လုပ်ငန်းသုံးကား အမည်ခံကာ အိမ်စီးကား အချို့တင်သွင်းမှုများရှိနေ

1927

ပုံစာ- ၂ဝ၂၃ ခုနှစ် ဇွန်လဆန်းပိုင်းက လုပ်ငန်းသုံးကားအမည်ခံတင်သွင်းလာသောကားများအား ဆိပ်ကမ်း၌ တွေ့ရစဉ်
NP News - ဇွန် ၈
အိမ်စီးမော်တော်ယာဉ်တင်သွင်းခွင့်ပိတ်ထားသော်လည်း အစိုးရအရာရှိကြီးများနှင့်နီးစပ်သောလုပ်ငန်းရှင်အချို့က ကုမ္ပဏီလိုင်စင်ပါမစ်ဖြင့် လုပ်ငန်းသုံးကားအမည်ခံကာ တင်သွင်းမှုအချို့ရှိနေကြောင်း မော် တော်ယာဉ်ဝယ်ရောင်းလုပ်ငန်းရှင်များထံမှသိရသည်။
လက်ရှိအချိန်တွင် လူစီးအိမ်စီးကားများကို အရောင်းပြခန်းအလိုက်တင်သွင်းမှု၊ တရားဝင်အရောင်းကိုယ် စားလှယ်ဖြင့်တင်သွင်းမှု၊ တစ်ပတ်ရစ်ကားတင်သွင်းမှုအပါအဝင် နိုင်ငံခြားမှတင်သွင်းမှုအားလုံးကို လိုင် စင်ပါမစ်ပိတ်ထားသော်လည်း ကားအချို့ကို လုပ်ငန်းသုံးအမည်ခံကာ လူစီးအိမ်စီးကား များတင်သွင်းနေကြောင်းသိရသည်။
“ကားတင်သွင်းခွင့်မှာလုပ်ငန်းသုံးကား လို့ခေါ်တဲ့ကုန်တင်ကားတွေဘဲ တင်သွင်းခွင့်ရကြတာပါ။ တချို့ ကုမ္ပဏီလိုင်စင်နဲ့ကားတင်သွင်းသူ အနည်းငယ်က အိမ်စီးလူစီးကားတွေကိုလုပ်ငန်းသုံးအမည်ခံပြီးအခွင့်ထူးနဲ့တင်သွင်းခွင့်ရနေတယ်။ ကားတွေအများကြီးတော့တင်သွင်းတာမဟုတ်ဘူး။ အစီးရေတော့နည်းပါတယ်။ အစိုးရအရာရှိကြီးတွေနဲ့ပတ်သတ်တဲ့သူတွေဘဲ အဲဒီကားပါမစ်လိုင်စင်ရနေတာပါ"ဟု ကားရောင်း ဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိတွင်ဈေးကွက်အတွင်းသို့ အဆိုပါကားများရောက်ရှိနေပြီး KIA ကုမ္ပဏီထုတ် ကာနေဗယ်ကရတ်အမျိုးအစား (၁၂)ယောက်စီး လူစီးကားအကြီးများဖြစ်ကြောင်းသိရသည်။
နစက သတ်မှတ်ထားသည့်ကားမူဝါဒအရ လုပ်ငန်းသုံးကားများကို မော်ဒယ်အလိုက် ၂ဝ၂၃ မတိုင်မီသက်တမ်းငါးနှစ်အတွင်းရှိသော ကားများကိုသာ တင်သွင်းခွင့်ပေးအပ်ထားခြင်းဖြစ်သည်။
ပြင်ပ တစ်ဦးချင်းတင်သွင်းခွင့်နှင့် အရောင်းပြခန်းအလိုက် တင်သွင်းခွင့် စသဖြင့်သတ်မှတ်ချက် မျိုးစုံရှိနေသော်လည်း အိမ်စီးလူစီးကားတင်သွင်းခွင့်မရှိဘဲ လုပ်ငန်းသုံးအမျိုးအစားကုန်တင်ကားများသာ တင်သွင်းခွင့်ရှိကြောင်းသိရသည်။

