ ခန့်မှန်းဖို့ လွှင့်တင်ထားတဲ့ မီးပုံးပျံဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ဒါ့ပြင် တရုတ်က ရုရှားကို စစ်ရေးအကူအညီပေးဖို့ စဉ်းစားနေတယ်လို့ အမေရိကန်က စွပ်စွဲထားသေးသလို တရုတ်ကလည်း အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့( ဇွန်လ ၂ ရက် )ကလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လော့အော်စတင်ဟာ စင်ကာပူမှာပြုလုပ်တဲ့ လုံခြုံရေးထိပ်သီးအစည်းအဝေးမှာ တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးလီရှန်ဖု နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပေမယ့် ၎င်းတို့နှစ်ဦးကြား ရင်းရင်းနှီးနှီး ဖလှယ်မှု မရှိခဲ့ဘူးလို့ အမေရိကန်က ပြောကြားခဲ့ပါတယ်။

zawgyi version
အေမရိကန္နဲ႔ တင္းမာမႈေတြၾကားက CIA အႀကီးအကဲ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ေၾကာင္း ထြက္ေပၚလာ
ေရာင္နီ (NP News) - ဇြန္ ၃

တ႐ုတ္နဲ႔အေမရိကန္ၾကား ဆက္ဆံေရးေကာင္းမြန္လာေစဖို႔ ႀကိဳးပမ္းမႈအျဖစ္ CIA ဒါ႐ိုက္တာ ဝီလီလ်ံဘန္းစ္က ၿပီးခဲ့တဲ့ ေမလက တ႐ုတ္ႏိုင္ငံကိုသြားေရာက္ခဲ့ၿပီး တ႐ုတ္မိတ္ဖက္ေတြနဲ႔ လွ်ိဳ႕ဝွက္ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ အေမရိကန္ အရာရွိတစ္ဦးက ေျပာပါတယ္။

The Financial Times မွ ေဖာ္ျပခ်က္အရ ေမလက ဘန္းစ္ရဲ႕ခရီးစဥ္ဟာ တ႐ုတ္နဲ႔ တင္းမာမႈေတြ ေလွ်ာ့ ခ်ဖို႔ အေမရိကန္က ႀကိဳးစားေနစဥ္၊ ကမာၻ႔အင္အားႀကီးႏွစ္ႏိုင္ငံၾကား ကူးလူးဆက္ဆံေရးမွ မေတာ္တဆ ပဋိပကၡျဖစ္ႏိုင္တဲ့ စိုးရိမ္မႈေတြၾကား ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ အေမရိကန္နဲ႔ တ႐ုတ္ရွိ ထိပ္တန္းအရာရွိ အသီးသီးတို႔ၾကား ဆက္သြယ္ေရးနဲ႔ေတြ႕ဆုံမႈေတြ ျပန္လည္ျပဳလုပ္ဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ အစိုးရအဖြဲ႕က ဖိအားေပးေနခ်ိန္ တ႐ုတ္ႏိုင္ငံကို ဘန္းစ္လာေရာက္တဲ့ သတင္းထြက္ေပၚလာျခင္းျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့လက ဒါ႐ိုက္တာ ဘန္းစ္ဟာ တ႐ုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕ကို သြားေရာက္ခဲ့ၿပီး တ႐ုတ္အရာရွိေတြနဲ႔ ေတြ႕ဆုံကာ ဆက္သြယ္ေရးလမ္းေၾကာင္းေတြ ဖြင့္ထားဖို႔ အေလးေပးေျပာၾကားေဆြးေႏြးခဲ့ပါတယ္" လို႔ အေမရိကန္အရာရွိတစ္ဦးက ေသာၾကာေန႔( ဇြန္လ ၂ ရက္) က ေျပာၾကားခဲ့ပါတယ္။

ဘန္းစ္ဟာ တ႐ုတ္ရဲ႕ႏိုင္ငံေရး သို႔မဟုတ္ ႏိုင္ငံျခားေရးမူဝါဒ ဦးေဆာင္မႈနဲ႔ မဟုတ္ဘဲ တ႐ုတ္ေထာက္ လွမ္းေရး အရာရွိေတြနဲ႔ပါ ေတြ႕ဆုံခဲ့တယ္လို႔ အမည္မေဖာ္လိုသူ ခရီးစဥ္နဲ႔ ရင္းႏွီးတဲ့ ပုဂၢိဳလ္တစ္ဦးက ေျပာပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္ၾကား တင္းမာမႈေတြမွာ အေမရိကန္ေလပိုင္နက္ကိုျဖတ္ၿပီး ဝင္ေရာက္လာတဲ့ တ႐ုတ္မီးပုံးပ်ံကိုေတြ႕ရွိခဲ့ၿပီးေနာက္ ပိုမိုျပင္းထန္လာခဲ့ၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က တ႐ုတ္ႏိုင္ငံကို သြားေရာက္မယ့္ ခရီးစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့ပါတယ္။ တ႐ုတ္ကေတာ့ အဲဒီမီးပုံးပ်ံဟာ မိုးေလဝသ ခန္႔မွန္းဖို႔ လႊင့္တင္ထားတဲ့ မီးပုံးပ်ံျဖစ္တယ္လို႔ ေျဖရွင္းထားပါတယ္။ ဒါ့ျပင္ တ႐ုတ္က ႐ုရွားကို စစ္ေရးအကူအညီေပးဖို႔ စဥ္းစားေနတယ္လို႔ အေမရိကန္က စြပ္စြဲထားေသးသလို တ႐ုတ္ကလည္း အဲဒီစြပ္စြဲခ်က္ကို ျငင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔( ဇြန္လ ၂ ရက္ )ကလည္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ေလာ့ေအာ္စတင္ဟာ စင္ကာပူမွာျပဳလုပ္တဲ့ လုံၿခဳံေရးထိပ္သီးအစည္းအေဝးမွာ တ႐ုတ္အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးလီရွန္ဖု နဲ႔ လက္ဆြဲႏႈတ္ဆက္ခဲ့ေပမယ့္ ၎တို႔ႏွစ္ဦးၾကား ရင္းရင္းႏွီးႏွီး ဖလွယ္မႈ မရွိခဲ့ဘူးလို႔ အေမရိကန္က ေျပာၾကားခဲ့ပါတယ္။

Picture

L Mone

03/06/2023 15:48

ဖမ်းထားကြရမှာ...

Related news

© 2021. All rights reserved.