zawgyi version
လုပ္ငန္းသုံးကား အမည္ခံကာ အိမ္စီးကား အခ်ိဳ႕တင္သြင္းမႈမ်ားရွိေန
NP News - ဇြန္ ၈
အိမ္စီးေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ပိတ္ထားေသာ္လည္း အစိုးရအရာရွိႀကီးမ်ားႏွင့္နီးစပ္ေသာလုပ္ငန္းရွင္အခ်ိဳ႕က ကုမၸဏီလိုင္စင္ပါမစ္ျဖင့္ လုပ္ငန္းသုံးကားအမည္ခံကာ တင္သြင္းမႈအခ်ိဳ႕ရွိေနေၾကာင္း ေမာ္ ေတာ္ယာဥ္ဝယ္ေရာင္းလုပ္ငန္းရွင္မ်ားထံမွသိရသည္။
လက္ရွိအခ်ိန္တြင္ လူစီးအိမ္စီးကားမ်ားကို အေရာင္းျပခန္းအလိုက္တင္သြင္းမႈ၊ တရားဝင္အေရာင္းကိုယ္ စားလွယ္ျဖင့္တင္သြင္းမႈ၊ တစ္ပတ္ရစ္ကားတင္သြင္းမႈအပါအဝင္ ႏိုင္ငံျခားမွတင္သြင္းမႈအားလုံးကို လိုင္ စင္ပါမစ္ပိတ္ထားေသာ္လည္း ကားအခ်ိဳ႕ကို လုပ္ငန္းသုံးအမည္ခံကာ လူစီးအိမ္စီးကား မ်ားတင္သြင္းေနေၾကာင္းသိရသည္။
“ကားတင္သြင္းခြင့္မွာလုပ္ငန္းသုံးကား လို႔ေခၚတဲ့ကုန္တင္ကားေတြဘဲ တင္သြင္းခြင့္ရၾကတာပါ။ တခ်ိဳ႕ ကုမၸဏီလိုင္စင္နဲ႔ကားတင္သြင္းသူ အနည္းငယ္က အိမ္စီးလူစီးကားေတြကိုလုပ္ငန္းသုံးအမည္ခံၿပီးအခြင့္ထူးနဲ႔တင္သြင္းခြင့္ရေနတယ္။ ကားေတြအမ်ားႀကီးေတာ့တင္သြင္းတာမဟုတ္ဘူး။ အစီးေရေတာ့နည္းပါတယ္။ အစိုးရအရာရွိႀကီးေတြနဲ႔ပတ္သတ္တဲ့သူေတြဘဲ အဲဒီကားပါမစ္လိုင္စင္ရေနတာပါ"ဟု ကားေရာင္း ဝယ္ေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
လက္ရွိတြင္ေဈးကြက္အတြင္းသို႔ အဆိုပါကားမ်ားေရာက္ရွိေနၿပီး KIA ကုမၸဏီထုတ္ ကာေနဗယ္ကရတ္အမ်ိဳးအစား (၁၂)ေယာက္စီး လူစီးကားအႀကီးမ်ားျဖစ္ေၾကာင္းသိရသည္။
နစက သတ္မွတ္ထားသည့္ကားမူဝါဒအရ လုပ္ငန္းသုံးကားမ်ားကို ေမာ္ဒယ္အလိုက္ ၂ဝ၂၃ မတိုင္မီသက္တမ္းငါးႏွစ္အတြင္းရွိေသာ ကားမ်ားကိုသာ တင္သြင္းခြင့္ေပးအပ္ထားျခင္းျဖစ္သည္။
ျပင္ပ တစ္ဦးခ်င္းတင္သြင္းခြင့္ႏွင့္ အေရာင္းျပခန္းအလိုက္ တင္သြင္းခြင့္ စသျဖင့္သတ္မွတ္ခ်က္ မ်ိဳးစုံရွိေနေသာ္လည္း အိမ္စီးလူစီးကားတင္သြင္းခြင့္မရွိဘဲ လုပ္ငန္းသုံးအမ်ိဳးအစားကုန္တင္ကားမ်ားသာ တင္သြင္းခြင့္ရွိေၾကာင္းသိရသည္။